တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 284

ပြည့်ဖြိုး (NP News)
ပြည်တွင်း စီးပွားရေးဈေးကွက်မှာ ယခင်လများအတိုင်း အပြောင်းအလဲနည်းပါးစွာဖြင့် ဆက် လက် ရပ်တည်နေရာ အထွေထွေကုန်ဈေးနှုန်းများသည်လည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပြင်ပဒေါ်လာ ဈေးကွက်အတွင်း လိုအပ်သောနိုင်ငံခြားငွေများ ဝယ်ယူနေရခြင်းကြောင့် ပြည်တွင်းငွေလဲဈေးနှုန်းများ မြင့်တက်လာနေသည်။ ဗဟိုဘဏ်အွန်လိုင်း ဈေး နှင့် ပြင်ပအမေရိကန်ဒေါ်လာဈေးနှစ်ခုစလုံး မြင့်တက် လာခြင်းကြောင့် အခြေခံစားသောက်ကုန်များဖြစ် သည့် အသား/ငါး ဈေးနှုန်းများမှာလည်း လိုက်ပါ မြင့်တက်လာသည်။ လတ်တလော အမေရိကန် ဒေါ် လာ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၄၇၀)ကျပ် ဝန်းကျင်ဖြစ်ပေါ်နေပြီး ပြန်လည်ကျဆင်းရန် အခြေအနေ မရှိသောကြောင့် ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။
ရွှေဈေးကွက်အတွင်း ရွှေကုန်သည် (၁၀)ဦးကို ထောင်ဒဏ်ခြောက်လနှင့်သက်သေခံ ပစ္စည်းများ ကို နိုင်ငံပိုင်သိမ်းယူကာ အရေးယူခြင်းဖြင့် ရွှေဈေး မတက်စေရန် ထိန်းကျောင်းနေလေသည်။ ရွှေဈေး အတက်အကျ ပေါ်မူတည်ကာ လေပတ်ကားအရောင်းအဝယ်များနှင့် အွန်လိုင်းအရောင်းအဝယ်များကို ထိန်းချုပ်နိုင်မည်ဟုဆိုသော်လည်း ဈေးကွက်ဝယ် လိုအား/ရောင်းလိုအားအခြေအနေအရ ပြင်ပ မှောင်ခို ရွှေဈေးကွက်သည် ဆက်လက်ကြီးစိုးနေဆဲ ဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးနှင့်ပြည်တွင်း ရွှေဈေး အ ပြောင်းအလဲများကြောင့်ရွှေဈေးကွက်သည် မှောင်ခို အရောင်းအဝယ်ဖြင့် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဖြစ် သည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးခေါင်းစဉ် တစ်ခုဖြင့်သာ ရွှေလုပ်ငန်းကိုအရေးယူနေခြင်းဖြစ်ရာ အမှန်တကယ် လိုအပ်သော စနစ်ကျသည့်ရွှေဈေးကွက်သည် အလှမ်းဝေးကွာနေဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ နယ်စပ်ပို့ကုန်များဖြစ်သည့် သစ်သီးဝလံဈေးကွက်အတွင်း နာနတ်သီးအပါအဝင် သီးနှံအချို့ တရုတ်ပြည်ဈေးကွက်သို့တင်ပို့ရန် စီစဉ်နေ ရာ အလားအလာကောင်းများ ရရှိနေကြောင်း သိရသည်။ ဇူလိုင်လမှစက်တင်ဘာလအထိ နာနတ်သီး အပါအဝင် သီနှံများထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးကွက်ပိုမိုရရှိနိုင်ပြီး နယ်စပ်ပို့ကုန်ဝင်ငွေများတိုးတက် နိုင်မည်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းမှ ထွက် ရှိသော သစ်သီးဝလံများကို တရုတ်နယ်စပ် ဝမ်တိန်မှတစ်ဆင့် တရုတ်ပြည်တွင်းသို့တင်ပို့နိုင်ရန် ပြင်ဆင် နေခြင်းဖြစ်သည်။ လတ်တလောတွင် ရှမ်းပြည်တောင်ပိုင်းမှ သီးနှံအများစုမှာ ရန်ကုန်နှင့်မန္တလေးဈေး ကွက်အတွင်းသို့ ရောင်းချနေခြင်းဖြစ်ပြီး တရုတ်ပြည်သို့တင်ပို့ နိုင်ပါက ဈေးကွက်ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

တိုက်ရိုက် သက်ရောက်နေသည့်ငွေလဲနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေး
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲဈေးနှုန်းအတွင်း ဒေါ်လာဈေးကို ပုံသေသတ်မှတ်ပြီး အရောင်း/ အဝယ် ကန့်သတ်ထားသည့်အပြင် ငွေလဲလုပ်ငန်းလိုင်စင်ရ ဘဏ်များအကြား အရောင်း/အဝယ်ဖြစ်သည့် ဈေး နှုန်းနှင့်ပြင်ပဈေးနှုန်းဟူ၍ ပုံသဏ္ဌာန်မျိုးစုံ ကွဲပြားစွာ ဈေးကွက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပြည် တွင်း ငွေကြေးမူဝါဒအပြောင်းအလဲများသည် ကုန်စည်ဈေးကွက်အကုန်လုံးအပေါ်တွင် သက်ရောက်မှုရှိ နေသည်။ သက်ဆိုင်ရာမှ လိုအပ်သောငွေကြေးမူဝါဒ တစ်စုံတစ်ရာချမှတ်ပြီး ပြုပြင်ပြောင်းလဲခြင်း မရှိ သော်လည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူအချို့ကို အ‌ရေးယူခြင်းဖြင့်သာ နိုင်ငံခြားငွေဈေးကို ထိန်းချုပ် နေခြင်းဖြစ်သည်။ ယခုဇူလိုင်လအတွင်း နိုင်ငံခြားငွေဈေးများ အထိုက်အလျောက်မြင့်တက်လာပြီး နောက်ပိုင်းတွင် အခြေခံစားသောက်ကုန်များအထိ ကုန်ဈေးနှုန်းမြင့်တက်မှုကိုကြုံတွေ့နေရခြင်းဖြစ် သည်။ လက်ရှိ ရက် ပိုင်းအတွင်း ဗဟိုဘဏ်၏အွန်လိုင်း ငွေလဲနှုန်းဈေး အရ အမေရိကန်တစ်ဒေါ်လာ လျှင် (၃၆၁၇) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၄၇၀) ကျပ်ဝန်း ကျင်တွင် တည်ငြိမ်နေသည်။
လွန်ခဲ့သော မေလနှင့်ဇွန်လများထက် (၁၀ဝ)ကျပ်ခန့်ဈေးမြင့်တက်လာခြင်းဖြစ်ရာ နောက်ဆက် တွဲ အခြေခံစားသောက်ကုန်ဈေးများသည်လည်း ဆက် တိုက်မြင့်တက်နေဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာ ကျပ်ငွေတန်ဖိုးနှင့်ငွေကြေးဖောင်းပွမှုကို နိုင်ငံခြား ငွေလဲဈေးနှုန်းအရ သိသာစွာ မြင်တွေ့ရခြင်း ဖြစ်သည်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေး ဖောင်းပွလာမှုကြောင့် အခြေခံစားသောက် ကုန် စည်များအထိ ကုန်ဈေးနှုန်းများလိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။
အခြေခံစားသောက်ကုန်များအတွင်း သက်ဆိုင်ရာမှတိုက်ရိုက်ထိန်းချုပ်ထားသည့် စားအုန်းဆီနှင့် ဆန်အမျိုးမျိုးမှာ ဈေးနှုန်းအတက်အကျ တည်ငြိမ်သော်လည်း အသား/ငါးမျိုးစုံနှင့် ကုန်စိမ်းအချို့မှာဈေး တက်နေကြောင်းသိရသည်။ ဝါတွင်းကာလ ကုန်ဈေးနှုန်းမြင့်တက်မှု ဖြစ်ပွားလေ့ရှိသော်လည်း အခြေခံ သား/ငါး ဈေးနှုန်းမှာ ယခင်နှစ်ကထက် (၂၀) ရာခိုင်နှုန်းဝန်းကျင် ဈေးမြင့်တက်လာကြောင်း သိရသည်။ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ဗဟိုဘဏ်မှတိုက်ရိုက်ရောင်းချပေးသော နိုင်ငံခြားငွေသည် လုံလောက်မှုမရှိခြင်းကြောင့် ပြင်ပဈေး ကွက်အတွင်းမှ ဒေါ်လာနှင့်နိုင်ငံခြားငွေများ ဝယ်ယူနေရဆဲဖြစ် ကြောင်း ကုန်သည်များထံမှသိရသည်။
အမေရိကန်ဒေါ်လာဈေးမှာ ဗဟိုဘဏ်အွန် လိုင်းဈေးနှင့် ပြင်ပပေါက်ဈေးအကြား ကွာခြားချက် (၉၀ဝ) ကျပ်ဝန်းကျင်ခန့်ရှိနေရာ အထွေထွေကုန် ဈေးနှုန်းမှာ ပြင်ပဒေါ်လာပေါက်ဈေးအတိုင်း ဆက် လက်မြင့်တက်နေမည်ဖြစ်သည်။ လာမည့်ရက်ပိုင်း အတွင်း ငွေကြေးမူဝါဒ၊ ပို့ကုန်/သွင်းကုန်မူဝါဒများ အပြောင်းအလဲဖြစ်ပေါ်နိုင်ခြေနည်းပါးနေရာ အခြေ ခံကုန်စည်နှင့် အထွေထွေကုန်ဈေးနှုန်းမှာ ‌နိုင်ငံခြား ငွေလဲဈေးနှုန်းအရ ဆက်လက်မြင့်တက်နေမည်ဖြစ် သည်။

ရွှေကုန်သည် (၁၀) ဦးကို အရေးယူခြင်းနှင့်
ပြည်တွင်းရွှေဈေးကွက်
ပြည်တွင်း ရွှေဈေးကွက်အတွင်း နိုင်ငံတကာ ရွှေဈေးများမြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းရွှေ ဈေးများလည်း လိုက်ပါမြင့်တက်နေဆဲဖြစ်သည်။ ပြည်တွင်း ရွှေဈေးကွက်ကို အထူးကုန်စည်အဖြစ် သတ်မှတ်ပြီး စနစ်တကျရောင်းဝယ်ရန် သက်ဆိုင်ရာ ကစီစဉ်နေသော်လည်း လက်ရှိအချိန်အထိ ဈေး ကွက် ပေါက်ဈေးသတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ရန် ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေဈေးကွက်အတွက် နေ့စဉ်ရည်ညွန်းဈေးများ သတ် မှတ်ပေးနေသော်လည်း ပြင်ပမှောင်ခို ရွှေဈေးကွက် ပေါက်ဈေးမှာ ဈေးကွက်ကို လွှမ်းမိုးထားသည်။ ယခု ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှ ရွှေကုန်သည် သုံး ယောက်နှင့် မန္တလေးမြို့မှ ရွှေကုန်သည် ခုနစ်ယောက် ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်သည့်အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ - (၅)၊ ရာဇသတ်ကြီး ပုဒ်မ - ၁၀၉ ဖြင့် အရေးယူခဲ့ကြောင်းသိရသည်။ ယင်း ရွှေကုန်သည်များကို သတ်မှတ်ဈေးထက် ပိုမို‌ရောင်းချ ကြောင်းနှင့် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ် ခြင်းများနှင့်ပတ်သက်ကြောင်း သတင်းများထွက်ပေါ် နေသည်။
လက်ရှိအရေးယူခြင်းခံရသူအများစုမှာ ရွှေကုန်သည်များဖြစ်ကြပြီး ရွှေဆိုင်လုပ်ငန်းရှင်များ မပါ ဝင်ကြောင်းနှင့် လွန်ခဲ့သော ခြောက်လခန့်ကတည်း က ဖမ်းဆီးစစ်ဆေးနေသူများဖြစ်ကြောင်း သိရ သည်။ ထောင်တွင်းတရားရုံးတွင်စစ်ဆေးပြီး အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်ရာ ထောင်ဒဏ်ခြောက်လနှင့် သက် သေခံ ပစ္စည်းများကို ပြည်သူပိုင်သိမ်းဆည်းခဲ့ကြောင်း သိရ သည်။ ထိုသို့ရွှေကုန်သည်အချို့ကို အရေးယူ နိုင်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေး နှုန်းများကျဆင်းခြင်းမရှိဘဲ အတက်ဈေးဖြင့် သာ အရောင်းအဝယ်ဖြစ်နေဆဲ ဖြစ်သည်။ ယခင်ရက်ပိုင်းခန့် က ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် ရွှေလုပ်ငန်းနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ရာ ရွှေဆိုင်ပိုင်ရှင်များက ရွှေ ကုန်ကြမ်း အလွယ်တကူ ဝယ်ယူနိုင်ရန်လိုအပ်ကြောင်းတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။ ရွှေလုပ်ငန်း ရှင်များအနေဖြင့် လက်ဝတ်လက်စား ရွှေထည်များပြုလုပ်ရန် ရွှေကုန်ကြမ်းဝယ်ယူရာတွင် ရွှေလှော်ဖို များဖြစ်သည့် အကယ်ဒမီနှင့် အောင်သမာဓိရွှေဆိုင်များကိုသာ အားကိုးနေရဆဲဖြစ်ကြောင်းသိရသည်။ ရွှေ ကုန်ကြမ်းကို သက်ဆိုင်ရာမှစနစ်တကျ ဝယ်ယူနိုင်ရန် ရွှေလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။
လတ်တလော ရွှေဈေးကွက်သည် မိရိုးဖလာ အရောင်း/အဝယ်ပုံစံအတိုင်းတည်ရှိနေပြီး လေပတ် ကား အရောင်းအဝယ်များ၊ ငွေစုစာအုပ် အရောင်း အဝယ်များ၊ အွန်လိုင်းအရောင်းအဝယ်များ မပြုလုပ် ရန် သက်ဆိုင်ရာမှညွှန်ကြားထားကြောင်း သိရသည်။ သို့သော်လည်း ဈေးကွက်အတွင်း ရွှေဈေးများမှာ ကျဆင်းမှုမရှိဘဲ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ (၉) ရက်တွင် ရွှေတစ်အောင်စလျှင် (၃၃၀၁) ဒေါ်လာ ရှိ နေရာမှ လက်ရှိဇူလိုင်လ (၁၅)ရက်တွင် ရွှေတစ် အောင်စလျှင် (၃၃၆၀) ဒေါ်လာ အထိ မြင့်တက်လာ သည်။ ပြည်တွင်း ပြင်ပ အခေါက်ရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် ဇူလိုင်လ (၉)ရက်တွင် (၇၈)သိန်း နှစ်သောင်းကျပ်၊ ဇူလိုင်လ (၁၀)ရက်နှင့် (၁၁)ရက် တွင် (၇၈) သိန်း လေးသောင်းကျပ်၊ ဇူလိုင်လ (၁၂) ရက်တွင် (၇၈) သိန်း ခြောက်သောင်းငါးထောင်ကျပ်၊ ဇူလိုင်လ (၁၄) ရက်တွင် (၇၈)သိန်း ရှစ်သောင်းခွဲ ကျပ်နှင့် လက်ရှိ ဇူလိုင်လ (၁၅)ရက်တွင် (၇၈)သိန်း ရှစ်သောင်းကျပ် အသီးသီးပေါက်ဈေးများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်အထိ ကမ္ဘာ့ရွှေဈေးနှင့်ပြည်တွင်း ရွှေဈေးများ မြင့်တက်နေဆဲဖြစ်ရာ ဈေးကွက်အတွင်း ပြည်သူများအနေဖြင့် ရောင်မှားဝယ်မှား မဖြစ်စေရန် အထူးသတိပြုရမည်ဖြစ်သည်။

ရှမ်းပြည်နယ်မှ နာနတ်သီး တရုတ်သို့ တင်ပို့ရန်စီစဉ်နေ
ရှမ်းပြည်နယ်တွင်နှစ်စဉ် နာနတ်သီးစိုက်ဧက (၁၃ယဝဝဝ) ခန့် စိုက်ပျိုးနေပြီး အလုံးရေ (၄၅) သန်း ခန့်ထွက်ရှိနေပြီး ရှမ်းပြည်နယ်မှ နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ကြိုးစားဆောင် ရွက်နေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရ သည်။ ယခုနှစ် နာနတ်သီးရာသီတွင် တရုတ် နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ နိုင်ရန်အတွက်လည်း ရှမ်းမြောက်ဒေသမှ တောင်သူများ ကိုယ်စားပြုကုမ္ပဏီတစ်ခုက ကြိုးစားဆောင်ရွက် လျက်ရှိနေပြီး ယင်းကုမ္ပဏီမှာ (၂၀၂၄) ခုနှစ်အတွင်းတွင် နှစ်နိုင်ငံသဘောတူညီ ချက်ဖြင့် GACC လက်မှတ်ရရှိပြီးဖြစ်ကြောင်းလည်း မြန်မာ့ကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံသို့ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သတင်းပေးပို့ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် သရက်သီး၊ ဖရဲသီး၊ ရွှေ သခွားမွှေး ၊ တရုတ်ဆီးသီး ၊ သမင်မျက်လုံးသီး၊ မင်းဂွတ်သီး၊ ငှက်ပျောသီး၊ နာနတ်သီး အပါအဝင် သစ် သီး (၉) မျိုးခန့်ကို တရုတ်ဈေးကွက်သို့ တရားဝင် တင်ပို့နေခြင်းဖြစ်ပြီး ယခု ဇူလိုင်လအတွင်း တရုတ် နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာ့ နာနတ်သီး (၆ ဒသမ ၄) တန် တင်သွင်းထား ကြောင်း တရုတ်ဝမ်တိန် အကောက်ခွန်ဌာနမှသိရ သည်။ မြန်မာနိုင်ငံတွင် နာနတ်သီးများကို ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်အနေဖြင့် (တောင်ပိုင်း)တွင် ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်ဒေသများနှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း)တွင် သီပေါ၊ တန့်ယန်း၊ လာရှိုးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြောင်း၊ စိုက်ဧကအနေဖြင့် တောင် ပိုင်းတွင် ဧက (၆,ဝဝဝ) ခန့်နှင့် မြောက်ပိုင်းတွင် ဧက (၇,ဝဝဝ) ခန့် စိုက်ပျိုးနေပြီး တောင်၊ မြောက် စုစု ပေါင်း ထွက်ရှိမှုအနေဖြင့် အလုံးရေ (၄၅) သန်းခန့်၊ တန်ချိန်အနေဖြင့် (၃၀,ဝဝဝ မှ ၄၀,ဝဝဝ) ကျော်ခန့် ထွက်ရှိကြောင်း သိရသည်။
နာနတ်သီးစိုက်ပျိုးမှုအနေဖြင့် အများဆုံး စိုက်ပျိုးသည့်မျိုးမှာ သီပေါမျိုးနှင့် တရုတ် (တိုင်ပေ) မျိုး များကိုသာ အဓိကစိုက်ပျိုးနေခြင်းဖြစ်ပြီး စတင်စိုက် ပျိုးသည့် ပထမနှစ်တွင် တစ်ဧက ကုန်ကျစရိတ် အနေဖြင့် ကျပ်(၄၀)သိန်းခန့်ကုန်ကျကြောင်း၊ စိုက် ပျိုးပြီး (၁)နှစ်ခွဲမှ စတင်ခူးဆွတ်၍ နောက်(၅)နှစ်မှ (၇)နှစ်အထိ နှစ်စဉ်ခူးဆွတ်နိုင်သည့် သီးနှံဖြစ် ကြောင်း သိရသည်။ နှစ်စဉ် ဇူလိုင်လမှစတင်၍ စက်တင် ဘာလအထိ လှိုင်လှိုင်ထွက်ရှိပြီး အသီးများ စတင်ထွက်ရှိသည့် ယခုဇူလိုင်လဆန်းပိုင်းတွင် ကုန်သည် များမှ ခြံအထိ လာရောက်ဝယ်ယူမှုအနေဖြင့် တစ်လုံးလျှင် (၇၀ဝ မှ ၁၀ဝဝ)ကျပ်ခန့်နှင့် အသီးလှိုင်လှိုင် ထွက်ရှိချိန်တွင် (၅၀ဝ မှ ၈၀ဝ) ကျပ်ခန့် တောင်သူများမှ ဈေးနှုန်းရရှိနေသည်။ ရှမ်းတောင်ဒေသ ဆီ ဆိုင်မှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်ဈေးကွက်များသို့ တင်ပို့ရောင်းချနေပြီး၊ လက်ရှိတွင် ပြည်တွင်းဈေး ကွက်များသို့ အဓိက တင်ပို့ရောင်းချနေရခြင်းဖြစ် ကြောင်း သိရသည်။ တရုတ်ပြည်နှင့် နယ်စပ်ကုန်သွယ် ရေးတွင် မြန်မာ့သီးနှံများ လာမည့်ရက်ပိုင်းအတွင်း ဈေးကွက်ဝင်နေဦးမည်ဖြစ်သည်။
+++++++++++++++

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျပည္တြင္း စီးပြားေရးေဈးကြက္မွာ ယခင္လမ်ားအတိုင္း အေျပာင္းအလဲနည္းပါးစြာျဖင့္ ဆက္ လက္ ရပ္တည္ေနရာ အေထြေထြကုန္ေဈးႏႈန္းမ်ားသည္လည္း ဆက္လက္ျမင့္တက္ေနဆဲ ျဖစ္သည္။ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ျပင္ပေဒၚလာ ေဈးကြက္အတြင္း လိုအပ္ေသာႏိုင္ငံျခားေငြမ်ား ဝယ္ယူေနရျခင္းေၾကာင့္ ျပည္တြင္းေငြလဲေဈးႏႈန္းမ်ား ျမင့္တက္လာေနသည္။ ဗဟိုဘဏ္အြန္လိုင္း ေဈး ႏွင့္ ျပင္ပအေမရိကန္ေဒၚလာေဈးႏွစ္ခုစလုံး ျမင့္တက္ လာျခင္းေၾကာင့္ အေျခခံစားေသာက္ကုန္မ်ားျဖစ္ သည့္ အသား/ငါး ေဈးႏႈန္းမ်ားမွာလည္း လိုက္ပါ ျမင့္တက္လာသည္။ လတ္တေလာ အေမရိကန္ ေဒၚ လာ ျပင္ပေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၄၇၀)က်ပ္ ဝန္းက်င္ျဖစ္ေပၚေနၿပီး ျပန္လည္က်ဆင္းရန္ အေျခအေန မရွိေသာေၾကာင့္ ကုန္ေဈးႏႈန္းမ်ား လိုက္ပါျမင့္တက္ေနျခင္းျဖစ္သည္။
ေ႐ႊေဈးကြက္အတြင္း ေ႐ႊကုန္သည္ (၁၀)ဦးကို ေထာင္ဒဏ္ေျခာက္လႏွင့္သက္ေသခံ ပစၥည္းမ်ား ကို ႏိုင္ငံပိုင္သိမ္းယူကာ အေရးယူျခင္းျဖင့္ ေ႐ႊေဈး မတက္ေစရန္ ထိန္းေက်ာင္းေနေလသည္။ ေ႐ႊေဈး အတက္အက် ေပၚမူတည္ကာ ေလပတ္ကားအေရာင္းအဝယ္မ်ားႏွင့္ အြန္လိုင္းအေရာင္းအဝယ္မ်ားကို ထိန္းခ်ဳပ္ႏိုင္မည္ဟုဆိုေသာ္လည္း ေဈးကြက္ဝယ္ လိုအား/ေရာင္းလိုအားအေျခအေနအရ ျပင္ပ ေမွာင္ခို ေ႐ႊေဈးကြက္သည္ ဆက္လက္ႀကီးစိုးေနဆဲ ျဖစ္သည္။ ႏိုင္ငံတကာ ေ႐ႊေဈးႏွင့္ျပည္တြင္း ေ႐ႊေဈး အ ေျပာင္းအလဲမ်ားေၾကာင့္ေ႐ႊေဈးကြက္သည္ ေမွာင္ခို အေရာင္းအဝယ္ျဖင့္ ဆက္လက္ဖြံ႕ၿဖိဳးေနဦးမည္ျဖစ္ သည္။ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးေခါင္းစဥ္ တစ္ခုျဖင့္သာ ေ႐ႊလုပ္ငန္းကိုအေရးယူေနျခင္းျဖစ္ရာ အမွန္တကယ္ လိုအပ္ေသာ စနစ္က်သည့္ေ႐ႊေဈးကြက္သည္ အလွမ္းေဝးကြာေနဦးမည္ျဖစ္သည္။
ျမန္မာႏိုင္ငံမွ နယ္စပ္ပို႔ကုန္မ်ားျဖစ္သည့္ သစ္သီးဝလံေဈးကြက္အတြင္း နာနတ္သီးအပါအဝင္ သီးႏွံအခ်ိဳ႕ တ႐ုတ္ျပည္ေဈးကြက္သို႔တင္ပို႔ရန္ စီစဥ္ေန ရာ အလားအလာေကာင္းမ်ား ရရွိေနေၾကာင္း သိရသည္။ ဇူလိုင္လမွစက္တင္ဘာလအထိ နာနတ္သီး အပါအဝင္ သီႏွံမ်ားထြက္ရွိခ်ိန္ျဖစ္ေသာေၾကာင့္ ေဈးကြက္ပိုမိုရရွိႏိုင္ၿပီး နယ္စပ္ပို႔ကုန္ဝင္ေငြမ်ားတိုးတက္ ႏိုင္မည္ျဖစ္သည္။ ရွမ္းျပည္ေတာင္ပိုင္းမွ ထြက္ ရွိေသာ သစ္သီးဝလံမ်ားကို တ႐ုတ္နယ္စပ္ ဝမ္တိန္မွတစ္ဆင့္ တ႐ုတ္ျပည္တြင္းသို႔တင္ပို႔ႏိုင္ရန္ ျပင္ဆင္ ေနျခင္းျဖစ္သည္။ လတ္တေလာတြင္ ရွမ္းျပည္ေတာင္ပိုင္းမွ သီးႏွံအမ်ားစုမွာ ရန္ကုန္ႏွင့္မႏၲေလးေဈး ကြက္အတြင္းသို႔ ေရာင္းခ်ေနျခင္းျဖစ္ၿပီး တ႐ုတ္ျပည္သို႔တင္ပို႔ ႏိုင္ပါက ေဈးကြက္ပိုမိုက်ယ္ျပန႔္လာမည္ ျဖစ္သည္။

တိုက္႐ိုက္ သက္ေရာက္ေနသည့္ေငြလဲႏႈန္းႏွင့္ အေျခခံစားေသာက္ကုန္ေဈး
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းအတြင္း ေဒၚလာေဈးကို ပုံေသသတ္မွတ္ၿပီး အေရာင္း/ အဝယ္ ကန႔္သတ္ထားသည့္အျပင္ ေငြလဲလုပ္ငန္းလိုင္စင္ရ ဘဏ္မ်ားအၾကား အေရာင္း/အဝယ္ျဖစ္သည့္ ေဈး ႏႈန္းႏွင့္ျပင္ပေဈးႏႈန္းဟူ၍ ပုံသဏၭာန္မ်ိဳးစုံ ကြဲျပားစြာ ေဈးကြက္ျဖစ္ေပၚေနျခင္းျဖစ္သည္။ ျပည္ တြင္း ေငြေၾကးမူဝါဒအေျပာင္းအလဲမ်ားသည္ ကုန္စည္ေဈးကြက္အကုန္လုံးအေပၚတြင္ သက္ေရာက္မႈရွိ ေနသည္။ သက္ဆိုင္ရာမွ လိုအပ္ေသာေငြေၾကးမူဝါဒ တစ္စုံတစ္ရာခ်မွတ္ၿပီး ျပဳျပင္ေျပာင္းလဲျခင္း မရွိ ေသာ္လည္း ေငြလဲလုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕ကို အ‌ေရးယူျခင္းျဖင့္သာ ႏိုင္ငံျခားေငြေဈးကို ထိန္းခ်ဳပ္ ေနျခင္းျဖစ္သည္။ ယခုဇူလိုင္လအတြင္း ႏိုင္ငံျခားေငြေဈးမ်ား အထိုက္အေလ်ာက္ျမင့္တက္လာၿပီး ေနာက္ပိုင္းတြင္ အေျခခံစားေသာက္ကုန္မ်ားအထိ ကုန္ေဈးႏႈန္းျမင့္တက္မႈကိုႀကဳံေတြ႕ေနရျခင္းျဖစ္ သည္။ လက္ရွိ ရက္ ပိုင္းအတြင္း ဗဟိုဘဏ္၏အြန္လိုင္း ေငြလဲႏႈန္းေဈး အရ အေမရိကန္တစ္ေဒၚလာ လွ်င္ (၃၆၁၇) က်ပ္ ဝန္းက်င္ ေပါက္ေဈးရွိၿပီး ျပင္ပေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၄၇၀) က်ပ္ဝန္း က်င္တြင္ တည္ၿငိမ္ေနသည္။
လြန္ခဲ့ေသာ ေမလႏွင့္ဇြန္လမ်ားထက္ (၁၀ဝ)က်ပ္ခန႔္ေဈးျမင့္တက္လာျခင္းျဖစ္ရာ ေနာက္ဆက္ တြဲ အေျခခံစားေသာက္ကုန္ေဈးမ်ားသည္လည္း ဆက္ တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ ျမန္မာ က်ပ္ေငြတန္ဖိုးႏွင့္ေငြေၾကးေဖာင္းပြမႈကို ႏိုင္ငံျခား ေငြလဲေဈးႏႈန္းအရ သိသာစြာ ျမင္ေတြ႕ရျခင္း ျဖစ္သည္။ ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းၿပီး ေငြေၾကး ေဖာင္းပြလာမႈေၾကာင့္ အေျခခံစားေသာက္ ကုန္ စည္မ်ားအထိ ကုန္ေဈးႏႈန္းမ်ားလိုက္ပါျမင့္တက္ေနျခင္းျဖစ္သည္။
အေျခခံစားေသာက္ကုန္မ်ားအတြင္း သက္ဆိုင္ရာမွတိုက္႐ိုက္ထိန္းခ်ဳပ္ထားသည့္ စားအုန္းဆီႏွင့္ ဆန္အမ်ိဳးမ်ိဳးမွာ ေဈးႏႈန္းအတက္အက် တည္ၿငိမ္ေသာ္လည္း အသား/ငါးမ်ိဳးစုံႏွင့္ ကုန္စိမ္းအခ်ိဳ႕မွာေဈး တက္ေနေၾကာင္းသိရသည္။ ဝါတြင္းကာလ ကုန္ေဈးႏႈန္းျမင့္တက္မႈ ျဖစ္ပြားေလ့ရွိေသာ္လည္း အေျခခံ သား/ငါး ေဈးႏႈန္းမွာ ယခင္ႏွစ္ကထက္ (၂၀) ရာခိုင္ႏႈန္းဝန္းက်င္ ေဈးျမင့္တက္လာေၾကာင္း သိရသည္။ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဗဟိုဘဏ္မွတိုက္႐ိုက္ေရာင္းခ်ေပးေသာ ႏိုင္ငံျခားေငြသည္ လုံေလာက္မႈမရွိျခင္းေၾကာင့္ ျပင္ပေဈး ကြက္အတြင္းမွ ေဒၚလာႏွင့္ႏိုင္ငံျခားေငြမ်ား ဝယ္ယူေနရဆဲျဖစ္ ေၾကာင္း ကုန္သည္မ်ားထံမွသိရသည္။
အေမရိကန္ေဒၚလာေဈးမွာ ဗဟိုဘဏ္အြန္ လိုင္းေဈးႏွင့္ ျပင္ပေပါက္ေဈးအၾကား ကြာျခားခ်က္ (၉၀ဝ) က်ပ္ဝန္းက်င္ခန႔္ရွိေနရာ အေထြေထြကုန္ ေဈးႏႈန္းမွာ ျပင္ပေဒၚလာေပါက္ေဈးအတိုင္း ဆက္ လက္ျမင့္တက္ေနမည္ျဖစ္သည္။ လာမည့္ရက္ပိုင္း အတြင္း ေငြေၾကးမူဝါဒ၊ ပို႔ကုန္/သြင္းကုန္မူဝါဒမ်ား အေျပာင္းအလဲျဖစ္ေပၚႏိုင္ေျခနည္းပါးေနရာ အေျခ ခံကုန္စည္ႏွင့္ အေထြေထြကုန္ေဈးႏႈန္းမွာ ‌ႏိုင္ငံျခား ေငြလဲေဈးႏႈန္းအရ ဆက္လက္ျမင့္တက္ေနမည္ျဖစ္ သည္။

ေ႐ႊကုန္သည္ (၁၀) ဦးကို အေရးယူျခင္းႏွင့္
ျပည္တြင္းေ႐ႊေဈးကြက္
ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း ႏိုင္ငံတကာ ေ႐ႊေဈးမ်ားျမင့္တက္ျခင္းႏွင့္အတူ ျပည္တြင္းေ႐ႊ ေဈးမ်ားလည္း လိုက္ပါျမင့္တက္ေနဆဲျဖစ္သည္။ ျပည္တြင္း ေ႐ႊေဈးကြက္ကို အထူးကုန္စည္အျဖစ္ သတ္မွတ္ၿပီး စနစ္တက်ေရာင္းဝယ္ရန္ သက္ဆိုင္ရာ ကစီစဥ္ေနေသာ္လည္း လက္ရွိအခ်ိန္အထိ ေဈး ကြက္ ေပါက္ေဈးသတ္မွတ္ရန္ ခက္ခဲေနဆဲျဖစ္သည္။ ရန္ ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွ ေ႐ႊေဈးကြက္အတြက္ ေန႔စဥ္ရည္ၫြန္းေဈးမ်ား သတ္ မွတ္ေပးေနေသာ္လည္း ျပင္ပေမွာင္ခို ေ႐ႊေဈးကြက္ ေပါက္ေဈးမွာ ေဈးကြက္ကို လႊမ္းမိုးထားသည္။ ယခု ရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕မွ ေ႐ႊကုန္သည္ သုံး ေယာက္ႏွင့္ မႏၲေလးၿမိဳ႕မွ ေ႐ႊကုန္သည္ ခုနစ္ေယာက္ ကို ေထာင္ဒဏ္အသီးသီးခ်မွတ္ခဲ့ၿပီး သတၳဳတြင္း ဥပေဒအသစ္ျဖစ္သည့္အေရးႀကီးကုန္စည္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ - (၅)၊ ရာဇသတ္ႀကီး ပုဒ္မ - ၁၀၉ ျဖင့္ အေရးယူခဲ့ေၾကာင္းသိရသည္။ ယင္း ေ႐ႊကုန္သည္မ်ားကို သတ္မွတ္ေဈးထက္ ပိုမို‌ေရာင္းခ် ေၾကာင္းႏွင့္ တရားမဝင္ ေ႐ႊအေရာင္းအဝယ္ ျပဳလုပ္ ျခင္းမ်ားႏွင့္ပတ္သက္ေၾကာင္း သတင္းမ်ားထြက္ေပၚ ေနသည္။
လက္ရွိအေရးယူျခင္းခံရသူအမ်ားစုမွာ ေ႐ႊကုန္သည္မ်ားျဖစ္ၾကၿပီး ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ား မပါ ဝင္ေၾကာင္းႏွင့္ လြန္ခဲ့ေသာ ေျခာက္လခန႔္ကတည္း က ဖမ္းဆီးစစ္ေဆးေနသူမ်ားျဖစ္ေၾကာင္း သိရ သည္။ ေထာင္တြင္းတရား႐ုံးတြင္စစ္ေဆးၿပီး အမိန႔္ခ်မွတ္ခဲ့ ျခင္းျဖစ္ရာ ေထာင္ဒဏ္ေျခာက္လႏွင့္ သက္ ေသခံ ပစၥည္းမ်ားကို ျပည္သူပိုင္သိမ္းဆည္းခဲ့ေၾကာင္း သိရ သည္။ ထိုသို႔ေ႐ႊကုန္သည္အခ်ိဳ႕ကို အေရးယူ ႏိုင္ခဲ့ေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈး ႏႈန္းမ်ားက်ဆင္းျခင္းမရွိဘဲ အတက္ေဈးျဖင့္ သာ အေရာင္းအဝယ္ျဖစ္ေနဆဲ ျဖစ္သည္။ ယခင္ရက္ပိုင္းခန႔္ က ကုန္သည္/စက္မႈအသင္းခ်ဳပ္ UMFCCI တြင္ ေ႐ႊလုပ္ငန္းႏွင့္ပတ္သက္ေသာ အလုပ္႐ုံေဆြးေႏြးပြဲ တစ္ရပ္က်င္းပခဲ့ရာ ေ႐ႊဆိုင္ပိုင္ရွင္မ်ားက ေ႐ႊ ကုန္ၾကမ္း အလြယ္တကူ ဝယ္ယူႏိုင္ရန္လိုအပ္ေၾကာင္းတင္ျပေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ ေ႐ႊလုပ္ငန္း ရွင္မ်ားအေနျဖင့္ လက္ဝတ္လက္စား ေ႐ႊထည္မ်ားျပဳလုပ္ရန္ ေ႐ႊကုန္ၾကမ္းဝယ္ယူရာတြင္ ေ႐ႊေလွာ္ဖို မ်ားျဖစ္သည့္ အကယ္ဒမီႏွင့္ ေအာင္သမာဓိေ႐ႊဆိုင္မ်ားကိုသာ အားကိုးေနရဆဲျဖစ္ေၾကာင္းသိရသည္။ ေ႐ႊ ကုန္ၾကမ္းကို သက္ဆိုင္ရာမွစနစ္တက် ဝယ္ယူႏိုင္ရန္ ေ႐ႊလုပ္ငန္းရွင္မ်ားက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
လတ္တေလာ ေ႐ႊေဈးကြက္သည္ မိ႐ိုးဖလာ အေရာင္း/အဝယ္ပုံစံအတိုင္းတည္ရွိေနၿပီး ေလပတ္ ကား အေရာင္းအဝယ္မ်ား၊ ေငြစုစာအုပ္ အေရာင္း အဝယ္မ်ား၊ အြန္လိုင္းအေရာင္းအဝယ္မ်ား မျပဳလုပ္ ရန္ သက္ဆိုင္ရာမွၫႊန္ၾကားထားေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေဈးကြက္အတြင္း ေ႐ႊေဈးမ်ားမွာ က်ဆင္းမႈမရွိဘဲ ေဈးႏႈန္းမ်ား ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္ ဇူလိုင္လ (၉) ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၀၁) ေဒၚလာ ရွိ ေနရာမွ လက္ရွိဇူလိုင္လ (၁၅)ရက္တြင္ ေ႐ႊတစ္ ေအာင္စလွ်င္ (၃၃၆၀) ေဒၚလာ အထိ ျမင့္တက္လာ သည္။ ျပည္တြင္း ျပင္ပ အေခါက္ေ႐ႊေဈးသည္လည္း တစ္က်ပ္သားလွ်င္ ဇူလိုင္လ (၉)ရက္တြင္ (၇၈)သိန္း ႏွစ္ေသာင္းက်ပ္၊ ဇူလိုင္လ (၁၀)ရက္ႏွင့္ (၁၁)ရက္ တြင္ (၇၈) သိန္း ေလးေသာင္းက်ပ္၊ ဇူလိုင္လ (၁၂) ရက္တြင္ (၇၈) သိန္း ေျခာက္ေသာင္းငါးေထာင္က်ပ္၊ ဇူလိုင္လ (၁၄) ရက္တြင္ (၇၈)သိန္း ရွစ္ေသာင္းခြဲ က်ပ္ႏွင့္ လက္ရွိ ဇူလိုင္လ (၁၅)ရက္တြင္ (၇၈)သိန္း ရွစ္ေသာင္းက်ပ္ အသီးသီးေပါက္ေဈးမ်ား ျဖစ္ေပၚခဲ့သည္။ လက္ရွိအခ်ိန္အထိ ကမာၻ႔ေ႐ႊေဈးႏွင့္ျပည္တြင္း ေ႐ႊေဈးမ်ား ျမင့္တက္ေနဆဲျဖစ္ရာ ေဈးကြက္အတြင္း ျပည္သူမ်ားအေနျဖင့္ ေရာင္မွားဝယ္မွား မျဖစ္ေစရန္ အထူးသတိျပဳရမည္ျဖစ္သည္။

ရွမ္းျပည္နယ္မွ နာနတ္သီး တ႐ုတ္သို႔ တင္ပို႔ရန္စီစဥ္ေန
ရွမ္းျပည္နယ္တြင္ႏွစ္စဥ္ နာနတ္သီးစိုက္ဧက (၁၃ယဝဝဝ) ခန႔္ စိုက္ပ်ိဳးေနၿပီး အလုံးေရ (၄၅) သန္း ခန႔္ထြက္ရွိေနၿပီး ရွမ္းျပည္နယ္မွ နာနတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္ ႀကိဳးစားေဆာင္ ႐ြက္ေနေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ သိရ သည္။ ယခုႏွစ္ နာနတ္သီးရာသီတြင္ တ႐ုတ္ ႏိုင္ငံသို႔ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွတစ္ဆင့္ တင္ပို႔ ႏိုင္ရန္အတြက္လည္း ရွမ္းေျမာက္ေဒသမွ ေတာင္သူမ်ား ကိုယ္စားျပဳကုမၸဏီတစ္ခုက ႀကိဳးစားေဆာင္႐ြက္ လ်က္ရွိေနၿပီး ယင္းကုမၸဏီမွာ (၂၀၂၄) ခုႏွစ္အတြင္းတြင္ ႏွစ္ႏိုင္ငံသေဘာတူညီ ခ်က္ျဖင့္ GACC လက္မွတ္ရရွိၿပီးျဖစ္ေၾကာင္းလည္း ျမန္မာ့ကုန္ သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ထံသို႔ ရွမ္းျပည္နယ္ဦးစီးမႉး႐ုံးမွ သတင္းေပးပို႔ခ်က္အရ သိရွိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ သရက္သီး၊ ဖရဲသီး၊ ေ႐ႊ သခြားေမႊး ၊ တ႐ုတ္ဆီးသီး ၊ သမင္မ်က္လုံးသီး၊ မင္းဂြတ္သီး၊ ငွက္ေပ်ာသီး၊ နာနတ္သီး အပါအဝင္ သစ္ သီး (၉) မ်ိဳးခန႔္ကို တ႐ုတ္ေဈးကြက္သို႔ တရားဝင္ တင္ပို႔ေနျခင္းျဖစ္ၿပီး ယခု ဇူလိုင္လအတြင္း တ႐ုတ္ ႏိုင္ငံကို နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းကေန ျမန္မာ့ နာနတ္သီး (၆ ဒသမ ၄) တန္ တင္သြင္းထား ေၾကာင္း တ႐ုတ္ဝမ္တိန္ အေကာက္ခြန္ဌာနမွသိရ သည္။ ျမန္မာႏိုင္ငံတြင္ နာနတ္သီးမ်ားကို ရွမ္းျပည္ နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ အဓိကစိုက္ပ်ိဳးၾကၿပီး ရွမ္းျပည္နယ္အေနျဖင့္ (ေတာင္ပိုင္း)တြင္ ဆီဆိုင္၊ နမ့္စန္၊ မိုင္းကိုင္ေဒသမ်ားႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ ပိုင္း)တြင္ သီေပါ၊ တန႔္ယန္း၊ လာရႈိးၿမိဳ႕နယ္မ်ားတြင္ အဓိကစိုက္ပ်ိဳးေၾကာင္း၊ စိုက္ဧကအေနျဖင့္ ေတာင္ ပိုင္းတြင္ ဧက (၆,ဝဝဝ) ခန႔္ႏွင့္ ေျမာက္ပိုင္းတြင္ ဧက (၇,ဝဝဝ) ခန႔္ စိုက္ပ်ိဳးေနၿပီး ေတာင္၊ ေျမာက္ စုစု ေပါင္း ထြက္ရွိမႈအေနျဖင့္ အလုံးေရ (၄၅) သန္းခန႔္၊ တန္ခ်ိန္အေနျဖင့္ (၃၀,ဝဝဝ မွ ၄၀,ဝဝဝ) ေက်ာ္ခန႔္ ထြက္ရွိေၾကာင္း သိရသည္။
နာနတ္သီးစိုက္ပ်ိဳးမႈအေနျဖင့္ အမ်ားဆုံး စိုက္ပ်ိဳးသည့္မ်ိဳးမွာ သီေပါမ်ိဳးႏွင့္ တ႐ုတ္ (တိုင္ေပ) မ်ိဳး မ်ားကိုသာ အဓိကစိုက္ပ်ိဳးေနျခင္းျဖစ္ၿပီး စတင္စိုက္ ပ်ိဳးသည့္ ပထမႏွစ္တြင္ တစ္ဧက ကုန္က်စရိတ္ အေနျဖင့္ က်ပ္(၄၀)သိန္းခန႔္ကုန္က်ေၾကာင္း၊ စိုက္ ပ်ိဳးၿပီး (၁)ႏွစ္ခြဲမွ စတင္ခူးဆြတ္၍ ေနာက္(၅)ႏွစ္မွ (၇)ႏွစ္အထိ ႏွစ္စဥ္ခူးဆြတ္ႏိုင္သည့္ သီးႏွံျဖစ္ ေၾကာင္း သိရသည္။ ႏွစ္စဥ္ ဇူလိုင္လမွစတင္၍ စက္တင္ ဘာလအထိ လႈိင္လႈိင္ထြက္ရွိၿပီး အသီးမ်ား စတင္ထြက္ရွိသည့္ ယခုဇူလိုင္လဆန္းပိုင္းတြင္ ကုန္သည္ မ်ားမွ ၿခံအထိ လာေရာက္ဝယ္ယူမႈအေနျဖင့္ တစ္လုံးလွ်င္ (၇၀ဝ မွ ၁၀ဝဝ)က်ပ္ခန႔္ႏွင့္ အသီးလႈိင္လႈိင္ ထြက္ရွိခ်ိန္တြင္ (၅၀ဝ မွ ၈၀ဝ) က်ပ္ခန႔္ ေတာင္သူမ်ားမွ ေဈးႏႈန္းရရွိေနသည္။ ရွမ္းေတာင္ေဒသ ဆီ ဆိုင္မွတစ္ဆင့္ မႏၲေလးႏွင့္ ရန္ကုန္ေဈးကြက္မ်ားသို႔ တင္ပို႔ေရာင္းခ်ေနၿပီး၊ လက္ရွိတြင္ ျပည္တြင္းေဈး ကြက္မ်ားသို႔ အဓိက တင္ပို႔ေရာင္းခ်ေနရျခင္းျဖစ္ ေၾကာင္း သိရသည္။ တ႐ုတ္ျပည္ႏွင့္ နယ္စပ္ကုန္သြယ္ ေရးတြင္ ျမန္မာ့သီးႏွံမ်ား လာမည့္ရက္ပိုင္းအတြင္း ေဈးကြက္ဝင္ေနဦးမည္ျဖစ္သည္။
+++++++++++++++

Related news

© 2021. All rights reserved.