ဖေဖော်ဝါရီအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမတွေ့ရှိဟုဆို

208

Pearl (NP News) - ဖေဖော်ဝါရီ ၉
ပြီးခဲ့သော ဖေဖော်ဝါရီအတွင်း ရွာသွန်းခဲ့သည့် မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမတွေ့ရှိရကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။
မိုးဇလအနေဖြင့် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှစတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင်
အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စခန်း ၁၄ စခန်းမှ မိုးရေနမူနာ များစုဆောင်းရယူခဲ့ပြီး မိုးရေနမူနာတိုင်းတာခြင်းကို လုပ်ဆောင်ခဲ့ရာ စခန်း ၁၄ စခန်းတို့မှ ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနက စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 - 8.5 အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ကြောင်း သိရသည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့်စခန်း ၁၄ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေ များတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း သိရသည်။

Zawgyi Version:
ေဖေဖာ္ဝါရီအတြင္း ႐ြာသြန္းခဲ့ေသာ မိုးေရမ်ားတြင္ အက္စစ္ျဖစ္ထြန္းမႈအေျခအေနမေတြ႕ရွိဟုဆို
Pearl (NP News) - ေဖေဖာ္ဝါရီ ၉
ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီအတြင္း ႐ြာသြန္းခဲ့သည့္ မိုးေရမ်ားတြင္ အက္စစ္ျဖစ္ထြန္းမႈအေျခအေနမေတြ႕ရွိရေၾကာင္း ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
မိုးဇလအေနျဖင့္ အေရွ႕အာရွအက္စစ္ျဖစ္ထြန္းမႈ ေစာင့္ၾကည့္တိုင္းတာေရးကြန္ရက္ (Acid Deposition Monitoring Network in East Asia- EANET) အဖြဲ႕အစည္းတြင္ အဖြဲ႕ဝင္အျဖစ္ ၂၀၀၅ ခုႏွစ္ ႏိုဝင္ဘာလမွစတင္ေဆာင္႐ြက္ခဲ့ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕ႀကီးမ်ား၏ ႐ြာသြန္းေသာမိုးေရမ်ားကိုစုေဆာင္းကာ မိုးေရတြင္
အက္စစ္ျဖစ္ထြန္းမႈအေျခအေနကိုသိရွိရန္ မိုးေရ၏ pH တန္ဖိုးမ်ား တိုင္းတာျခင္းလုပ္ငန္းမ်ားကို လစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း စခန္း ၁၄ စခန္းမွ မိုးေရနမူနာ မ်ားစုေဆာင္းရယူခဲ့ၿပီး မိုးေရနမူနာတိုင္းတာျခင္းကို လုပ္ေဆာင္ခဲ့ရာ စခန္း ၁၄ စခန္းတို႔မွ ႐ြာသြန္းခဲ့ေသာမိုးေရမ်ား၏ pH တန္ဖိုးမ်ားသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က စံသတ္မွတ္ထားသည့္ ေသာက္သုံးေရအတြက္ pH တန္ဖိုးႏွင့္ က်န္းမာေရးဝန္ႀကီးဌာနက စံသတ္မွတ္ထားသည့္ ေသာက္သုံးေရအတြက္ pH တန္ဖိုး 6.5 - 8.5 အတြင္းတြင္ရွိေၾကာင္း တိုင္းတာရရွိခဲ့ေၾကာင္း သိရသည္။
မိုးေရ၏ pH တန္ဖိုးသည္ 5.6 ေအာက္ေရာက္ရွိမွသာ အက္စစ္ ဂုဏ္သတၱိရွိေသာေၾကာင့္ ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း မိုးေရနမူနာတိုင္းတာရရွိခဲ့သည့္စခန္း ၁၄ စခန္းတို႔၌ ႐ြာသြန္းခဲ့ေသာ မိုးေရ မ်ားတြင္ အက္စစ္ျဖစ္ထြန္းမႈအေျခအေနမရွိေၾကာင္း သိရသည္။