တရုတ်နိုင်ငံ ပရဟိတဆရာဝန်များ အဖွဲ့က မန္တလေးမြို့၌ ၁၀ ရက်ခန့် အခမဲ့ကုသပေးသွားမည်

180

NP News ဧပြီ (၈)ရက်
တရုတ်နိုင်ငံ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ်ကုသရေးအဖွဲ့သည် ဧပြီလ ၉ ရက် မှစတင်ကာ မန္တလေးမြို့ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် အခမဲ့ကုသခြင်းကို (၁၀)ရက်ဝန်းကျင် အကူအညီလုပ်ဆောင် ပေးသွားမည်ဟု မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ်နှင့် မန္တလေးမြို့ဖူကျင် ဗုဒ္ဓဘာသာအသင်းမှ သိရသည်။
အဆိုပါ ကုသရေးအဖွဲ့အနေဖြင့် မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ၊ ညနေ ၂ နာရီခွဲမှ ၅ နာရီခွဲအထိ အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ပြီး ဆေးကုသပေးမည့် ပညာရှင်များသည် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A tertiary အဆင့်) မှ အကြီးတန်း ဆရာဝန်ကြီးများ နှင့် ဒုတိယ အကြီးတန်း ဆရာဝန်ကြီးများဖြစ်ပြီး ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ အထွေထွေ (နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ အရိုး၊ သားဖွားမီးယပ်၊ ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ မေ့ဆေး စသည်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကုသဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများအနေဖြင့် ကျန်းမာရေးအကြံပေးခြင်း၊ ဒဏ်ရာပြုစုကုသခြင်း၊ သားဖွားမီးယပ်စစ်ဆေးခြင်း၊ ဆေးဝါးဆိုင်ရာအကြံပေးခြင်း၊ CT ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ECG ရိုက်ခြင်း တို့ဖြစ်ပြီး ဆေးဝါးအကူအညီများလိုအပ်သူများအနေဖြင့် မန္တလေးမြို့၊ ဖူကျင် ဗုဒ္ဓဘာသာဘုရားကျောင်း (၃၀ လမ်း၊ ၈၂-၈၃ လမ်းကြား)သို့လာရောက်ကာ ကျန်းမာရေးဆွေးနွေး ပြသနိုင်ကြောင်းသိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ ပရဟိတဆရာဝန္မ်ား အဖြဲ႕က မႏၲေလးၿမိဳ႕၌ ၁၀ ရက္ခန႔္ အခမဲ့ကုသေပးသြားမည္
NP News ဧၿပီ (၈)ရက္
တ႐ုတ္ႏိုင္ငံ ပရဟိတဆရာဝန္မ်ားႏွင့္ဖြဲ႕စည္းထားေသာ ကယ္ဆယ္ကုသေရးအဖြဲ႕သည္ ဧၿပီလ ၉ ရက္ မွစတင္ကာ မႏၲေလးၿမိဳ႕ ဖူက်င္ဗုဒၶဘာသာဘုရားေက်ာင္းတြင္ အခမဲ့ကုသျခင္းကို (၁၀)ရက္ဝန္းက်င္ အကူအညီလုပ္ေဆာင္ ေပးသြားမည္ဟု ျမန္မာႏိုင္ငံတ႐ုတ္ကုန္သည္မ်ား အသင္းခ်ဳပ္ႏွင့္ မႏၲေလးၿမိဳ႕ဖူက်င္ ဗုဒၶဘာသာအသင္းမွ သိရသည္။
အဆိုပါ ကုသေရးအဖြဲ႕အေနျဖင့္ မနက္ ၉ နာရီ မွ ေန႔လည္ ၁၂ နာရီ အထိ၊ ညေန ၂ နာရီခြဲမွ ၅ နာရီခြဲအထိ အခမဲ့ ေဆးကုသေပးသြားမည္ျဖစ္ၿပီး ေဆးကုသေပးမည့္ ပညာရွင္မ်ားသည္ ေပက်င္းၿမိဳ႕ႏွင့္ တ႐ုတ္ႏိုင္ငံအႏွံ႔မွ အဆင့္ျမင့္ေဆး႐ုံႀကီးမ်ား(Grade-A tertiary အဆင့္) မွ အႀကီးတန္း ဆရာဝန္ႀကီးမ်ား ႏွင့္ ဒုတိယ အႀကီးတန္း ဆရာဝန္ႀကီးမ်ားျဖစ္ၿပီး ဆရာဝန္ႀကီးမ်ား၏ အထူးကုဘာသာရပ္မ်ားမွာ အေထြေထြ (ႏွလုံးေသြးေၾကာ၊ အသက္ရႉလမ္းေၾကာင္း၊ အစာအိမ္၊ အာ႐ုံေၾကာ)၊ အ႐ိုး၊ သားဖြားမီးယပ္၊ ခြဲစိတ္(ႏွလုံးေသြးေၾကာ၊ အသက္ရႉလမ္းေၾကာင္း၊ အစာအိမ္၊ အာ႐ုံေၾကာ)၊ ေမ့ေဆး စသည္တို႔ ျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ ကုသေဆာင္႐ြက္ေပးမည့္ ဝန္ေဆာင္မႈမ်ားအေနျဖင့္ က်န္းမာေရးအႀကံေပးျခင္း၊ ဒဏ္ရာျပဳစုကုသျခင္း၊ သားဖြားမီးယပ္စစ္ေဆးျခင္း၊ ေဆးဝါးဆိုင္ရာအႀကံေပးျခင္း၊ CT ႐ိုက္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ ECG ႐ိုက္ျခင္း တို႔ျဖစ္ၿပီး ေဆးဝါးအကူအညီမ်ားလိုအပ္သူမ်ားအေနျဖင့္ မႏၲေလးၿမိဳ႕၊ ဖူက်င္ ဗုဒၶဘာသာဘုရားေက်ာင္း (၃၀ လမ္း၊ ၈၂-၈၃ လမ္းၾကား)သို႔လာေရာက္ကာ က်န္းမာေရးေဆြးေႏြး ျပသႏိုင္ေၾကာင္းသိရသည္။