ငလျင်ကြောင့် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသော်လည်း TNLA၊ AA၊ KNDF၊ KIA နှင့် PDF တို့က ဆက်လက်တိုက်ခိုက်နေ

3160

ပီယ (NP News) - ဧပြီ ၈
ငလျင်ကြောင့် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသော်လည်း TNLA၊ AA၊ KNDF၊ KIA နှင့် PDF တို့က ဆက်လက်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထံမှ သိရသည်။
ငလျင်ဒဏ်သင့်ပြည်သူများ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်က ဧပြီလ ၂ ရက်မှ ဧပြီလ ၂၂ ရက် အထိ အပစ်ရပ် ကြေညာထားခြင်းဖြစ်ကာ AA၊ MNDAA နှင့် TNLA တို့ကလည်း ဧပြီလ ၁ ရက်တွင် တစ်လတာ အပစ်ရပ်ကြောင်း ကြေညာထားပြီး KIA ဘက်ကလည်း ဧပြီလ ၂ ရက်မှ ဧပြီလ ၂၂ ရက် အထိ အပစ်ရပ်ကြေညာထားခြင်းဖြစ်သည်။
“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များဖြစ်တဲ့ TNLA အနေနဲ့ တောင်ခမ်းဒေသက လုံခြုံရေးစခန်းကို မနေ့ (ဧပြီလ ၇ ရက်) ၁၀ နာရီ ၄၅ မိနစ် ကနေ ညနေ ၃ နာရီ ၃ဝ မိနစ်အထိ ဒရုန်းနဲ့ Drop bomb ချပြီး တိုက်ခိုက်ခဲ့ကြောင်း တွေ့ရပါတယ်။ KNPP/KNDF အဖွဲ့တွေနဲ့လည်း လွိုင်ကော်နဲ့ ဘော်လခဲမှာ စနိုက်ဘာ နဲ့ လာပစ်တာ လုံခြုံရေးစခန်းတွေကို ပစ်ခတ်တာ၊ Drop bomb ချ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
AA အနေဖြင့်လည်း ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက်ရှိ တပ်လုံခြုံရေး နေရာများကို ဧပြီလ ၈ ရက် ညနေ ၃ နာရီ နှင့် ည ၇ နာရီတို့တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“PDF အဖွဲ့များအနေဖြင့် ကလေးဝမြို့နယ်၊ မစိမ်နယ်မြေရဲစခန်းကို မနေ့က နေ့လည် ၁၁ နာရီ ၁၅ ကနေ ၁၂ နာရီ ၃ဝ မိနစ်အထိ Drop bomb များချပြီး တိုက်ခိုက်ခဲ့ပါတယ်။ KIA အနေနဲ့ကတော့ မနေ့က ၆ နာရီခွဲကနေစပြီး အင်းတော်မြို့မှာ လုံခြုံရေးယူနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြောင်း တွေ့ရပါတယ်။
PDF များအနေနဲ့ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာမှာ လုံခြုံရေး ယူနေတဲ့ တပ်နဲ့ ရဲအဖွဲ့များကို ဒရုန်း နှစ်စင်းနဲ့ မနေ့က မနက် ၁၀ နာရီ လောက်မှာ Drop bomb ချ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
Zawgyi Version:
ငလ်င္ေၾကာင့္ တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ေၾကညာထားေသာ္လည္း TNLA၊ AA၊ KNDF၊ KIA ႏွင့္ PDF တို႔က ဆက္လက္တိုက္ခိုက္ေန
ပီယ (NP News) - ဧၿပီ ၈
ငလ်င္ေၾကာင့္ တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ေၾကညာထားေသာ္လည္း TNLA၊ AA၊ KNDF၊ KIA ႏွင့္ PDF တို႔က ဆက္လက္တိုက္ခိုက္မႈမ်ားျပဳလုပ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ထံမွ သိရသည္။
ငလ်င္ဒဏ္သင့္ျပည္သူမ်ား ကူညီကယ္ဆယ္ေရး ႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ တပ္မေတာ္က ဧၿပီလ ၂ ရက္မွ ဧၿပီလ ၂၂ ရက္ အထိ အပစ္ရပ္ ေၾကညာထားျခင္းျဖစ္ကာ AA၊ MNDAA ႏွင့္ TNLA တို႔ကလည္း ဧၿပီလ ၁ ရက္တြင္ တစ္လတာ အပစ္ရပ္ေၾကာင္း ေၾကညာထားၿပီး KIA ဘက္ကလည္း ဧၿပီလ ၂ ရက္မွ ဧၿပီလ ၂၂ ရက္ အထိ အပစ္ရပ္ေၾကညာထားျခင္းျဖစ္သည္။
“ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ေၾကညာထားေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕မ်ားျဖစ္တဲ့ TNLA အေနနဲ႔ ေတာင္ခမ္းေဒသက လုံၿခဳံေရးစခန္းကို မေန႔ (ဧၿပီလ ၇ ရက္) ၁၀ နာရီ ၄၅ မိနစ္ ကေန ညေန ၃ နာရီ ၃ဝ မိနစ္အထိ ဒ႐ုန္းနဲ႔ Drop bomb ခ်ၿပီး တိုက္ခိုက္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ KNPP/KNDF အဖြဲ႕ေတြနဲ႔လည္း လြိဳင္ေကာ္နဲ႔ ေဘာ္လခဲမွာ စႏိုက္ဘာ နဲ႔ လာပစ္တာ လုံၿခဳံေရးစခန္းေတြကို ပစ္ခတ္တာ၊ Drop bomb ခ် တိုက္ခိုက္တာေတြ လုပ္ခဲ့ပါတယ္” ဟု နစက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
AA အေနျဖင့္လည္း ေက်ာက္ျဖဴၿမိဳ႕၏ အေရွ႕ေတာင္ဘက္ရွိ တပ္လုံၿခဳံေရး ေနရာမ်ားကို ဧၿပီလ ၈ ရက္ ညေန ၃ နာရီ ႏွင့္ ည ၇ နာရီတို႔တြင္ လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“PDF အဖြဲ႕မ်ားအေနျဖင့္ ကေလးဝၿမိဳ႕နယ္၊ မစိမ္နယ္ေျမရဲစခန္းကို မေန႔က ေန႔လည္ ၁၁ နာရီ ၁၅ ကေန ၁၂ နာရီ ၃ဝ မိနစ္အထိ Drop bomb မ်ားခ်ၿပီး တိုက္ခိုက္ခဲ့ပါတယ္။ KIA အေနနဲ႔ကေတာ့ မေန႔က ၆ နာရီခြဲကေနစၿပီး အင္းေတာ္ၿမိဳ႕မွာ လုံၿခဳံေရးယူေနတဲ့ တပ္ရင္း၊ တပ္ဖြဲ႕ေတြကို တိုက္ခိုက္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။
PDF မ်ားအေနနဲ႔ ပခုကၠဴၿမိဳ႕နယ္၊ ေအာင္သာေက်း႐ြာမွာ လုံၿခဳံေရး ယူေနတဲ့ တပ္နဲ႔ ရဲအဖြဲ႕မ်ားကို ဒ႐ုန္း ႏွစ္စင္းနဲ႔ မေန႔က မနက္ ၁၀ နာရီ ေလာက္မွာ Drop bomb ခ် တိုက္ခိုက္ခဲ့တာ ေတြ႕ရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။