ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အသက် ၃ နှစ်အရွယ် မိန်းကလေး နှာခေါင်းထဲ မျှော့တွယ်မှုဖြစ်

 161

ရောင်နီ (NP News) - ဧပြီ ၁ဝ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှ အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ လေးရက်ကျော်ကြာ နှာခေါင်းသွေးယိုမှုဖြစ်ခဲ့ပြီးနောက်ပိုင်း Nakornping ဆေးရုံမှာ နှာခေါင်းထဲမှာ တွယ်နေတဲ့ မျှော့ကို ဖယ်ရှားခဲ့ပါတယ်။

ကလေးရဲ့ညာဘက်နှာခေါင်းပေါက်က သွေးထွက်တဲ့အကြောင်းရင်းကို ဆရာဝန်တွေက စစချင်း ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘဲ ဧပြီလ ၅ ရက် ညပိုင်းက အွမ်ကိုးခရိုင် ဆေးရုံမှ Nakornping ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဆေးရုံရဲ့အဆိုအရ ကလေးဟာ အနီးအနားက ချောင်းတစ်ခုမှာ မျက်နှာကို ဆေးကြောပြီးနောက် နှာခေါင်းသွေးယိုတာ စတင်ခံစားရတယ်လို့ ဆိုပါတယ်။
ညဆိုင်း တာဝန်ကျဆရာဝန်တစ်ဦးက နှာခေါင်းပေါက်ကို စစ်ဆေးဖို့ endoscope ကို အသုံးပြုခဲ့ရာမှာ မျှော့ကိုတွေ့ရှိခဲ့ပါတယ်။ မျှော့ကို ဘေးကင်းစွာ ဖယ်ရှားနိုင်ဖို့ စက်ကို အသုံးပြု ဖယ်ရှားခဲ့ရပါတယ်။
အဲဒီနောက် ပဋိဇီဝဆေးတွေနဲ့ဆက်လက် ကုသပြီးနောက်ပိုင်း ဆေးရုံမှ ဆင်းနိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မျှော့တွေ နေထိုင်နိုင်တဲ့ သဘာဝရေရင်းမြစ်တွေမှာ ကလေးတွေ ဆော့ကစားခွင့်ပြုတာမျိုး သတိထားဖို့ မိဘတွေကို ဆေးရုံက သတိပေးထားပါတယ်။ ဒါအပြင် မျှော့တွယ်တဲ့အခါ အခြားအန္တရာယ်တွေက ဖယ်ရှားနိုင်ဖို့ အိမ်မှာပဲ မျှော့ကို ကြိုးစားဖယ်ရှားတာမျိုးမလုပ်ဖို့ ဆေးရုံက သတိပေးထားပါတယ်။

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလး ႏွာေခါင္းထဲ ေမွ်ာ့တြယ္မႈျဖစ္
ေရာင္နီ (NP News) - ဧၿပီ ၁ဝ

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွ အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးဟာ ေလးရက္ေက်ာ္ၾကာ ႏွာေခါင္းေသြးယိုမႈျဖစ္ခဲ့ၿပီးေနာက္ပိုင္း Nakornping ေဆး႐ုံမွာ ႏွာေခါင္းထဲမွာ တြယ္ေနတဲ့ ေမွ်ာ့ကို ဖယ္ရွားခဲ့ပါတယ္။

ကေလးရဲ႕ညာဘက္ႏွာေခါင္းေပါက္က ေသြးထြက္တဲ့အေၾကာင္းရင္းကို ဆရာဝန္ေတြက စစခ်င္း ေဖာ္ထုတ္ႏိုင္ျခင္း မရွိခဲ့ဘဲ ဧၿပီလ ၅ ရက္ ညပိုင္းက အြမ္ကိုးခ႐ိုင္ ေဆး႐ုံမွ Nakornping ေဆး႐ုံကို လႊဲေျပာင္းေပးခဲ့ပါတယ္။ ေဆး႐ုံရဲ႕အဆိုအရ ကေလးဟာ အနီးအနားက ေခ်ာင္းတစ္ခုမွာ မ်က္ႏွာကို ေဆးေၾကာၿပီးေနာက္ ႏွာေခါင္းေသြးယိုတာ စတင္ခံစားရတယ္လို႔ ဆိုပါတယ္။
ညဆိုင္း တာဝန္က်ဆရာဝန္တစ္ဦးက ႏွာေခါင္းေပါက္ကို စစ္ေဆးဖို႔ endoscope ကို အသုံးျပဳခဲ့ရာမွာ ေမွ်ာ့ကိုေတြ႕ရွိခဲ့ပါတယ္။ ေမွ်ာ့ကို ေဘးကင္းစြာ ဖယ္ရွားႏိုင္ဖို႔ စက္ကို အသုံးျပဳ ဖယ္ရွားခဲ့ရပါတယ္။
အဲဒီေနာက္ ပဋိဇီဝေဆးေတြနဲ႔ဆက္လက္ ကုသၿပီးေနာက္ပိုင္း ေဆး႐ုံမွ ဆင္းႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ေမွ်ာ့ေတြ ေနထိုင္ႏိုင္တဲ့ သဘာဝေရရင္းျမစ္ေတြမွာ ကေလးေတြ ေဆာ့ကစားခြင့္ျပဳတာမ်ိဳး သတိထားဖို႔ မိဘေတြကို ေဆး႐ုံက သတိေပးထားပါတယ္။ ဒါအျပင္ ေမွ်ာ့တြယ္တဲ့အခါ အျခားအႏၲရာယ္ေတြက ဖယ္ရွားႏိုင္ဖို႔ အိမ္မွာပဲ ေမွ်ာ့ကို ႀကိဳးစားဖယ္ရွားတာမ်ိဳးမလုပ္ဖို႔ ေဆး႐ုံက သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.