စင်ကာပူ၊ ပန်ဂေါရှိ မူကြိုကျောင်းမှာ gastroenteritis (ခေါ်) အစာအိမ်ရောဂါလက္ခဏာနဲ့ ကလေး ၂ ဦး ဆေးရုံရောက်

133

ရောင်နီ (NP News) - စက်တင်ဘာ ၃
စင်ကာပုနိုင်ငံ၊ ပန်ဂေါရှိ မူကြိုကျောင်းတစ်ကျောင်းမှာ gastroenteritis (ခေါ်) အစာအိမ်ရောဂါ လက္ခဏာတွေနဲ့ ကလေးနှစ်ဦး ဆေးရုံရောက်ခဲ့ကာ အခြားကျောင်းသားတွေ အပါအဝင် လူ ၁၈ ဦး အစာအိမ်ရောဂါလက္ခဏာတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ Northshore Plaza မှာရှိတဲ့ Mulberry Learning's Punggol စင်တာမှာ သြဂုတ် ၂၇ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစာအိမ်ရောဂါလက္ခဏာ ခံစားခဲ့ရသူတွေထဲမှာ မူကြိုကလေး ၁၇ ဦးနဲ့ ဗဟိုဝန်ထမ်းတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
ပြဿနာဖြစ်ပွားရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ကလေးတစ်ဦးကတော့ ဆေးရုံက ဆင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ကူးစက်နိုင်တဲ့ရောဂါများ အေဂျင်စီ (CDA)၊ အစောပိုင်းကလေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (ECDA) နဲ့ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) တို့က စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။
ကျန်းမာရေးပြဿနာ Gastroenteritis ဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပေါ်လာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်းလက္ခဏာတစ်ခုဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာတော့ ကလေး ၁၄ ဦးနဲ့ ဝန်ထမ်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ECDA က အခြေအနေကို စောင့်ကြည့်နေပြီး ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ သက်ဆိုင်ရာ လမ်းညွှန်ချက်တွေ လိုက်နာဖို့ ကျောင်းကို သတိပေးထားတယ်လို့ ဆိုပါတယ်။

Zawgyi Version:
စင္ကာပူ၊ ပန္ေဂါရွိ မူႀကိဳေက်ာင္းမွာ gastroenteritis (ေခၚ) အစာအိမ္ေရာဂါလကၡဏာနဲ႔ ကေလး ၂ ဦး ေဆး႐ုံေရာက္
ေရာင္နီ (NP News) - စက္တင္ဘာ ၃
စင္ကာပုႏိုင္ငံ၊ ပန္ေဂါရွိ မူႀကိဳေက်ာင္းတစ္ေက်ာင္းမွာ gastroenteritis (ေခၚ) အစာအိမ္ေရာဂါ လကၡဏာေတြနဲ႔ ကေလးႏွစ္ဦး ေဆး႐ုံေရာက္ခဲ့ကာ အျခားေက်ာင္းသားေတြ အပါအဝင္ လူ ၁၈ ဦး အစာအိမ္ေရာဂါလကၡဏာေတြ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ဟာ Northshore Plaza မွာရွိတဲ့ Mulberry Learning's Punggol စင္တာမွာ ၾသဂုတ္ ၂၇ ရက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အစာအိမ္ေရာဂါလကၡဏာ ခံစားခဲ့ရသူေတြထဲမွာ မူႀကိဳကေလး ၁၇ ဦးနဲ႔ ဗဟိုဝန္ထမ္းတစ္ဦးတို႔ ပါဝင္တယ္လို႔ သိရပါတယ္။
ျပႆနာျဖစ္ပြားရတဲ့အေၾကာင္းရင္းကို အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနၿပီး ကေလးတစ္ဦးကေတာ့ ေဆး႐ုံက ဆင္းႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ ကူးစက္ႏိုင္တဲ့ေရာဂါမ်ား ေအဂ်င္စီ (CDA)၊ အေစာပိုင္းကေလးဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီ (ECDA) နဲ႔ စင္ကာပူစားနပ္ရိကၡာေအဂ်င္စီ (SFA) တို႔က စက္တင္ဘာ ၂ ရက္မွာ ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္အရ သိရပါတယ္။
က်န္းမာေရးျပႆနာ Gastroenteritis ဟာ ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ေပၚလာတဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေရာင္ရမ္းျခင္းလကၡဏာတစ္ခုျဖစ္ပါတယ္။
စက္တင္ဘာ ၂ ရက္ေန႔မွာေတာ့ ကေလး ၁၄ ဦးနဲ႔ ဝန္ထမ္း ျပန္လည္ေကာင္းမြန္လာၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ECDA က အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ေရာဂါကူးစက္မႈ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဆိုင္ရာ သက္ဆိုင္ရာ လမ္းၫႊန္ခ်က္ေတြ လိုက္နာဖို႔ ေက်ာင္းကို သတိေပးထားတယ္လို႔ ဆိုပါတယ္။