ဆေးဝါးစျေးကွက်အတွင်း ရိုးရာတိုင်းရင်းဆေးများ ပြန်လည်အရောင်းသွက်လာ
171
ပြည့်ဖြိုး (NP News) အောက်တိုဘာ ၂၇
ဆေးဝါးစျေးကွက်အတွင်း ပြည်ပမှ ဝင်ရောက်သည့်ဆေးများရှာရခက်လာသဖြင့် ယခုအခါ ပြည်တွင်းတိုင်းရင်းဆေးများနှင့် တိုင်းရင်းသမားတော်များဖော်စပ်သည့် သမားကိုင်ဆေးများဘက် ဝေဒနာရှင်များအားထားလာနေရကြောင်းသိရသည်။
“ အခု အသည်းတို့ဘာတို့ မဖြစ်ခင် ကြိုသောက်ဖို့ဆိုပြီး မက်လင်ချင်ဆေးကိုအိမ်ကတိုက်တယ်။ ဟိုရက်ကလည်း ရုံးမှာ သွေးတိုးသမားက တိုင်းရင်းဆေးတစ်မျိုးပြတယ်။ သူသောက်နေတာကြာပြီ။ ဒါလေးမဆိုးဘူးဆိုပြီးပြတယ်။ ဘာတံဆိပ်လည်းမေးတော့ တံဆိပ်မရှိဘူး။ စျေးထဲက ပရဆေးဆိုင်က ရောင်းတာ။ သမားကိုင်ဆေးလို့ ပြောတာပဲ။ကျနော်ကတော့ မသောက်ရဲဘူး။ သူတို့က ဆေးကိုရေလဲနဲ့သောက်တာ။ ကိုယ်နဲ့မအပ်စပ်ရင် ဒုက္ခရောက်မှာ” ဟု ရွှေုပြည်သာ သံဒင်းတွင်နေသူတစ်ဦးကပြောသည်။
လက်ရှိတွင် ပြည်ပမှဝင်ရောက်သည့် အိမ်သုံးဆေးဝါးအတော်များများမှာ စျေးကွက်အတွင်းရှာရခက်နေပြီး နာတာရှည်ရောဂါသမားများအတွက် ဆေးဝါးများရှာရခက်သဖြင့် စျေးသက်သာသည့် တိုင်းရင်းဆေးဝါးများကို ပြန်အားထားလာနေရကြောင်း သိရသည်။
“ တော်ရုံတန်ရုံဖျားရင်တောင် အခုက ဆေးခန်းမသွားနိုင်တော့ဘူး။ ပါတာစီတမော့တို့ ဘာတို့နဲ့ ပြီးရတာ ။ ကျနော်ကတော့ စျေးထဲက ပရဆေးဆိုင်က ေပးတဲ့မြင့်မိုရ်ဆေးကို ၅ ကျပ်သားဝယ်ဝယ်ထားတယ်။ အရင်က ပြည်တွင်းဆေးဝါးလုပ်ငန်းက ထုတ်တာတွေ့တယ်။ အခု မတွေ့မိဘူး။ အဲဒီဆေးကို ဖျားသလိုလိုဖြစ်ရင် ရေနွေးပူပူနဲ့။ ဝမ်းချုပ်ရင် ရေအေးနဲ့။ ဝမ်းမကောင်းရင် ရေနွေးနဲ့ အဲလို လှည့်သောက်ရတာပဲ။ အဲဆေးက ကိုဗစ်တုန်းက အတော်ဝယ်ကြလို့ ရှာရခက်သွားသေးတယ်”ဟု ကြမြင်တိုင်မှ ဆိုက္ကားသမားတစ်ဦးကဆိုသည်။
ပြည်ပတင်သွင်းရသည့် အိမ်သုံးဆေးဝါးများစျေးကွက်အတွင်း ယခင်ကထက် ရှာရခက်လာသဖြင့် ၂၀၂၅ နှစ်စမှစကာ ရပ်ကွက်အတွင်းများရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးများပြန်လည်အရောင်းလိုက်လာကြောင်းသိရသည်။
Zawgyi Version:
ဆေးဝါးဈေးကွက်အတွင်း ရိုးရာတိုင်းရင်းဆေးများ ပြန်လည်အရောင်းသွက်လာ
ဆေးဝါးဈေးကွက်အတွင်း ပြည်ပမှ ဝင်ရောက်သည့်ဆေးများရှာရခက်လာသဖြင့် ယခုအခါ ပြည်တွင်းတိုင်းရင်းဆေးများနှင့် တိုင်းရင်းသမားတော်များဖော်စပ်သည့် သမားကိုင်ဆေးများဘက် ဝေဒနာရှင်များအားထားလာနေရကြောင်းသိရသည်။
လက်ရှိတွင် ပြည်ပမှဝင်ရောက်သည့် အိမ်သုံးဆေးဝါးအတော်များများမှာ ဈေးကွက်အတွင်းရှာရခက်နေပြီး နာတာရှည်ရောဂါသမားများအတွက် ဆေးဝါးများရှာရခက်သဖြင့် ဈေးသက်သာသည့် တိုင်းရင်းဆေးဝါးများကို ပြန်အားထားလာနေရကြောင်း သိရသည်။
ပြည်ပတင်သွင်းရသည့် အိမ်သုံးဆေးဝါးများဈေးကွက်အတွင်း ယခင်ကထက် ရှာရခက်လာသဖြင့် ၂၀၂၅ နှစ်စမှစကာ ရပ်ကွက်အတွင်းများရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးများပြန်လည်အရောင်းလိုက်လာကြောင်းသိရသည်။