အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့်ဆေးဝါးများကို ပြည်တွင်းတွင်ထုတ်လုပ်နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးရှိလာနိုင်

 243

သက်ပိုင်(NP News )-အောက်တိုဘာ၂၃
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့်ဆေးဝါးများကို ပြည်တွင်းတွင်ထုတ်လုပ်နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း အထူးကုဆရာဝန်ကြီးတစ်ဦးက ထောက်ပြ ပြောကြားသည်။
လုပ်ငန်းရှင်းများကိုဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆေးဝါးများထုတ် လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက အောက်တိုဘာလ ၁၀ ရက်က ပြောဆိုထားသည်။
ဆေးဝါးများကို အစိုးရနှင့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များပူးပေါင်းကာ မြန်မာပြည်တွင်းတွင် ထုတ်လုပ်လာနိုင်မည်ဆိုပါက နိုင်ငံခြားမှတင်သွင်းရနေမှုများသက်သာခြင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နည်းပညာများရရှိနိုင်ခြင်းတို့အပြင် ပြည်တွင်းပညာရှင်များ၊ အလုပ်သမားအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းနှင့် ဆေးဝါးဖူလုံခြင်းတို့ကဲ့သို့သော အကျိုးများ ရရှိနိုင်မည်ဖြစ်ကြောင်း အထူးကု ဆရာဝန်ကြီးတစ်ဦးကဆိုသည်။
“ဆေးတွေကို မြန်မာနိုင်ငံတွင်းမှာပဲ အများအပြား ထုတ်လာနိုင်မယ်ဆိုရင်တော့ အများကြီး သက်သာတာပေါ့ဗျာ။ အခုလို အရည်အသွေးကောင်းကောင်းနဲ့ ဆေးတွေကို မြန်မာနိုင်ငံအထဲမှာပဲ ထုတ်နိုင်မယ်ဆိုရင်တော့ နိုင်ငံခြားကနေသွင်းရတာတွေ သက်သာသွားမှာပေါ့ ပြီးတော့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးလုပ်မယ်ဆိုရင် သူတို့နိုင်ငံက နည်းပညာတွေ၊ သူတို့ဆီက ဆေးဝါးထုတ်လုပ်တဲ့နည်းတွေကိုလည်း ရနိုင်တာပေါ့နော်။နောက်ပြီး ကျွန်တော်တို့နိုင်ငံက ပညာရှင်တွေ၊အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရနိုင်တာပေါ့။ ဥပမာ ဆေးဝါးထုတ်တဲ့ စက်ရုံတွေဆိုရင် အလုပ်သမားက မလိုပါဘူးဆိုရင်တောင် (၂၀၀)၊(၃၀၀)လောက်က လိုတာပေါ့နော်။ ဒီအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရမှာပေါ့။ နောက်တစ်ခုက သယ်ယူဆေးဝါး ဖူလုံမှုပေါ့နော်။ သွင်းနေတာထက်စာရင် ဒီနိုင်ငံမှာထုတ်မယ်ဆိုရင်တော့ ပိုပြီး ဖူဖူလုံလုံ ရှိလာမှာပေါ့” ဟု အဆိုပါအထူးကုဆရာဝန်ကြီးကပြောသည်။
ထို့အပြင် လက်ရှိတွင်လည်း အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းကာ ဆေးဝါးထုတ်လုပ်မှုအချို့ ရှိနေကြောင်းကိုလည်း ၎င်းက ဆိုသည်။
“အခုလက်ရှိလည်း မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်းရှိတယ်။မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေကလည်း ဆေးဝါးတွေ ထုတ်နေတာရှိတယ်။တချို့ဆေးတွေကတော့ MPF ကနေပြီးတော့ တိုက်ရိုက် ထုတ်နေတာရှိတယ်။ ပြီးတော့ MPF နဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ MOUထိုးပြီးတော့ ထုတ်နေတဲ့ဆေးတွေလည်း ရှိတယ်။ ဒီတော့ ပုဂ္ဂလိကနဲ့ပူးပေါင်းပြီးထုတ်တဲ့ဆေးကတော့ မကောင်းစရာတော့မရှိပါဘူး” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

Zawgyi Version:
အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ေဆးဝါးမ်ားကို ျပည္တြင္းတြင္ထုတ္လုပ္ႏိုင္ပါက ႏိုင္ငံအတြက္မ်ားစြာအက်ိဳးရွိလာႏိုင္
သက္ပိုင္(NP News )-ေအာက္တိုဘာ၂၃
အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ေဆးဝါးမ်ားကို ျပည္တြင္းတြင္ထုတ္လုပ္ႏိုင္ပါက ႏိုင္ငံအတြက္မ်ားစြာအက်ိဳးရွိလာႏိုင္မည္ျဖစ္ေၾကာင္း အထူးကုဆရာဝန္ႀကီးတစ္ဦးက ေထာက္ျပ ေျပာၾကားသည္။
လုပ္ငန္းရွင္းမ်ားကိုဖိတ္ေခၚ၍ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) စနစ္ျဖင့္ ေဆးဝါးမ်ားထုတ္ လုပ္ႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈပုံစံျဖင့္ ေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရာတြင္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ ခ်ာလီသန္းက ေအာက္တိုဘာလ ၁၀ ရက္က ေျပာဆိုထားသည္။
ေဆးဝါးမ်ားကို အစိုးရႏွင့္ ျပည္တြင္း၊ျပည္ပ လုပ္ငန္းရွင္မ်ားပူးေပါင္းကာ ျမန္မာျပည္တြင္းတြင္ ထုတ္လုပ္လာႏိုင္မည္ဆိုပါက ႏိုင္ငံျခားမွတင္သြင္းရေနမႈမ်ားသက္သာျခင္း၊ ျပည္ပကုမၸဏီမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ျခင္းျဖင့္ နည္းပညာမ်ားရရွိႏိုင္ျခင္းတို႔အျပင္ ျပည္တြင္းပညာရွင္မ်ား၊ အလုပ္သမားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိလာႏိုင္ျခင္းႏွင့္ ေဆးဝါးဖူလုံျခင္းတို႔ကဲ့သို႔ေသာ အက်ိဳးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း အထူးကု ဆရာဝန္ႀကီးတစ္ဦးကဆိုသည္။
“ေဆးေတြကို ျမန္မာႏိုင္ငံတြင္းမွာပဲ အမ်ားအျပား ထုတ္လာႏိုင္မယ္ဆိုရင္ေတာ့ အမ်ားႀကီး သက္သာတာေပါ့ဗ်ာ။ အခုလို အရည္အေသြးေကာင္းေကာင္းနဲ႔ ေဆးေတြကို ျမန္မာႏိုင္ငံအထဲမွာပဲ ထုတ္ႏိုင္မယ္ဆိုရင္ေတာ့ ႏိုင္ငံျခားကေနသြင္းရတာေတြ သက္သာသြားမွာေပါ့ ၿပီးေတာ့ တျခားႏိုင္ငံေတြက ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီးလုပ္မယ္ဆိုရင္ သူတို႔ႏိုင္ငံက နည္းပညာေတြ၊ သူတို႔ဆီက ေဆးဝါးထုတ္လုပ္တဲ့နည္းေတြကိုလည္း ရႏိုင္တာေပါ့ေနာ္။ေနာက္ၿပီး ကြၽန္ေတာ္တို႔ႏိုင္ငံက ပညာရွင္ေတြ၊အလုပ္သမားေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြရႏိုင္တာေပါ့။ ဥပမာ ေဆးဝါးထုတ္တဲ့ စက္႐ုံေတြဆိုရင္ အလုပ္သမားက မလိုပါဘူးဆိုရင္ေတာင္ (၂၀၀)၊(၃၀၀)ေလာက္က လိုတာေပါ့ေနာ္။ ဒီအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြရမွာေပါ့။ ေနာက္တစ္ခုက သယ္ယူေဆးဝါး ဖူလုံမႈေပါ့ေနာ္။ သြင္းေနတာထက္စာရင္ ဒီႏိုင္ငံမွာထုတ္မယ္ဆိုရင္ေတာ့ ပိုၿပီး ဖူဖူလုံလုံ ရွိလာမွာေပါ့” ဟု အဆိုပါအထူးကုဆရာဝန္ႀကီးကေျပာသည္။
ထို႔အျပင္ လက္ရွိတြင္လည္း အစိုးရႏွင့္ပုဂၢလိက ပူးေပါင္းကာ ေဆးဝါးထုတ္လုပ္မႈအခ်ိဳ႕ ရွိေနေၾကာင္းကိုလည္း ၎က ဆိုသည္။
“အခုလက္ရွိလည္း ျမန္မာႏိုင္ငံမွာ လာၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံေနတဲ့ ႏိုင္ငံတကာကုမၸဏီေတြလည္းရွိတယ္။ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီေတြကလည္း ေဆးဝါးေတြ ထုတ္ေနတာရွိတယ္။တခ်ိဳ႕ေဆးေတြကေတာ့ MPF ကေနၿပီးေတာ့ တိုက္႐ိုက္ ထုတ္ေနတာရွိတယ္။ ၿပီးေတာ့ MPF နဲ႔ ႏိုင္ငံျခားကုမၸဏီေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ MOUထိုးၿပီးေတာ့ ထုတ္ေနတဲ့ေဆးေတြလည္း ရွိတယ္။ ဒီေတာ့ ပုဂၢလိကနဲ႔ပူးေပါင္းၿပီးထုတ္တဲ့ေဆးကေတာ့ မေကာင္းစရာေတာ့မရွိပါဘူး” ဟု ၎က ထပ္မံ ေျပာၾကားသည္။

Related news

© 2021. All rights reserved.