Stranger Things ကြောင့် Netflix streaming platform ၁ နာရီခန့် ပြတ်တောက်မှုဖြစ်

49

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈
နာမည်ကျော် Stranger Things Season သစ် ထွက်ရှိပြီးနောက် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ Netflix streaming platform ဟာ အမေရိကန် အသုံးပြုသူတွေအတွက် တစ်နာရီခန့် ပြတ်တောက်သွားခဲ့ပါတယ်။
လိုင်းပြတ်တောက်မှုဖြစ်ရပ် ၁၄,၂၉၀ ထိ ရှိခဲ့တယ်လို့ အရင်းအမြစ်များစွာကို အသုံးပြုပြီး ပြတ်တောက်မှုတွေ ကိုခြေရာခံတဲ့ Downdetector ရဲ့ အဆိုအရ သိရပါတယ်။ Netflix ရဲ့ကြည့်ရှုသူ အဖွဲ့ဝင်အချို့ဟာ တီဗီစက် ပစ္စည်းတွေမှာ streaming ပြဿနာ ဖြစ်ခဲ့ပေမယ့် အကောင့်အားလုံးအတွက် ဝန်ဆောင်မှုကို ငါးမိနစ်အတွင်း ပြန်လည်ရရှိခဲ့တယ်လို့ Netflix က ဆိုပါတယ်။ Netflix ဟာ Mike Tyson-Jake Paul လက်ဝှေ့ပွဲနဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ Love Is Blind ရုပ်သံအစီအစဉ် အပါအဝင် လူကြည့်များတဲ့ အစီအစဉ်တွေမှာလည်း အခုလို ပြတ်တောက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
Stranger Things ဇာတ်ကားကို Netflix က ကမ္ဘာတစ်ဝှမ်း တတိယမြောက် အကျော်ကြားဆုံး အင်္ဂလိပ် ဘာသာဇာတ်လမ်းတွဲအဖြစ် အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ Stranger Things ရဲ့နောက်ဆုံး Season 5 ကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထွက်ရှိပြီဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၅ ရက်နဲ့ ၃၁ ရက်မှာတော့ နောက်ဆက်တွဲအပိုင်းတွေ ဆက်လက်ထွက်ရှိမယ်လို့ သိရပါတယ်။

Zawgyi Version:
Stranger Things ေၾကာင့္ Netflix streaming platform ၁ နာရီခန႔္ ျပတ္ေတာက္မႈျဖစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈
နာမည္ေက်ာ္ Stranger Things Season သစ္ ထြက္ရွိၿပီးေနာက္ ႏိုဝင္ဘာ ၂၆ ရက္ ညေနပိုင္းမွာ Netflix streaming platform ဟာ အေမရိကန္ အသုံးျပဳသူေတြအတြက္ တစ္နာရီခန႔္ ျပတ္ေတာက္သြားခဲ့ပါတယ္။
လိုင္းျပတ္ေတာက္မႈျဖစ္ရပ္ ၁၄,၂၉၀ ထိ ရွိခဲ့တယ္လို႔ အရင္းအျမစ္မ်ားစြာကို အသုံးျပဳၿပီး ျပတ္ေတာက္မႈေတြ ကိုေျခရာခံတဲ့ Downdetector ရဲ႕ အဆိုအရ သိရပါတယ္။ Netflix ရဲ႕ၾကည့္ရႈသူ အဖြဲ႕ဝင္အခ်ိဳ႕ဟာ တီဗီစက္ ပစၥည္းေတြမွာ streaming ျပႆနာ ျဖစ္ခဲ့ေပမယ့္ အေကာင့္အားလုံးအတြက္ ဝန္ေဆာင္မႈကို ငါးမိနစ္အတြင္း ျပန္လည္ရရွိခဲ့တယ္လို႔ Netflix က ဆိုပါတယ္။ Netflix ဟာ Mike Tyson-Jake Paul လက္ေဝွ႔ပြဲနဲ႔ တိုက္႐ိုက္ ထုတ္လႊင့္တဲ့ Love Is Blind ႐ုပ္သံအစီအစဥ္ အပါအဝင္ လူၾကည့္မ်ားတဲ့ အစီအစဥ္ေတြမွာလည္း အခုလို ျပတ္ေတာက္မႈေတြ ျဖစ္ေပၚေလ့ရွိပါတယ္။
Stranger Things ဇာတ္ကားကို Netflix က ကမာၻတစ္ဝွမ္း တတိယေျမာက္ အေက်ာ္ၾကားဆုံး အဂၤလိပ္ ဘာသာဇာတ္လမ္းတြဲအျဖစ္ အဆင့္သတ္မွတ္ထားတာျဖစ္ပါတယ္။ Stranger Things ရဲ႕ေနာက္ဆုံး Season 5 ကို ႏိုဝင္ဘာ ၂၆ ရက္ေန႔မွာ ထြက္ရွိၿပီျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာ ၂၅ ရက္နဲ႔ ၃၁ ရက္မွာေတာ့ ေနာက္ဆက္တြဲအပိုင္းေတြ ဆက္လက္ထြက္ရွိမယ္လို႔ သိရပါတယ္။