တရုတ်ဆီကနေ အသံထက်မြန်တဲ့သင်္ဘောဖျက်ဒုံးကျည်တွေဝယ်ယူဖို့ အီရန်နီးစပ်နေ

 240

Pika(NP News)-ဖေဖော်ဝါရီ ၂၆
သင်္ဘောဖျက်ခရုဇ်ဒုံးကျည်တွေဝယ်ယူဖို့အတွက် တရုတ်နဲ့သဘောတူညီချက်တစ်ခုချုပ်ဆိုနိုင်ဖို့ အီရန်က နီးစပ်နေပြီလို့ အဲ့ဒီကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အမေရိကန်က အီရန်ကမ်းရိုးတန်းအနီးမှာ ကြီးမားတဲ့ ရေတပ်အင်အားစုကို ဖြန့်ကျက်ချထားခဲ့ချိန်မှာ ယခုလိုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ် CM-302ဒုံးကျည်တွေအတွက် သဘောတူညီချက်တစ်ခုက ပြီးစီးခါနီးဖြစ်နေပြီလို့ သတင်းတွေကရေးသားဖော်ပြထားပေမယ့်လည်း အီရန်ကိုပို့ဆောင်မယ့်ရက် အတိအကျကိုတော့ ရေးသားဖော်ပြထားတာမျိုး မရှိဘူးလို့ သိရပါတယ်။ CM-302ဒုံးကျည်တွေဟာ ကီလိုမီတာ(၂၉၀)လောက်အထိ ပစ်ခတ်နိုင်ပြီး သင်္ဘောကာကွယ်ရေးတွေကို ရှောင်ရှားနိုင်ဖို့ တနိမ့်နိမ့်နဲ့ မြန်ဆန်စွာပျံသန်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒုံးကျည်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် CM-302ဒုံးကျည်တွေဝယ်ယူမှုက အီရန်ရဲ့တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာမြှင့်တင်ပေးမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း လက်နက်ကျွမ်းကျင်သူတွေက လေ့လာသုံးသပ်ပြောဆိုခဲ့ကြပါတယ်။

Zawgyi Version:
တ႐ုတ္ဆီကေန အသံထက္ျမန္တဲ့သေဘၤာဖ်က္ဒုံးက်ည္ေတြဝယ္ယူဖို႔ အီရန္နီးစပ္ေန
Pika(NP News)-ေဖေဖာ္ဝါရီ ၂၆
သေဘၤာဖ်က္ခ႐ုဇ္ဒုံးက်ည္ေတြဝယ္ယူဖို႔အတြက္ တ႐ုတ္နဲ႔သေဘာတူညီခ်က္တစ္ခုခ်ဳပ္ဆိုႏိုင္ဖို႔ အီရန္က နီးစပ္ေနၿပီလို႔ အဲ့ဒီကိစၥနဲ႔ရင္းႏွီးတဲ့ သတင္းရင္းျမစ္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အေမရိကန္က အီရန္ကမ္း႐ိုးတန္းအနီးမွာ ႀကီးမားတဲ့ ေရတပ္အင္အားစုကို ျဖန႔္က်က္ခ်ထားခဲ့ခ်ိန္မွာ ယခုလိုသတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံထုတ္ CM-302ဒုံးက်ည္ေတြအတြက္ သေဘာတူညီခ်က္တစ္ခုက ၿပီးစီးခါနီးျဖစ္ေနၿပီလို႔ သတင္းေတြကေရးသားေဖာ္ျပထားေပမယ့္လည္း အီရန္ကိုပို႔ေဆာင္မယ့္ရက္ အတိအက်ကိုေတာ့ ေရးသားေဖာ္ျပထားတာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။ CM-302ဒုံးက်ည္ေတြဟာ ကီလိုမီတာ(၂၉၀)ေလာက္အထိ ပစ္ခတ္ႏိုင္ၿပီး သေဘၤာကာကြယ္ေရးေတြကို ေရွာင္ရွားႏိုင္ဖို႔ တနိမ့္နိမ့္နဲ႔ ျမန္ဆန္စြာပ်ံသန္းဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ဒုံးက်ည္ေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ CM-302ဒုံးက်ည္ေတြဝယ္ယူမႈက အီရန္ရဲ႕တိုက္ခိုက္ႏိုင္စြမ္းကို သိသိသာသာျမႇင့္တင္ေပးမွာျဖစ္ၿပီး ေဒသတြင္းမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာလိမ့္မယ္လို႔လည္း လက္နက္ကြၽမ္းက်င္သူေတြက ေလ့လာသုံးသပ္ေျပာဆိုခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.