အရှေ့အလယ်ပိုင်း လက်ရှိစစ်ပွဲ အမေရိကန် ရှုံးနိမ့်နေသလား

 2057

Htay Oung (NP News)- မတ် ၂၃

ယူကေလို့ခေါ်ကြတဲ့ ဂရိတ်ဗြိတိန်နိုင်ငံကို ကျွန်တော်အစောဆုံးရောက်ရှိခဲ့ဖူးတာ (၁၉၉၁) ခုနှစ် မှာ ဖြစ်ပါတယ်။ (၁၉၈၂) ခုနှစ် ဖော့ကလန်ကျွန်းစစ်ပွဲမှာ (၇၄)ရက်တည်းနဲ့အရှုံးပေးလိုက်ရတဲ့ အာဂျင် တီးနား စစ်အစိုးရဟာ တစ်နိုင်ငံလုံးက ရွံရှာအထင်သေးစွာ ကန့်ကွက်ဆန္ဒပြခံရပြီးပြုတ်ကျ သွားပေမယ့် နိုင်ငံသားတိုင်း ပြင်းထန်တဲ့မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဖြစ်ပေါ်လာစေဖို့ ဖန်တီးပေးခဲ့ပါ တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စစ်ရှုံးရတဲ့ဒဏ်ရာဒဏ်ချက်တွေကို အမြန်ဆုံးပြန်လည်ကုစားဖို့ လမ်းခင်းပေးခဲ့ပါ တယ်။
စစ်နိုင်လိုက်တဲ့ရလဒ်ကောင်းကြောင့် ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီ သိက္ခာတက်လာပြီး နောက်တစ်နှစ်မှာ ထပ်မံရွေးကောက်ခံရပါတယ်။ ကမ္ဘာ့မြောက်ဖျားမှ အတ္တလန္တိတ်သမုဒ္ဒရာ တောင် ဘက်ဖျားအထိ မိုင်(၈၀ဝဝ)ခန့် ချီတက်တိုက်ခိုက်တဲ့ စစ်ပွဲဖြစ်နေပါတယ်။ ဗြိတိသျှကြည်းတပ်၊ ရေတပ် အတွက် (၄၅)ရက်ခန့်ကြာချီတက်ရပြီး စစ်လေယာဉ် များပင် နာရီ (၄၀)ခန့်ပျံသန်းရပါတယ်။ နှစ်နိုင်ငံ ချင်း သီးသန့်တိုက်ခိုက်ရတဲ့စစ်ပွဲမှာ အနိုင်ရလိုက်ပေမယ့် ဗြိတိန်ဟာ စစ်စရိတ်အကုန်အကျများပြီး စီးပွားရေးထိခိုက်သွားရပါတယ်။
အလားတူ (၁၉၅၆)ခုနှစ်မှာ စူးအက်တူးမြောင်းကို ပြည်သူပိုင်သိမ်းတဲ့အတွက် ဗြိတိန်နဲ့ ပြင်သစ် တို့က အရှေ့အလယ်ပိုင်းအီဂျစ်နိုင်ငံကို စစ်ကြေညာပြီး ဝင် ရောက်ကျူးကျော်ခဲ့ပါတယ်။ အခွင့်အခါ ကောင်းကို စောင့်ဆိုင်းနေတဲ့အစ္စရေးကလည်း ဗြိတိန်နဲ့ပြင်သစ်တို့စစ်တပ်တွေနောက်မှာကပ်လိုက်ပြီး အီဂျစ်ကိုတိုက်ခိုက်ပါတယ်။ စစ်ပွဲကို အဲဒီအချိန် အမေရိကန်နဲ့ ဆိုဗီယက်တို့က ပြင်းပြင်းထန်ထန် ကန့် ကွက်ရှုတ်ချခံရပြီး (၉)ရက်အကြာမှာ ပြင်သစ်နဲ့ဗြိတိန်တပ်တွေ စစ်ပွဲမှထွက်ခွာခဲ့ရပါတယ်။
ဂါဇာနဲ့ ဆိုင်းနိုင်းကျွန်းဆွယ်ကို သိမ်းပိုက်နိုင်တဲ့ အစ္စရေးအနေနဲ့ နိုင်ငံရေး၊ စစ်ရေး အမြတ် ထွက်ပေမယ့် အီဂျစ်တို့ရဲ့နာကျည်းချက်ဟာ အီဂျစ်သမ္မတ ဂါမယ်အဗ္ဗဒယ်နာဆာကို မျိုးချစ်သူရဲကောင်း ဖြစ်စေခဲ့ပါတယ်။ အဆိုးရွားဆုံးအရှက်ရသွားတာကတော့ ဗြိတိန်နဲ့ပြင်သစ်တို့ဖြစ်ပြီး “အနောက်အုပ်စု နိုင်ငံတွေ အနေနဲ့ အမေရိကန်သဘောတူညီချက်မရရှိခဲ့လျှင် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒချမှန်ရန် မဖြစ်နိုင် ကြောင်း” သက်သေပြသလို ဖြစ်သွားရပါတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်အေးတိုက်ပွဲကာလ အတွင်း “ဩ ဇာကြီး စစ်လက်နက်နိုင်ငံတစ်ခုအဖြစ်မှ ဘုံလျှောကျ ရတယ်”လို့ သမိုင်းပညာရှင်တွေက သတ်မှတ်ကြပါတယ်။
အထူးသဖြင့် နောက် (၂၆)နှစ်အကြာမှ ထပ်မံစစ်တိုက်ရတဲ့ ဗြိတိန်အတွက် အမျိုးသားဂုဏ် သိက္ခာကို ကာကွယ်စောင့်ရှောက်ရခြင်းဖြစ်ပေမယ့် မူလတည်းက စီးပွားရေးကျဆင်းနေချိန်ဖြစ်ပါတယ်။ စစ် စရိတ်(အဲဒီအချိန်) စတာလင်ပေါင်ငွေ (၂ . ၈) ဘီလျံ ဟာ ဗြိတိန်ရဲ့ GDP (၂၇၇)ဘီလျံမှာ မပြောပ လောက်ဘူးဆိုပေမယ့် စီးပွားရေးနာလန်ထူဖို့ နှစ်အတန်ကြာ ရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ ဖော့က လန်ကျွန်းအရေးမှာ ဗြိတိန်ကိုထောက်ခံတဲ့ အမေရိကန်ဟာ အနောက်ကမ္ဘာ့ခြမ်း အထူးသဖြင့် လက် တင်အမေရိ ကနိုင်ငံတွေရဲ့ စက်ဆုပ်ရွံရှာမှုကို ယနေ့တိုင် ပြင်းထန်စွာရင်ဆိုင်နေရပါတယ်။
အဲဒီအချိန် ကျွန်တော်ရောက်ရှိသွားတဲ့ ဗြိတိန် ဟာ အလုပ်လက်မဲ့နှုန်းမြင့်မားနေဆဲဖြစ်ပြီး စစ်ရှုံးမှု၊ တိုက်ပွဲရှုံးနိမ့်မှုနဲ့ စစ်ပွဲတို့ရဲ့နောက်ကွယ်မှာ မမြင်ရတဲ့ အကျိုးဆက်တွေရှိတတ်ပုံကို သတိပြု မိစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈)ရက်ကစတင်ခဲ့တဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲမှာ “သမ္မတဒေါ် နယ်ထရမ့်ရှုံးနိမ့်နေပြီ၊ ရှုံးနိမ့်လိမ့်မယ်”လို့ ဝေဖန်ပြော ဆိုမှုကို ယနေ့ ကမ္ဘာ့မီဒီယာတွေမှာ တွေ့မြင်နေရ တယ်။ ဒီနေရာမှာ အမေရိကန်ရှုံးနိမ့်သွားပြီဆိုတာ ဝါရှင်တန်ဒီစီသမ္မတအိမ်တော်မှာ အီရန် စစ်တပ်ရဲ့ အလံလာစိုက်တာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ၊ စစ်တု ရင် Chess ကစားပွဲမှာ Checkmate ဖြစ် ခြိမ်းခြောက်ခံရချိန် King ဘုရင်ရုပ်အနေနဲ့ ခြိမ်းခြာက်နေတဲ့ တစ်ဖက်အရုပ်ကို ဖယ်ရှားမရ၊ မပိတ်ဆို့နိုင်၊ မိမိကိုယ်တိုင်လည်း ဘေးလွတ်ရာအကွက်သို့ မရွေ့ နိုင်တာမျိုးကို ဆိုလိုပါတယ်။
လက်ရှိအရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ပတ်သက် ပြီး “အမေရိကန်ရှုံးနိမ့်လိမ့်မယ်”လို့ ကြိုတင်ဟော ပြောသူတွေမှာ နာမည်အကြီးဆုံးကတော့ တရုတ်-ကနေဒါလူမျိုး ပညာရှင်၊ ပညာပေးဟောပြောသူနဲ့ ပထဝီနိုင်ငံရေး သီအိုရီပညာရှင် Jiang Xueqin (ကျန်းရွှီချင်)ဖြစ်ပါတယ်။ သူ့ကို (၁၉၇၆) ခုနှစ် တရုတ် နိုင်ငံမှာမွေးဖွားခဲ့ပြီး အသက် (၆)နှစ်အရွယ်မှာ မိသားစုနဲ့အတူ ကနေဒါနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ တယ်။ သူဟာ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မှာပါဝင်ခဲ့ပြီး ပေကျင်းမြို့အခြေစိုက် အတွေး အခေါ် နဲ့သမိုင်းဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ သူဟာ နက္ခတ်ဗေဒင်၊ ဂြိုဟ် အ သွားအလာ ကိန်းခန်းတွေအရ ကြိုတင်ဟောပြောသူမဟုတ်ပါဘူး၊ အမေရိကန် ယေးလ်တက္ကသိုလ်ထွက် ပညာရေးလော ကသားတစ်ဦးဖြစ်ပါတယ်။ အနာဂတ်ဖြစ်ရပ်တွေကို ခန့်မှန်းဖို့အတွက် သမိုင်းပုံစံတွေ၊ ဂိမ်းသီအိုရီနဲ့ နာ မည်ကျော် အမေရိကန်စာရေးဆရာ အိုင်ဇက်အာဆီ မော့ဗ်(Isaac Asimov) တို့လို စိတ် ကူး‌တွေးဆချက် တွေနဲ့ “စိတ်ပိုင်းဆိုင်ရာသမိုင်း” အယူအဆကို အသုံးပြုသူဖြစ်ပါတယ်။ ပထဝီနိုင်ငံရေး ဆန်းစစ်လေ့လာမှု တွေပြုလုပ်ပြီး YouTube ချန်နယ်ဖြစ်တဲ့ “Predictive History ” “သမိုင်း ကြိုတင် ဟောကိန်း”မှ တစ်ဆင့် နာမည်ကြီးလာတာပဲဖြစ်ပါတယ်။
အထူးသဖြင့် (၂၀၂၄)ခုနှစ် မေလ (၂၉)ရက် သူ့ဟောပြောပွဲမှာ အမေရိကန်ရွေးကောက်ပွဲနဲ့ အီရန် စစ်ပွဲဆိုင်ရာ ကြိုတင်ဟောကိန်းသုံးချက်ကိုထုတ်ဖော် ခဲ့ရာ ဒီနေ့အချိန်အထိ နှစ်ချက်မှန်ကန်ခဲ့ပြီး “တရုတ် နော်စထရာဒါးမားစ်” (China’s Nostradamus) အဖြစ် ဘွဲ့အမည်ပေးခြင်းခံရပါတယ်။ အီရန် ကျော့ကွင်း (The Iran Trap) အမည်နဲ့ ဟောကိန်းသုံးချက်မှာ -
၁။ ဒေါ်နယ်လ်ထရမ့်ဟာ (၂၀၂၄)ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ် (ထရမ့်အနိုင်ရခဲ့)။
၂။ ထရမ့်ဟာ သူရဲ့ ဒုတိယသက်တမ်း (၂၀၂၅-၂၀၂၆) ခုနှစ်မှာ အီရန်ကို စစ်တိုက်လိမ့်မယ် (၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့စတင်တဲ့ Operation Epic Fury “အော်ပရေးရှင်းအဲပစ်ဖူးရီ” စစ်ဆင်ရေး ဖြင့် မှန်ကန်ခဲ့)။
၃။ တတိယနောက်ဆုံးဖြစ်တဲ့ အမေရိကန်ဟာ အဲဒီစစ်ပွဲကိုရှုံးနိမ့်လိမ့်မယ်ဖြစ်ပြီး သူပြောသလို ဖြစ်နိုင် သလားဆိုတာ (လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများကို) စောင့်ကြည့်လေ့လာကြပါစို့။
အမေရိကန်ဟာ နည်းပညာနဲ့ကုန်သွယ်စီးပွားရေးမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဖြစ်ပါတယ်။ တစ် ကမ္ဘာလုံးအနှံ့ဖြန့်ကြက်ထားတဲ့ စစ်စခန်းပေါင်း (၇၀ဝ)ကျော်ကိုပိုင်ဆိုင်ပါတယ်။ ကမ္ဘာ့တိုက်ကြီးများ အားလုံး/ သမုဒ္ဒရာများအားလုံးမှာ ကြည်း၊ ရေ၊ လေ တစ်ပြိုက်နက်တည်းစစ်တိုက်နိုင်တဲ့တစ်ခုတည်း သောနိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံပေါ်ထွန်းလာတဲ့ နှစ်(၂၀ဝ)ကျော်သမိုင်းတစ်လျှောက် သူတစ်ပါး နိုင်ငံရဲ့ပြည်တွင်းရေးကို စစ်ရေးနဲ့ အကြိမ်ကြိမ်စွက်ဖက်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ ဘာမှမကြာသေးခင် (၁၉၅၀)ပြည့်နှစ်မှာ “ကိုရီးယားကျွန်းဆွယ်စစ်ပွဲ” စတင်ဖြစ်ပွားပါတယ်။ ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲရဲ့ Proxy war “ကိုယ်စားပြုစစ်”မျှသာ ဖြစ်ပြီး ကုလသမဂ္ဂတပ်ပေါင်းစုအမည်ခံ အမေရိကန်ဦးဆောင်တပ်တွေနဲ့ ဆိုဗီယက် အထူးသဖြင့် ကွန် မြူနစ် တရုတ်တို့ တိုက်ခိုက်ကြတာဖြစ်ပါတယ်။ အနိုင်-အရှုံး အဖြေမထုတ်နိုင်ဘဲ (၁၉၅၃)ခုနှစ်မှာ အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရပြီး “စစ်ပြေငြိမ်း ရေးစာချုပ်” ချုပ်ဆိုနိုင်ခြင်းမရှိပါ။ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံပြဿနာဟာ ဒီနေ့အထိ “ကမ္ဘာ စစ်ကြီး”ကို မျက်စပစ်နေပါတယ်။
အမေရိကန်တို့ အကြီးအကျယ်အရှက်ရစေတဲ့ စစ်ပွဲမှာ ဗီယက်နမ်စစ်ပွဲဖြစ်ပါတယ်။ ကွန်မြူနစ် ဝါဒ ပြန့်ပွားမှုတားဆီးရေးခေါင်းစဉ်နဲ့ (၁၉၅၅)ခုနှစ် အင်ဒိုချိုင်းနားဒေသ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်တို့မှာ စစ်ရေးအရ တိုက်ရိုက် ကျူးကျော်စွက်ဖက်ခဲ့ပါတယ်။ (၁၉၆၅)ခုနှစ်မှာ လာအိုနဲ့ ကမ္ဘောဒီး ယားမှလည်းကောင်း၊ (၁၉၇၃)ခုနှစ်မှာ ဗီယက်နမ်မှလည်းကောင်း အမေရိကန်တပ်များ ဆုတ်ခွာခဲ့ရပါ တယ်။ ငွေကြေး အဆမတန်ကုန်ကျခံတဲ့ (၁၉)နှစ်ကျော် စစ်ပွဲမှာ ဗုံးမိုး အဆမတန်ကြဲချခြင်း၊ ဓာတုဇီဝ နည်းလမ်းတွေအသုံးပြုခြင်းနဲ့ အရွယ်ကောင်း အမေ ရိကန်နိုင်ငံသား (၆)သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၇၅)ခုနှစ်မှာ တောင်ဗီယက်နမ် ဆိုင်ဂုံမြို့ ကျဆုံးပြီး တစ်နိုင်ငံလုံး ကွန်မြူနစ်ဖြစ်သွားပါ တယ်။ လာအိုနဲ့ကမ္ဘောဒီးယားမှာလည်း ပြည်တွင်းစစ်ဖြစ် ပွားပြီး ကွန်မြူနစ်အစိုးရတို့ တက်လာခဲ့ပါ တယ်။
အမေရိကန်တို့ တတိအကြိမ်မြောက် အကြီးအကျယ်အရှက်ကွဲခြင်းမှာ မကြာသေးခင်က “အာဖဂန် စစ်ပွဲ” ဖြစ်ပါတယ်။ (၁၉၇၉)ခုနှစ် အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဆိုဗီယက်တပ်တွေ ကျူး ကျော်ဝင်ရောက်လာပြီး ကွန်မြူနစ်အစိုးရကိုတင်မြှောက်ပါတယ်။ မဟာဗျူဟာအချက်အချာနိုင်ငံမှာ ဆိုဗီယက်တို့ ခြေကုပ်ယူလာခြင်းကို မနှစ်မြို့တဲ့ အမေရိကန်ဟာ အိုစ မာဘင်လာဒင်တို့ ကမ္ဘာအရပ်ရပ် မွတ်စလင်တွေကို မူဂျာဟီဒင်အဖြစ် ခေါ်သွင်းတိုက်ခိုက်စေခဲ့ပါတယ်။ ပိုးလမ်းမကြီးမှာ ဆိုဗီယက်တို့ ခြေရှုပ်လာခြင်းကို လက်မခံနိုင်တဲ့ တရုတ်ကိုယ်တိုင် သူရဲ့ရှင်းကျန့်ပြည်နယ်မှ ဝီဂါမွတ်စလင်တွေကို စေ လွှတ်တိုက်ခိုက်စေခဲ့ကြောင်း သတင်းတွေထွက်ပေါ်ပါတယ်။
ဒီလိုနဲ့ (၁၉၈၉)ခုနှစ် အာဖဂန်မှ ဆိုဗီယက်တို့ ထွက်ခွာရတဲ့အခါ သွေးနားထင်ရောက်သွားတဲ့ အိုစ မာဘင်လာဒင်ဟာ “အယ်လ်ကိုင်ဒါ အကြမ်းဖက်ကွန် ရက်”ကိုထူထောင်ပြီး အမေရိကန်ကို ခြေရာ ချင်းတိုင်း ပါတယ်။ (၉/၁၁) တာဝန်ရှိသူ အိုစမာကို လွှဲပြောင်းမပေးတဲ့အတွက် (၂၀ဝ၁)ခုနှစ်မှာ အာဖဂန် ကို အမေရိ ကန်ဦးဆောင် ညွန့်ပေါင်းတပ်တွေက ကျူးကျော်ဝင်ရောက်ပြီး တာလီဘန်အစိုးရကို ဖြုတ်ချ ပါတယ်။ နှစ် (၂၀)ကြာ နိုင်ငံအနှံ့ ပုန်ကန်သောင်းကျန်းမှုတွေဖြစ်ပေါ်ကာ (၂၀၂၁)ခုနှစ်မှာ အမေရိကန် တပ်တွေ ဆုတ်ခွာသွားရပြီး တာလီဘန်တို့ ပြန်လည် အာဏာရရှိခဲ့ပါတယ်။
တစ်ချိန်က ကွန်မြူနစ်ဝါဒ ပြန်ပွားမှုတားဆီးရေး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ (၁၉၉၁) ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲစစ်အေးတိုက်ပွဲနိဂုံးချုပ်ပြီး နောက် “ဒီမိုကရေစီ၊ လူ့အခွင်အရေးနဲ့ လွတ် လပ်သောဈေးကွက်ကာကွယ်စောင့်ရှောက်ရေး” ဖြစ်လာပါတယ်။ Unipolar တစ်ခုတည်းသော ကမ္ဘာ ကြီးမှာ လစ်ဘရယ်နိုင်ငံတကာအစီအစဉ်တည်ဆောက်ရေး ကမ္ဘာ့ပုလိပ်ကြီးအဖြစ် ပြိုင်ဘက်မရှိ ဖြစ် လာခဲ့ တယ်။ တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာ ကျူးကျော် စွက်ဖက်မှုတွေလည်း ကမ္ဘာအနှံ့ လက်ညှိုး ထိုးမလွဲ ဖြစ်လာခဲ့တယ်။
လက်ဘနွန်စစ်ပွဲများ(၁၉၈၂-၁၉၈၄)ခုနှစ်၊ ဆိုမာလီအရေးအခင်း (၁၉၉၀)ပြည့်လွန်နှစ်များမှ ယနေ့အထိ၊ အီရတ်စစ်ပွဲ (၂၀ဝ၃)ခုနှစ်၊ လစ်ဗျား ကျူးကျော်မှု (၂၀၁၁)ခုနှစ်၊ ဆီးရီးယားပဋိပက္ခ ပါဝင် ပတ်သက်ခြင်း(၂၀၁၁)ခုနှစ်မှယနေ့အထိ၊ လက်တင် အမေရိက(ချီလီ၊ နီကာရာဂွာ၊ ဂွာတီမာလာနိုင်ငံများ အရေးဝင်ရောက်စွက်ဖက်ခြင်း)တို့ဖြစ်ပါတယ်။ အမေ ရိကန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ တခြား နိုင်ငံများအရေး ဝင်ရောက်စွက်ဖက်တဲ့အခါ အစိုးရအ ဖွဲ့ အပြောင်းအလဲဖြစ်ရုံလောက် နည်းဗျူဟာ အဆင့်မှာ အနိုင်ရရှိတာများပါတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရှုပ်ထွေးတဲ့တိုင်းပြည်တွေ မှာတော့ “တိုင်းပြည် ပြန်လည်ထူထောင်ဖို့အထိ” မဟာဗျူဟာ အဆင့်မှာ အကြိမ်ကြိမ်ကျရှုံးခဲ့ပါတယ်။
အမေရိကန်ဟာ ရန်သူအစိုးရကိုဖြုတ်ချဖို့ အာရုံစိုက်လေ့ရှိပြီး အဲဒီနောက်မှာ ဘာလုပ်ရမလဲ ဆို တဲ့ စနစ်တကျအစီအစဉ် ချမှတ်လေ့မရှိဘူး။ စစ်အောင်နိုင်ဖို့ ကမူးရှူးထိုးဆောင်ရွက်ပေမယ့် ငြိမ်းချမ်း ရေးတည်ဆောက်ဖို့ကျတော့ ပျက်ကွက်တတ်တယ်၊ ဝင် ရောက်စွက်ဖက်တဲ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ လူမျိုးရေး၊ ဂိုဏ်းဂဏကွဲပြားမှုနဲ့ နိုင်ငံရေးသမိုင်းကြောင်းကို နားလည်မှုအားနည်းတာက မဟာဗျူဟာ ချမှတ်ရာမှာ အမှားအယွင်းဖြစ်စေတယ်။ စစ်ပွဲအပြီး လုံခြုံရေးထိန်းသိမ်းဖို့နဲ့ အခြေခံအဆောက်အအုံ ပြန် လည်တည်ဆောက်ဖို့လိုအပ်တဲ့ စစ်သားအရေအတွက်နဲ့ အရင်းအမြစ်တွေကို လျှော့တွက်လေ့ရှိတဲ့ အတွက် တပ်ဖြန့်မှု မလုံမလောက်ဖြစ်တတ်တယ်။ ဒေသတွင်း အင်အားစုတွေနဲ့ တခြားကမ္ဘာ့အင်အား ကြီးနိုင်ငံတွေရဲ့ဝင်ရောက်စွက်ဖက်မှုက အမေရိကန်ရဲ့မဟာဗျူဟာကို ရှုပ်ထွေးစေပြီး အောင်မြင်ဖို့ခက်ခဲ စေတယ်လို့ နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဒေါ်နယ်နျူချာတာလိန်နဲ့ ဒေါ်နယ်စထရုတ်ကာတို့ ကသုံးသပ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင် အမေရိကန်ဟာ စစ်ရေးအရ အင်အားအကြီးဆုံးနိုင်ငံဖြစ်ပေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ရှုပ်ထွေးနက်နဲတဲ့ တိုင်းပြည်တွေကို ဝင်ရောက်စွက်ဖက်တဲ့အခါ နည်းဗျူဟာအ ဆင့်မှာအနိုင်ရပေမယ့် မဟာဗျူဟာအဆင့်မှာတော့ ကျရှုံးတဲ့ပုံစံမျိုးက ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အီရတ်နဲ့ဗင်နီဇွဲလားကို အလွယ်တကူ အနိုင်ရရှိခဲ့ပေမယ့် ပထဝီနိုင်ငံရေး၊ စစ်ရေး၊ လူမှုနိုင်ငံရေးမှာ ကဏ္ဍပေါင်းစုံ အားသာချက် ရှိနေတဲ့အီရန်ကို အနိုင်ရရှိဖို့ အလွန်ခက်ခဲပါလိမ့် မယ်။ အီရန်ရဲ့ မဟာဗျူဟာမြောက်တည်နေရာ၊ အကုန်အ ကျများစွာစစ်ချီဝင်ရောက်ရမယ့် သဲကန္တာရနဲ့ ကျောက်ဆောင်ကျောက်တန်း မြေမျက်နှာသွင်ပြင်၊ ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းနေရတဲ့ ဟော်မုဇ်ရေလက်ကြားတို့ဟာ အမေရိကန်ကိုရော ကမ္ဘာ့စီးပွားရေးကိုပါ ကိုင်လှုပ်နိုင်ပါတယ်။ အင်အား သုံးပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေး ဒေါ်နယ်ထရမ့်ရဲ့ စစ်ရေးအကူအညီတောင်းခံမှု ကို နိုင်ငံအများအပြားက ငြင်းပယ်ခဲ့ပါတယ်။ ဂျာမနီက ဒါဟာ သူတို့ရဲ့စစ်ပွဲမဟုတ်ကြောင်း၊ စစ်ပွဲ မစ တင်မီ ဝါရှင်တန်ရော တဲလ်အဗစ်ကပါ ဘာလင်ကို အရေးတယူ တိုင်ပင်ခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။ ကနေဒါကလည်း ယခုစစ်ပွဲကိုစွဲချက်တင်ရာမှာ ပါဝင်ခြင်းမရှိသလို ပါဝင်ရန်လည်းရည် ရွယ်ချက်မရှိ ကြောင်း၊ အီတလီ၊ ဂျပန်၊ ဩစတြေးလျတို့က စစ်ရေးအရ ပါဝင်ရန် အစီအစဉ်မရှိကြောင်း၊ တောင်ကိုရီး ယား တစ်နိုင်ငံ တည်းကသာ သတိကြီးစွာထားပြီး ဝါရှင်တန်နဲ့ အနီးကပ်တိုင်ပင် ဆွေးနွေးသွားမယ်ဆို ပေမယ့် တပ်ဖွဲ့တွေ စေလွှတ်ဖို့ ကတိမပေးပါဘူး၊ ပြင်သစ်ကလည်း သူ့ရေတပ်ဟာ ခံစစ်သက်သက် အတွက်ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို ငြင်းဆန်မှုတွေကြာင့် စိတ်ခုသွားပုံရတဲ့ သမ္မတဒေါ်နယ် ထရမ့်ဟာ နေတိုးမဟာမိတ်များ၊ ဂျပန်၊ ဩစတြေးလျနဲ့ တောင်ကိုရီးယားတို့ရဲ့အကူအညီကို အမေရိ ကန်က မလိုအပ်တော့ကြောင်း မတ်လ (၁၇)ရက် သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။
အမေရိကန်ဟာ သူ့တစ်နိုင်ငံတည်းနဲ့ ဟော်မုဇ် ရေလက်ကြားကိုပြန်ဖွင့်မယ်ဆိုရင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် စရိတ်ကုန်ကျမှုနဲ့ပေးဆပ်ရမှု အရမ်းများပါ လိမ့်မယ်။ ကွန်ဂရက်လွှတ်တော်နဲ့ ပြည်သူ အများက သဘောတူ မတူ မသေချာပါဘူး၊ အီရန်ရဲ့ (၁၅)မိုင် ခန့်အကွာမှာတည်ရှိတဲ့ ခါ့ဂ် (Kharg) ကျွန်း ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒုံးကျည်ပစ်စင်တွေနဲ့ စစ်ဘက်ပစ်မှတ် (၉၀)ကျော်ကိုဖျက်ဆီးခဲ့ပြီးပြီလို့ သမ္မတ ထရမ့်ကပြောပါတယ်။ ယခုစစ်ဆင်ရေးမှာ မရိန်းတပ်သား (၂၅၀ဝ) ပါဝင်တယ်လို့ ပင်တာဂွန်စစ် ဌာန ချုပ်ကပြောပေမယ့် အဲဒီအင်အားဟာ ခါ့ဂ်ကျွန်းကို ကမ်းတက်သိမ်းယူဖို့ဆိုရင် နည်းပါးလွန်းနေပါတယ်။
အီရန်ကုန်းမြေအတွင်းပိုင်းကို ထိုးဖောက်ချီ တက်ရန်ကြိုးစားမှုမှန်သမျှ ကိုယ့်ကိုယ်ကိုယ်သတ် သေခြင်းနဲ့အတူတူဖြစ်လိမ့်မယ်လို့ စစ်ရေးကျွမ်း ကျင်သူတွေကသတိပေးနေပါတယ်။ အမေရိကန် ပြည် တွင်းအခြေစိုက်စခန်းများမှ B-2 မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်ကြီးတွေဟာ မိုင်သောင်းချီ အကွာ အဝေးကိုပျံသန်းနိုင်ကြပါတယ်။ မိုင် (၁၈၀ဝဝ) ကျော်အကွာမှအီရန်ကိုတိုက်ခိုက်ဖို့အတွက် ဝေဟင် မှာပဲ အကြိမ်ကြိမ် ဆီဖြည့်တင်းဖို့လိုအပ်ပါတယ်။ ဒီကိစ္စမှာ စပိန်ကငြင်းဆန်ခဲ့ပြီး အီရန်တိုက်ခိုက်ရေး အတွက် သူရဲ့နယ်မြေတွေကိုသုံးခွင့်မပြုကြောင်း အ တည်ပြုခဲ့ပါတယ်။ ဗြိတိန်ကလည်း အီရန်ကိုတိုက်ခိုက် ရန် သူရဲ့စစ်စခန်းတွေအသုံးပြုခွင့်ကို ကနဦးမှာငြင်း ပယ်ခဲ့ပေမယ့် “စုပေါင်း မိမိကိုယ်မိမိကာကွယ်ရေး” (collective self-defence) “အနေနဲ့ ခွင့်ပြုပေးခဲ့ပါတယ်။ ‌GCC ‌ခေါ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက် ရေးကောင်စီ (၆)နိုင်ငံကလည်း ဒီကိစ္စမှာ လုံးဝမကူညီနိုင်ကြပါဘူး။
အချုပ်အားဖြင့်ဆိုရရင် အီရန်ကို အပြတ်အသတ်အနိုင်ယူရေး ထရမ့်ရဲ့ကြုံးဝါးချက်တွေဟာ “တွက်ရေး စက်သူဌေးဖြစ်ပြီး တွက်ကြည့်မှ စက်မရှိ” ဖြစ်နေပါတယ်။ ဒေါ်လာတစ်သောင်းတန် အီရန် ဒရုန်းတစ်စင်းကို ဒေါ်လာ တစ်သန်းတန် ဒုံးကျည်တွေ နဲ့ပစ်ချရင်း အမေရိကန်နဲ့အစ္စရေးကိုယ်တိုင် တစ် နေ့တခြား လုံးပါး ပါးနေရပါတယ်။ ကမ္ဘာကြီးမှာလည်း တစ်နေ့တခြား ထိခိုက်နစ်နာမှုများပြားလာတဲ့ ဖိအားတွေကြောင့် မကြာခင်မှာပဲ စစ်ပွဲ ရပ်တန့်သွားနိုင်ပါတယ်။
ယခင် ကိုရီးယားကျွန်းဆွယ်၊ ဗီယက်နမ်နဲ့ အာ ဖဂန်စစ်ပွဲများနည်းတူ အနိုင်အရှုံးအဖြေမထွက်ဘဲ မအီမလည်ကြီးနဲ့ တစ်ခန်းရပ်ဖွယ်ရှိပါတယ်။ အမေရိ ကန်ဟာ ယခင် ဗြိတိန်နဲ့ပြင်သစ်တို့လို ကမ္ဘာ့ စူပါ အင်အားကြီးအဆင့်မှ ဈာန်လျှော မလျှောဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။

Zawgyi version:

ယူေကလို႔ေခၚၾကတဲ့ ဂရိတ္ၿဗိတိန္ႏိုင္ငံကို ကြၽန္ေတာ္အေစာဆုံးေရာက္ရွိခဲ့ဖူးတာ (၁၉၉၁) ခုႏွစ္ မွာ ျဖစ္ပါတယ္။ (၁၉၈၂) ခုႏွစ္ ေဖာ့ကလန္ကြၽန္းစစ္ပြဲမွာ (၇၄)ရက္တည္းနဲ႔အရႈံးေပးလိုက္ရတဲ့ အာဂ်င္ တီးနား စစ္အစိုးရဟာ တစ္ႏိုင္ငံလုံးက ႐ြံရွာအထင္ေသးစြာ ကန႔္ကြက္ဆႏၵျပခံရၿပီးျပဳတ္က် သြားေပမယ့္ ႏိုင္ငံသားတိုင္း ျပင္းထန္တဲ့မ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္ ျဖစ္ေပၚလာေစဖို႔ ဖန္တီးေပးခဲ့ပါ တယ္။ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ စစ္ရႈံးရတဲ့ဒဏ္ရာဒဏ္ခ်က္ေတြကို အျမန္ဆုံးျပန္လည္ကုစားဖို႔ လမ္းခင္းေပးခဲ့ပါ တယ္။
စစ္ႏိုင္လိုက္တဲ့ရလဒ္ေကာင္းေၾကာင့္ ၿဗိတိန္ႏိုင္ငံမွာ ကြန္ဆာေဗးတစ္ပါတီ သိကၡာတက္လာၿပီး ေနာက္တစ္ႏွစ္မွာ ထပ္မံေ႐ြးေကာက္ခံရပါတယ္။ ကမာၻ႔ေျမာက္ဖ်ားမွ အတၱလႏၲိတ္သမုဒၵရာ ေတာင္ ဘက္ဖ်ားအထိ မိုင္(၈၀ဝဝ)ခန႔္ ခ်ီတက္တိုက္ခိုက္တဲ့ စစ္ပြဲျဖစ္ေနပါတယ္။ ၿဗိတိသွ်ၾကည္းတပ္၊ ေရတပ္ အတြက္ (၄၅)ရက္ခန႔္ၾကာခ်ီတက္ရၿပီး စစ္ေလယာဥ္ မ်ားပင္ နာရီ (၄၀)ခန႔္ပ်ံသန္းရပါတယ္။ ႏွစ္ႏိုင္ငံ ခ်င္း သီးသန႔္တိုက္ခိုက္ရတဲ့စစ္ပြဲမွာ အႏိုင္ရလိုက္ေပမယ့္ ၿဗိတိန္ဟာ စစ္စရိတ္အကုန္အက်မ်ားၿပီး စီးပြားေရးထိခိုက္သြားရပါတယ္။
အလားတူ (၁၉၅၆)ခုႏွစ္မွာ စူးအက္တူးေျမာင္းကို ျပည္သူပိုင္သိမ္းတဲ့အတြက္ ၿဗိတိန္နဲ႔ ျပင္သစ္ တို႔က အေရွ႕အလယ္ပိုင္းအီဂ်စ္ႏိုင္ငံကို စစ္ေၾကညာၿပီး ဝင္ ေရာက္က်ဴးေက်ာ္ခဲ့ပါတယ္။ အခြင့္အခါ ေကာင္းကို ေစာင့္ဆိုင္းေနတဲ့အစၥေရးကလည္း ၿဗိတိန္နဲ႔ျပင္သစ္တို႔စစ္တပ္ေတြေနာက္မွာကပ္လိုက္ၿပီး အီဂ်စ္ကိုတိုက္ခိုက္ပါတယ္။ စစ္ပြဲကို အဲဒီအခ်ိန္ အေမရိကန္နဲ႔ ဆိုဗီယက္တို႔က ျပင္းျပင္းထန္ထန္ ကန႔္ ကြက္ရႈတ္ခ်ခံရၿပီး (၉)ရက္အၾကာမွာ ျပင္သစ္နဲ႔ၿဗိတိန္တပ္ေတြ စစ္ပြဲမွထြက္ခြာခဲ့ရပါတယ္။
ဂါဇာနဲ႔ ဆိုင္းႏိုင္းကြၽန္းဆြယ္ကို သိမ္းပိုက္ႏိုင္တဲ့ အစၥေရးအေနနဲ႔ ႏိုင္ငံေရး၊ စစ္ေရး အျမတ္ ထြက္ေပမယ့္ အီဂ်စ္တို႔ရဲ႕နာက်ည္းခ်က္ဟာ အီဂ်စ္သမၼတ ဂါမယ္အဗၺဒယ္နာဆာကို မ်ိဳးခ်စ္သူရဲေကာင္း ျဖစ္ေစခဲ့ပါတယ္။ အဆိုး႐ြားဆုံးအရွက္ရသြားတာကေတာ့ ၿဗိတိန္နဲ႔ျပင္သစ္တို႔ျဖစ္ၿပီး “အေနာက္အုပ္စု ႏိုင္ငံေတြ အေနနဲ႔ အေမရိကန္သေဘာတူညီခ်က္မရရွိခဲ့လွ်င္ လြတ္လပ္ေသာ ႏိုင္ငံျခားေရးမူဝါဒခ်မွန္ရန္ မျဖစ္ႏိုင္ ေၾကာင္း” သက္ေသျပသလို ျဖစ္သြားရပါတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ စစ္ေအးတိုက္ပြဲကာလ အတြင္း “ဩ ဇာႀကီး စစ္လက္နက္ႏိုင္ငံတစ္ခုအျဖစ္မွ ဘုံေလွ်ာက် ရတယ္”လို႔ သမိုင္းပညာရွင္ေတြက သတ္မွတ္ၾကပါတယ္။
အထူးသျဖင့္ ေနာက္ (၂၆)ႏွစ္အၾကာမွ ထပ္မံစစ္တိုက္ရတဲ့ ၿဗိတိန္အတြက္ အမ်ိဳးသားဂုဏ္ သိကၡာကို ကာကြယ္ေစာင့္ေရွာက္ရျခင္းျဖစ္ေပမယ့္ မူလတည္းက စီးပြားေရးက်ဆင္းေနခ်ိန္ျဖစ္ပါတယ္။ စစ္ စရိတ္(အဲဒီအခ်ိန္) စတာလင္ေပါင္ေငြ (၂ . ၈) ဘီလ်ံ ဟာ ၿဗိတိန္ရဲ႕ GDP (၂၇၇)ဘီလ်ံမွာ မေျပာပ ေလာက္ဘူးဆိုေပမယ့္ စီးပြားေရးနာလန္ထူဖို႔ ႏွစ္အတန္ၾကာ ႐ုန္းကန္ခဲ့ရတယ္လို႔ဆိုပါတယ္။ ေဖာ့က လန္ကြၽန္းအေရးမွာ ၿဗိတိန္ကိုေထာက္ခံတဲ့ အေမရိကန္ဟာ အေနာက္ကမာၻ႔ျခမ္း အထူးသျဖင့္ လက္ တင္အေမရိ ကႏိုင္ငံေတြရဲ႕ စက္ဆုပ္႐ြံရွာမႈကို ယေန႔တိုင္ ျပင္းထန္စြာရင္ဆိုင္ေနရပါတယ္။
အဲဒီအခ်ိန္ ကြၽန္ေတာ္ေရာက္ရွိသြားတဲ့ ၿဗိတိန္ ဟာ အလုပ္လက္မဲ့ႏႈန္းျမင့္မားေနဆဲျဖစ္ၿပီး စစ္ရႈံးမႈ၊ တိုက္ပြဲရႈံးနိမ့္မႈနဲ႔ စစ္ပြဲတို႔ရဲ႕ေနာက္ကြယ္မွာ မျမင္ရတဲ့ အက်ိဳးဆက္ေတြရွိတတ္ပုံကို သတိျပဳ မိေစခဲ့ပါတယ္။ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၈)ရက္ကစတင္ခဲ့တဲ့ အေမရိကန္၊ အစၥေရးနဲ႔ အီရန္စစ္ပြဲမွာ “သမၼတေဒၚ နယ္ထရမ့္ရႈံးနိမ့္ေနၿပီ၊ ရႈံးနိမ့္လိမ့္မယ္”လို႔ ေဝဖန္ေျပာ ဆိုမႈကို ယေန႔ ကမာၻ႔မီဒီယာေတြမွာ ေတြ႕ျမင္ေနရ တယ္။ ဒီေနရာမွာ အေမရိကန္ရႈံးနိမ့္သြားၿပီဆိုတာ ဝါရွင္တန္ဒီစီသမၼတအိမ္ေတာ္မွာ အီရန္ စစ္တပ္ရဲ႕ အလံလာစိုက္တာမ်ိဳးေတာ့ ဘယ္ဟုတ္ပါ့မလဲ၊ စစ္တု ရင္ Chess ကစားပြဲမွာ Checkmate ျဖစ္ ၿခိမ္းေျခာက္ခံရခ်ိန္ King ဘုရင္႐ုပ္အေနနဲ႔ ၿခိမ္းျခာက္ေနတဲ့ တစ္ဖက္အ႐ုပ္ကို ဖယ္ရွားမရ၊ မပိတ္ဆို႔ႏိုင္၊ မိမိကိုယ္တိုင္လည္း ေဘးလြတ္ရာအကြက္သို႔ မေ႐ြ႕ ႏိုင္တာမ်ိဳးကို ဆိုလိုပါတယ္။
လက္ရွိအေရွ႕အလယ္ပိုင္းပဋိပကၡနဲ႔ပတ္သက္ ၿပီး “အေမရိကန္ရႈံးနိမ့္လိမ့္မယ္”လို႔ ႀကိဳတင္ေဟာ ေျပာသူေတြမွာ နာမည္အႀကီးဆုံးကေတာ့ တ႐ုတ္-ကေနဒါလူမ်ိဳး ပညာရွင္၊ ပညာေပးေဟာေျပာသူနဲ႔ ပထဝီႏိုင္ငံေရး သီအိုရီပညာရွင္ Jiang Xueqin (က်န္း႐ႊီခ်င္)ျဖစ္ပါတယ္။ သူ႔ကို (၁၉၇၆) ခုႏွစ္ တ႐ုတ္ ႏိုင္ငံမွာေမြးဖြားခဲ့ၿပီး အသက္ (၆)ႏွစ္အ႐ြယ္မွာ မိသားစုနဲ႔အတူ ကေနဒါႏိုင္ငံကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ တယ္။ သူဟာ ပညာေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြ မွာပါဝင္ခဲ့ၿပီး ေပက်င္းၿမိဳ႕အေျခစိုက္ အေတြး အေခၚ နဲ႔သမိုင္းဘာသာရပ္မ်ားကို သင္ၾကားပို႔ခ်ေပးလ်က္ရွိပါတယ္။ သူဟာ နကၡတ္ေဗဒင္၊ ၿဂိဳဟ္ အ သြားအလာ ကိန္းခန္းေတြအရ ႀကိဳတင္ေဟာေျပာသူမဟုတ္ပါဘူး၊ အေမရိကန္ ေယးလ္တကၠသိုလ္ထြက္ ပညာေရးေလာ ကသားတစ္ဦးျဖစ္ပါတယ္။ အနာဂတ္ျဖစ္ရပ္ေတြကို ခန႔္မွန္းဖို႔အတြက္ သမိုင္းပုံစံေတြ၊ ဂိမ္းသီအိုရီနဲ႔ နာ မည္ေက်ာ္ အေမရိကန္စာေရးဆရာ အိုင္ဇက္အာဆီ ေမာ့ဗ္(Isaac Asimov) တို႔လို စိတ္ ကူး‌ေတြးဆခ်က္ ေတြနဲ႔ “စိတ္ပိုင္းဆိုင္ရာသမိုင္း” အယူအဆကို အသုံးျပဳသူျဖစ္ပါတယ္။ ပထဝီႏိုင္ငံေရး ဆန္းစစ္ေလ့လာမႈ ေတြျပဳလုပ္ၿပီး YouTube ခ်န္နယ္ျဖစ္တဲ့ “Predictive History ” “သမိုင္း ႀကိဳတင္ ေဟာကိန္း”မွ တစ္ဆင့္ နာမည္ႀကီးလာတာပဲျဖစ္ပါတယ္။
အထူးသျဖင့္ (၂၀၂၄)ခုႏွစ္ ေမလ (၂၉)ရက္ သူ႔ေဟာေျပာပြဲမွာ အေမရိကန္ေ႐ြးေကာက္ပြဲနဲ႔ အီရန္ စစ္ပြဲဆိုင္ရာ ႀကိဳတင္ေဟာကိန္းသုံးခ်က္ကိုထုတ္ေဖာ္ ခဲ့ရာ ဒီေန႔အခ်ိန္အထိ ႏွစ္ခ်က္မွန္ကန္ခဲ့ၿပီး “တ႐ုတ္ ေနာ္စထရာဒါးမားစ္” (China’s Nostradamus) အျဖစ္ ဘြဲ႕အမည္ေပးျခင္းခံရပါတယ္။ အီရန္ ေက်ာ့ကြင္း (The Iran Trap) အမည္နဲ႔ ေဟာကိန္းသုံးခ်က္မွာ -
၁။ ေဒၚနယ္လ္ထရမ့္ဟာ (၂၀၂၄)ေ႐ြးေကာက္ပြဲမွာ အႏိုင္ရလိမ့္မယ္ (ထရမ့္အႏိုင္ရခဲ့)။
၂။ ထရမ့္ဟာ သူရဲ႕ ဒုတိယသက္တမ္း (၂၀၂၅-၂၀၂၆) ခုႏွစ္မွာ အီရန္ကို စစ္တိုက္လိမ့္မယ္ (၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔စတင္တဲ့ Operation Epic Fury “ေအာ္ပေရးရွင္းအဲပစ္ဖူးရီ” စစ္ဆင္ေရး ျဖင့္ မွန္ကန္ခဲ့)။
၃။ တတိယေနာက္ဆုံးျဖစ္တဲ့ အေမရိကန္ဟာ အဲဒီစစ္ပြဲကိုရႈံးနိမ့္လိမ့္မယ္ျဖစ္ၿပီး သူေျပာသလို ျဖစ္ႏိုင္ သလားဆိုတာ (လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနမ်ားကို) ေစာင့္ၾကည့္ေလ့လာၾကပါစို႔။
အေမရိကန္ဟာ နည္းပညာနဲ႔ကုန္သြယ္စီးပြားေရးမွာ ကမာၻ႔ထိပ္တန္းႏိုင္ငံႀကီးျဖစ္ပါတယ္။ တစ္ ကမာၻလုံးအႏွံ႔ျဖန႔္ၾကက္ထားတဲ့ စစ္စခန္းေပါင္း (၇၀ဝ)ေက်ာ္ကိုပိုင္ဆိုင္ပါတယ္။ ကမာၻ႔တိုက္ႀကီးမ်ား အားလုံး/ သမုဒၵရာမ်ားအားလုံးမွာ ၾကည္း၊ ေရ၊ ေလ တစ္ၿပိဳက္နက္တည္းစစ္တိုက္ႏိုင္တဲ့တစ္ခုတည္း ေသာႏိုင္ငံျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံေပၚထြန္းလာတဲ့ ႏွစ္(၂၀ဝ)ေက်ာ္သမိုင္းတစ္ေလွ်ာက္ သူတစ္ပါး ႏိုင္ငံရဲ႕ျပည္တြင္းေရးကို စစ္ေရးနဲ႔ အႀကိမ္ႀကိမ္စြက္ဖက္ခဲ့ပါတယ္။
ဒုတိယကမာၻစစ္ၿပီးဆုံးလို႔ ဘာမွမၾကာေသးခင္ (၁၉၅၀)ျပည့္ႏွစ္မွာ “ကိုရီးယားကြၽန္းဆြယ္စစ္ပြဲ” စတင္ျဖစ္ပြားပါတယ္။ ကမာၻ႔အေရွ႕အေနာက္ စစ္ေအးတိုက္ပြဲရဲ႕ Proxy war “ကိုယ္စားျပဳစစ္”မွ်သာ ျဖစ္ၿပီး ကုလသမဂၢတပ္ေပါင္းစုအမည္ခံ အေမရိကန္ဦးေဆာင္တပ္ေတြနဲ႔ ဆိုဗီယက္ အထူးသျဖင့္ ကြန္ ျမဴနစ္ တ႐ုတ္တို႔ တိုက္ခိုက္ၾကတာျဖစ္ပါတယ္။ အႏိုင္-အရႈံး အေျဖမထုတ္ႏိုင္ဘဲ (၁၉၅၃)ခုႏွစ္မွာ အပစ္ အခတ္ရပ္စဲေရးလက္မွတ္ေရးထိုးရၿပီး “စစ္ေျပၿငိမ္း ေရးစာခ်ဳပ္” ခ်ဳပ္ဆိုႏိုင္ျခင္းမရွိပါ။ ေတာင္-ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံျပႆနာဟာ ဒီေန႔အထိ “ကမာၻ စစ္ႀကီး”ကို မ်က္စပစ္ေနပါတယ္။
အေမရိကန္တို႔ အႀကီးအက်ယ္အရွက္ရေစတဲ့ စစ္ပြဲမွာ ဗီယက္နမ္စစ္ပြဲျဖစ္ပါတယ္။ ကြန္ျမဴနစ္ ဝါဒ ျပန႔္ပြားမႈတားဆီးေရးေခါင္းစဥ္နဲ႔ (၁၉၅၅)ခုႏွစ္ အင္ဒိုခ်ိဳင္းနားေဒသ လာအို၊ ကေမာၻဒီးယား၊ ဗီယက္ နမ္တို႔မွာ စစ္ေရးအရ တိုက္႐ိုက္ က်ဴးေက်ာ္စြက္ဖက္ခဲ့ပါတယ္။ (၁၉၆၅)ခုႏွစ္မွာ လာအိုနဲ႔ ကေမာၻဒီး ယားမွလည္းေကာင္း၊ (၁၉၇၃)ခုႏွစ္မွာ ဗီယက္နမ္မွလည္းေကာင္း အေမရိကန္တပ္မ်ား ဆုတ္ခြာခဲ့ရပါ တယ္။ ေငြေၾကး အဆမတန္ကုန္က်ခံတဲ့ (၁၉)ႏွစ္ေက်ာ္ စစ္ပြဲမွာ ဗုံးမိုး အဆမတန္ႀကဲခ်ျခင္း၊ ဓာတုဇီဝ နည္းလမ္းေတြအသုံးျပဳျခင္းနဲ႔ အ႐ြယ္ေကာင္း အေမ ရိကန္ႏိုင္ငံသား (၆)ေသာင္းနီးပါး ေသဆုံးခဲ့ပါတယ္။ ဒါေပမဲ့ (၁၉၇၅)ခုႏွစ္မွာ ေတာင္ဗီယက္နမ္ ဆိုင္ဂုံၿမိဳ႕ က်ဆုံးၿပီး တစ္ႏိုင္ငံလုံး ကြန္ျမဴနစ္ျဖစ္သြားပါ တယ္။ လာအိုနဲ႔ကေမာၻဒီးယားမွာလည္း ျပည္တြင္းစစ္ျဖစ္ ပြားၿပီး ကြန္ျမဴနစ္အစိုးရတို႔ တက္လာခဲ့ပါ တယ္။
အေမရိကန္တို႔ တတိအႀကိမ္ေျမာက္ အႀကီးအက်ယ္အရွက္ကြဲျခင္းမွာ မၾကာေသးခင္က “အာဖဂန္ စစ္ပြဲ” ျဖစ္ပါတယ္။ (၁၉၇၉)ခုႏွစ္ အာဖဂန္နစၥတန္ ႏိုင္ငံအတြင္း ဆိုဗီယက္တပ္ေတြ က်ဴး ေက်ာ္ဝင္ေရာက္လာၿပီး ကြန္ျမဴနစ္အစိုးရကိုတင္ေျမႇာက္ပါတယ္။ မဟာဗ်ဴဟာအခ်က္အခ်ာႏိုင္ငံမွာ ဆိုဗီယက္တို႔ ေျခကုပ္ယူလာျခင္းကို မႏွစ္ၿမိဳ႕တဲ့ အေမရိကန္ဟာ အိုစ မာဘင္လာဒင္တို႔ ကမာၻအရပ္ရပ္ မြတ္စလင္ေတြကို မူဂ်ာဟီဒင္အျဖစ္ ေခၚသြင္းတိုက္ခိုက္ေစခဲ့ပါတယ္။ ပိုးလမ္းမႀကီးမွာ ဆိုဗီယက္တို႔ ေျခရႈပ္လာျခင္းကို လက္မခံႏိုင္တဲ့ တ႐ုတ္ကိုယ္တိုင္ သူရဲ႕ရွင္းက်န႔္ျပည္နယ္မွ ဝီဂါမြတ္စလင္ေတြကို ေစ လႊတ္တိုက္ခိုက္ေစခဲ့ေၾကာင္း သတင္းေတြထြက္ေပၚပါတယ္။
ဒီလိုနဲ႔ (၁၉၈၉)ခုႏွစ္ အာဖဂန္မွ ဆိုဗီယက္တို႔ ထြက္ခြာရတဲ့အခါ ေသြးနားထင္ေရာက္သြားတဲ့ အိုစ မာဘင္လာဒင္ဟာ “အယ္လ္ကိုင္ဒါ အၾကမ္းဖက္ကြန္ ရက္”ကိုထူေထာင္ၿပီး အေမရိကန္ကို ေျခရာ ခ်င္းတိုင္း ပါတယ္။ (၉/၁၁) တာဝန္ရွိသူ အိုစမာကို လႊဲေျပာင္းမေပးတဲ့အတြက္ (၂၀ဝ၁)ခုႏွစ္မွာ အာဖဂန္ ကို အေမရိ ကန္ဦးေဆာင္ ၫြန႔္ေပါင္းတပ္ေတြက က်ဴးေက်ာ္ဝင္ေရာက္ၿပီး တာလီဘန္အစိုးရကို ျဖဳတ္ခ် ပါတယ္။ ႏွစ္ (၂၀)ၾကာ ႏိုင္ငံအႏွံ႔ ပုန္ကန္ေသာင္းက်န္းမႈေတြျဖစ္ေပၚကာ (၂၀၂၁)ခုႏွစ္မွာ အေမရိကန္ တပ္ေတြ ဆုတ္ခြာသြားရၿပီး တာလီဘန္တို႔ ျပန္လည္ အာဏာရရွိခဲ့ပါတယ္။
တစ္ခ်ိန္က ကြန္ျမဴနစ္ဝါဒ ျပန္ပြားမႈတားဆီးေရး အေမရိကန္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒဟာ (၁၉၉၁) ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳကြဲစစ္ေအးတိုက္ပြဲနိဂုံးခ်ဳပ္ၿပီး ေနာက္ “ဒီမိုကေရစီ၊ လူ႔အခြင္အေရးနဲ႔ လြတ္ လပ္ေသာေဈးကြက္ကာကြယ္ေစာင့္ေရွာက္ေရး” ျဖစ္လာပါတယ္။ Unipolar တစ္ခုတည္းေသာ ကမာၻ ႀကီးမွာ လစ္ဘရယ္ႏိုင္ငံတကာအစီအစဥ္တည္ေဆာက္ေရး ကမာၻ႔ပုလိပ္ႀကီးအျဖစ္ ၿပိဳင္ဘက္မရွိ ျဖစ္ လာခဲ့ တယ္။ တျခားႏိုင္ငံေတြရဲ႕ျပည္တြင္းေရးမွာ က်ဴးေက်ာ္ စြက္ဖက္မႈေတြလည္း ကမာၻအႏွံ႔ လက္ညႇိဳး ထိုးမလြဲ ျဖစ္လာခဲ့တယ္။
လက္ဘႏြန္စစ္ပြဲမ်ား(၁၉၈၂-၁၉၈၄)ခုႏွစ္၊ ဆိုမာလီအေရးအခင္း (၁၉၉၀)ျပည့္လြန္ႏွစ္မ်ားမွ ယေန႔အထိ၊ အီရတ္စစ္ပြဲ (၂၀ဝ၃)ခုႏွစ္၊ လစ္ဗ်ား က်ဴးေက်ာ္မႈ (၂၀၁၁)ခုႏွစ္၊ ဆီးရီးယားပဋိပကၡ ပါဝင္ ပတ္သက္ျခင္း(၂၀၁၁)ခုႏွစ္မွယေန႔အထိ၊ လက္တင္ အေမရိက(ခ်ီလီ၊ နီကာရာဂြာ၊ ဂြာတီမာလာႏိုင္ငံမ်ား အေရးဝင္ေရာက္စြက္ဖက္ျခင္း)တို႔ျဖစ္ပါတယ္။ အေမ ရိကန္ဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံအေနနဲ႔ တျခား ႏိုင္ငံမ်ားအေရး ဝင္ေရာက္စြက္ဖက္တဲ့အခါ အစိုးရအ ဖြဲ႕ အေျပာင္းအလဲျဖစ္႐ုံေလာက္ နည္းဗ်ဴဟာ အဆင့္မွာ အႏိုင္ရရွိတာမ်ားပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရး၊ လူမႈေရး၊ ယဥ္ေက်းမႈရႈပ္ေထြးတဲ့တိုင္းျပည္ေတြ မွာေတာ့ “တိုင္းျပည္ ျပန္လည္ထူေထာင္ဖို႔အထိ” မဟာဗ်ဴဟာ အဆင့္မွာ အႀကိမ္ႀကိမ္က်ရႈံးခဲ့ပါတယ္။
အေမရိကန္ဟာ ရန္သူအစိုးရကိုျဖဳတ္ခ်ဖို႔ အာ႐ုံစိုက္ေလ့ရွိၿပီး အဲဒီေနာက္မွာ ဘာလုပ္ရမလဲ ဆို တဲ့ စနစ္တက်အစီအစဥ္ ခ်မွတ္ေလ့မရွိဘူး။ စစ္ေအာင္ႏိုင္ဖို႔ ကမူးရႉးထိုးေဆာင္႐ြက္ေပမယ့္ ၿငိမ္းခ်မ္း ေရးတည္ေဆာက္ဖို႔က်ေတာ့ ပ်က္ကြက္တတ္တယ္၊ ဝင္ ေရာက္စြက္ဖက္တဲ့ႏိုင္ငံေတြရဲ႕ ယဥ္ေက်းမႈ၊ လူမ်ိဳးေရး၊ ဂိုဏ္းဂဏကြဲျပားမႈနဲ႔ ႏိုင္ငံေရးသမိုင္းေၾကာင္းကို နားလည္မႈအားနည္းတာက မဟာဗ်ဴဟာ ခ်မွတ္ရာမွာ အမွားအယြင္းျဖစ္ေစတယ္။ စစ္ပြဲအၿပီး လုံၿခဳံေရးထိန္းသိမ္းဖို႔နဲ႔ အေျခခံအေဆာက္အအုံ ျပန္ လည္တည္ေဆာက္ဖို႔လိုအပ္တဲ့ စစ္သားအေရအတြက္နဲ႔ အရင္းအျမစ္ေတြကို ေလွ်ာ့တြက္ေလ့ရွိတဲ့ အတြက္ တပ္ျဖန႔္မႈ မလုံမေလာက္ျဖစ္တတ္တယ္။ ေဒသတြင္း အင္အားစုေတြနဲ႔ တျခားကမာၻ႔အင္အား ႀကီးႏိုင္ငံေတြရဲ႕ဝင္ေရာက္စြက္ဖက္မႈက အေမရိကန္ရဲ႕မဟာဗ်ဴဟာကို ရႈပ္ေထြးေစၿပီး ေအာင္ျမင္ဖို႔ခက္ခဲ ေစတယ္လို႔ ႏိုင္ငံတကာ စစ္ေရး၊ ႏိုင္ငံေရးေလ့လာသူ ေဒၚနယ္န်ဴခ်ာတာလိန္နဲ႔ ေဒၚနယ္စထ႐ုတ္ကာတို႔ ကသုံးသပ္ပါတယ္။
ၿခဳံငုံၾကည့္မယ္ဆိုရင္ အေမရိကန္ဟာ စစ္ေရးအရ အင္အားအႀကီးဆုံးႏိုင္ငံျဖစ္ေပမယ့္ ႏိုင္ငံေရး၊ လူမႈေရးနဲ႔ ယဥ္ေက်းမႈ ရႈပ္ေထြးနက္နဲတဲ့ တိုင္းျပည္ေတြကို ဝင္ေရာက္စြက္ဖက္တဲ့အခါ နည္းဗ်ဴဟာအ ဆင့္မွာအႏိုင္ရေပမယ့္ မဟာဗ်ဴဟာအဆင့္မွာေတာ့ က်ရႈံးတဲ့ပုံစံမ်ိဳးက ထပ္ခါထပ္ခါ ျဖစ္ေနတယ္ဆိုတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ အီရတ္နဲ႔ဗင္နီဇြဲလားကို အလြယ္တကူ အႏိုင္ရရွိခဲ့ေပမယ့္ ပထဝီႏိုင္ငံေရး၊ စစ္ေရး၊ လူမႈႏိုင္ငံေရးမွာ က႑ေပါင္းစုံ အားသာခ်က္ ရွိေနတဲ့အီရန္ကို အႏိုင္ရရွိဖို႔ အလြန္ခက္ခဲပါလိမ့္ မယ္။ အီရန္ရဲ႕ မဟာဗ်ဴဟာေျမာက္တည္ေနရာ၊ အကုန္အ က်မ်ားစြာစစ္ခ်ီဝင္ေရာက္ရမယ့္ သဲကႏၲာရနဲ႔ ေက်ာက္ေဆာင္ေက်ာက္တန္း ေျမမ်က္ႏွာသြင္ျပင္၊ ကမာၻ႔ေရနံတင္ပို႔မႈ ငါးပုံတစ္ပုံခန႔္ ျဖတ္သန္းေနရတဲ့ ေဟာ္မုဇ္ေရလက္ၾကားတို႔ဟာ အေမရိကန္ကိုေရာ ကမာၻ႔စီးပြားေရးကိုပါ ကိုင္လႈပ္ႏိုင္ပါတယ္။ အင္အား သုံးၿပီး ေဟာ္မုဇ္ေရလက္ၾကားကို ျပန္လည္ဖြင့္လွစ္ေရး ေဒၚနယ္ထရမ့္ရဲ႕ စစ္ေရးအကူအညီေတာင္းခံမႈ ကို ႏိုင္ငံအမ်ားအျပားက ျငင္းပယ္ခဲ့ပါတယ္။ ဂ်ာမနီက ဒါဟာ သူတို႔ရဲ႕စစ္ပြဲမဟုတ္ေၾကာင္း၊ စစ္ပြဲ မစ တင္မီ ဝါရွင္တန္ေရာ တဲလ္အဗစ္ကပါ ဘာလင္ကို အေရးတယူ တိုင္ပင္ျခင္းမရွိခဲ့ဘူးလို႔ ေျပာပါတယ္။ ကေနဒါကလည္း ယခုစစ္ပြဲကိုစြဲခ်က္တင္ရာမွာ ပါဝင္ျခင္းမရွိသလို ပါဝင္ရန္လည္းရည္ ႐ြယ္ခ်က္မရွိ ေၾကာင္း၊ အီတလီ၊ ဂ်ပန္၊ ဩစေၾတးလ်တို႔က စစ္ေရးအရ ပါဝင္ရန္ အစီအစဥ္မရွိေၾကာင္း၊ ေတာင္ကိုရီး ယား တစ္ႏိုင္ငံ တည္းကသာ သတိႀကီးစြာထားၿပီး ဝါရွင္တန္နဲ႔ အနီးကပ္တိုင္ပင္ ေဆြးေႏြးသြားမယ္ဆို ေပမယ့္ တပ္ဖြဲ႕ေတြ ေစလႊတ္ဖို႔ ကတိမေပးပါဘူး၊ ျပင္သစ္ကလည္း သူ႔ေရတပ္ဟာ ခံစစ္သက္သက္ အတြက္ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီလို ျငင္းဆန္မႈေတြၾကာင့္ စိတ္ခုသြားပုံရတဲ့ သမၼတေဒၚနယ္ ထရမ့္ဟာ ေနတိုးမဟာမိတ္မ်ား၊ ဂ်ပန္၊ ဩစေၾတးလ်နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕အကူအညီကို အေမရိ ကန္က မလိုအပ္ေတာ့ေၾကာင္း မတ္လ (၁၇)ရက္ သူရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေရးပါတယ္။
အေမရိကန္ဟာ သူ႔တစ္ႏိုင္ငံတည္းနဲ႔ ေဟာ္မုဇ္ ေရလက္ၾကားကိုျပန္ဖြင့္မယ္ဆိုရင္ ျဖစ္ေကာင္း ျဖစ္ႏိုင္ေပမယ့္ စရိတ္ကုန္က်မႈနဲ႔ေပးဆပ္ရမႈ အရမ္းမ်ားပါ လိမ့္မယ္။ ကြန္ဂရက္လႊတ္ေတာ္နဲ႔ ျပည္သူ အမ်ားက သေဘာတူ မတူ မေသခ်ာပါဘူး၊ အီရန္ရဲ႕ (၁၅)မိုင္ ခန႔္အကြာမွာတည္ရွိတဲ့ ခါ့ဂ္ (Kharg) ကြၽန္း ကို ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး ဒုံးက်ည္ပစ္စင္ေတြနဲ႔ စစ္ဘက္ပစ္မွတ္ (၉၀)ေက်ာ္ကိုဖ်က္ဆီးခဲ့ၿပီးၿပီလို႔ သမၼတ ထရမ့္ကေျပာပါတယ္။ ယခုစစ္ဆင္ေရးမွာ မရိန္းတပ္သား (၂၅၀ဝ) ပါဝင္တယ္လို႔ ပင္တာဂြန္စစ္ ဌာန ခ်ဳပ္ကေျပာေပမယ့္ အဲဒီအင္အားဟာ ခါ့ဂ္ကြၽန္းကို ကမ္းတက္သိမ္းယူဖို႔ဆိုရင္ နည္းပါးလြန္းေနပါတယ္။
အီရန္ကုန္းေျမအတြင္းပိုင္းကို ထိုးေဖာက္ခ်ီ တက္ရန္ႀကိဳးစားမႈမွန္သမွ် ကိုယ့္ကိုယ္ကိုယ္သတ္ ေသျခင္းနဲ႔အတူတူျဖစ္လိမ့္မယ္လို႔ စစ္ေရးကြၽမ္း က်င္သူေတြကသတိေပးေနပါတယ္။ အေမရိကန္ ျပည္ တြင္းအေျခစိုက္စခန္းမ်ားမွ B-2 မဟာဗ်ဴဟာ ေျမာက္ဗုံးႀကဲေလယာဥ္ႀကီးေတြဟာ မိုင္ေသာင္းခ်ီ အကြာ အေဝးကိုပ်ံသန္းႏိုင္ၾကပါတယ္။ မိုင္ (၁၈၀ဝဝ) ေက်ာ္အကြာမွအီရန္ကိုတိုက္ခိုက္ဖို႔အတြက္ ေဝဟင္ မွာပဲ အႀကိမ္ႀကိမ္ ဆီျဖည့္တင္းဖို႔လိုအပ္ပါတယ္။ ဒီကိစၥမွာ စပိန္ကျငင္းဆန္ခဲ့ၿပီး အီရန္တိုက္ခိုက္ေရး အတြက္ သူရဲ႕နယ္ေျမေတြကိုသုံးခြင့္မျပဳေၾကာင္း အ တည္ျပဳခဲ့ပါတယ္။ ၿဗိတိန္ကလည္း အီရန္ကိုတိုက္ခိုက္ ရန္ သူရဲ႕စစ္စခန္းေတြအသုံးျပဳခြင့္ကို ကနဦးမွာျငင္း ပယ္ခဲ့ေပမယ့္ “စုေပါင္း မိမိကိုယ္မိမိကာကြယ္ေရး” (collective self-defence) “အေနနဲ႔ ခြင့္ျပဳေပးခဲ့ပါတယ္။ ‌GCC ‌ေခၚ ပင္လယ္ေကြ႕ ပူးေပါင္းေဆာင္႐ြက္ ေရးေကာင္စီ (၆)ႏိုင္ငံကလည္း ဒီကိစၥမွာ လုံးဝမကူညီႏိုင္ၾကပါဘူး။
အခ်ဳပ္အားျဖင့္ဆိုရရင္ အီရန္ကို အျပတ္အသတ္အႏိုင္ယူေရး ထရမ့္ရဲ႕ႀကဳံးဝါးခ်က္ေတြဟာ “တြက္ေရး စက္သူေဌးျဖစ္ၿပီး တြက္ၾကည့္မွ စက္မရွိ” ျဖစ္ေနပါတယ္။ ေဒၚလာတစ္ေသာင္းတန္ အီရန္ ဒ႐ုန္းတစ္စင္းကို ေဒၚလာ တစ္သန္းတန္ ဒုံးက်ည္ေတြ နဲ႔ပစ္ခ်ရင္း အေမရိကန္နဲ႔အစၥေရးကိုယ္တိုင္ တစ္ ေန႔တျခား လုံးပါး ပါးေနရပါတယ္။ ကမာၻႀကီးမွာလည္း တစ္ေန႔တျခား ထိခိုက္နစ္နာမႈမ်ားျပားလာတဲ့ ဖိအားေတြေၾကာင့္ မၾကာခင္မွာပဲ စစ္ပြဲ ရပ္တန႔္သြားႏိုင္ပါတယ္။
ယခင္ ကိုရီးယားကြၽန္းဆြယ္၊ ဗီယက္နမ္နဲ႔ အာ ဖဂန္စစ္ပြဲမ်ားနည္းတူ အႏိုင္အရႈံးအေျဖမထြက္ဘဲ မအီမလည္ႀကီးနဲ႔ တစ္ခန္းရပ္ဖြယ္ရွိပါတယ္။ အေမရိ ကန္ဟာ ယခင္ ၿဗိတိန္နဲ႔ျပင္သစ္တို႔လို ကမာၻ႔ စူပါ အင္အားႀကီးအဆင့္မွ ဈာန္ေလွ်ာ မေလွ်ာဆိုတာကိုေတာ့ ေစာင့္ၾကည့္ရပါလိမ့္မယ္။

Related news

© 2021. All rights reserved.