ဥရောပက လာမယ့်လမှာ လောင်စာဆီပြတ်လပ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ Shellကုမ္ပဏီစီအီးအို သတိပေး

 154

Pika(NP News)-မတ် ၂၆
အီရန်အပေါ်လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲကြောင့် ဥရောပနိုင်ငံတွေဟာ လာမယ့်လမှာ လောင်စာဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ Shellကုမ္ပဏီရဲ့ စီအီးအို ဝါအယ်လ်ဆာအန်က သတိပေးပြောဆိုခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ပင်လယ်ကွေ့မှာရှိတဲ့ အဓိကစွမ်းအင်စက်ရုံတွေဟာ ထိခိုက်ပျက်စီးခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာရေနံစီးဆင်းမှုရဲ့(၂၀)ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ထားတဲ့ အဓိကရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ရေကြောင်းသွားလာမှုတွေအားလုံးနီးပါးလည်း ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် ဂျက်လေယာဉ်လောင်စာဆီ ထောက်ပံ့မှုကို ထိခိုက်နေပြီလို့လည်း ဝါအယ်လ်ဆာအန်က ပြောကြားခဲ့ပါတယ်။နွေရာသီအစောပိုင်းကာလမှာ ဒီဇယ်က နောက်ထပ်ပြတ်တောက်မှုတွေဖြစ်လာမယ့်အရာဖြစ်ပြီး ဓါတ်ဆီက ဒီဇယ်နောက်မှာ ပြတ်လတ်မှုဖြစ်လာမယ့်အရာတစ်ခုဖြစ်တယ်လို့လည်း ဝါအယ်လ်ဆာအန်က ပြောကြားခဲ့ပါတယ်။၎င်းက”တောင်အာရှက ဒီထိခိုက်မှုတွေကို ပထမဆုံးခံစားရတဲ့ ဒေသပဲဖြစ်ပါတယ်။ပြီးတော့ ပြတ်လပ်မှုတွေက အရှေ့တောင်အာရှ၊အရှေ့မြောက်အာရှကို ရောက်လာခဲ့ပြီး ဧပြီလကိုနီးကပ်လာတာနဲ့အမျှ ဥရောပကို ရောက်ရှိလာခဲ့ပါပြီ။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဥေရာပက လာမယ့္လမွာ ေလာင္စာဆီျပတ္လပ္မႈေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ Shellကုမၸဏီစီအီးအို သတိေပး
Pika(NP News)-မတ္ ၂၆
အီရန္အေပၚလုပ္ေဆာင္ေနတဲ့ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕စစ္ပြဲေၾကာင့္ ဥေရာပႏိုင္ငံေတြဟာ လာမယ့္လမွာ ေလာင္စာဆီျပတ္လပ္မႈနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ Shellကုမၸဏီရဲ႕ စီအီးအို ဝါအယ္လ္ဆာအန္က သတိေပးေျပာဆိုခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း ပင္လယ္ေကြ႕မွာရွိတဲ့ အဓိကစြမ္းအင္စက္႐ုံေတြဟာ ထိခိုက္ပ်က္စီးခဲ့ရၿပီး ကမာၻလုံးဆိုင္ရာေရနံစီးဆင္းမႈရဲ႕(၂၀)ရာခိုင္ႏႈန္းခန႔္ကို ကိုင္တြယ္ထားတဲ့ အဓိကေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ေရေၾကာင္းသြားလာမႈေတြအားလုံးနီးပါးလည္း ရပ္တန႔္သြားခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲေၾကာင့္ ဂ်က္ေလယာဥ္ေလာင္စာဆီ ေထာက္ပံ့မႈကို ထိခိုက္ေနၿပီလို႔လည္း ဝါအယ္လ္ဆာအန္က ေျပာၾကားခဲ့ပါတယ္။ေႏြရာသီအေစာပိုင္းကာလမွာ ဒီဇယ္က ေနာက္ထပ္ျပတ္ေတာက္မႈေတြျဖစ္လာမယ့္အရာျဖစ္ၿပီး ဓါတ္ဆီက ဒီဇယ္ေနာက္မွာ ျပတ္လတ္မႈျဖစ္လာမယ့္အရာတစ္ခုျဖစ္တယ္လို႔လည္း ဝါအယ္လ္ဆာအန္က ေျပာၾကားခဲ့ပါတယ္။၎က”ေတာင္အာရွက ဒီထိခိုက္မႈေတြကို ပထမဆုံးခံစားရတဲ့ ေဒသပဲျဖစ္ပါတယ္။ၿပီးေတာ့ ျပတ္လပ္မႈေတြက အေရွ႕ေတာင္အာရွ၊အေရွ႕ေျမာက္အာရွကို ေရာက္လာခဲ့ၿပီး ဧၿပီလကိုနီးကပ္လာတာနဲ႔အမွ် ဥေရာပကို ေရာက္ရွိလာခဲ့ပါၿပီ။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.