စက်သုံးဆီကို မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများအား ထိထိရောက်ရောက် ဖော်ထုတ် အရေးယူရန် မှာကြား

418

သုတကျော် (NP News) - မတ် ၂၄
စက်သုံးဆီကို မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများအား ထိထိရောက်ရောက် ဖော်ထုတ် အရေးယူရန် ယနေ့ (မတ်လ ၂၄ ရက်) တွင် ပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကျင်းပတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကား အတွင်း ထည့်သွင်း ပြောကြားသည်။
ယခုလက်ရှိအချိန်တွင် ဖြစ်ပွား လျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို နိုင်ငံတိုင်းတွင်ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ကာလ အတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပချိန်သို့ ရောက်ရှိတော့မည်ဖြစ် ကြောင်း၊ ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သင်္ကြန်ပွဲတော် ကို အကန့်အသတ်ဖြင့်သာကျင်းပရန် မေတ္တာရပ်ခံခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း စက်သုံးဆီကန့်သတ်ချက်များကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကြပ်အတည်း မဖြစ်စေလိုကြောင်း ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အချိန်ကာလ ဖြစ်ပွားနေသည့်ပဋိပက္ခသည် အားဖြင့်မည်မျှကြာမြင့်မည်ကို မိမိတို့အနေဖြင့်မသိရှိနိုင်ကြောင်း၊ ထို့ကြောင့် စက်သုံး ဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေး အတွက် မီးရထားများတိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေ ချောမွေ့စေရေး တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက် သွားကြစေလို ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
တာဝန်ရှိသူက အစည်းအဝေးတွင် တင်ပြခဲ့ရာ ယာယီ သမ္မတက တင်ပြချက်များအပေါ် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်သုံးဆီများကို အမှန်တကယ် အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများ မရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီ များဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့်မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွားလာရန် ခက်ခဲ သည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း၊ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက် သင်္ကြန်အဖြစ် နေရာများသတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော် မည်ဖြစ်ကြောင်း၊ အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာ သယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လို ကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စက်သုံးဆီရှားပါးမှု ကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်ခြင်းကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင် ရေးတာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လို ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေး ဆောင်ရွက် ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေး ဆောင် ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက် သွားကြရန်လိုကြောင်းလည်း မှာကြားသည်။

Zawgyi Version;
စက္သုံးဆီကို မသမာမႈျပဳလုပ္ေရာင္းဝယ္ေနမႈမ်ားအား ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူရန္ မွာၾကား
သုတေက်ာ္ (NP News) - မတ္ ၂၄
စက္သုံးဆီကို မသမာမႈျပဳလုပ္ေရာင္းဝယ္ေနမႈမ်ားအား ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူရန္ ယေန႔ (မတ္လ ၂၄ ရက္) တြင္ ျပဳလုပ္ေသာ စက္သုံးဆီမ်ားဖူလုံစြာရရွိေရးႏွင့္ သုံးစြဲမႈမ်ားစနစ္တက်ျဖစ္ေစေရး အစည္းအေဝးက်င္းပတြင္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က အမွာစကား အတြင္း ထည့္သြင္း ေျပာၾကားသည္။
ယခုလက္ရွိအခ်ိန္တြင္ ျဖစ္ပြား လ်က္ရွိသည့္ အေရွ႕အလယ္ပိုင္းေဒသ ပဋိပကၡမ်ားေၾကာင့္ စက္သုံးဆီမ်ားရွားပါးမႈကို ႏိုင္ငံတိုင္းတြင္ႀကဳံေတြ႕ေနရၿပီး မိမိတို႔ႏိုင္ငံအေနျဖင့္လည္း အဆိုပါအခက္အခဲကို ေက်ာ္လႊားေျဖရွင္းႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မၾကာမီ ကာလ အတြင္း ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ က်င္းပခ်ိန္သို႔ ေရာက္ရွိေတာ့မည္ျဖစ္ ေၾကာင္း၊ ယခင္ႏွစ္ကလည္း မႏၲေလးငလ်င္ႀကီးျဖစ္ေပၚခဲ့မႈေၾကာင့္ သၾကၤန္ပြဲေတာ္ ကို အကန႔္အသတ္ျဖင့္သာက်င္းပရန္ ေမတၱာရပ္ခံခဲ့ရေၾကာင္း၊ ယခုႏွစ္တြင္လည္း စက္သုံးဆီကန႔္သတ္ခ်က္မ်ားေၾကာင့္ အတာသၾကၤန္ပြဲေတာ္က်င္းပမႈကို အၾကပ္အတည္း မျဖစ္ေစလိုေၾကာင္း ေျပာၾကားသည္။
အေရွ႕အလယ္ပိုင္းေဒသတြင္ အခ်ိန္ကာလ ျဖစ္ပြားေနသည့္ပဋိပကၡသည္ အားျဖင့္မည္မွ်ၾကာျမင့္မည္ကို မိမိတို႔အေနျဖင့္မသိရွိႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ စက္သုံး ဆီသုံးစြဲမႈမ်ား ေလွ်ာ့ခ်ႏိုင္ေရးႏွင့္ အမ်ားျပည္သူမ်ား ခရီးသြားလာမႈအဆင္ေျပေစေရး အတြက္ မီးရထားမ်ားတိုးခ်ဲ႕ေျပးဆြဲျခင္းႏွင့္ အမ်ားျပည္သူသုံး ဘတ္စ္ကားလိုင္းမ်ား ပုံမွန္အတိုင္း ေျပးဆြဲႏိုင္ေရးအတြက္ စဥ္းစားေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ အမ်ား ျပည္သူသုံး သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားႏွင့္ ခရီးသြားလာမႈမ်ား အဆင္ေျပ ေခ်ာေမြ႕ေစေရး တတ္ႏိုင္သမွ် ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ေဆြးေႏြးေဆာင္႐ြက္ သြားၾကေစလို ေၾကာင္း မိန္႔ခြန္းတြင္ ထည့္သြင္း ေျပာၾကားသည္။
တာဝန္ရွိသူက အစည္းအေဝးတြင္ တင္ျပခဲ့ရာ ယာယီ သမၼတက တင္ျပခ်က္မ်ားအေပၚ ျပည္တြင္းစက္သုံးဆီသုံးစြဲမႈကို အေကာင္းဆုံး စီမံခန႔္ခြဲႏိုင္ရန္လိုၿပီး အရန္စက္သုံးဆီမ်ားကို သိုေလွာင္ႏိုင္ထားရွိႏိုင္ရန္ႏွင့္ ေခြၽတာ သုံးစြဲႏိုင္ေရး ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ စက္သုံးဆီမ်ားကို အမွန္တကယ္ အသုံးျပဳသည့္ ျပည္သူမ်ားလက္ဝယ္သို႔ ေရာက္ရွိေစေရးႏွင့္ ေမွာင္ခိုေရာင္းဝယ္မႈမ်ား မရွိေစေရး မသမာမႈျပဳလုပ္ေရာင္းဝယ္ေနမႈမ်ားကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံႏွင့္မိတ္ဖက္ႏိုင္ငံမ်ားမွ စက္သုံးဆီ မ်ားဝယ္ယူရရွိႏိုင္ေရး ခ်ိတ္ဆက္ႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း ေျပာၾကားသည္။
မီးရထားခရီးစဥ္မ်ား၊ အေဝးေျပးဘတ္စ္ကားခရီးစဥ္မ်ား အစရွိသည့္ အမ်ား ျပည္သူသုံး သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည့္စက္သုံးဆီမ်ားကို မျဖစ္မေန ျဖည့္တင္းေဆာင္႐ြက္ေပးသြားရမည္ျဖစ္ေၾကာင္း၊ မီးရထားခရီးစဥ္မ်ားကို နယ္ေျမေဒသအေျခအေနမ်ားအလိုက္ တိုးခ်ဲ႕ေျပးဆြဲေပးျခင္းျဖင့္ အမ်ားျပည္သူမ်ား၏ ခရီးသြားလာမႈႏွင့္ ကုန္စည္ပို႔ေဆာင္မႈမ်ားကို အစဥ္ေျပေခ်ာေမြ႕ေအာင္ စီမံေဆာင္႐ြက္ ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ပူတာအို၊ ခႏၲီး၊ ျမစ္ႀကီးနား၊ ဟုမၼလင္း၊ တာခ်ီလိတ္၊ ကေလး၊ စစ္ေတြ၊ ေက်ာက္ျဖဴ၊ မာန္ေအာင္၊ ၿမိတ္၊ ေကာ့ေသာင္း စသည့္ေမာ္ေတာ္ယာဥ္ျဖင့္ သြားလာရန္ခက္ခဲသည့္ ၿမိဳ႕မ်ားသို႔ ေလေၾကာင္းခရီးစဥ္မ်ားကို ဦးစားေပးအေနျဖင့္ မျဖစ္မေနေျပးဆြဲေပးသြားရမည္ျဖစ္ေၾကာင္း၊ အလားတူ အျခားသြားလာရန္ ခက္ခဲ သည့္ေဒသမ်ားသို႔လည္း ဒုတိယဦးစားေပးအေနျဖင့္ ေျပးဆြဲေပးသြားရန္လိုေၾကာင္း၊ ျမန္မာႏွစ္သစ္ကူးအတာသၾကၤန္ကာလအတြင္း စက္သုံးဆီသုံးစြဲမႈ မ်ားျပားမႈမရွိေစေရး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕ႀကီးမ်ားႏွင့္ ၿမိဳ႕နယ္မ်ားအလိုက္ လမ္းေလွ်ာက္ သၾကၤန္အျဖစ္ ေနရာမ်ားသတ္မွတ္၍ က်င္းပျပဳလုပ္သြားမည္ဆိုပါက ပိုမိုသင့္ေလ်ာ္ မည္ျဖစ္ေၾကာင္း၊ အမ်ားျပည္သူမျဖစ္မေန အသုံးျပဳလ်က္ရွိသည့္ အေရးေပၚလူနာ သယ္ပို႔သည့္ယာဥ္မ်ား၊ လူမႈကူညီေရးယာဥ္မ်ားအတြက္ စက္သုံးဆီဝယ္ယူခြင့္အား ေျဖေလွ်ာ့ေပးရန္လို ေၾကာင္းျဖင့္ ျဖည့္စြက္မွာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာ ေရးေကာ္မရွင္ဥကၠ႒က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ စက္သုံးဆီရွားပါးမႈ ေၾကာင့္ သြားလာမႈမ်ားခက္ခဲၿပီး ကုန္ေဈးႏႈန္းမ်ားႀကီးျမင့္လာႏိုင္ေၾကာင္း၊ ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္သည္ ျပည္သူမ်ားေမွ်ာ္လင့္ထားသည့္ ျမန္မာ့႐ိုးရာ ပြဲေတာ္တစ္ခုျဖစ္ျခင္းေၾကာင့္ အမ်ားျပည္သူမ်ားေပ်ာ္႐ႊင္စြာျဖင့္ ေရသဘင္ဆင္ႏြဲႏိုင္ ေရးတာဝန္ရွိသူမ်ားအေနျဖင့္ စနစ္တက်ျဖင့္ စီမံေဆာင္႐ြက္ေပးသြားၾကရန္လို ေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္းစက္သုံးဆီဖူလုံစြာရရွိေစေရး ေဆာင္႐ြက္ ေပးရန္ႏွင့္ ျပည္သူမ်ားအေနျဖင့္ အကုန္အက်အသက္သာဆုံးျဖင့္ သုံးစြဲႏိုင္ေရး ေဆာင္ ႐ြက္ေပးသြားၾကရန္လိုေၾကာင္း၊ စက္သုံးဆီေဈးႏႈန္းေၾကာင့္ သြားလာမႈစရိတ္မ်ား ျမင့္မားလာမႈမရွိေစေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ျပည္သူမ်ားသြားလာမႈ အဆင္ေျပေစေရးအတြက္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးသြားရန္ လိုေၾကာင္း၊ ျပည္တြင္း စက္သုံးဆီဖူလုံမႈရွိေစေရးအတြက္ နည္းလမ္းမ်ိဳးစုံအသုံးျပဳ၍ ျဖည့္ဆည္းေဆာင္႐ြက္ သြားၾကရန္လိုေၾကာင္းလည္း မွာၾကားသည္။