DKBA အနေဖြင့် အစိုးရသစ်ကိုမျှော်လင့်နေပြီး ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ကြိုးပမ်းမည်

 863

သုတကျော် (NP News) - မတ် ၂၄

DKBA အနေဖြင့် အစိုးရသစ်ကိုမျှော် လင့်နေပြီး ဆက်ဆံရေးတိုးမြှင့်နိုင်ရန် ကြိုးပမ်းမည်ဖြစ် ကြောင်း အဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် DKBA က ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးပြီး နောက် (၂၀၁၁) ခုနှစ် နိုဝင်ဘာ(၃)ရက်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်တို့ကိုချုပ်ဆိုကာ (၂၀၁၅) ခုနှစ် အောက်တိုဘာလ (၁၅)ရက် တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက DKBA ၏ (၁၉)ကြိမ်မြောက် တပ်မှူးစုံညီအစည်း အဝေးပြု လုပ်ခဲ့ရာ ယခင် စစ်ဦးစီးချုပ်တာဝန်ထမ်း ဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး စောစတီးသည် နာယက ဖြစ်လာ ခဲ့ပြီး ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဦးစီးချုပ်ဖြစ်လာ သည်။
“အစိုးရ မြန်မြန်တောင်ဖွဲ့နိုင်ဖို့ မျှော်လင့်နေတယ်။ အစိုးရအသစ်တက်လာတဲ့အချိန်မှာ အစိုးရ အသစ်နဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးရတဲ့ကိစ္စမှန်သမျှ အတည်ဖြစ်သွားမယ်လေ။ အဲဒီတော့ ကျွန်တော်တို့ အများကြီးမျှော်လင့်နေတယ်။ ပြီးတော့ DKBA အနေနဲ့လည်း ပြောပါဆိုရင် ကျွန်တော်တို့သည် NCA အခုချိန်အထိ ချိုးဖောက်တာမရှိအောင် အခုအချိန် အထိ ကျွန်တော်တို့ဘက်ကထိန်းသိမ်းတယ်”ဟု အထက်ပါနီးစပ်သူကဆိုသည်။ ပြီးခဲ့သည့် မတ်လ (၁၂)ရက်က NCA လမ်းကြောင်းကိုသွေဖည်သည့် အတွက် DKBA ၏ အမှတ်(၁)စစ်ကွပ်ကဲရေး လက်အောက်ခံ၊ အမှတ် (၉၁၅)တပ်ရင်းတွင်တာဝန်ထမ်း ဆောင်နေသော ဗိုလ်မှူးအဆင့်ရှိသူ စောထို့လွီ နှင့် ဗိုလ်ကြီးအဆင့်ရှိသူ စောကရင်လေးတို့ကို ထုတ်ပယ် ကြောင်း စာထုတ်ထားသည်။
“ပြီးခဲ့တဲ့ ကြားမှာဖြစ်တဲ့ပြဿနာတွေမှာလည်း NCA နဲ့ ဟိုဟာဖြစ်နိုင်တယ်ဆိုတဲ့ ဒီအဖွဲ့အစည်း ထဲကဟာတွေ ကျွန်တော်တို့ပြန်ပြီး ထုတ်ပယ်ထားတာတွေရှိတယ်လေ။ အဲဒီလိုရှိတဲ့ အခါကျတော့ ကျွန် တော်တို့သည် အခုတက်လာတဲ့အစိုးရသစ်နဲ့က ကျွန်တော်တို့ အတတ်နိုင်ဆုံးအဆင်မပြေ ချောမွေ့ အောင်လို့ ဆက်ဆံရေးကိုထပ်တိုးပြီးတောင်ဆောင်ရွက်သွားချင်တာ။ ဘာကြောင့်လဲဆို မြဝတီမှာ အာရှ လမ်းမဖွင့်နိုင်ဖို့တွေ တခြားဟာတွေပေါ့နော်။ အများကြီး။ ကျွန်တော်တို့လည်း အများကြီး အားထည့်ပေး မှာပါ” ဟု ၎င်းကဆိုသည်။

Zawgyi Version;
DKBA အေနျဖင့္ အစိုးရသစ္ကိုေမွ်ာ္လင့္ေနၿပီး ဆက္ဆံေရးတိုးျမႇင့္ႏိုင္ရန္ ႀကိဳးပမ္းမည္
သုတေက်ာ္ (NP News) - မတ္ ၂၄
DKBA အေနျဖင့္ အစိုးရသစ္ကိုေမွ်ာ္ လင့္ေနၿပီး ဆက္ဆံေရးတိုးျမႇင့္ႏိုင္ရန္ ႀကိဳးပမ္းမည္ျဖစ္ ေၾကာင္း အဆိုပါအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
သမၼတဦးသိန္းစိန္လက္ထက္တြင္ DKBA က ၿငိမ္းခ်မ္းေရးအတြက္ ပါဝင္ေဆြးေႏြးၿပီး ေနာက္ (၂၀၁၁) ခုႏွစ္ ႏိုဝင္ဘာ(၃)ရက္တြင္ ျပည္နယ္အဆင့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္၊ ဒီဇင္ဘာလ (၁၁) ရက္တြင္ ျပည္ေထာင္စုအဆင့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္တို႔ကိုခ်ဳပ္ဆိုကာ (၂၀၁၅) ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ တြင္ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလအတြင္းက DKBA ၏ (၁၉)ႀကိမ္ေျမာက္ တပ္မႉးစုံညီအစည္း အေဝးျပဳ လုပ္ခဲ့ရာ ယခင္ စစ္ဦးစီးခ်ဳပ္တာဝန္ထမ္း ေဆာင္ခဲ့ေသာ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးသည္ နာယက ျဖစ္လာ ခဲ့ၿပီး ဒုတိယစစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေစာေ႐ႊဝက ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ စစ္ဦးစီးခ်ဳပ္ျဖစ္လာ သည္။
“အစိုးရ ျမန္ျမန္ေတာင္ဖြဲ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္။ အစိုးရအသစ္တက္လာတဲ့အခ်ိန္မွာ အစိုးရ အသစ္နဲ႔ ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြးရတဲ့ကိစၥမွန္သမွ် အတည္ျဖစ္သြားမယ္ေလ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အမ်ားႀကီးေမွ်ာ္လင့္ေနတယ္။ ၿပီးေတာ့ DKBA အေနနဲ႔လည္း ေျပာပါဆိုရင္ ကြၽန္ေတာ္တို႔သည္ NCA အခုခ်ိန္အထိ ခ်ိဳးေဖာက္တာမရွိေအာင္ အခုအခ်ိန္ အထိ ကြၽန္ေတာ္တို႔ဘက္ကထိန္းသိမ္းတယ္”ဟု အထက္ပါနီးစပ္သူကဆိုသည္။ ၿပီးခဲ့သည့္ မတ္လ (၁၂)ရက္က NCA လမ္းေၾကာင္းကိုေသြဖည္သည့္ အတြက္ DKBA ၏ အမွတ္(၁)စစ္ကြပ္ကဲေရး လက္ေအာက္ခံ၊ အမွတ္ (၉၁၅)တပ္ရင္းတြင္တာဝန္ထမ္း ေဆာင္ေနေသာ ဗိုလ္မႉးအဆင့္ရွိသူ ေစာထို႔လြီ ႏွင့္ ဗိုလ္ႀကီးအဆင့္ရွိသူ ေစာကရင္ေလးတို႔ကို ထုတ္ပယ္ ေၾကာင္း စာထုတ္ထားသည္။
“ၿပီးခဲ့တဲ့ ၾကားမွာျဖစ္တဲ့ျပႆနာေတြမွာလည္း NCA နဲ႔ ဟိုဟာျဖစ္ႏိုင္တယ္ဆိုတဲ့ ဒီအဖြဲ႕အစည္း ထဲကဟာေတြ ကြၽန္ေတာ္တို႔ျပန္ၿပီး ထုတ္ပယ္ထားတာေတြရွိတယ္ေလ။ အဲဒီလိုရွိတဲ့ အခါက်ေတာ့ ကြၽန္ ေတာ္တို႔သည္ အခုတက္လာတဲ့အစိုးရသစ္နဲ႔က ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံးအဆင္မေျပ ေခ်ာေမြ႕ ေအာင္လို႔ ဆက္ဆံေရးကိုထပ္တိုးၿပီးေတာင္ေဆာင္႐ြက္သြားခ်င္တာ။ ဘာေၾကာင့္လဲဆို ျမဝတီမွာ အာရွ လမ္းမဖြင့္ႏိုင္ဖို႔ေတြ တျခားဟာေတြေပါ့ေနာ္။ အမ်ားႀကီး။ ကြၽန္ေတာ္တို႔လည္း အမ်ားႀကီး အားထည့္ေပး မွာပါ” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.