ငလျင်ဒဏ်သင့်အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ဆောက်လုပ်ရေးသုံးပစ္စည်း မလုံလောက်မှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေ

425

စော (NP News) - မတ် ၂၄
ငလျင်ဒဏ်သင့်အစိုးရဌာနဆိုင်ရာအ ဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ဆောက် လုပ်ရေးသုံးပစ္စည်းမလုံလောက်မှုကြောင့် နှောင့်နှေးမှုများဖြစ်ပေါ်နေကြောင်း အဆိုပါ အခက် အခဲများ ကိုသိရှိသူ ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက NP News သို့ပြောသည်။
“အဓိကအကြောင်းအရင်းက ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေက ဈေးကွက်မှာ အလုံ အလောက်မရှိဘူး၊ အဆင်သင့်မရှိဘူး ပြတ်နေတယ်။ ဆိုတဲ့အခါကျတော့ အဲဒါကိုပြန်ပြင်တဲ့အဖွဲ့အနေနဲ့ လည်း အခက်အခဲအများကြီးဖြစ်နေတယ် တွေ့ရတာ။ ဥပမာ နေပြည်တော်၊ မန္တလေးတို့လိုနေရာ မျိုးမှာ အစိုးရအဆောက်အအုံတွေကို ပြိုကျသွားတာ မဟုတ်ဘူး။ ပြန်ပြင်ရတဲ့ဟာတွေမှာတောင် ပြင်ဖို့ဆို တာ အဲဒီ Chemical ပစ္စည်းတွေ အလုံအလောက် မရှိဘဲ ဘယ်လိုမှပြင်လို့ မရဘူး” ဟု ၄င်းက ပြောသည်။
အဆိုပါ ဆောက်လုပ်ရေးသုံးပစ္စည်းများ သည် အရှေ့အလယ်အပိုင်းပဋိပက္ခအခင်းအကျင်း မတိုင်ခင် အချိန်ကာလကတည်းက (၂၀)မှ (၃၀) ရာ ခိုင်နှုန်းအထိ ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ မြင့်တက်လာကြောင်းသိရသည်။ မန္တလေးငလျင်ကြီး သည် ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက် ကလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ကာလအား ဖြင့် တစ်နှစ်နီးပါးခန့်ကြာမြင့်လာပြီဖြစ်သော်လည်း အစိုးရဌာနဆိုင်ရာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသည် ရာခိုင်နှုန်းအားဖြင့် (၅၀)ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း ၎င်းက ဆိုသည်။
“အခုထက်ထိလည်း နေပြည်တော်တွေမှာဆိုရင် အိမ်တွေ၊ ဌာနဆိုင်ရာရုံးတွေ ပြန်တက်လို့ မရ တဲ့အခြေအနေတွေရှိနေသေးတာတွေ အများကြီး၊ ဝန်ထမ်းအိမ်ရာတွေကောပဲ။ အဲဒီလိုအခြေအနေရှိ တယ်။ မန္တလေးမှာဆိုလည်း ဒီလိုပဲ။ ဝန်ထမ်းတွေ အခုထက်ထိ ကွန်တင်နာထဲမှာ နေနေရသေးတယ်ဆို တာ ရှိတုန်းပဲ။ အဆောက်အအုံတွေ ပြန်မဆောက်နိုင် တာတွေလည်း အများကြီးကျန်သေးတယ်။ အဲဒီလို ကျန်သေးတဲ့အပေါ်မှာ ဘာကြောင့် ဒီလိုတွေကြာနေ လဲဆိုတာမှာ အပိုင်းနှစ်ပိုင်းရှိတာပေါ့နော်။ တစ်ပိုင်း ကကျတော့ အစိုးရဘတ်ဂျက်ပေါ်မှာမူတည်တယ်။ နောက်တစ်ပိုင်းကကျတော့ ပုဂ္ဂလိကတွေရဲ့အပိုင်း ပေါ့။ ပြန်တည်ဆောက်ရေးမှာ နှစ်ပိုင်းရှိတယ်ပေါ့။ နှစ်ပိုင်းမှာ အစိုးရအပိုင်းမှာ တချို့ဟာတွေက ဘတ် ဂျက်ပေါ်မှာမူတည်ပြီးတော့ အပိုင်းခွဲပြီး ပြန်တည်ဆောက်တာတွေလုပ်တယ်။ ပြန်ပြင်တာလုပ်တဲ့ အ တွက် ကြာတယ်။ ပုဂ္ဂလိကဟာတွေကျတော့ ပြန်ပြင်ဖို့ဆိုတာ သူတို့ရဲ့ကိုယ်ပိုင်ဘတ်ဂျက်တို့ အကုန်လုံး ပြန်ချိန်ပြီးမှလုပ်ရတာကိုး။ ဒါပေမဲ့ တကယ့်တကယ် အစိုးရဘတ်ဂျက်ချပေးလိုက်တဲ့လုပ်ငန်းတွေ တောင်မှ ပြီးသင့်သလောက်မပြီးရတဲ့အကြောင်း အချက်တွေရှိတယ်။ အဲဒါတွေကဘာလဲဆိုရင် ပစ္စည်း တင်သွင်းခွင့်တွေမှာ အရမ်းကြန့်ကြာပြီးတော့ ကျပ်နေတဲ့ဟာကြောင့် ဒေါ်လာကို ဆောက်လုပ်ရေး Sector အတွက် ဒီတစ်ခေါက် ဒေါ်လာ ဘယ်နှသန်းပဲ ပေးမယ် ပစ္စည်းသွင်းဖို့တို့ အဲဒီလိုမျိုး ကန့်သတ် ချက်အရမ်းများတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ ဆောက်လုပ်ရေးပစ္စည်းများ တင် သွင်းရာတွင် နယ်စပ်မှတစ်ဆင့် တင်သွင်းခြင်းက ပါမစ် မြန်သော်လည်း ပြည်တွင်းသို့ရောက်ရန် စရိတ်ကြီးမြင့်ပြီး ဆိပ်ကမ်းမှ သင်္ဘောဖြင့်တင်သွင်းခြင်းက စရိတ်သက်သာကြောင်း ၎င်းကပြောသည်။

Zawgyi Version;
ငလ်င္ဒဏ္သင့္အစိုးရဌာနဆိုင္ရာ အေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ရာတြင္ ေဆာက္လုပ္ေရးသုံးပစၥည္း မလုံေလာက္မႈေၾကာင့္ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚေန
ေစာ (NP News) - မတ္ ၂၄
ငလ်င္ဒဏ္သင့္အစိုးရဌာနဆိုင္ရာအ ေဆာက္အအုံမ်ား ျပန္လည္တည္ေဆာက္ရာတြင္ ေဆာက္ လုပ္ေရးသုံးပစၥည္းမလုံေလာက္မႈေၾကာင့္ ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚေနေၾကာင္း အဆိုပါ အခက္ အခဲမ်ား ကိုသိရွိသူ ဝါရင့္ေဆာက္လုပ္ေရးလုပ္ငန္း ရွင္တစ္ဦးက NP News သို႔ေျပာသည္။
“အဓိကအေၾကာင္းအရင္းက ေဆာက္လုပ္ေရးနဲ႔ပတ္သက္တဲ့ပစၥည္းေတြက ေဈးကြက္မွာ အလုံ အေလာက္မရွိဘူး၊ အဆင္သင့္မရွိဘူး ျပတ္ေနတယ္။ ဆိုတဲ့အခါက်ေတာ့ အဲဒါကိုျပန္ျပင္တဲ့အဖြဲ႕အေနနဲ႔ လည္း အခက္အခဲအမ်ားႀကီးျဖစ္ေနတယ္ ေတြ႕ရတာ။ ဥပမာ ေနျပည္ေတာ္၊ မႏၲေလးတို႔လိုေနရာ မ်ိဳးမွာ အစိုးရအေဆာက္အအုံေတြကို ၿပိဳက်သြားတာ မဟုတ္ဘူး။ ျပန္ျပင္ရတဲ့ဟာေတြမွာေတာင္ ျပင္ဖို႔ဆို တာ အဲဒီ Chemical ပစၥည္းေတြ အလုံအေလာက္ မရွိဘဲ ဘယ္လိုမွျပင္လို႔ မရဘူး” ဟု ၄င္းက ေျပာသည္။
အဆိုပါ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ား သည္ အေရွ႕အလယ္အပိုင္းပဋိပကၡအခင္းအက်င္း မတိုင္ခင္ အခ်ိန္ကာလကတည္းက (၂၀)မွ (၃၀) ရာ ခိုင္ႏႈန္းအထိ ပစၥည္းအမ်ိဳးအစားေပၚမူတည္ကာ ျမင့္တက္လာေၾကာင္းသိရသည္။ မႏၲေလးငလ်င္ႀကီး သည္ ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ မတ္လ (၂၈) ရက္ ကလႈပ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္တြင္ ကာလအား ျဖင့္ တစ္ႏွစ္နီးပါးခန႔္ၾကာျမင့္လာၿပီျဖစ္ေသာ္လည္း အစိုးရဌာနဆိုင္ရာ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားသည္ ရာခိုင္ႏႈန္းအားျဖင့္ (၅၀)ရာခိုင္ႏႈန္းသာ ၿပီးစီးေသးေၾကာင္း ၎က ဆိုသည္။
“အခုထက္ထိလည္း ေနျပည္ေတာ္ေတြမွာဆိုရင္ အိမ္ေတြ၊ ဌာနဆိုင္ရာ႐ုံးေတြ ျပန္တက္လို႔ မရ တဲ့အေျခအေနေတြရွိေနေသးတာေတြ အမ်ားႀကီး၊ ဝန္ထမ္းအိမ္ရာေတြေကာပဲ။ အဲဒီလိုအေျခအေနရွိ တယ္။ မႏၲေလးမွာဆိုလည္း ဒီလိုပဲ။ ဝန္ထမ္းေတြ အခုထက္ထိ ကြန္တင္နာထဲမွာ ေနေနရေသးတယ္ဆို တာ ရွိတုန္းပဲ။ အေဆာက္အအုံေတြ ျပန္မေဆာက္ႏိုင္ တာေတြလည္း အမ်ားႀကီးက်န္ေသးတယ္။ အဲဒီလို က်န္ေသးတဲ့အေပၚမွာ ဘာေၾကာင့္ ဒီလိုေတြၾကာေန လဲဆိုတာမွာ အပိုင္းႏွစ္ပိုင္းရွိတာေပါ့ေနာ္။ တစ္ပိုင္း ကက်ေတာ့ အစိုးရဘတ္ဂ်က္ေပၚမွာမူတည္တယ္။ ေနာက္တစ္ပိုင္းကက်ေတာ့ ပုဂၢလိကေတြရဲ႕အပိုင္း ေပါ့။ ျပန္တည္ေဆာက္ေရးမွာ ႏွစ္ပိုင္းရွိတယ္ေပါ့။ ႏွစ္ပိုင္းမွာ အစိုးရအပိုင္းမွာ တခ်ိဳ႕ဟာေတြက ဘတ္ ဂ်က္ေပၚမွာမူတည္ၿပီးေတာ့ အပိုင္းခြဲၿပီး ျပန္တည္ေဆာက္တာေတြလုပ္တယ္။ ျပန္ျပင္တာလုပ္တဲ့ အ တြက္ ၾကာတယ္။ ပုဂၢလိကဟာေတြက်ေတာ့ ျပန္ျပင္ဖို႔ဆိုတာ သူတို႔ရဲ႕ကိုယ္ပိုင္ဘတ္ဂ်က္တို႔ အကုန္လုံး ျပန္ခ်ိန္ၿပီးမွလုပ္ရတာကိုး။ ဒါေပမဲ့ တကယ့္တကယ္ အစိုးရဘတ္ဂ်က္ခ်ေပးလိုက္တဲ့လုပ္ငန္းေတြ ေတာင္မွ ၿပီးသင့္သေလာက္မၿပီးရတဲ့အေၾကာင္း အခ်က္ေတြရွိတယ္။ အဲဒါေတြကဘာလဲဆိုရင္ ပစၥည္း တင္သြင္းခြင့္ေတြမွာ အရမ္းၾကန႔္ၾကာၿပီးေတာ့ က်ပ္ေနတဲ့ဟာေၾကာင့္ ေဒၚလာကို ေဆာက္လုပ္ေရး Sector အတြက္ ဒီတစ္ေခါက္ ေဒၚလာ ဘယ္ႏွသန္းပဲ ေပးမယ္ ပစၥည္းသြင္းဖို႔တို႔ အဲဒီလိုမ်ိဳး ကန႔္သတ္ ခ်က္အရမ္းမ်ားတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထိုသို႔ ေဆာက္လုပ္ေရးပစၥည္းမ်ား တင္ သြင္းရာတြင္ နယ္စပ္မွတစ္ဆင့္ တင္သြင္းျခင္းက ပါမစ္ ျမန္ေသာ္လည္း ျပည္တြင္းသို႔ေရာက္ရန္ စရိတ္ႀကီးျမင့္ၿပီး ဆိပ္ကမ္းမွ သေဘၤာျဖင့္တင္သြင္းျခင္းက စရိတ္သက္သာေၾကာင္း ၎ကေျပာသည္။