ထိုင်ဝမ်မှာ ဝက်တုပ်ကွေးကူးစက်မှု ပထမဆုံးဖြစ်ရပ်တွေ့ရှိ

183

ရောင်နီ (NP News) - အောက်တိုဘာ ၂၄
ထိုင်ဝမ်၊ အလယ်ပိုင်း တိုင်ချောင်းမြို့၊ ဝူချီခရိုင်မှာ အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှု ပထမဆုံး ဖြစ်ရပ်တွေ့ရှိပြီးနောက် ဝက်ဒါဇင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဝက်တုပ်ကွေးရောဂါဟာ လူကို မကူးစက်နိုင်ပေမယ့် ဝက်တွေကြားထဲ အလွန်ကူးစက်မြန်ပြီး အသေ အပျောက်များတာကြောင့် ဝက်သားလုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။ လက်ရှိတော့ အခြားနေရာတွေမှာ မူမမှန်တဲ့ ကူးစက်မှု မတွေ့ရှိရသေးဘူးလို့ စိုက်ပျိုးရေး လက်ထောက်ဝန်ကြီး တုဝမ်ဂျိန်းက ပြောပါတယ်။ ဝူချီခရိုင်ရှိ မွေးမြူရေးခြံတစ်ခုမှ သေဆုံးတဲ့ ဝက်နမူနာတွေမှာ ဝက်တုတ်ကွေးရောဂါတွေ့ရှိခဲ့ပြီးနောက် ဝက်အကောင်ရေ ၁၉၅ ကောင်ကို သုတ်သင်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒါအပြင် တိုင်ချောင်းအာဏာပိုင်တွေက လက်ရှိ စျေးကွက်မှာ ရောင်းချနေတဲ့ မွေးမြူရေးခြံတွေမှ ဝက်တွေကိုလည်း ကူးစက်မှု ခြေရာခံနေတယ်လို့ တိရစ္ဆာန်နဲ့ အပင်ကျန်းမာရေးစစ်ဆေးရေးအေဂျင်စီ က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ဖို့ ၃ ကီလိုမီတာအကွာအဝေးရှိတဲ့ ထိန်းချုပ်ဇုန် တည်ဆောက် ထားကြောင်းနဲ့ ထိုင်ဝမ်ကျွန်းတစ်ဝှမ်းမှာ ဝက်တွေကို သယ်ဆောင်ခြင်း၊ သတ်ခြင်း စတဲ့ လုပ်ငန်းတွေကို ငါးရက် ပိတ်ထားတယ်လို့ ဝန်ကြီးဌာနကပြောကြားပါတယ်။
ထိုင်ဝမ်မှာ ဝက်ကောင်ရေ ငါးသန်းဝန်းကျင်ရှိပြီး ဝက်သားလုပ်ငန်းမှ တစ်နှစ်ကို ထိုင်ဝမ်ဒေါ်လာ ၇၀ ဘီလီယံ (စင်ကာပူဒေါ်လာ ၂.၉ ဘီလီယံ) ခန့် ရရှိလေ့ရှိတယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

Zawgyi Version:
ထိုင္ဝမ္မွာ ဝက္တုပ္ေကြးကူးစက္မႈ ပထမဆုံးျဖစ္ရပ္ေတြ႕ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄
ထိုင္ဝမ္၊ အလယ္ပိုင္း တိုင္ေခ်ာင္းၿမိဳ႕၊ ဝူခ်ီခ႐ိုင္မွာ အာဖရိက ဝက္တုပ္ေကြးေရာဂါျဖစ္ပြားမႈ ပထမဆုံး ျဖစ္ရပ္ေတြ႕ရွိၿပီးေနာက္ ဝက္ဒါဇင္ေပါင္းမ်ားစြာကို သုတ္သင္ရွင္းလင္းခဲ့တယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ေအာက္တိုဘာ ၂၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ဝက္တုပ္ေကြးေရာဂါဟာ လူကို မကူးစက္ႏိုင္ေပမယ့္ ဝက္ေတြၾကားထဲ အလြန္ကူးစက္ျမန္ၿပီး အေသ အေပ်ာက္မ်ားတာေၾကာင့္ ဝက္သားလုပ္ငန္းကို ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါ တယ္။ လက္ရွိေတာ့ အျခားေနရာေတြမွာ မူမမွန္တဲ့ ကူးစက္မႈ မေတြ႕ရွိရေသးဘူးလို႔ စိုက္ပ်ိဳးေရး လက္ေထာက္ဝန္ႀကီး တုဝမ္ဂ်ိန္းက ေျပာပါတယ္။ ဝူခ်ီခ႐ိုင္ရွိ ေမြးျမဴေရးၿခံတစ္ခုမွ ေသဆုံးတဲ့ ဝက္နမူနာေတြမွာ ဝက္တုတ္ေကြးေရာဂါေတြ႕ရွိခဲ့ၿပီးေနာက္ ဝက္အေကာင္ေရ ၁၉၅ ေကာင္ကို သုတ္သင္ရွင္းလင္းခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ တိုင္ေခ်ာင္းအာဏာပိုင္ေတြက လက္ရွိ ေစ်းကြက္မွာ ေရာင္းခ်ေနတဲ့ ေမြးျမဴေရးၿခံေတြမွ ဝက္ေတြကိုလည္း ကူးစက္မႈ ေျခရာခံေနတယ္လို႔ တိရစာၦန္နဲ႔ အပင္က်န္းမာေရးစစ္ေဆးေရးေအဂ်င္စီ က ေအာက္တိုဘာ ၂၃ ရက္တြင္ ေျပာၾကားပါတယ္။ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈမွ ကာကြယ္ဖို႔ ၃ ကီလိုမီတာအကြာအေဝးရွိတဲ့ ထိန္းခ်ဳပ္ဇုန္ တည္ေဆာက္ ထားေၾကာင္းနဲ႔ ထိုင္ဝမ္ကြၽန္းတစ္ဝွမ္းမွာ ဝက္ေတြကို သယ္ေဆာင္ျခင္း၊ သတ္ျခင္း စတဲ့ လုပ္ငန္းေတြကို ငါးရက္ ပိတ္ထားတယ္လို႔ ဝန္ႀကီးဌာနကေျပာၾကားပါတယ္။
ထိုင္ဝမ္မွာ ဝက္ေကာင္ေရ ငါးသန္းဝန္းက်င္ရွိၿပီး ဝက္သားလုပ္ငန္းမွ တစ္ႏွစ္ကို ထိုင္ဝမ္ေဒၚလာ ၇၀ ဘီလီယံ (စင္ကာပူေဒၚလာ ၂.၉ ဘီလီယံ) ခန႔္ ရရွိေလ့ရွိတယ္လို႔ တရားဝင္အခ်က္အလက္ေတြအရ သိရပါတယ္။