ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသော မန္တလေးမြို့ မြင်ကွင်း အချို့

1296
(NP News)-ဧပြီ ၁၀
မက်လ ၂၈ရက်၊ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့တွင် (၈၀)ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရသည်။
NP Newsမှ ယနေ့(ဧပြီ ၉ရက်)တွင်မြင်တွေ့ရသောမြင်ကွင်းအရ မန္တလေးမြို့ရှိ အထင်ကရလမ်းမကြီးများ ပေါ်ရှိအဆောက်အအုံတချို့သည် တိမ်းစောင်းပြိုကျခဲ့ပြီး အချို့မှာ ကိုင်ရိုက်ခံထားရသည့်အလား ကြေမွနေသည်ကို တွေ့မြင်ရသည်။
ရှေးဟောင်းသမိုင်းဝင် မန္တလေးမြို့ရိုးကြီး၏နေရာအချို့သည်လည်း ပြိုကျပျက်စီးခဲ့ရပြီး အဆိုပါငလျင်ကြီးကြောင့် Sky villa ကွန်ဒို၊ Gread Wall ဟိုတယ်တို့မှာ မြေပေါ်တွင် အုပ်ပုံကြီးသဖွယ်ဖြစ်ပွားနေသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် ပြိုကျ အဆောက်အအုံများကို ရှင်းလင်းရေး လုပ်နေသည့် နေရာများတွင် ပိမိသေဆုံးသူများ၏ မိသားစုဝင်များက ယခုထက်တိုင် စောင့်နေဆဲပင်။
လူသေဆုံးမှု များပြားခဲ့ရာ Sky Villa ကွန်ဒိုတွင် ပစ္စည်းများ ပြန်လည် အပ်နှံရေး ဌာန ကို ဖွင့်လှစ်ကာ ရှာတွေ့သည့် ပစ္စည်းများကို ပြန်လည် အပ်နှံနေကြောင်း တွေ့မြင်ရပြီး အချို့ ပိုင်ရှင်များကလည်း စောင့်ဆိုင်း နေကြသည်။
Zawgyi Version:
ငလ်င္ႀကီးေၾကာင့္ ပ်က္စီးခဲ့ရေသာ မႏၲေလးၿမိဳ႕ ျမင္ကြင္း အခ်ိဳ႕
(NP News)-ဧၿပီ ၁၀
မက္လ ၂၈ရက္၊ မြန္းလြဲပိုင္းက လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလးၿမိဳ႕တြင္ (၈၀)ရာခိုင္ႏႈန္းခန႔္ ပ်က္စီးခဲ့ရသည္။
NP Newsမွ ယေန႔(ဧၿပီ ၉ရက္)တြင္ျမင္ေတြ႕ရေသာျမင္ကြင္းအရ မႏၲေလးၿမိဳ႕ရွိ အထင္ကရလမ္းမႀကီးမ်ား ေပၚရွိအေဆာက္အအုံတခ်ိဳ႕သည္ တိမ္းေစာင္းၿပိဳက်ခဲ့ၿပီး အခ်ိဳ႕မွာ ကိုင္႐ိုက္ခံထားရသည့္အလား ေၾကမြေနသည္ကို ေတြ႕ျမင္ရသည္။
ေရွးေဟာင္းသမိုင္းဝင္ မႏၲေလးၿမိဳ႕႐ိုးႀကီး၏ေနရာအခ်ိဳ႕သည္လည္း ၿပိဳက်ပ်က္စီးခဲ့ရၿပီး အဆိုပါငလ်င္ႀကီးေၾကာင့္ Sky villa ကြန္ဒို၊ Gread Wall ဟိုတယ္တို႔မွာ ေျမေပၚတြင္ အုပ္ပုံႀကီးသဖြယ္ျဖစ္ပြားေနသည္ကို ျမင္ေတြ႕ခဲ့ရသည္။ ထို႔ျပင္ ၿပိဳက် အေဆာက္အအုံမ်ားကို ရွင္းလင္းေရး လုပ္ေနသည့္ ေနရာမ်ားတြင္ ပိမိေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားက ယခုထက္တိုင္ ေစာင့္ေနဆဲပင္။
လူေသဆုံးမႈ မ်ားျပားခဲ့ရာ Sky Villa ကြန္ဒိုတြင္ ပစၥည္းမ်ား ျပန္လည္ အပ္ႏွံေရး ဌာန ကို ဖြင့္လွစ္ကာ ရွာေတြ႕သည့္ ပစၥည္းမ်ားကို ျပန္လည္ အပ္ႏွံေနေၾကာင္း ေတြ႕ျမင္ရၿပီး အခ်ိဳ႕ ပိုင္ရွင္မ်ားကလည္း ေစာင့္ဆိုင္း ေနၾကသည္။