ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်သတိပေးစနစ်ကို စမ်းသပ်သွားမည်

 169

Pika (NP News) - ဧပြီ ၂၅

ထိုင်းနိုင်ငံတွင် ဆဲလ်ဖုန်း သဘာဝဘေး အန္တရာယ်သတိပေးစနစ်ကို စမ်းသပ်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း အစိုးရအကြီးတန်းအရာရှိများ က ထုတ်ပြန်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လတွင် မြန် မာနိုင်ငံကိုဗဟိုပြုကာ လှုပ်ခတ်ခဲ့သော လူအသေအပျောက်များစေခဲ့သည့်ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် သိသိသာသာထိခိုက်ပျက်စီးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ဆဲလ်ဖုန်းများတွင် ဘေးအန္တ ရာယ်နှင့်ပတ်သက်ပြီး သတိပေးချက်များပေးပို့ခြင်း မျိုးမရှိခဲ့ကြောင်း ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် အဆိုပါစမ်းသပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား (၇ ဒသမ ၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် သိသိ သာသာထိခိုက်ပျက်စီးမှုများရှိခဲ့သော ဘန်ကောက် မြို့အပါအဝင် ဒေသအလိုက်စမ်းသပ်မှုများကို လာ မည့်လတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာန(DDPM) òန်ကြားရေးမှူးချုပ် Phasakorn Boonyalak က ပြောကြားခဲ့သည်။

အဆိုပါစနစ်သည် သဘာဝဘေးအန္တရာယ် နှင့် လုံခြုံရေးခြိမ်းခြောက်မှုများအတွက် သတိပေးစာ တိုပေးပို့ရန် မိုဘိုင်းကွန်ရက်(၃)ခုကို အသုံးပြုသွား မည်ဖြစ်ကြောင်း Phasakorn Boonyalak က ပြောကြားခဲ့ သည်။ လာမည့်မေလ(၂)ရက်မှစတင်ပြီး သေး ငယ်သောဧရိယာများတွင် စမ်းသပ်မှု(၃)ကြိမ် လုပ် ဆောင်သွားမည်ဖြစ်ပြီး ဘန်ကောက်နှင့်ချင်းမိုင် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံထားမည့် တတိယ မြောက် နှင့် အကြီးဆုံးလေ့ကျင့်ခန်းကို မေလ(၁၃) ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Phasakorn Boonyalak က ထပ်မံပြောကြားခဲ့သည်။

အဆိုပါစနစ်ကိုစမ်းသပ်မှုနှင့်အတူ နေ ထိုင်သူများ၏ဆဲလ်ဖုန်းများ၏မျက်နှာပြင်တွင် ထိုင်း နှင့်အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားမည့် မက်ဆေ့ချ် ကို ဥဩဆွဲသံနှင့်အတူ တွဲလျက်ရရှိလိမ့်မည်ဖြစ် ကြောင်း Phasakorn Boonyalak က ပြောကြားခဲ့ သည်။

zawgyi version
ထိုင္းႏိုင္ငံတြင္ သဘာဝေဘးအႏၲရာယ္သတိေပးစနစ္ကို စမ္းသပ္သြားမည္
Pika (NP News) - ဧၿပီ ၂၅

ထိုင္းႏိုင္ငံတြင္ ဆဲလ္ဖုန္း သဘာဝေဘး အႏၲရာယ္သတိေပးစနစ္ကို စမ္းသပ္မႈမ်ား ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း အစိုးရအႀကီးတန္းအရာရွိမ်ား က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္လတြင္ ျမန္ မာႏိုင္ငံကိုဗဟိုျပဳကာ လႈပ္ခတ္ခဲ့ေသာ လူအေသအေပ်ာက္မ်ားေစခဲ့သည့္ငလ်င္ေၾကာင့္ ထိုင္းႏိုင္ငံ ဘန္ ေကာက္ၿမိဳ႕တြင္ သိသိသာသာထိခိုက္ပ်က္စီးမႈမ်ားကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ဆဲလ္ဖုန္းမ်ားတြင္ ေဘးအႏၲ ရာယ္ႏွင့္ပတ္သက္ၿပီး သတိေပးခ်က္မ်ားေပးပို႔ျခင္း မ်ိဳးမရွိခဲ့ေၾကာင္း ေဝဖန္မႈမ်ားထြက္ေပၚလာၿပီးေနာက္ အဆိုပါစမ္းသပ္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ျပင္းအား (၇ ဒသမ ၇)မဂၢနီက်ဳအဆင့္ရွိ ငလ်င္ေၾကာင့္ သိသိ သာသာထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေသာ ဘန္ေကာက္ ၿမိဳ႕အပါအဝင္ ေဒသအလိုက္စမ္းသပ္မႈမ်ားကို လာ မည့္လတြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သဘာဝေဘးကာကြယ္ေရးႏွင့္ ေလ်ာ့ပါးေရးဌာန(DDPM) òန္ၾကားေရးမႉးခ်ဳပ္ Phasakorn Boonyalak က ေျပာၾကားခဲ့သည္။

အဆိုပါစနစ္သည္ သဘာဝေဘးအႏၲရာယ္ ႏွင့္ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားအတြက္ သတိေပးစာ တိုေပးပို႔ရန္ မိုဘိုင္းကြန္ရက္(၃)ခုကို အသုံးျပဳသြား မည္ျဖစ္ေၾကာင္း Phasakorn Boonyalak က ေျပာၾကားခဲ့ သည္။ လာမည့္ေမလ(၂)ရက္မွစတင္ၿပီး ေသး ငယ္ေသာဧရိယာမ်ားတြင္ စမ္းသပ္မႈ(၃)ႀကိမ္ လုပ္ ေဆာင္သြားမည္ျဖစ္ၿပီး ဘန္ေကာက္ႏွင့္ခ်င္းမိုင္ ျပည္နယ္တစ္ခုလုံးကို လႊမ္းၿခဳံထားမည့္ တတိယ ေျမာက္ ႏွင့္ အႀကီးဆုံးေလ့က်င့္ခန္းကို ေမလ(၁၃) ရက္တြင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Phasakorn Boonyalak က ထပ္မံေျပာၾကားခဲ့သည္။

အဆိုပါစနစ္ကိုစမ္းသပ္မႈႏွင့္အတူ ေန ထိုင္သူမ်ား၏ဆဲလ္ဖုန္းမ်ား၏မ်က္ႏွာျပင္တြင္ ထိုင္း ႏွင့္အဂၤလိပ္ဘာသာျဖင့္ ေဖာ္ျပထားမည့္ မက္ေဆ့ခ်္ ကို ဥဩဆြဲသံႏွင့္အတူ တြဲလ်က္ရရွိလိမ့္မည္ျဖစ္ ေၾကာင္း Phasakorn Boonyalak က ေျပာၾကားခဲ့ သည္။

Related news

© 2021. All rights reserved.