ဂျပန်နိုင်ငံ၊ တိုကျိုမူလတန်းကျောင်းတစ်ခုမှာ စာသင်ခန်းထဲ ကျူးကျော်ဝင်ရောက်လာသူ လူ ၂ ဦးကြောင့် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

308

ရောင်နီ (NP News) - မေ ၉
ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ မေလ ၈ ရက်က ခြံဝင်းအတွင်း ကျူးကျော် ဝင်ရောက်မှုလာတဲ့ လူ ၂ ဦး ကြောင့် ဝန်ထမ်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တွေကတော့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ မသိရသေးဘူးလို့ ဂျပန်မီဒီယာတွေက ပြောပါတယ်။
အဆိုပါ လူ ၂ ယောက်ဟာ ပြတင်းပေါက်တွေကို ချိုးဖျက် ကျောင်းဝန်းထဲ ဝင်ရောက်ကာ ဒုတိယတန်း စာသင်ခန်းအတွင်းဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး Fuji TV က ပြောကြားပါတယ်။
ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမျိုးသား ၂ ဦးကိုတော့ ဖမ်းဆီးထားပြီလို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဂျပန်နိုင်ငံ မြို့တော် အနောက်ဘက်ရှိ Tachikawa Daisan မူလတန်းကျောင်းမှာ အဆိုပါဖြစ်ရပ်ဖြစ်ခဲ့တာဖြစ်ပြီး မေလ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းရဲ့ဝက်ဘ်ဆိုဒ်မှာ ကျောင်းသား ၅၀၀ ကျော်နဲ့ ဝန်ထမ်း ၃၀ ကျော်ရှိပြီး ဂျပန်ဒုတိယတန်းကျောင်းသားတွေရဲ့အသက်ဟာ ခုနစ်နှစ်မှ ရှစ်နှစ် ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
စာသင်ကျောင်းရဲ့ ရုပ်သံမှတ်တမ်းတွေအရ ကျောင်းဝင်းအတွင်း အရေးပေါ် ဝန်ထမ်းအဖွဲ့တွေနဲ့ ရဲအရာရှိတွေ လှည့်လည်သွားလာနေတာကို တွေ့မြင်ရပါတယ်။ လူသတ်မှုနှုန်း နည်းပါးပြီး ကမ္ဘာ့အပြင်းထန်ဆုံး သေနတ်ဥပဒေအချို့ရှိတဲ့ ဂျပန်နိုင်ငံမှာ အကြမ်းဖက်ရာဇ၀တ်မှု အလွန်ရှားပါးပြီး ယခုလို ဖြစ်ရပ်မျိုးဟာ ကြုံတောင့်ကြုံခဲပဲဖြစ်ပါတယ်။

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳမူလတန္းေက်ာင္းတစ္ခုမွာ စာသင္ခန္းထဲ က်ဴးေက်ာ္ဝင္ေရာက္လာသူ လူ ၂ ဦးေၾကာင့္ ဝန္ထမ္း ၅ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ေမ ၉
ဂ်ပန္ႏိုင္ငံ၊တိုက်ိဳၿမိဳ႕ရွိ မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ေမလ ၈ ရက္က ၿခံဝင္းအတြင္း က်ဴးေက်ာ္ ဝင္ေရာက္မႈလာတဲ့ လူ ၂ ဦး ေၾကာင့္ ဝန္ထမ္း ၅ ဦး ဒဏ္ရာရရွိခဲ့ၿပီး ကေလးငယ္ေတြကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ ရွိ၊ မရွိ မသိရေသးဘူးလို႔ ဂ်ပန္မီဒီယာေတြက ေျပာပါတယ္။
အဆိုပါ လူ ၂ ေယာက္ဟာ ျပတင္းေပါက္ေတြကို ခ်ိဳးဖ်က္ ေက်ာင္းဝန္းထဲ ဝင္ေရာက္ကာ ဒုတိယတန္း စာသင္ခန္းအတြင္းဝင္ေရာက္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Fuji TV က ေျပာၾကားပါတယ္။
က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့ အမ်ိဳးသား ၂ ဦးကိုေတာ့ ဖမ္းဆီးထားၿပီလို႔ သိရပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ဂ်ပန္ႏိုင္ငံ ၿမိဳ႕ေတာ္ အေနာက္ဘက္ရွိ Tachikawa Daisan မူလတန္းေက်ာင္းမွာ အဆိုပါျဖစ္ရပ္ျဖစ္ခဲ့တာျဖစ္ၿပီး ေမလ ၈ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ေက်ာင္းရဲ႕ဝက္ဘ္ဆိုဒ္မွာ ေက်ာင္းသား ၅၀၀ ေက်ာ္နဲ႔ ဝန္ထမ္း ၃၀ ေက်ာ္ရွိၿပီး ဂ်ပန္ဒုတိယတန္းေက်ာင္းသားေတြရဲ႕အသက္ဟာ ခုနစ္ႏွစ္မွ ရွစ္ႏွစ္ ဝန္းက်င္အ႐ြယ္ေတြျဖစ္တယ္လို႔ သိရပါတယ္။
စာသင္ေက်ာင္းရဲ႕ ႐ုပ္သံမွတ္တမ္းေတြအရ ေက်ာင္းဝင္းအတြင္း အေရးေပၚ ဝန္ထမ္းအဖြဲ႕ေတြနဲ႔ ရဲအရာရွိေတြ လွည့္လည္သြားလာေနတာကို ေတြ႕ျမင္ရပါတယ္။ လူသတ္မႈႏႈန္း နည္းပါးၿပီး ကမာၻ႔အျပင္းထန္ဆုံး ေသနတ္ဥပေဒအခ်ိဳ႕ရွိတဲ့ ဂ်ပန္ႏိုင္ငံမွာ အၾကမ္းဖက္ရာဇ၀တ္မႈ အလြန္ရွားပါးၿပီး ယခုလို ျဖစ္ရပ္မ်ိဳးဟာ ႀကဳံေတာင့္ႀကဳံခဲပဲျဖစ္ပါတယ္။