မန္တလေးတွင် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးက မိခင်ဖြစ်သူအား မျက်လုံးကျွတ်ထွက်သည့်အထိရိုက်နှက်မှုဖြစ်

865

သန့်ဇင်(NP News)- ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးက မိခင်ဖြစ်သူအား မျက်လုံးကျွတ် ထွက်သည်အထိရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း ပျိုးနှုတ်ကောက်စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း(မင်္ဂလာမီးသတ်စခန်း)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၇က်)၊ ညနေ (၄)နာရီခွဲဝန်ကျင်အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စင်ရပ်ကွက်၊ ၇၂လမ်း| ၃၆ × ၃၇ လမ်းကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သမီးကလည်း သူ့အမေကိုလုပ်ကျွေးနေတာပါ။ ပရောဂပုံစံမျိုးဖြစ်နေတာသမီးက။ ဆေးသုံးတာမျိုးဘာညာလည်းမရှိပါဘူး။ အဲဒီမှာ ကြောင် ပြီးတော့ သူ့အမေကိုရိုက်တာပါ။ အိမ်ခန်းထဲမှာအလုံပိတ်ပြီးရိုက်တာ။ သူတို့က အိမ်ငှားတွေပါ။ ရိုက်တော့ ပတ်ဝန်းကျင်က အကူအညီ တောင်းတာပါ။ ရိုက်ပြီးတော့ သမီးက ထွက်ပြေးသွားတာ။ ရပ်ကွက်ဝိုင်းပြီး ဖမ်းထားပေးရတာပါ”ဟု ပျိုးနှုတ်ကောက် စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း (မင်္ဂလာမီးသတ်စခန်း)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရိုက်နှက်ခံရသူမှာ အသက်(၆၅)နှစ်အရွယ် အသက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘယ်ဘက်ပေါင်ကျိုးခြင်း၊ မျက်လုံးကျွတ် ထွက် ခြင်းနှင့် ဦးခေါင်းပေါက်ပြဲခြင်းစသည့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သမီးက (၃၆)နှစ်ဗျ။ ဒဏ်ရာတွေက ခေါင်းရယ်၊ မျက်လုံးရယ်နဲ့ ပေါင်ကျိုးသွားတယ်။ မန္တလေးဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနကို ပို့ထားရတယ်။ သမီးဖြစ်သူကိုတော့ အခုအိမ်ပြန်ပို့ထားတယ်။ အခုတောင် ပြန်ကြမ်းနေတယ်လို့ သိရတယ်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသူ အမျိုးသမီးကြီးအား လိုအပ်သည့်ဆေးကုသမှုများခံယူရန် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင် ပေးထားပြီး စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသမီးအား စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သန႔္ဇင္(NP News)- ဩဂုတ္ ၂၈
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ စိတ္က်န္းမာေရးမေကာင္းသူအမ်ိဳးသမီးက မိခင္ျဖစ္သူအား မ်က္လုံးကြၽတ္ ထြက္သည္အထိ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ေၾကာင္း ပ်ိဳးႏႈတ္ေကာက္စိုက္လူ႔အႀကိဳက္ လူမႈကူညီေရးအသင္း(မဂၤလာမီးသတ္စခန္း)ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဩဂုတ္လ ၂ရက္)၊ ညေန (၄)နာရီခြဲဝန္က်င္အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စင္ရပ္ကြက္၊ ၇၂လမ္း| ၃၆ × ၃၇ လမ္းၾကားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သမီးကလည္း သူ႔အေမကိုလုပ္ေကြၽးေနတာပါ။ ပေရာဂပုံစံမ်ိဳးျဖစ္ေနတာသမီးက။ ေဆးသုံးတာမ်ိဳးဘာညာလည္းမရွိပါဘူး။ အဲဒီမွာ ေၾကာင္ ၿပီးေတာ့ သူ႔အေမကို႐ိုက္တာပါ။ အိမ္ခန္းထဲမွာအလုံပိတ္ၿပီး႐ိုက္တာ။ သူတို႔က အိမ္ငွားေတြပါ။ ႐ိုက္ေတာ့ ပတ္ဝန္းက်င္က အကူအညီ ေတာင္းတာပါ။ ႐ိုက္ၿပီးေတာ့ သမီးက ထြက္ေျပးသြားတာ။ ရပ္ကြက္ဝိုင္းၿပီး ဖမ္းထားေပးရတာပါ”ဟု ပ်ိဳးႏႈတ္ေကာက္ စိုက္လူ႔အႀကိဳက္ လူမႈကူညီေရးအသင္း (မဂၤလာမီးသတ္စခန္း)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
႐ိုက္ႏွက္ခံရသူမွာ အသက္(၆၅)ႏွစ္အ႐ြယ္ အသက္ႀကီးပိုင္းအ႐ြယ္အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဘယ္ဘက္ေပါင္က်ိဳးျခင္း၊ မ်က္လုံးကြၽတ္ ထြက္ ျခင္းႏွင့္ ဦးေခါင္းေပါက္ၿပဲျခင္းစသည့္ ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“သမီးက (၃၆)ႏွစ္ဗ်။ ဒဏ္ရာေတြက ေခါင္းရယ္၊ မ်က္လုံးရယ္နဲ႔ ေပါင္က်ိဳးသြားတယ္။ မႏၲေလးေဆး႐ုံႀကီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာဌာနကို ပို႔ထားရတယ္။ သမီးျဖစ္သူကိုေတာ့ အခုအိမ္ျပန္ပို႔ထားတယ္။ အခုေတာင္ ျပန္ၾကမ္းေနတယ္လို႔ သိရတယ္”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိထားသူ အမ်ိဳးသမီးႀကီးအား လိုအပ္သည့္ေဆးကုသမႈမ်ားခံယူရန္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး သို႔ပို႔ေဆာင္ ေပးထားၿပီး စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူ အမ်ိဳးသမီးအား စိတ္က်န္းမာေရးေဆး႐ုံသို႔ပို႔ေဆာင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။