မန္တလေးငလျင်ကြောင့် မြန်မာတွင် ကမ္ဘာ့အရှည်ဆုံး ပြတ်ရွေ့ကြောဖြစ်ပေါ်

 1377

သက်ပိုင် (NP News) - မေ ၁၀

မန္တလေးငလျင်ကြောင့် ပေါ်ပေါက်လာသော မြေပြင်ပေါ်မှ ပြတ်ရွေ့ကြောင်းမှာ ကမ္ဘာပေါ်ရှိ ငလျင်ကြောင့်ဖြစ်ပေါ်လာသော ရွေ့ပြတ်ကြောင်းများအနက် အရှည်ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဒေါက်တာစန္ဒီချစ်ကိုက ပြောသည်။
အဆိုပါစကားကို မေလ ၁၀ ရက်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အဆောက်အဦတွင် ပြုလုပ်သော အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း ဘူမိသိပ္ပံဆိုင်ရာ ကနဦးလေ့လာတွေ့ရှိချက်များ တင်ပြဆွေးနွေးခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီရွေ့ပြတ်ကြောင်းရဲ့ အရှည်က ကီလိုမီတာ ၄၆၀ အထိရှည်ပါတယ်။ အဲ့ဒီလို အရှည် ဖြစ်ပေါ်စေဖို့အတွက် စက္ကန့် ၈၀ လောက်ပဲ ကြာချိန်ရှိခဲ့ပါတယ်။ ကီလိုမီတာ ၄၀၀ ကျော်လောက်ရှိတဲ့အရှည်ကို စက္ကန့် ၈၀ အတွင်မှာဖြစ်ပေါ်စေတဲ့ အားကလည်း မသေးပါဘူး။ ဒါကြောင့်လည်း ပျက်စီးခဲ့ရတဲ့ အဆောက်ဦးတွေနဲ့ သေပျောက်မှုနှုန်းတွေက မနည်းလှပါဘူး။ ဒီ Surface Rupture ရဲ့ထူးခြားချက်ကတော့ ကမ္ဘာမှာ ငလျင်ကြောင့် ဖြစ်တဲ့ Rupture(ရွေ့ပြတ်မှု) တွေထဲမှာ အရှည်ဆုံး Rupture ဖြစ်တာပါပဲ ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရွေ့ပြတ်ကြောင်းမှာ ရွှေဘိုဘက်မှစတင်ကာ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်ကိုဖြတ်၍ တောက်လျှောက်ဆိုသကဲ့သို့ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းအနက် နေပြည်တော်မှာ အများဆုံး ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေါက်တာစန္ဒီချစ်ကိုက ဆိုသည်။
၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတို့တွင် လူနေအိမ်ပေါင်း ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ‌ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကနဦးစာရင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
မႏၲေလးငလ်င္ေၾကာင့္ ျမန္မာတြင္ ကမာၻ႔အရွည္ဆုံး ျပတ္ေ႐ြ႕ေၾကာျဖစ္ေပၚ
သက္ပိုင္ (NP News) - ေမ ၁၀

မႏၲေလးငလ်င္ေၾကာင့္ ေပၚေပါက္လာေသာ ေျမျပင္ေပၚမွ ျပတ္ေ႐ြ႕ေၾကာင္းမွာ ကမာၻေပၚရွိ ငလ်င္ေၾကာင့္ျဖစ္ေပၚလာေသာ ေ႐ြ႕ျပတ္ေၾကာင္းမ်ားအနက္ အရွည္ဆုံးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဘူမိသိပၸံအသင္းမွ ေဒါက္တာစႏၵီခ်စ္ကိုက ေျပာသည္။
အဆိုပါစကားကို ေမလ ၁၀ ရက္က ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းခ်ဳပ္အေဆာက္အဦတြင္ ျပဳလုပ္ေသာ အင္အားျပင္းငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္ပိုင္း ဘူမိသိပၸံဆိုင္ရာ ကနဦးေလ့လာေတြ႕ရွိခ်က္မ်ား တင္ျပေဆြးေႏြးျခင္း အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ဒီေ႐ြ႕ျပတ္ေၾကာင္းရဲ႕ အရွည္က ကီလိုမီတာ ၄၆၀ အထိရွည္ပါတယ္။ အဲ့ဒီလို အရွည္ ျဖစ္ေပၚေစဖို႔အတြက္ စကၠန႔္ ၈၀ ေလာက္ပဲ ၾကာခ်ိန္ရွိခဲ့ပါတယ္။ ကီလိုမီတာ ၄၀၀ ေက်ာ္ေလာက္ရွိတဲ့အရွည္ကို စကၠန႔္ ၈၀ အတြင္မွာျဖစ္ေပၚေစတဲ့ အားကလည္း မေသးပါဘူး။ ဒါေၾကာင့္လည္း ပ်က္စီးခဲ့ရတဲ့ အေဆာက္ဦးေတြနဲ႔ ေသေပ်ာက္မႈႏႈန္းေတြက မနည္းလွပါဘူး။ ဒီ Surface Rupture ရဲ႕ထူးျခားခ်က္ကေတာ့ ကမာၻမွာ ငလ်င္ေၾကာင့္ ျဖစ္တဲ့ Rupture(ေ႐ြ႕ျပတ္မႈ) ေတြထဲမွာ အရွည္ဆုံး Rupture ျဖစ္တာပါပဲ ” ဟု ၎က ေျပာသည္။

အဆိုပါ ေ႐ြ႕ျပတ္ေၾကာင္းမွာ ေ႐ႊဘိုဘက္မွစတင္ကာ ေပ်ာ္ဘြယ္၊ ရမည္းသင္း၊ ေနျပည္ေတာ္ကိုျဖတ္၍ ေတာက္ေလွ်ာက္ဆိုသကဲ့သို႔ျဖစ္ေပၚခဲ့ျခင္းျဖစ္ၿပီး ယင္းအနက္ ေနျပည္ေတာ္မွာ အမ်ားဆုံး ထိခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒါက္တာစႏၵီခ်စ္ကိုက ဆိုသည္။
၂၀၁၅ ခုႏွစ္ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ ျပင္းအား ၇ ဒသမ၇ အဆင့္ရွိ အင္အားျပင္းငလ်င္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္း‌ေဒသႀကီးႏွင့္ ျပည္နယ္ ၁၀ ခုတို႔တြင္ လူေနအိမ္ေပါင္း ၆၃၈၅၄ လုံး၊ စာသင္ေက်ာင္း ၆၇၅၂ ေက်ာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သီလရွင္ေက်ာင္း ၅၄၇၄ ေက်ာင္း၊ ေစတီပုထိုး ၅၃၄၂ ဆူ၊ အျခားဘာသာ‌ေရးအေဆာက္အအုံ ၆၁၃ လုံး၊ ေဆး႐ုံ/ေဆးခန္း ၅၇၆ လုံး၊ ရထားလမ္း ၅၆ ခု၊ လမ္း ၂၇၁ ခု၊ အျမန္လမ္းပိုင္း ၁၉၈ ခု၊ ဆည္/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင္း၊ ထရန္စေဖာ္မာ ၃၅၃ လုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ကနဦးစာရင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.