ဆေးယဉ်ပါးဘေးကြုံရနိုင်သော စပ်ဆေးရောင်းခြင်းကို တိုင်ကြားနိုင်

 199

သက်ပိုင် (NP News) - မေ ၁၄

မြန်မာနိုင်ငံရှိ ဆေးဆိုင်များအနေဖြင့် ဆေးယဉ်ပါးဘေးကြုံရနိုင်သော စပ်ဆေးနှင့် သက်တမ်း ကုန်ဆေးများရောင်းချနေသည်ကို တွေ့ရှိပါက နီးစပ်ရာမြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးဌာန (FDA) ရုံးသို့ဖြစ်စေ၊ FDA/Facebook Page နှင့် Website သို့ ဖြစ်စေ တိုင်ကြားရန် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန (FDA) တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။

ပြည်သူများအနေဖြင့် စပ်ဆေးမသုံးစွဲရန် သက်ဆိုင်ရာမှ သတိပေးထားသော်လည်း ငွေကြေး သက်သာခြင်း၊ ဝေဒနာ ယာယီပျောက်ကင်းခြင်းစသည့်အချက်များကြောင့် စပ်ဆေးဝယ်ယူ သုံးစွဲမှုမှာ ပပျောက်ခြင်းမရှိသေးကြောင်း သိရသည်။ စပ်ဆေးနှင့် သက်တမ်းလွန်ဆေး ရောင်းချခြင်းကို တိုင်ကြား မည်ဆိုပါက ရောင်းချနေသည့် ဆေးဆိုင်၏ ငွေဖြတ်ပိုင်းပြေစာကဲ့သို့သော တိကျသည့် အထောက်အထားအချက်အ လက်များဖြင့် တိုင်ကြားရန်လိုအပ်ပြီး FDA က စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

“ပြည်သူတွေအနေနဲ့ တကယ့်အချက်အလက်တိတိကျကျနဲ့ တိုင်ကြားလာဖို့လိုပါတယ်။ ဒါမှ လွတ်မသွားမှာပေါ့။ ဒီလိုမဟုတ်ဘဲ ဒီဆေးကတ် ကို ဒီဆိုင်ကဝယ်လာတဲ့အကြောင်း သက်သေပြဆိုတဲ့ အချိန်မှာ ဘာမှမပြနိုင်ရင်တော့ လုပ်ရကိုင်ရခက်တာပေါ့။ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာ ခဲ့ရင် ကျွန်တော်တို့ မလုပ်ပေးတာမရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် FDA အနေဖြင့် လစဉ်စစ်ဆေးမှုများကို လုပ်ဆောင်နေသော်လည်း ဆေးဆိုင် အားလုံးကို စစ်ဆေးရန်အလို့ငှာ မစွမ်းနိုင်ကြောင်း၊ ပြည်သူများအား စပ်ဆေး၏ဆိုးကျိုးများကြောင့် မသုံး စွဲကြရန် အသိပညာပေးမှုများကို လုပ်ဆောင်နေသော်လည်း ပြည်သူများဘက်မှ ပူးပေါင်းပါဝင်မှု အား နည်းနေသေးကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာမှသာ ယခုကဲ့သို့ စပ်ဆေးရောင်းချနေမှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

“ငါတို့ကို အစိုးရဝန်ထမ်းတွေက လာပြောနေတယ်ဆိုတာထက် ငါတို့ကောင်းဖို့ ငါတို့ကိုပြောနေ တာပါလားဆိုတဲ့အမြင်နဲ့ ပြည်သူတွေဘက်က မြင်ကြဖို့လိုအပ်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။ မြန် မာနိုင်ငံတွင် (၁) အကိုက်အခဲပျောက်ဆေး (သို့) အဖျားကျဆေး၊ (၂) အစာအိမ်ဆေး ( သို့ ) လေဆေး၊ (၃) ပိုးသတ်ဆေး၊ (၄) အားဆေးနှင့် (၅) steroid ခေါ် အပြင်းစားအရောင်ကျဆေးဟူ၍ စပ်ဆေးအုပ်စု ငါးမျိုးကို အဓိကတွေ့ရလေ့ရှိကြောင်း ဆရာဝန်များ၏ သုံးသပ်ချက်များအရသိရသည်။

zawgyi version
ေဆးယဥ္ပါးေဘးႀကဳံရႏိုင္ေသာ စပ္ေဆးေရာင္းျခင္းကို တိုင္ၾကားႏိုင္
သက္ပိုင္ (NP News) - ေမ ၁၄

ျမန္မာႏိုင္ငံရွိ ေဆးဆိုင္မ်ားအေနျဖင့္ ေဆးယဥ္ပါးေဘးႀကဳံရႏိုင္ေသာ စပ္ေဆးႏွင့္ သက္တမ္း ကုန္ေဆးမ်ားေရာင္းခ်ေနသည္ကို ေတြ႕ရွိပါက နီးစပ္ရာၿမိဳ႕နယ္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးဌာန (FDA) ႐ုံးသို႔ျဖစ္ေစ၊ FDA/Facebook Page ႏွင့္ Website သို႔ ျဖစ္ေစ တိုင္ၾကားရန္ အစားအ ေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးဌာန (FDA) တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။

ျပည္သူမ်ားအေနျဖင့္ စပ္ေဆးမသုံးစြဲရန္ သက္ဆိုင္ရာမွ သတိေပးထားေသာ္လည္း ေငြေၾကး သက္သာျခင္း၊ ေဝဒနာ ယာယီေပ်ာက္ကင္းျခင္းစသည့္အခ်က္မ်ားေၾကာင့္ စပ္ေဆးဝယ္ယူ သုံးစြဲမႈမွာ ပေပ်ာက္ျခင္းမရွိေသးေၾကာင္း သိရသည္။ စပ္ေဆးႏွင့္ သက္တမ္းလြန္ေဆး ေရာင္းခ်ျခင္းကို တိုင္ၾကား မည္ဆိုပါက ေရာင္းခ်ေနသည့္ ေဆးဆိုင္၏ ေငြျဖတ္ပိုင္းေျပစာကဲ့သို႔ေသာ တိက်သည့္ အေထာက္အထားအခ်က္အ လက္မ်ားျဖင့္ တိုင္ၾကားရန္လိုအပ္ၿပီး FDA က စစ္ေဆးအေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အဆိုပါတာဝန္ရွိသူကဆိုသည္။

“ျပည္သူေတြအေနနဲ႔ တကယ့္အခ်က္အလက္တိတိက်က်နဲ႔ တိုင္ၾကားလာဖို႔လိုပါတယ္။ ဒါမွ လြတ္မသြားမွာေပါ့။ ဒီလိုမဟုတ္ဘဲ ဒီေဆးကတ္ ကို ဒီဆိုင္ကဝယ္လာတဲ့အေၾကာင္း သက္ေသျပဆိုတဲ့ အခ်ိန္မွာ ဘာမွမျပႏိုင္ရင္ေတာ့ လုပ္ရကိုင္ရခက္တာေပါ့။ အခ်က္အလက္ ျပည့္ျပည့္စုံစုံနဲ႔ တိုင္ၾကားလာ ခဲ့ရင္ ကြၽန္ေတာ္တို႔ မလုပ္ေပးတာမရွိပါဘူး” ဟု ၎က ရွင္းျပသည္။

လက္ရွိတြင္ FDA အေနျဖင့္ လစဥ္စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနေသာ္လည္း ေဆးဆိုင္ အားလုံးကို စစ္ေဆးရန္အလို႔ငွာ မစြမ္းႏိုင္ေၾကာင္း၊ ျပည္သူမ်ားအား စပ္ေဆး၏ဆိုးက်ိဳးမ်ားေၾကာင့္ မသုံး စြဲၾကရန္ အသိပညာေပးမႈမ်ားကို လုပ္ေဆာင္ေနေသာ္လည္း ျပည္သူမ်ားဘက္မွ ပူးေပါင္းပါဝင္မႈ အား နည္းေနေသးေၾကာင္းႏွင့္ ျပည္သူမ်ား ပူးေပါင္းပါဝင္လာမွသာ ယခုကဲ့သို႔ စပ္ေဆးေရာင္းခ်ေနမႈမ်ားကို ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါတာဝန္ရွိသူက ေျပာသည္။

“ငါတို႔ကို အစိုးရဝန္ထမ္းေတြက လာေျပာေနတယ္ဆိုတာထက္ ငါတို႔ေကာင္းဖို႔ ငါတို႔ကိုေျပာေန တာပါလားဆိုတဲ့အျမင္နဲ႔ ျပည္သူေတြဘက္က ျမင္ၾကဖို႔လိုအပ္ေနပါတယ္”ဟု ၎က ရွင္းျပသည္။ ျမန္ မာႏိုင္ငံတြင္ (၁) အကိုက္အခဲေပ်ာက္ေဆး (သို႔) အဖ်ားက်ေဆး၊ (၂) အစာအိမ္ေဆး ( သို႔ ) ေလေဆး၊ (၃) ပိုးသတ္ေဆး၊ (၄) အားေဆးႏွင့္ (၅) steroid ေခၚ အျပင္းစားအေရာင္က်ေဆးဟူ၍ စပ္ေဆးအုပ္စု ငါးမ်ိဳးကို အဓိကေတြ႕ရေလ့ရွိေၾကာင္း ဆရာဝန္မ်ား၏ သုံးသပ္ခ်က္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.