ပြည်သူများ၏ကျန်းမာရေးဗဟုသုတမြှင့်တင်ရာတွင်ပညာပေးမှုလမ်းကြောင်းပုံစံပြောင်းလဲသင့်ကြောင်း အကြံပြု

237

Pearl (NP News) -မေ၂၃
ပြည်သူများ၏ ကျန်းမာရေးဗဟုသုတအသိရေချိန်မြှင့်တင်ရာတွင် ပညာပေးမှုလမ်းကြောင်းပုံစံကိုပြောင်းလဲသင့်ကြောင်း ဆရာဝန်ကြီး တစ်ဦးက The Statesman ဂျာနယ်မှတဆင့် အကြံပြုပြောကြားထားသည်။
ပြည်သူလူထု၏ ကျန်းမာရေးအသိရေချိန်ကိုမြှင့်တင်ပေးရန် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လက်လှမ်းမီသမျှ ပညာပေးမှုများ ဆောင်ရွက်ရန် လိုအပ်နေသည့်အပြင် လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းဌာနများမှတဆင့် ကျန်းမာရေး ပညာပေးသည့် နည်းစနစ်ကိုလည်း ပြောင်းလဲသင့်ကြောင်း အထက်ပါ ဆရာဝန်ကြီးက ဆိုသည်။
“ကျွန်တော်တို့ လို ကျန်းမာရေးနဲ့ တာဝန်ရှိတဲ့ ဆရာဝန်တွေ၊ ဆရာမတွေရော တက်နိုင်သလောက် ပညာတွေ ပေးနေဖို့လိုတယ်။ နောက်တစ်ခုက ကျန်းမာရေး ပညာပေးတဲ့ နည်းစနစ် က ရိုးလွန်းနေတယ်။ တခါလာလည်း MRTV လာတဲ့ ငုတ်တုတ်ကြီးထိုင်ပြီးတော့ စာရွက်ဖက်ပြသလို ပြောနေတာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကိုယ်တိုင်က စိတ်မဝင်စားဘူး” ဟု ပြောသည်။
ထို့ကြောင့် ပြည်သူလူထု အသုံးပြုမှုများသည့် ဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုကာ ကျန်းမာရေးပညာ ပေးမှုများ ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုပြောကြားထားသည်။
“လူတွေ စိတ်ဝင်စားအောင် ဘယ်လို သုံးမလဲဆိုတဲ့ ကျန်းမာရေး အသိပေးမှု လမ်းကြောင်းကို ပြောင်းသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဥပမာ Tittok ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ (၈၀)ရာခိုင်နှုန်းလောက်သုံးနေတာ။ ဘီလျံချီ သုံးနေတဲ့ဟာပေါ့။ ဒီလိုဟာမျိုးမှာ Social Influencer တွေ သုံးပြီးတော့ ဇာတ်လမ်းတိုလေးတွေ လုပ်တာပဲ ဖြစ်ဖြစ် ၊ အများကြီး လုပ်လို့ရတယ်။ Behavior Change တစ်ခုနဲ့ သွားသင့်တယ်လို့မြင်တယ်။ အခုလိုမျိုးကြီးသွားနေရင်တော့ လူတွေရဲ့ ကျန်းမာရေး အသိပညာရေချိန်က မြင့်တတ်လာဖို့အတွက် အချိန် အများကြီး ကြာမယ်လို့ ထင်တယ်” ဟု အထက်ပါဆရာဝန်က ဆက်လက် ပြောသည်။
ကျန်းမာရေးကဏ္ဍ၏ အဓိကပြဿနာများမှာ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်မီသော အစားအစာများအား လွယ်လင့်တကူ စျေးနှုန်းချိုသာစွာမရနိုင်ခြင်း၊ ကျန်းမာရေးညီညွတ်စေမည့် အစားအစာများနှင့် အရည်အသွေးပြည့်ဝသောဆေးဝါးများဖြစ်စေရေးအတွက် ဥပဒေကြောင်းအရ ထိန်းချုပ်မှုအားနည်းခြင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာအားနည်းခြင်း၊ အစိုးရ၏ကျန်းမာရေးအသုံးစရိတ်နည်းခြင်းနှင့် ကျန်းမာရေးအာမခံစနစ်မရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပည္သူမ်ား၏က်န္းမာေရးဗဟုသုတျမႇင့္တင္ရာတြင္ပညာေပးမႈလမ္းေၾကာင္းပုံစံေျပာင္းလဲသင့္ေၾကာင္း အႀကံျပဳ
Pearl (NP News) -ေမ၂၃
ျပည္သူမ်ား၏ က်န္းမာေရးဗဟုသုတအသိေရခ်ိန္ျမႇင့္တင္ရာတြင္ ပညာေပးမႈလမ္းေၾကာင္းပုံစံကိုေျပာင္းလဲသင့္ေၾကာင္း ဆရာဝန္ႀကီး တစ္ဦးက The Statesman ဂ်ာနယ္မွတဆင့္ အႀကံျပဳေျပာၾကားထားသည္။
ျပည္သူလူထု၏ က်န္းမာေရးအသိေရခ်ိန္ကိုျမႇင့္တင္ေပးရန္ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ လက္လွမ္းမီသမွ် ပညာေပးမႈမ်ား ေဆာင္႐ြက္ရန္ လိုအပ္ေနသည့္အျပင္ လက္ရွိတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ ႏိုင္ငံပိုင္သတင္းဌာနမ်ားမွတဆင့္ က်န္းမာေရး ပညာေပးသည့္ နည္းစနစ္ကိုလည္း ေျပာင္းလဲသင့္ေၾကာင္း အထက္ပါ ဆရာဝန္ႀကီးက ဆိုသည္။
“ကြၽန္ေတာ္တို႔ လို က်န္းမာေရးနဲ႔ တာဝန္ရွိတဲ့ ဆရာဝန္ေတြ၊ ဆရာမေတြေရာ တက္ႏိုင္သေလာက္ ပညာေတြ ေပးေနဖို႔လိုတယ္။ ေနာက္တစ္ခုက က်န္းမာေရး ပညာေပးတဲ့ နည္းစနစ္ က ႐ိုးလြန္းေနတယ္။ တခါလာလည္း MRTV လာတဲ့ ငုတ္တုတ္ႀကီးထိုင္ၿပီးေတာ့ စာ႐ြက္ဖက္ျပသလို ေျပာေနတာေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္ကိုယ္တိုင္က စိတ္မဝင္စားဘူး” ဟု ေျပာသည္။
ထို႔ေၾကာင့္ ျပည္သူလူထု အသုံးျပဳမႈမ်ားသည့္ ဆိုရွယ္ပလက္ေဖာင္းမ်ားကို အသုံးျပဳကာ က်န္းမာေရးပညာ ေပးမႈမ်ား ေဆာင္႐ြက္ေပးသင့္ေၾကာင္း အႀကံျပဳေျပာၾကားထားသည္။
“လူေတြ စိတ္ဝင္စားေအာင္ ဘယ္လို သုံးမလဲဆိုတဲ့ က်န္းမာေရး အသိေပးမႈ လမ္းေၾကာင္းကို ေျပာင္းသင့္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဥပမာ Tittok ဆိုရင္ ကမာၻ႔လူဦးေရရဲ႕ (၈၀)ရာခိုင္ႏႈန္းေလာက္သုံးေနတာ။ ဘီလ်ံခ်ီ သုံးေနတဲ့ဟာေပါ့။ ဒီလိုဟာမ်ိဳးမွာ Social Influencer ေတြ သုံးၿပီးေတာ့ ဇာတ္လမ္းတိုေလးေတြ လုပ္တာပဲ ျဖစ္ျဖစ္ ၊ အမ်ားႀကီး လုပ္လို႔ရတယ္။ Behavior Change တစ္ခုနဲ႔ သြားသင့္တယ္လို႔ျမင္တယ္။ အခုလိုမ်ိဳးႀကီးသြားေနရင္ေတာ့ လူေတြရဲ႕ က်န္းမာေရး အသိပညာေရခ်ိန္က ျမင့္တတ္လာဖို႔အတြက္ အခ်ိန္ အမ်ားႀကီး ၾကာမယ္လို႔ ထင္တယ္” ဟု အထက္ပါဆရာဝန္က ဆက္လက္ ေျပာသည္။
က်န္းမာေရးက႑၏ အဓိကျပႆနာမ်ားမွာ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အာဟာရျပည့္မီေသာ အစားအစာမ်ားအား လြယ္လင့္တကူ ေစ်းႏႈန္းခ်ိဳသာစြာမရႏိုင္ျခင္း၊ က်န္းမာေရးညီၫြတ္ေစမည့္ အစားအစာမ်ားႏွင့္ အရည္အေသြးျပည့္ဝေသာေဆးဝါးမ်ားျဖစ္ေစေရးအတြက္ ဥပေဒေၾကာင္းအရ ထိန္းခ်ဳပ္မႈအားနည္းျခင္း၊ ျပည္သူလူထု၏ က်န္းမာေရးအသိပညာအားနည္းျခင္း၊ အစိုးရ၏က်န္းမာေရးအသုံးစရိတ္နည္းျခင္းႏွင့္ က်န္းမာေရးအာမခံစနစ္မရွိျခင္းတို႔ျဖစ္ေၾကာင္း သိရသည္။