တပ်အလိုက် တာဝန်ယူရသည့်နယ်မြေအတွင်း စစ်ဆင်ရေး နှင့် နယ်မြေစိုးမိုးရေးကို အောင်မြင်စွာ လုပ်ဆောင်ရန်လိုဟုဆို

557

Pearl (NP News) - မေ ၂၅
တပ်အလိုက် တာဝန်ယူရသည့်နယ်မြေအတွင်း စစ်ဆင်ရေး နှင့် နယ်မြေစိုးမိုးရေးကို အောင်မြင်စွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်များအလိုက် မိမိတို့တာဝန်ယူထားရသည့်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်လိုကြောင်းနှင့် ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်း များကလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုအပ်ကြောင်းနှင့် အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင်က စည်းကမ်းကောင်းမှသာလျှင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအားကောင်းမွန်သည့်တပ်များ ဖြစ်လာမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ကြရန်၊ နယ်မြေဒေသ၏ မြေအနေအထားနှင့် သတင်းအချက်အလက်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာများကို အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားမှသာလျှင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း နှင့် မိမိတို့လုပ်သင့်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါက မည်သည့်စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမဆို အောင်မြင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version:
တပ္အလိုက္ တာဝန္ယူရသည့္နယ္ေျမအတြင္း စစ္ဆင္ေရး ႏွင့္ နယ္ေျမစိုးမိုးေရးကို ေအာင္ျမင္စြာ လုပ္ေဆာင္ရန္လိုဟုဆို
Pearl (NP News) - ေမ ၂၅
တပ္အလိုက္ တာဝန္ယူရသည့္နယ္ေျမအတြင္း စစ္ဆင္ေရး ႏွင့္ နယ္ေျမစိုးမိုးေရးကို ေအာင္ျမင္စြာ လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၏ စစ္ဦးစီး၊ စစ္ေရးႏွင့္ စစ္ေထာက္ဆိုင္ရာ ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားအား စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေတြ႕ဆုံစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တပ္မ်ားအလိုက္ မိမိတို႔တာဝန္ယူထားရသည့္နယ္ေျမအတြင္း စစ္ဆင္ေရး၊ လုံၿခဳံေရး၊ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ားကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ရန္လိုေၾကာင္းႏွင့္ ေဒသတြင္းလုံၿခဳံေရး၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ပတ္သက္လာပါက အစဥ္အၿမဲ ဂ႐ုျပဳေနရန္ႏွင့္ အေလးအနက္ထားေဆာင္႐ြက္ သြားရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ တိုင္းစစ္ဌာနခ်ဳပ္ကြပ္ကဲမႈေအာက္ရွိ တပ္ရင္းတပ္ဖြဲ႕မ်ားအေနျဖင့္ တိုက္စြမ္းရည္၊ တိုက္စြမ္းအားျပည့္ဝေနရန္ လိုအပ္မည္ျဖစ္ၿပီး တစ္ဦးခ်င္းစီအလိုက္၊ တပ္ရင္းတပ္ဖြဲ႕အလိုက္ ေလ့က်င့္ရမည္ျဖစ္သကဲ့သို႔ ေလ့က်င့္ေရးသင္တန္းေက်ာင္း မ်ားကလည္း အၿမဲမျပတ္ေလ့က်င့္ေပးေနရန္လိုအပ္ေၾကာင္းႏွင့္ အဆင့္ဆင့္ေသာ ေခါင္းေဆာင္မ်ားကိုယ္တိုင္က စည္းကမ္းေကာင္းမွသာလွ်င္ စည္းကမ္းေကာင္းမြန္ၿပီး တိုက္စြမ္းရည္တိုက္စြမ္းအားေကာင္းမြန္သည့္တပ္မ်ား ျဖစ္လာမည္ ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ တပ္ဌာနခ်ဳပ္မ်ား၊ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ေနသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအေနျဖင့္ အခ်င္းခ်င္း ေပါင္းစပ္ညႇိႏႈိင္းမႈမ်ားကိုလည္း ေဆာင္႐ြက္ၾကရန္၊ နယ္ေျမေဒသ၏ ေျမအေနအထားႏွင့္ သတင္းအခ်က္အလက္မ်ား၊ လမ္းပန္းဆက္သြယ္ေရးဆိုင္ရာမ်ား၊ လုံၿခဳံေရးဆိုင္ရာမ်ားကို အခ်င္းခ်င္းေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ထားမွသာလွ်င္ ေအာင္ျမင္မႈမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း ႏွင့္ မိမိတို႔လုပ္သင့္သည္မ်ားကို မွန္မွန္ကန္ကန္ေဆာင္႐ြက္ေနမည္ဆိုပါက မည္သည့္စစ္ဆင္ေရး၊ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားကိုမဆို ေအာင္ျမင္ေရး ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။