ကျန်းမာရေးထိခိုက်စေသည့် အစားအစာ ရောင်းဝယ်မှုများကို ထိန်းချုပ်အရေးယူရာ၌ အားနည်းနေဟုဆို

 272

Pearl(NSS) - June 2
ကျန်းမာရေးထိခိုက်စေသည့် အစားအစာ ရောင်းဝယ်မှုများကိုထိန်းချုပ်အရေးယူရာ၌ အားနည်းနေကြောင်း ဆရာဝန်ကြီးတစ်ဦးက NP News သို့ မှတ်ချက်ပြုပြောကြားသည်။
လက်ရှိတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းသည် များပြားလာသည်ကိုတွေ့ရပြီး မည်သည့် အစားအစာ မည်သည့် အကြောင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်သည်ကို အတည်မပြုနိုင်သော်လည်း လူငယ်များစားသုံးနေသည့် အကင် များတွင်ပါဝင်သည့် ဓာတ်အချို့ကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိကြောင်း ၎င်းကပြောသည်။
“အရင်တုန်းက ကင်ဆာတွေ ဘာလို့ အဖြစ်နည်းလဲဆိုရင် လတ်လတ်ဆတ်ဆတ်တွေစားတယ်။ ပိုးသတ် ဆေးမဖျန်းတာတွေ စိုက်ပျိုးပြီး စားကြတယ်။ အခုနောက်ပိုင်းမှာ လူတွေက Ready Made အစားအသောက် စားတာတွေ ပိုပြီးခေတ်စားလာတယ်။ အစားအစာတွေစားတဲ့ပုံစံတွေ ချိန်းလာ တဲ့အတွက် ကင်ဆာတွေ ပိုဖြစ်လာတယ်လို့မြင် တယ်” ဟု ၎င်းကဆိုသည်။
ထိုသို့ ကျန်းမာရေးထိခိုက်နိုင်သည့် အကင်များ ရောင်းဝယ်မှုများ အရေးယူခြင်းကို FDA ဌာနတစ်ခုတည်း မဟုတ်ဘဲ အခြားဌာနဆိုင်ရာများ နှင့်ပါ ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းဘေးမှာရောင်းနေတဲ့ ဈေးသည်တွေ၊ အကင်တွေအတွက် ကျွန်တော်တို့ဥပဒေမှာ ထပ်ထည့်ရမှာ တွေရှိ တယ်ပေါ့၊ အရေးယူတဲ့နေရာမှာ ထိန်းချုပ်တဲ့နေရာမှာ အားနည်းချက်လေးတွေရှိတယ်။ ဌာနပေါင်းစုံပါတဲ့ ကွန်ရက်နဲ့ သွားတာဖြစ်တဲ့အတွက် Link ချိတ်ဆက်မှု အားနည်းတာကနေတစ်ဆင့် စည်ပင်တို့ ကျန်းမာ‌ရေးဥပဒေတို့ဘာတို့နဲ့ အရေးယူ ရမှာ‌ပေါ့နော်။ FDA က တကယ့် အရေးယူပါဆိုတာက ထုပ်ပိုးထားတဲ့မုန့်တွေနဲ့ ဆိုင်နေတယ်ပေါ့နော်။ အဲဒါတွေရဲ့ ကျန်းမာရေး ထိခိုက်မှုမရှိဘူးလားဆို တော့လည်း မဟုတ်ဘူး။ အဲဒါထက်စာရင် အပြင်စာ တွေက ပိုဆိုးနေ တယ်။ FDA နဲ့ဆိုင်တော့ဆိုင်တယ်။ ဥပဒေနဲ့ အရေးယူဖို့ကျတော့အခြားဌာနတွေနဲ့ ချိတ်ဆက်လုပ်ရမှာတွေရှိတယ်။ နောက်တစ်ခုက ဓာတ်ခွဲခန်းတွေရဲ့အားနည်းချက်ပေါ့။ ဒါကြီးကို ချက်ချင်းအရေးယူလို့မရဘူး။ စစ်ရသေးတယ်။ စစ်တဲ့ အချိန် ဓာတ်ခွဲခန်းတွေ ချက်ချင်းအဖြေထုတ် နိုင်တဲ့ဟာတွေရှိရင်တော့ ကောင်းတာပေါ့။ အဲဒီလို ဟာလေးတွေမှာ ကျွန်တော်တို့ မှာ အားနည်းချက်တွေ ရှိနေတုန်းပဲ” ဟု အထက်ပါ ဆရာဝန်က ဆက်လက် ပြောသည်။
ထိုသို့ ကျန်းမာရေးထိခိုက်စေသည့် အစား အစာများကို သက်ဆိုင်ရာဌာနများက အရေးယူ ဆောင်ရွက်ခြင်းသည် ဆေးမြီးတိုသာဖြစ်ပြီး ရောင်းချသူများနှင့် စားသုံးသူများကိုယ်တိုင် ကျန်းမာရေးအသိဖြင့် ရှောင်ကြဉ်မှသာ အမြစ်ပြတ် နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။

Zawgyi Version:
က်န္းမာေရးထိခိုက္ေစသည့္ အစားအစာ ေရာင္းဝယ္မႈမ်ားကို ထိန္းခ်ဳပ္အေရးယူရာ၌ အားနည္းေနဟုဆို
Pearl(NSS) - June 2
က်န္းမာေရးထိခိုက္ေစသည့္ အစားအစာ ေရာင္းဝယ္မႈမ်ားကိုထိန္းခ်ဳပ္အေရးယူရာ၌ အားနည္းေနေၾကာင္း ဆရာဝန္ႀကီးတစ္ဦးက NP News သို႔ မွတ္ခ်က္ျပဳေျပာၾကားသည္။
လက္ရွိတြင္ ကင္ဆာေရာဂါျဖစ္ပြားႏႈန္းသည္ မ်ားျပားလာသည္ကိုေတြ႕ရၿပီး မည္သည့္ အစားအစာ မည္သည့္ အေၾကာင္းေၾကာင့္ ကင္ဆာေရာဂါျဖစ္ပြားႏိုင္သည္ကို အတည္မျပဳႏိုင္ေသာ္လည္း လူငယ္မ်ားစားသုံးေနသည့္ အကင္ မ်ားတြင္ပါဝင္သည့္ ဓာတ္အခ်ိဳ႕ေၾကာင့္ အစာအိမ္ကင္ဆာျဖစ္ပြားႏိုင္ေျခရွိေၾကာင္း ၎ကေျပာသည္။
“အရင္တုန္းက ကင္ဆာေတြ ဘာလို႔ အျဖစ္နည္းလဲဆိုရင္ လတ္လတ္ဆတ္ဆတ္ေတြစားတယ္။ ပိုးသတ္ ေဆးမဖ်န္းတာေတြ စိုက္ပ်ိဳးၿပီး စားၾကတယ္။ အခုေနာက္ပိုင္းမွာ လူေတြက Ready Made အစားအေသာက္ စားတာေတြ ပိုၿပီးေခတ္စားလာတယ္။ အစားအစာေတြစားတဲ့ပုံစံေတြ ခ်ိန္းလာ တဲ့အတြက္ ကင္ဆာေတြ ပိုျဖစ္လာတယ္လို႔ျမင္ တယ္” ဟု ၎ကဆိုသည္။
ထိုသို႔ က်န္းမာေရးထိခိုက္ႏိုင္သည့္ အကင္မ်ား ေရာင္းဝယ္မႈမ်ား အေရးယူျခင္းကို FDA ဌာနတစ္ခုတည္း မဟုတ္ဘဲ အျခားဌာနဆိုင္ရာမ်ား ႏွင့္ပါ ခ်ိတ္ဆက္ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းေဘးမွာေရာင္းေနတဲ့ ေဈးသည္ေတြ၊ အကင္ေတြအတြက္ ကြၽန္ေတာ္တို႔ဥပေဒမွာ ထပ္ထည့္ရမွာ ေတြရွိ တယ္ေပါ့၊ အေရးယူတဲ့ေနရာမွာ ထိန္းခ်ဳပ္တဲ့ေနရာမွာ အားနည္းခ်က္ေလးေတြရွိတယ္။ ဌာနေပါင္းစုံပါတဲ့ ကြန္ရက္နဲ႔ သြားတာျဖစ္တဲ့အတြက္ Link ခ်ိတ္ဆက္မႈ အားနည္းတာကေနတစ္ဆင့္ စည္ပင္တို႔ က်န္းမာ‌ေရးဥပေဒတို႔ဘာတို႔နဲ႔ အေရးယူ ရမွာ‌ေပါ့ေနာ္။ FDA က တကယ့္ အေရးယူပါဆိုတာက ထုပ္ပိုးထားတဲ့မုန႔္ေတြနဲ႔ ဆိုင္ေနတယ္ေပါ့ေနာ္။ အဲဒါေတြရဲ႕ က်န္းမာေရး ထိခိုက္မႈမရွိဘူးလားဆို ေတာ့လည္း မဟုတ္ဘူး။ အဲဒါထက္စာရင္ အျပင္စာ ေတြက ပိုဆိုးေန တယ္။ FDA နဲ႔ဆိုင္ေတာ့ဆိုင္တယ္။ ဥပေဒနဲ႔ အေရးယူဖို႔က်ေတာ့အျခားဌာနေတြနဲ႔ ခ်ိတ္ဆက္လုပ္ရမွာေတြရွိတယ္။ ေနာက္တစ္ခုက ဓာတ္ခြဲခန္းေတြရဲ႕အားနည္းခ်က္ေပါ့။ ဒါႀကီးကို ခ်က္ခ်င္းအေရးယူလို႔မရဘူး။ စစ္ရေသးတယ္။ စစ္တဲ့ အခ်ိန္ ဓာတ္ခြဲခန္းေတြ ခ်က္ခ်င္းအေျဖထုတ္ ႏိုင္တဲ့ဟာေတြရွိရင္ေတာ့ ေကာင္းတာေပါ့။ အဲဒီလို ဟာေလးေတြမွာ ကြၽန္ေတာ္တို႔ မွာ အားနည္းခ်က္ေတြ ရွိေနတုန္းပဲ” ဟု အထက္ပါ ဆရာဝန္က ဆက္လက္ ေျပာသည္။
ထိုသို႔ က်န္းမာေရးထိခိုက္ေစသည့္ အစား အစာမ်ားကို သက္ဆိုင္ရာဌာနမ်ားက အေရးယူ ေဆာင္႐ြက္ျခင္းသည္ ေဆးၿမီးတိုသာျဖစ္ၿပီး ေရာင္းခ်သူမ်ားႏွင့္ စားသုံးသူမ်ားကိုယ္တိုင္ က်န္းမာေရးအသိျဖင့္ ေရွာင္ၾကဥ္မွသာ အျမစ္ျပတ္ ႏိုင္မည္ ျဖစ္ေၾကာင္းလည္း ၎က သုံးသပ္ထားသည္။

Related news

© 2021. All rights reserved.