လက်ခံနိုင်လောက်တဲ့ နျူကလီးယားသဘောတူညီမှုအဆိုပြုချက်ကို အီရန်ထံပေးပိုခဲ့တယ်လို့ အမေရိကန် ပြော

 307

Pika (NP News) - ဇွန် ၃

အမေရိကန်နိုင်ငံဟာ လက်ခံဖို့သင့်တော်တဲ့ နျူကလီးယားသဘောတူညီချက်အတွက် အဆိုပြုချက်တစ်ခုကို အီရန်ထံပေးပို့ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် အဲဒီအဆိုပြုချက်ဟာ အီရန်ရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက် လက်ခံဖို့သင့်တော်တဲ့ အဆိုပြုချက်တစ်ခုဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်အစိုးရဟာ ယူရေနီယမ်သန့်စင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာ ရေးသားဖော်ပြခဲ့ပြီးနောက် အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တီဟီရန်မြို့ကို အိုမန်နိုင်ငံခြား ရေးဝန်ကြီး လာရောက်လည်ပတ်စဉ်အချိန်အတွင်း အမေရိကန်အဆိုပြုချက်ရဲ့ အစိတ်အပိုင်းတွေကို တင်ပြခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီကပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက"အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ အီရန်အစိုးရကို အသေးစိတ်အချက်အလက်တွေနဲ့ လက်ခံနိုင်တဲ့ အဆိုပြုချက်တစ်ခုကို ပေးပို့ခဲ့ပါတယ်။အဲ့ဒီအဆိုပြုချက်ဟာ အီရန်ရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက် လက်ခံဖို့ သင့်တော်တဲ့အဆိုပြုချက်တစ်ခုပဲဖြစ်ပါတယ်။”လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီအဆိုပြုချက်ထဲမှာ ယူရေနီယမ်သန့်စင်မှုတွေအားလုံးကို ရပ်တန့်ဖို့ အီရန်ကိုတောင်းဆိုထားပြီး အီရန်၊ ဆော်ဒီအာရေးဗျနဲ့ အခြားအာရပ်နိုင်ငံတွေအပြင် အမေရိကန်နိုင်ငံပါဝင်တဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်ဖို့ ဒေသတွင်းအဖွဲ့တစ်ခုကိုဖန်တီးဖို့ အဆိုပြုချက်လည်းပါဝင်တယ်လို့ သိရပါတယ်။

zawgyi version
လက္ခံႏိုင္ေလာက္တဲ့ န်ဴကလီးယားသေဘာတူညီမႈအဆိုျပဳခ်က္ကို အီရန္ထံေပးပိုခဲ့တယ္လို႔ အေမရိကန္ ေျပာ
Pika (NP News) - ဇြန္ ၃

အေမရိကန္ႏိုင္ငံဟာ လက္ခံဖို႔သင့္ေတာ္တဲ့ န်ဴကလီးယားသေဘာတူညီခ်က္အတြက္ အဆိုျပဳခ်က္တစ္ခုကို အီရန္ထံေပးပို႔ခဲ့တယ္လို႔ အေမရိကန္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒါ့ျပင္ အဲဒီအဆိုျပဳခ်က္ဟာ အီရန္ရဲ႕အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ လက္ခံဖို႔သင့္ေတာ္တဲ့ အဆိုျပဳခ်က္တစ္ခုျဖစ္တယ္လို႔ အေမရိကန္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ အီရန္အစိုးရဟာ ယူေရနီယမ္သန႔္စင္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ ကုလသမဂၢအစီရင္ခံစာတစ္ေစာင္မွာ ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ အေမရိကန္ရဲ႕ လုပ္ေဆာင္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ တီဟီရန္ၿမိဳ႕ကို အိုမန္ႏိုင္ငံျခား ေရးဝန္ႀကီး လာေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အေမရိကန္အဆိုျပဳခ်က္ရဲ႕ အစိတ္အပိုင္းေတြကို တင္ျပခဲ့တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီကေျပာၾကားခဲ့ပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက"အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ အီရန္အစိုးရကို အေသးစိတ္အခ်က္အလက္ေတြနဲ႔ လက္ခံႏိုင္တဲ့ အဆိုျပဳခ်က္တစ္ခုကို ေပးပို႔ခဲ့ပါတယ္။အဲ့ဒီအဆိုျပဳခ်က္ဟာ အီရန္ရဲ႕အေကာင္းဆုံးအက်ိဳးစီးပြားအတြက္ လက္ခံဖို႔ သင့္ေတာ္တဲ့အဆိုျပဳခ်က္တစ္ခုပဲျဖစ္ပါတယ္။”လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အဲဒီအဆိုျပဳခ်က္ထဲမွာ ယူေရနီယမ္သန႔္စင္မႈေတြအားလုံးကို ရပ္တန႔္ဖို႔ အီရန္ကိုေတာင္းဆိုထားၿပီး အီရန္၊ ေဆာ္ဒီအာေရးဗ်နဲ႔ အျခားအာရပ္ႏိုင္ငံေတြအျပင္ အေမရိကန္ႏိုင္ငံပါဝင္တဲ့ န်ဴကလီးယားစြမ္းအင္ထုတ္လုပ္ဖို႔ ေဒသတြင္းအဖြဲ႕တစ္ခုကိုဖန္တီးဖို႔ အဆိုျပဳခ်က္လည္းပါဝင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.