ဂျပန်နိုင်ငံမှာ ဝေဟင်မှ လည်ပတ်ကြည့်ရှုနိုင်မယ့် ကားပျံခရီးစဉ်များ ၂၀၂၈ ခုနှစ်မှာ စတင်ဖို့ ရည်မှန်း

 375

ရောင်နီ (NP News) - စက်တင်ဘာ ၁
ဂျပန်နိုင်ငံမှာ JR East လို့ လူသိများတဲ့ East Japan မီးရထားကုမ္ပဏီဟာ ၂၀၂၈ ခုနှစ်၊ ဘဏ္ဍာနှစ်မှာ အီဝါတေး စီရင်စုအတွင်း လှည်လည်ပျံသန်းနိုင်မယ့် ကားပျံတွေ စီးပွားဖြစ်ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားပြီး လည်ပတ် ကြည့်ရှုခြင်း ခရီးစဉ်တွေအတွက် အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် ကုမ္ပဏီအနေနဲ့ အခြားဒေသတွေကိုလည်း ကားပျံဝန်ဆောင်မှု တိုးချဲ့ဖို့ စဉ်းစားနေတယ်လို့ သြဂုတ် ၂၉ ရက်က ပြောကြားခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ခုနှစ် နွေဦးရာသီမှာတော့ အီဝါတေး စီရင်စုရှိ Koiwai Farm မှာ ဟိုတယ်တစ်ခု ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အဲဒီကနေ တိုဟိုကုရှင်ကန်ဆန် လိုင်းပေါ်ရှိ မိုရီယိုကာ ဘူတာရုံကို အသွားအပြန် ပျံသန်းမှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါအပြင် ကားပျံနဲ့ ခရီးသွားလုပ်ငန်း အရင်းအမြစ် အသစ်ထူထောင်ဖို့ ရည်ရွယ်ပြီး Koiwai Farm နဲ့ အီဝါတေးတောင်ကို ဝေဟင်မှ လည်ပတ်ကြည့်ရှုနိုင်တဲ့ ခရီးစဉ် တွေ ဖန်တီးပေးဖို့လည်း စီစဉ်ထားပါတယ်။
JR East ဟာ ပြီးခဲ့တဲ့ မေလက ပျံသန်းနိုင်တဲ့ ကားတွေ တီထွင်ဖန်တီးတဲ့ လုပ်ငန်း SkyDrive နဲ့ ပူးပေါင်းခဲ့ ပြီး စီးပွားဖြစ်လည်ပတ်မှုတွေအတွက် လေယာဉ်မှူးတစ်ဦး၊ ခရီးသည်နှစ်ဦး စုစုပေါင်း လူသုံးဦးကို တင်ဆောင်နိုင် တဲ့ SkyDrive လေယာဉ်တွေကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ ေဝဟင္မွ လည္ပတ္ၾကည့္ရႈႏိုင္မယ့္ ကားပ်ံခရီးစဥ္မ်ား ၂၀၂၈ ခုႏွစ္မွာ စတင္ဖို႔ ရည္မွန္း
ေရာင္နီ (NP News) - စက္တင္ဘာ ၁
ဂ်ပန္ႏိုင္ငံမွာ JR East လို႔ လူသိမ်ားတဲ့ East Japan မီးရထားကုမၸဏီဟာ ၂၀၂၈ ခုႏွစ္၊ ဘ႑ာႏွစ္မွာ အီဝါေတး စီရင္စုအတြင္း လွည္လည္ပ်ံသန္းႏိုင္မယ့္ ကားပ်ံေတြ စီးပြားျဖစ္ေျပးဆြဲႏိုင္ဖို႔ ရည္မွန္းထားၿပီး လည္ပတ္ ၾကည့္ရႈျခင္း ခရီးစဥ္ေတြအတြက္ အသုံးျပဳဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
ဒါအျပင္ ကုမၸဏီအေနနဲ႔ အျခားေဒသေတြကိုလည္း ကားပ်ံဝန္ေဆာင္မႈ တိုးခ်ဲ႕ဖို႔ စဥ္းစားေနတယ္လို႔ ၾသဂုတ္ ၂၉ ရက္က ေျပာၾကားခဲ့ပါတယ္။ လာမယ့္ ၂၀၂၆ ခုႏွစ္ ေႏြဦးရာသီမွာေတာ့ အီဝါေတး စီရင္စုရွိ Koiwai Farm မွာ ဟိုတယ္တစ္ခု ဖြင့္လွစ္ဖို႔ စီစဥ္ထားၿပီး အဲဒီကေန တိုဟိုကုရွင္ကန္ဆန္ လိုင္းေပၚရွိ မိုရီယိုကာ ဘူတာ႐ုံကို အသြားအျပန္ ပ်ံသန္းမႈေတြ ျပဳလုပ္ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။ ဒါအျပင္ ကားပ်ံနဲ႔ ခရီးသြားလုပ္ငန္း အရင္းအျမစ္ အသစ္ထူေထာင္ဖို႔ ရည္႐ြယ္ၿပီး Koiwai Farm နဲ႔ အီဝါေတးေတာင္ကို ေဝဟင္မွ လည္ပတ္ၾကည့္ရႈႏိုင္တဲ့ ခရီးစဥ္ ေတြ ဖန္တီးေပးဖို႔လည္း စီစဥ္ထားပါတယ္။
JR East ဟာ ၿပီးခဲ့တဲ့ ေမလက ပ်ံသန္းႏိုင္တဲ့ ကားေတြ တီထြင္ဖန္တီးတဲ့ လုပ္ငန္း SkyDrive နဲ႔ ပူးေပါင္းခဲ့ ၿပီး စီးပြားျဖစ္လည္ပတ္မႈေတြအတြက္ ေလယာဥ္မႉးတစ္ဦး၊ ခရီးသည္ႏွစ္ဦး စုစုေပါင္း လူသုံးဦးကို တင္ေဆာင္ႏိုင္ တဲ့ SkyDrive ေလယာဥ္ေတြကို အသုံးျပဳဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.