ရန်ကုန်နည်းပညာတက္ကသိုလ် ကို အဆင့်မြင့်စေမည့် MOU ကို ရုရှားနိုင်ငံမှ Rosatom Technical Academy လက်မှတ်ရေးထိုး

 206

ပီယ (NP News) - စက်တင်ဘာ ၂၇
ရုရှားနိုင်ငံ မှ Rosatom Technical Academy နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကာ ယင်း စာချုပ်အရ ရန်ကုန် နည်းပညာတက္ကသိုလ်အနေဖြင့် အဆင့်မြင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် -၂၀၂၅ (World Atomic Week Forum-2025) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ရာ ယင်းဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်အရ နျူကလီးယား သိပ္ပံ၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သင်ရိုး ညွှန်းတမ်းများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အပြည်ပြည်ဆိုင်ရာစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန် နည်းပညာတက္ကသိုလ်နဲ့ ROSATOM Technical Academy နဲ့ အကြားမှာ ဒီလိုမျိုး နားလည်မှုစာချွန်လွှာတွေ ရေးထိုးပြီးတဲ့နောက်မှာ ပထမအနေနဲ့ ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန်စေလွှတ်တာတွေ၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ဖလှယ်တာတွေ၊ သုတေသနနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြီးတော့ ယဉ်ကျေးမှုချင်းဖလှယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလက်ရှိမှာလည်း မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ROSATOM ရဲ့အကူအညီနဲ့ ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတာ တွေရှိပါတယ်။ နျူကလီးယား စွမ်းအင်နဲ့ပတ်သက်ရင် ရုရှားက ကမ္ဘာမှာ ပထမဆုံး Pioneer ဖြစ်တယ်။ ဒီအဏုမြူစွမ်းအင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီက ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ဒီလိုမျိုး တက္ကသိုလ်တွေကနေ ပညာသင်ယူလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ HR ကဏ္ဍ၊ သုတေသနကဏ္ဍအပြင် နျူကလီးယားစွမ်းအင်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေအတွက်ပါ အောင်မြင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်မှာဖြစ်ပါတယ်” ဟု Naypyidaw State Poly-technic University မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာစိုးလွင်အောင်က ပြောကြားထားသည်။
လက်မှတ်ထိုးခဲ့ရာ ဖိုရမ်သည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် စိတ်ဝင်စားကြသည့် နိုင်ငံများ စုဝေးကြသည့် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုလည်း ဖြစ်ပြီး ဖိုရမ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပညာရှင်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ နျူကလီးယားစွမ်းအင်နှင့် သိပ္ပံနည်းပညာစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာများတွင် အနာဂတ်တွင် မည့်သို့သက်ရောက်မှု ရှိနိုင်သည့် အခြေအနေဆိုင်ရာများကို ဆွေးနွေးလျက်ရှိသည်။ အဆိုပါဖိုရမ်တွင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ နားလည်မှုဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးပွဲများပါရှိပြီး စွမ်းအင်ထုတ်လုပ်မှု ဆိုင်ရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများ လေ့လာကြည့်ရှုနိုင်ရန် ပြခန်းများအား သက်ဆိုင်ရာနိုင်ငံများအလိုက် ခင်းကျင်းပြသထားကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္နည္းပညာတကၠသိုလ္ ကို အဆင့္ျမင့္ေစမည့္ MOU ကို ႐ုရွားႏိုင္ငံမွ Rosatom Technical Academy လက္မွတ္ေရးထိုး
ပီယ (NP News) - စက္တင္ဘာ ၂၇
႐ုရွားႏိုင္ငံ မွ Rosatom Technical Academy ႏွင့္ ရန္ကုန္ နည္းပညာတကၠသိုလ္တို႔အၾကား ပူးေပါင္း ေဆာင္႐ြက္မႈဆိုင္ရာသေဘာတူစာခ်ဳပ္ (MOU) လက္မွတ္ေရးထိုးခဲ့ကာ ယင္း စာခ်ဳပ္အရ ရန္ကုန္ နည္းပညာတကၠသိုလ္အေနျဖင့္ အဆင့္ျမင့္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
ကမာၻ႔အဏုျမဴသီတင္းပတ္ဖိုရမ္ -၂၀၂၅ (World Atomic Week Forum-2025) ဖြင့္ပြဲအခမ္းအနားကို စက္တင္ဘာ ၂၅ ရက္က ျပဳလုပ္ရာ ယင္းဖိုရမ္တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါစာခ်ဳပ္အရ န်ဴကလီးယား သိပၸံ၊ နည္းပညာ၊ သုေတသနႏွင့္ လူ႔စြမ္းအား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမ်ားတိုးျမႇင့္ေရး၊ သင္႐ိုး ၫႊန္းတမ္းမ်ား ဖလွယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားအျပင္ အျပည္ျပည္ဆိုင္ရာစီမံကိန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ျခင္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ရန္ကုန္ နည္းပညာတကၠသိုလ္နဲ႔ ROSATOM Technical Academy နဲ႔ အၾကားမွာ ဒီလိုမ်ိဳး နားလည္မႈစာခြၽန္လႊာေတြ ေရးထိုးၿပီးတဲ့ေနာက္မွာ ပထမအေနနဲ႔ ေက်ာင္းသား ေက်ာင္းသူအခ်င္းခ်င္း အျပန္အလွန္ေစလႊတ္တာေတြ၊ သင္ၾကားေရးနဲ႔ပတ္သက္တဲ့ ဆရာ၊ ဆရာမေတြ ဖလွယ္တာေတြ၊ သုေတသနနဲ႔ပတ္သက္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ၊ ၿပီးေတာ့ ယဥ္ေက်းမႈခ်င္းဖလွယ္တဲ့လုပ္ငန္းေတြ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ အခုလက္ရွိမွာလည္း ျမန္မာႏိုင္ငံက ေစလႊတ္ထားတဲ့ ေက်ာင္းသားေတြအေနနဲ႔ ROSATOM ရဲ႕အကူအညီနဲ႔ ႐ုရွားႏိုင္ငံတကၠသိုလ္ေတြမွာ ပညာသင္ယူေနၾကတာ ေတြရွိပါတယ္။ န်ဴကလီးယား စြမ္းအင္နဲ႔ပတ္သက္ရင္ ႐ုရွားက ကမာၻမွာ ပထမဆုံး Pioneer ျဖစ္တယ္။ ဒီအဏုျမဴစြမ္းအင္နဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီက ေက်ာင္းသား ေက်ာင္းသူေတြ၊ ဆရာ ဆရာမေတြ ဒီလိုမ်ိဳး တကၠသိုလ္ေတြကေန ပညာသင္ယူေလ့လာခြင့္ရတယ္ဆိုတာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ HR က႑၊ သုေတသနက႑အျပင္ န်ဴကလီးယားစြမ္းအင္နဲ႔ပတ္သက္တဲ့ စီမံကိန္းေတြအတြက္ပါ ေအာင္ျမင္တဲ့ အခြင့္အလမ္းေတြ အမ်ားႀကီး ရရွိလာႏိုင္မွာျဖစ္ပါတယ္” ဟု Naypyidaw State Poly-technic University မွ တာဝန္ရွိသူ တစ္ဦးျဖစ္သည့္ ေဒါက္တာစိုးလြင္ေအာင္က ေျပာၾကားထားသည္။
လက္မွတ္ထိုးခဲ့ရာ ဖိုရမ္သည္ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာ အသုံးျပဳရန္ စိတ္ဝင္စားၾကသည့္ ႏိုင္ငံမ်ား စုေဝးၾကသည့္ အႀကီးမားဆုံးေသာ အျပည္ျပည္ဆိုင္ရာ အစည္းအေဝးတစ္ခုလည္း ျဖစ္ၿပီး ဖိုရမ္တြင္ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္မွ ပညာရွင္မ်ား၊ သတင္းမီဒီယာမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကရာ န်ဴကလီးယားစြမ္းအင္ႏွင့္ သိပၸံနည္းပညာစြမ္းအင္က႑၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ က်န္းမာေရးက႑ဆိုင္ရာမ်ားတြင္ အနာဂတ္တြင္ မည့္သို႔သက္ေရာက္မႈ ရွိႏိုင္သည့္ အေျခအေနဆိုင္ရာမ်ားကို ေဆြးေႏြးလ်က္ရွိသည္။ အဆိုပါဖိုရမ္တြင္ စားပြဲဝိုင္းေဆြးေႏြးပြဲမ်ား၊ နားလည္မႈဆိုင္ရာ စာခြၽန္လႊာလက္မွတ္ေရးထိုးပြဲမ်ားပါရွိၿပီး စြမ္းအင္ထုတ္လုပ္မႈ ဆိုင္ရာမ်ားႏွင့္ပတ္သက္၍ တက္ေရာက္လာသူမ်ား ေလ့လာၾကည့္ရႈႏိုင္ရန္ ျပခန္းမ်ားအား သက္ဆိုင္ရာႏိုင္ငံမ်ားအလိုက္ ခင္းက်င္းျပသထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.