လူသားစွမ်းရည်ထက် အဆပေါင်းများစွာ သာလွန်သည့် စူပါဉာဏ်ရည်တုတွေ လာနေပြီ . . .

380

Htay Oung (NP News) - အောက်တိုဘာ ၂၁
“မက်တာပလက်ဖောင်း အင်ကော်ပိုရိတ်တက်” Meta Platforms, Inc ဆိုတာ ကျွန်တော်တို့ စွဲလမ်းစွာ အများဆုံးအသုံးပြုနေတဲ့ Facebook, Instagram, WhatsApp, Messenger နဲ့ Threads အပါ အဝင် ထင်ရှားတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုအတော်များ များကိုပိုင် ဆိုင်လည်ပတ်နေတဲ့ နိုင်ငံစုံနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာအခြေစိုက်တဲ့ မက်တာဟာ သူရဲ့ “စူပါဉာဏ် ရည်တုသုတေသနဌာန” အသစ်ကို ဦးဆောင်ဖို့အတွက် Scale AI ကုမ္ပဏီကိုတည်ထောင်ခဲ့သူ အသက် (၂၈)နှစ်အရွယ် “အလက်ဇန္ဒြားဝမ်” Alexander Wang ကို ငှားရမ်းလိုက်တယ်လို့ “ဖန်နစ် ရှယ်အိတ်စ် ပရက်” (8 October 2025) အပါအဝင် နိုင်ငံတကာမီဒီယာတွေက အလုအယက်ဖော်ပြနေကြပါတယ်။
ဒီလုပ်ရပ်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ ဉာဏ်ရည်တုနည်းပညာပြိုင်ပွဲမှာ မက်တာကုမ္ပဏီကို ရှေ့တန်းအရောက် တွန်းပို့ပေးဖို့ “မာ့ခ်ဇူကာဘတ်” ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ယခုနှစ် စောစောပိုင်းကတည်းက မက်တာဟာ အလက်ဇန္ဒြား ဝမ်ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ ဒေါ်လာ (၁၄.၃) ဘီလျံခန့်ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခု သူ့ကုမ္ပဏီ ဉာဏ်ရည်တုနည်းပညာသုတေသနဌာနရဲ့ CEO အမှု ဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ကျွန်တော်တို့တွေက AI ဆိုတာကို စက်ရုပ် Robot လို့ထင်မှတ်သူလည်းရှိပြီး ဟောလိဝုဒ် ရုပ်ရှင် “တာမင်နေးတား”ထဲက အာနိုးလို Cyborg လို့လည်းမှတ်ယူနေကြပါတယ်။ တကယ်တော့ AI ဟာ Robot မဟုတ် Cyborg လည်းမဟုတ်ပါဘူး။ အတိုချုပ်ရှင်းပြရရင်တော့ AI (Artificial Intelligence) ဆိုတာ လူ့ဦးနှောက်ဉာဏ်ရည်ကို တုပထားတဲ့ ဆော့ဖ်ဝဲနည်းပညာဖြစ်ပြီး စဉ်းစားတွေးခေါ်၊ သင်ယူ၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းရှိအောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။
Cyborg (Cybernetics Organism) ဆိုတာ လူသား(သို့) သက်ရှိတစ်စိတ်တစ်ပိုင်းကို စက် ယန္တရားတွေနဲ့ ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ပါတယ်။ (ဥပမာ ဟောလိဝုဒ်ရုပ်ရှင်များမှ စက်လက် မောင်းတပ်ထားသူ)။ Robot ဆိုတာ ရုပ်ဝတ္ထုကိုယ်ထည်ရှိပြီး AI ကထိန်းချုပ်နိုင်တဲ့ စက်တစ်မျိုးဖြစ်ပါ တယ်။
AI = ဦးနှောက်/ဉာဏ်ရည် (ဆော့ဖ်ဝဲ)
Robot = ရုပ်ဝတ္ထုကိုယ်ထည် (ဟာ့ဒ်ဝဲ) + ဗှု
Cyborg = လူသား + စက်ပစ္စည်းများ
ဒါကြောင့် AI ကိုRobot စက်ရုပ် သို့မဟုတ် Cyborg လို့ထင်မှတ်ထာတွေဟာ မှားယွင်း နေပါတယ်။ AI ဟာ သီးသန့်ဉာဏ်ရည်နည်းပညာတစ်ခုသာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ AI တို့မှာ စွမ်းဆောင်ရည်အလိုက် ယေဘူယျအားဖြင့် အဆင့်အတန်း(၃)မျိုးရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။
အဆင့်(၁) Artificial Narrow Intelligence (ANI)
တစ်ခုတည်း သို့မဟုတ် ရည်ရွယ်သတ်မှတ်ထားတဲ့အလုပ်တစ်မျိုးတည်းသာလုပ်နိုင်ပါတယ်။ လူသားတို့ရဲ့Óဏ်ရည်တစ်စိတ်တစ်ပိုင်းကို တုပထားပြီး မေးခွန်းတွေ တုံ့ပြန်ဖြေဆိုခြင်း၊ ဓာတ်ပုံ-ရုပ်ပုံ တွေ ဖန်တီးပေးခြင်း၊ ဘာသာပြန်ခြင်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
အဆင့် (၂) Artificial General Intelligence (AGI) လူသားတို့ရဲ့ ဉာဏ်ရည်အားလုံးကို တုပ ထားပြီး ဉာဏ်စွမ်းအသုံးပြုရတဲ့ ဘယ်လိုအလုပ်မျိုးမဆို လုပ်ဆောင်နိုင်ပါတယ်။ လောလောဆယ်သုတေ သနပြုဆဲအဆင့်မှာသာရှိသေးပြီး တချို့ကလည်း AGI အောင်မြင်လေဟန် အယောင်ဆောင်နေကြပါ တယ်။ လူ့ဉာဏ်ရည်မှာ အစွမ်းအစအမျိုးမျိုးရှိတာကြောင့် အဲဒါအားလုံးကို တုပနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒါပေမဲ့ လုံးဝမဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘဲ မဝေးတဲ့တစ်နေ့မှာ ဖြစ်လာနိုင်ပါတယ်။
အဆင့်(၃) Artificial Super intelligence(ASI)
လူသားတို့ရဲ့ ဉာဏ်ရည်စုစုပေါင်းအားလုံးတို့ထက် သာလွန်ပြီး အရာရာတိုင်းမှာ လူသားတို့ထက် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ လောလောဆယ် အိပ်မက်အဆင့်သာရှိနေသေးပြီး မက်တာနဲ့ OpenAI တို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။
အဲဒါ အားလုံးလုပ်ဆောင်နိုင်ပြီဆိုရင် အဆင့်(၄) Transformative Artificial Intelligence (TAI) ကို တက်လှမ်းနိုင်ပါလိမ့်မယ်။ အတွေးအမြင်သစ်၊ ချဉ်းကပ်/ဆောင်ရွက်ပုံသစ်တွေနဲ့လူ့အဖွဲ့အစည်းကို အကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့ ဉာဏ်ရည်တုဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နည်း ပညာစနစ် အားလုံးကို ပြန်လည်ပုံဖော်နိုင်ပါတယ်။
လောလောဆယ်မှာတော့ AI တွေဟာ ANI မှ AGI အဆင့်ကို ပြောင်းလဲစပြုနေကြပြီး ကျွန်တော် တို့ လက်ရှိတွေ့မြင်အသုံးပြုနေတဲ့ DeepSeek R-1 , ChatGPT-5, Gemini တို့ဟာ အဲဒီ နှစ်ခုအကြား စပ်ကူးမတ်ကူးအဆင့်လို့ သတ်မှတ်နိုင်ပါတယ်။ စူပါဉာဏ်ရည်တုတွေကတော့ သိပ္ပံ စိတ်ကူးယဉ် အဆင့် မှ လက်တွေ့အကောင်အထည်ဖော်ဖို့ သုတေသနအဆင့်မှာရောက်ရှိနေပြီး အောင်မြင်ကြောင်း အ ထောက်အထားမတွေ့ရှိရသေးပါဘူး။
ယခုအခါ ဝမ်ဟာ လူသားစွမ်းရည်တွေထက် ပိုမိုသာလွန်တဲ့ “စူပါဉာဏ်ရည်တုနည်းပညာ” ကို အဓိကထားရှိတဲ့ မက်တာကုမ္ပဏီရဲ့ ထိပ်တန်း သုတေသနနဲ့ ထုတ်ကုန်အဖွဲ့တွေကို ဦးဆောင်နေပါ တယ်။ ဝမ်ဟာ သုတေသန၊ ထုတ်ကုန်တွေနဲ့ အခြေခံ အဆောက်အအုံတွေအပေါ် အာရုံစူးစိုက်ပြီး ပိုမို အားကောင်းလာစေဖို့အတွက် မက်တာကုမ္ပဏီရဲ့ AI ဌာနကို အဖွဲ့ (၄)ဖွဲ့ခွဲပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
(၁၉၉၇)ခုနှစ် နယူးမက္ကဆီကို ပြည်နယ် တရုတ်လူမျိုး ရူပဗေဒပညာရှင်မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ အလက်ဇန္ဒြားဝမ်ဟာ ငယ်စဉ်ကတည်းက သင်္ချာ နဲ့ကွန်ပျူတာပရိုဂရမ်တွေကို အရူးအမူး ဝါသနာပါခဲ့ပါ တယ်။ မက်ဆာချူးဆက်နည်းပညာ အင်စတီကျုမှာ ပညာသင်ယူနေရာက “Scale AI”ကုမ္ပဏီကိုတည် ထောင်ဖို့ (၂၀၁၆)ခုနှစ်မှာကျောင်းထွက်ခဲ့ပါတယ်။ အဲဒါမတိုင်မီ ကြိမ်နှုန်းမြင့် ဆက်သွယ်ရေးကုမ္ပဏီကြီး တစ်ခုရဲ့ အယ်ဂိုရစ်သမ်စနစ်ဖွံ့ဖြိုးရေးကို အောင်မြင်စွာလုပ်ဆောင်ပေးခဲ့ပါတယ်။ Scale AI ဟာ ဉာဏ် ရည်တုတွေကို လေ့ကျင့်ရေးအတွက် ဒေတာတွေပံ့ပိုး ပေးတဲ့ကုမ္ပဏီဖြစ်ပြီး မက်တာအပြင် ထင်ရှားတဲ့ Nvidia ၊ Amazon တို့လို ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်က တည်းက ဆော့ဖ်ဝဲပရိုဂရမ်ရေးသားခဲ့သူ ဝမ်ဟာ (၂၀၂၁)ခုနှစ်မှာ ရှယ်ယာပိုင်ဆိုင်မှု ဒေါ်လာ (၁)ဘီလျံနဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေး ဖြစ်လာပါတယ်။ (၂၀၂၅)ခုနှစ် ဧပြီလမှာ ဝမ်ဟာ ဒေါ်လာ (၃.၆)ဘီလျံပိုင်ဆိုင်နေပြီလို့ခန့်မှန်းရပါတယ်။
ဝမ်ဟာ အမေရိကန် ကြည်း-ရေ-လေ-မရိန်းနဲ့ အာကာသဆိုင်ရာ လက်နက်ကိုင်တပ်တွေထံမှ ကာကွယ်ရေးဆိုင်ရာစာချုပ်တွေကိုလက်ခံရရှိခဲ့ပါတယ်။ ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ ဒီဂျစ်တယ် ဉာဏ် ရည်တုရုံးချုပ်အတွက် ဘေးကင်းပြီးလုံခြုံစိတ်ချရတဲ့ အကြီးစား ဘာသာစကားမော်ဒယ် ဉာဏ်ရည်တု တွေကို တည်ဆောက်ပေးခဲ့ပါတယ်။
အလက်ဇန္ဒြားဝမ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ (၂၀၂၅)ခုနှစ် ဇန်နဝါရီလ ဒုတိယအကြိမ် သမ္မတရာထူး ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်ရောက်ခွင့်ရရှိခဲ့တဲ့ နည်းပညာအခြေခံတည်ထောင်သူများ၊ အမှုဆောင် အရာရှိချုပ်များအနက် တစ်ဦးဖြစ်ခဲ့ပါတယ်။ တရုတ် နွယ်ဖွားပညာရှင် လူငယ်လေးက “အမေရိကန်ဟာ နည်းပညာစစ်ပွဲမှာအနိုင်ရရမယ်”လို့လည်း သမ္မတ ထရမ့်ထံ စာရေးသားပေးပို့ခဲ့ပါတယ်။ တရုတ် ပုဂ္ဂလိ ကပိုင် DeepSeek ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်တို့အကြား ပြိုင်ဆိုင်မှုတွေ ကို မီးမောင်းထိုးဟောပြောနေပါတယ်။ နိုင်ငံတကာ ဉာဏ်ရည်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဗြိတိန် ဝန်ကြီးချုပ် စတာမာ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ပြင်သစ် သမ္မတ မက်ခွန်တို့အပြင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
မက်တာက Scale AI ရဲ့ ရှယ်ယာ (၄၉%) ကိုဝယ်ယူလိုက်တာဟာ ကုမ္ပဏီမှာ ဒေါ်လာ (၁၄.၃) ဘီလျံ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ Scale AI ရဲ့ဒါရိုက်တာ ဘုတ်အဖွဲ့မှာ မဲပေး ပိုင်ခွင့် မရှိပါဘူး၊ ဝမ်ကို သူ့ကုမ္ပဏီစူပါဉာဏ်ရည်တု ဌာနမှာ အမှုဆောင်အရာရှိချုပ်အဖြစ် ပြောင်းရွှေ့လာ ဖို့ ငှားရမ်းခဲ့တဲ့သဘောပါပဲ။
ဆီလီကွန်တောင်ကြား- အိမ်ဖြူတော်နဲ့ အဆက်အသွယ်ကောင်းရှိနေတဲ့ မက်တာဟာ ကုမ္ပဏီရဲ့ စူပါဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်ရေးကို အိတ်သွန်ဖာမှောက် အားထည့်လုပ်ကိုင်ပြီး အကြီးစား ဘာသာ စကား အခြေပြုမော်ဒယ်တွေ ပိုမိုကောင်းမွန်စေရန်နဲ့ OpenAI ၊ Google တို့ကိုကျော်တက်ရန် ရည်မှန်း လာကြောင်း ပြသနေပါတယ်။
လက်ရှိ AI တို့ဟာ လူသားတို့ရဲ့ ဉာဏ်ရည်အားလုံးကိုမမီသေးပေမယ့် သတင်းအချက်အလက် အမြောက်အမြားကို မိနစ်ပိုင်းအတွင်းဖတ်နိုင် စနစ်တကျသိမ်းဆည်းနိုင်ခြင်း၊ တစ်ချိန်တည်းမှာ မောပန်း အနားယူချိန်မလိုအပ်ဘဲ အလုပ်အမျိုးမျိုးကို ဆောင်ရွက်နိုင်ခြင်း၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာရာမှာ လူသားတို့ထက် ပိုမိုမြန်ဆန်ခြင်း၊ ပုံသေနည်းတွေ၊ စံသတ်မှတ်ချက်တွေကို တိကျစွာလိုက်နာနိုင်ပါ တယ်။ လုံးဝဆန်းသစ်တဲ့စိတ်ကူးတွေကိုဖန်တီးနိုင်ပြီး ရှုပ်ထွေးတဲ့ လူမှုရေးအခြေအနေတွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ စာနာမှု၊ နားလည် လက်ခံမှုတို့ကိုလည်း သိနိုင်နေပြီဖြစ်ပါတယ်။
လူသားတို့ထက် အဲဒီနေရာတွေမှာသာလွန်နေတာကြောင့် စက်ရုံအလုပ်သမားတွေ၊ ကျေးလက် စိုက်ပျိုးရေး၊ ဥပဒေအကြံပေးနဲ့ ဘဏ်လုပ်ငန်း၊ ဖောက်သည်ဝန်ဆောင်မှုတို့မှာ AI ကိုအသုံးချမှုတွင် ကျယ်လာနေပါတယ်။ အမေရိကန် ဟောလိဝုဒ်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့မှာ AI နဲ့ ဖန်တီးထားတဲ့ သရုပ်ဆောင်တွေရှိနေပြီး ကွယ်လွန်ပြီး အနုပညာရှင်တို့ကို အသံ-အရုပ်နဲ့ ပြန်လည်ဖန်တီးနေကြပါ တယ်။
အာဖရိက ဂါနာနိုင်ငံနဲ့ ယူအေအီးတို့မှာ AI ကို အစိုးရဝန်ကြီးအချို့ရဲ့အကြံပေးအဖြစ် အသုံး ပြုနေပါတယ်။ ယူအေအီးရဲ့ ဉာဏ်ရည်တုနည်းပညာ ဝန်ကြီးဌာနမှာ “အိုမာ စူလတန် အေအိုင် အိုလမာ” ဆိုသူ ဝန်ကြီးတစ်ဦးရှိပေမယ့်သူဟာ သက်ရှိလူသားဖြစ်ပါတယ်။ AI နဲ့ အပြည့်အဝအစားထိုးခြင်းမရှိ သေးပါဘူး။ အလားတူ ရောဂါရှာဖွေရေးမှာ အကူအညီပေးနိုင်သည့်တိုင် ဆရာဝန် AWG နေရာမှာ AI နဲ့ အစားမထိုးနိုင်သေးပါဘူ။၊ လူမှုရေးနဲ့ ကျင့်ဝတ်ဆိုင်ရာခံစားချက်တို့ကို AI က အားလုံးမသိနိုင်သေးပါဘူး။

Zawgyi Version:
လူသားစြမ္းရည္ထက္ အဆေပါင္းမ်ားစြာ သာလြန္သည့္ စူပါဉာဏ္ရည္တုေတြ လာေနၿပီ . . .
Htay Oung (NP News) - ေအာက္တိုဘာ ၂၁
“မက္တာပလက္ေဖာင္း အင္ေကာ္ပိုရိတ္တက္” Meta Platforms, Inc ဆိုတာ ကြၽန္ေတာ္တို႔ စြဲလမ္းစြာ အမ်ားဆုံးအသုံးျပဳေနတဲ့ Facebook, Instagram, WhatsApp, Messenger နဲ႔ Threads အပါ အဝင္ ထင္ရွားတဲ့ လူမႈကြန္ရက္ပလက္ေဖာင္းေတြ၊ ဆက္သြယ္ေရးဝန္ေဆာင္မႈအေတာ္မ်ား မ်ားကိုပိုင္ ဆိုင္လည္ပတ္ေနတဲ့ ႏိုင္ငံစုံနည္းပညာကုမၸဏီတစ္ခုျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာအေျခစိုက္တဲ့ မက္တာဟာ သူရဲ႕ “စူပါဉာဏ္ ရည္တုသုေတသနဌာန” အသစ္ကို ဦးေဆာင္ဖို႔အတြက္ Scale AI ကုမၸဏီကိုတည္ေထာင္ခဲ့သူ အသက္ (၂၈)ႏွစ္အ႐ြယ္ “အလက္ဇျႏၵားဝမ္” Alexander Wang ကို ငွားရမ္းလိုက္တယ္လို႔ “ဖန္နစ္ ရွယ္အိတ္စ္ ပရက္” (8 October 2025) အပါအဝင္ ႏိုင္ငံတကာမီဒီယာေတြက အလုအယက္ေဖာ္ျပေနၾကပါတယ္။
ဒီလုပ္ရပ္ဟာ ကမာၻ႔ႏိုင္ငံအသီးသီးတို႔ရဲ႕ ဉာဏ္ရည္တုနည္းပညာၿပိဳင္ပြဲမွာ မက္တာကုမၸဏီကို ေရွ႕တန္းအေရာက္ တြန္းပို႔ေပးဖို႔ “မာ့ခ္ဇူကာဘတ္” ရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းပဲျဖစ္ပါတယ္။ ယခုႏွစ္ ေစာေစာပိုင္းကတည္းက မက္တာဟာ အလက္ဇျႏၵား ဝမ္ရဲ႕ စြန႔္ဦးတီထြင္လုပ္ငန္းေတြမွာ ေဒၚလာ (၁၄.၃) ဘီလ်ံခန႔္ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး ယခု သူ႔ကုမၸဏီ ဉာဏ္ရည္တုနည္းပညာသုေတသနဌာနရဲ႕ CEO အမႈ ေဆာင္အရာရွိခ်ဳပ္အျဖစ္ ခန႔္အပ္လိုက္ပါတယ္။
ကြၽန္ေတာ္တို႔ေတြက AI ဆိုတာကို စက္႐ုပ္ Robot လို႔ထင္မွတ္သူလည္းရွိၿပီး ေဟာလိဝုဒ္ ႐ုပ္ရွင္ “တာမင္ေနးတား”ထဲက အာႏိုးလို Cyborg လို႔လည္းမွတ္ယူေနၾကပါတယ္။ တကယ္ေတာ့ AI ဟာ Robot မဟုတ္ Cyborg လည္းမဟုတ္ပါဘူး။ အတိုခ်ဳပ္ရွင္းျပရရင္ေတာ့ AI (Artificial Intelligence) ဆိုတာ လူ႔ဦးေႏွာက္ဉာဏ္ရည္ကို တုပထားတဲ့ ေဆာ့ဖ္ဝဲနည္းပညာျဖစ္ၿပီး စဥ္းစားေတြးေခၚ၊ သင္ယူ၊ ျပႆနာ ေျဖရွင္းႏိုင္စြမ္းရွိေအာင္ ဖန္တီးထားျခင္းျဖစ္ပါတယ္။
Cyborg (Cybernetics Organism) ဆိုတာ လူသား(သို႔) သက္ရွိတစ္စိတ္တစ္ပိုင္းကို စက္ ယႏၲရားေတြနဲ႔ ေပါင္းစပ္အသုံးျပဳထားျခင္းျဖစ္ပါတယ္။ (ဥပမာ ေဟာလိဝုဒ္႐ုပ္ရွင္မ်ားမွ စက္လက္ ေမာင္းတပ္ထားသူ)။ Robot ဆိုတာ ႐ုပ္ဝတၳဳကိုယ္ထည္ရွိၿပီး AI ကထိန္းခ်ဳပ္ႏိုင္တဲ့ စက္တစ္မ်ိဳးျဖစ္ပါ တယ္။
AI = ဦးေႏွာက္/ဉာဏ္ရည္ (ေဆာ့ဖ္ဝဲ)
Robot = ႐ုပ္ဝတၳဳကိုယ္ထည္ (ဟာ့ဒ္ဝဲ) + ဗႈ
Cyborg = လူသား + စက္ပစၥည္းမ်ား
ဒါေၾကာင့္ AI ကိုRobot စက္႐ုပ္ သို႔မဟုတ္ Cyborg လို႔ထင္မွတ္ထာေတြဟာ မွားယြင္း ေနပါတယ္။ AI ဟာ သီးသန႔္ဉာဏ္ရည္နည္းပညာတစ္ခုသာ ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ AI တို႔မွာ စြမ္းေဆာင္ရည္အလိုက္ ေယဘူယ်အားျဖင့္ အဆင့္အတန္း(၃)မ်ိဳးရွိတယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။
အဆင့္(၁) Artificial Narrow Intelligence (ANI)
တစ္ခုတည္း သို႔မဟုတ္ ရည္႐ြယ္သတ္မွတ္ထားတဲ့အလုပ္တစ္မ်ိဳးတည္းသာလုပ္ႏိုင္ပါတယ္။ လူသားတို႔ရဲ႕Óဏ္ရည္တစ္စိတ္တစ္ပိုင္းကို တုပထားၿပီး ေမးခြန္းေတြ တုံ႔ျပန္ေျဖဆိုျခင္း၊ ဓာတ္ပုံ-႐ုပ္ပုံ ေတြ ဖန္တီးေပးျခင္း၊ ဘာသာျပန္ျခင္းေတြကို လုပ္ေဆာင္ေပးႏိုင္ပါတယ္။
အဆင့္ (၂) Artificial General Intelligence (AGI) လူသားတို႔ရဲ႕ ဉာဏ္ရည္အားလုံးကို တုပ ထားၿပီး ဉာဏ္စြမ္းအသုံးျပဳရတဲ့ ဘယ္လိုအလုပ္မ်ိဳးမဆို လုပ္ေဆာင္ႏိုင္ပါတယ္။ ေလာေလာဆယ္သုေတ သနျပဳဆဲအဆင့္မွာသာရွိေသးၿပီး တခ်ိဳ႕ကလည္း AGI ေအာင္ျမင္ေလဟန္ အေယာင္ေဆာင္ေနၾကပါ တယ္။ လူ႔ဉာဏ္ရည္မွာ အစြမ္းအစအမ်ိဳးမ်ိဳးရွိတာေၾကာင့္ အဲဒါအားလုံးကို တုပႏိုင္ဖို႔ဆိုတာ လြယ္ကူတဲ့ ကိစၥမဟုတ္ပါဘူး၊ ဒါေပမဲ့ လုံးဝမျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ဘဲ မေဝးတဲ့တစ္ေန႔မွာ ျဖစ္လာႏိုင္ပါတယ္။
အဆင့္(၃) Artificial Super intelligence(ASI)
လူသားတို႔ရဲ႕ ဉာဏ္ရည္စုစုေပါင္းအားလုံးတို႔ထက္ သာလြန္ၿပီး အရာရာတိုင္းမွာ လူသားတို႔ထက္ ပိုမိုလုပ္ေဆာင္ႏိုင္ပါတယ္။ ေလာေလာဆယ္ အိပ္မက္အဆင့္သာရွိေနေသးၿပီး မက္တာနဲ႔ OpenAI တို႔ရဲ႕ ပန္းတိုင္ျဖစ္ပါတယ္။
အဲဒါ အားလုံးလုပ္ေဆာင္ႏိုင္ၿပီဆိုရင္ အဆင့္(၄) Transformative Artificial Intelligence (TAI) ကို တက္လွမ္းႏိုင္ပါလိမ့္မယ္။ အေတြးအျမင္သစ္၊ ခ်ဥ္းကပ္/ေဆာင္႐ြက္ပုံသစ္ေတြနဲ႔လူ႔အဖြဲ႕အစည္းကို အႀကီးအက်ယ္ေျပာင္းလဲေစႏိုင္တဲ့ ဉာဏ္ရည္တုျဖစ္ပါတယ္။ စီးပြားေရး၊ လူမႈေရး၊ နည္း ပညာစနစ္ အားလုံးကို ျပန္လည္ပုံေဖာ္ႏိုင္ပါတယ္။
ေလာေလာဆယ္မွာေတာ့ AI ေတြဟာ ANI မွ AGI အဆင့္ကို ေျပာင္းလဲစျပဳေနၾကၿပီး ကြၽန္ေတာ္ တို႔ လက္ရွိေတြ႕ျမင္အသုံးျပဳေနတဲ့ DeepSeek R-1 , ChatGPT-5, Gemini တို႔ဟာ အဲဒီ ႏွစ္ခုအၾကား စပ္ကူးမတ္ကူးအဆင့္လို႔ သတ္မွတ္ႏိုင္ပါတယ္။ စူပါဉာဏ္ရည္တုေတြကေတာ့ သိပၸံ စိတ္ကူးယဥ္ အဆင့္ မွ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ သုေတသနအဆင့္မွာေရာက္ရွိေနၿပီး ေအာင္ျမင္ေၾကာင္း အ ေထာက္အထားမေတြ႕ရွိရေသးပါဘူး။
ယခုအခါ ဝမ္ဟာ လူသားစြမ္းရည္ေတြထက္ ပိုမိုသာလြန္တဲ့ “စူပါဉာဏ္ရည္တုနည္းပညာ” ကို အဓိကထားရွိတဲ့ မက္တာကုမၸဏီရဲ႕ ထိပ္တန္း သုေတသနနဲ႔ ထုတ္ကုန္အဖြဲ႕ေတြကို ဦးေဆာင္ေနပါ တယ္။ ဝမ္ဟာ သုေတသန၊ ထုတ္ကုန္ေတြနဲ႔ အေျခခံ အေဆာက္အအုံေတြအေပၚ အာ႐ုံစူးစိုက္ၿပီး ပိုမို အားေကာင္းလာေစဖို႔အတြက္ မက္တာကုမၸဏီရဲ႕ AI ဌာနကို အဖြဲ႕ (၄)ဖြဲ႕ခြဲၿပီး ျပန္လည္ဖြဲ႕စည္းခဲ့ပါတယ္။
(၁၉၉၇)ခုႏွစ္ နယူးမကၠဆီကို ျပည္နယ္ တ႐ုတ္လူမ်ိဳး ႐ူပေဗဒပညာရွင္မိဘႏွစ္ပါးမွ ေမြးဖြားခဲ့သူ အလက္ဇျႏၵားဝမ္ဟာ ငယ္စဥ္ကတည္းက သခ်ၤာ နဲ႔ကြန္ပ်ဴတာပ႐ိုဂရမ္ေတြကို အ႐ူးအမူး ဝါသနာပါခဲ့ပါ တယ္။ မက္ဆာခ်ဴးဆက္နည္းပညာ အင္စတီက်ဳမွာ ပညာသင္ယူေနရာက “Scale AI”ကုမၸဏီကိုတည္ ေထာင္ဖို႔ (၂၀၁၆)ခုႏွစ္မွာေက်ာင္းထြက္ခဲ့ပါတယ္။ အဲဒါမတိုင္မီ ႀကိမ္ႏႈန္းျမင့္ ဆက္သြယ္ေရးကုမၸဏီႀကီး တစ္ခုရဲ႕ အယ္ဂိုရစ္သမ္စနစ္ဖြံ႕ၿဖိဳးေရးကို ေအာင္ျမင္စြာလုပ္ေဆာင္ေပးခဲ့ပါတယ္။ Scale AI ဟာ ဉာဏ္ ရည္တုေတြကို ေလ့က်င့္ေရးအတြက္ ေဒတာေတြပံ့ပိုး ေပးတဲ့ကုမၸဏီျဖစ္ၿပီး မက္တာအျပင္ ထင္ရွားတဲ့ Nvidia ၊ Amazon တို႔လို ကုမၸဏီႀကီးေတြက ရင္းႏွီးျမႇဳပ္ႏွံထားၾကပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္က တည္းက ေဆာ့ဖ္ဝဲပ႐ိုဂရမ္ေရးသားခဲ့သူ ဝမ္ဟာ (၂၀၂၁)ခုႏွစ္မွာ ရွယ္ယာပိုင္ဆိုင္မႈ ေဒၚလာ (၁)ဘီလ်ံနဲ႔ ကမာၻ႔အသက္အငယ္ဆုံး ဘီလ်ံနာသူေဌး ျဖစ္လာပါတယ္။ (၂၀၂၅)ခုႏွစ္ ဧၿပီလမွာ ဝမ္ဟာ ေဒၚလာ (၃.၆)ဘီလ်ံပိုင္ဆိုင္ေနၿပီလို႔ခန႔္မွန္းရပါတယ္။
ဝမ္ဟာ အေမရိကန္ ၾကည္း-ေရ-ေလ-မရိန္းနဲ႔ အာကာသဆိုင္ရာ လက္နက္ကိုင္တပ္ေတြထံမွ ကာကြယ္ေရးဆိုင္ရာစာခ်ဳပ္ေတြကိုလက္ခံရရွိခဲ့ပါတယ္။ ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ဒီဂ်စ္တယ္ ဉာဏ္ ရည္တု႐ုံးခ်ဳပ္အတြက္ ေဘးကင္းၿပီးလုံၿခဳံစိတ္ခ်ရတဲ့ အႀကီးစား ဘာသာစကားေမာ္ဒယ္ ဉာဏ္ရည္တု ေတြကို တည္ေဆာက္ေပးခဲ့ပါတယ္။
အလက္ဇျႏၵားဝမ္ဟာ ေဒၚနယ္ထရမ့္ရဲ႕ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလ ဒုတိယအႀကိမ္ သမၼတရာထူး က်မ္းသစၥာက်ိန္ဆိုပြဲမွာ တက္ေရာက္ခြင့္ရရွိခဲ့တဲ့ နည္းပညာအေျခခံတည္ေထာင္သူမ်ား၊ အမႈေဆာင္ အရာရွိခ်ဳပ္မ်ားအနက္ တစ္ဦးျဖစ္ခဲ့ပါတယ္။ တ႐ုတ္ ႏြယ္ဖြားပညာရွင္ လူငယ္ေလးက “အေမရိကန္ဟာ နည္းပညာစစ္ပြဲမွာအႏိုင္ရရမယ္”လို႔လည္း သမၼတ ထရမ့္ထံ စာေရးသားေပးပို႔ခဲ့ပါတယ္။ တ႐ုတ္ ပုဂၢလိ ကပိုင္ DeepSeek ရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔တ႐ုတ္တို႔အၾကား ၿပိဳင္ဆိုင္မႈေတြ ကို မီးေမာင္းထိုးေဟာေျပာေနပါတယ္။ ႏိုင္ငံတကာ ဉာဏ္ရည္တုဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ စတာမာ၊ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ၊ ျပင္သစ္ သမၼတ မက္ခြန္တို႔အျပင္ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔လည္း ေဆြးေႏြးခဲ့ပါတယ္။
မက္တာက Scale AI ရဲ႕ ရွယ္ယာ (၄၉%) ကိုဝယ္ယူလိုက္တာဟာ ကုမၸဏီမွာ ေဒၚလာ (၁၄.၃) ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံလိုက္ျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ Scale AI ရဲ႕ဒါ႐ိုက္တာ ဘုတ္အဖြဲ႕မွာ မဲေပး ပိုင္ခြင့္ မရွိပါဘူး၊ ဝမ္ကို သူ႔ကုမၸဏီစူပါဉာဏ္ရည္တု ဌာနမွာ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ေျပာင္းေ႐ႊ႕လာ ဖို႔ ငွားရမ္းခဲ့တဲ့သေဘာပါပဲ။
ဆီလီကြန္ေတာင္ၾကား- အိမ္ျဖဴေတာ္နဲ႔ အဆက္အသြယ္ေကာင္းရွိေနတဲ့ မက္တာဟာ ကုမၸဏီရဲ႕ စူပါဉာဏ္ရည္တုဖြံ႕ၿဖိဳးတိုးတက္ေရးကို အိတ္သြန္ဖာေမွာက္ အားထည့္လုပ္ကိုင္ၿပီး အႀကီးစား ဘာသာ စကား အေျချပဳေမာ္ဒယ္ေတြ ပိုမိုေကာင္းမြန္ေစရန္နဲ႔ OpenAI ၊ Google တို႔ကိုေက်ာ္တက္ရန္ ရည္မွန္း လာေၾကာင္း ျပသေနပါတယ္။
လက္ရွိ AI တို႔ဟာ လူသားတို႔ရဲ႕ ဉာဏ္ရည္အားလုံးကိုမမီေသးေပမယ့္ သတင္းအခ်က္အလက္ အေျမာက္အျမားကို မိနစ္ပိုင္းအတြင္းဖတ္ႏိုင္ စနစ္တက်သိမ္းဆည္းႏိုင္ျခင္း၊ တစ္ခ်ိန္တည္းမွာ ေမာပန္း အနားယူခ်ိန္မလိုအပ္ဘဲ အလုပ္အမ်ိဳးမ်ိဳးကို ေဆာင္႐ြက္ႏိုင္ျခင္း၊ အခ်က္အလက္ ခြဲျခမ္းစိတ္ျဖာရာမွာ လူသားတို႔ထက္ ပိုမိုျမန္ဆန္ျခင္း၊ ပုံေသနည္းေတြ၊ စံသတ္မွတ္ခ်က္ေတြကို တိက်စြာလိုက္နာႏိုင္ပါ တယ္။ လုံးဝဆန္းသစ္တဲ့စိတ္ကူးေတြကိုဖန္တီးႏိုင္ၿပီး ရႈပ္ေထြးတဲ့ လူမႈေရးအေျခအေနေတြကိုလည္း ကိုင္တြယ္ႏိုင္ပါတယ္။ စာနာမႈ၊ နားလည္ လက္ခံမႈတို႔ကိုလည္း သိႏိုင္ေနၿပီျဖစ္ပါတယ္။
လူသားတို႔ထက္ အဲဒီေနရာေတြမွာသာလြန္ေနတာေၾကာင့္ စက္႐ုံအလုပ္သမားေတြ၊ ေက်းလက္ စိုက္ပ်ိဳးေရး၊ ဥပေဒအႀကံေပးနဲ႔ ဘဏ္လုပ္ငန္း၊ ေဖာက္သည္ဝန္ေဆာင္မႈတို႔မွာ AI ကိုအသုံးခ်မႈတြင္ က်ယ္လာေနပါတယ္။ အေမရိကန္ ေဟာလိဝုဒ္၊ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တို႔မွာ AI နဲ႔ ဖန္တီးထားတဲ့ သ႐ုပ္ေဆာင္ေတြရွိေနၿပီး ကြယ္လြန္ၿပီး အႏုပညာရွင္တို႔ကို အသံ-အ႐ုပ္နဲ႔ ျပန္လည္ဖန္တီးေနၾကပါ တယ္။
အာဖရိက ဂါနာႏိုင္ငံနဲ႔ ယူေအအီးတို႔မွာ AI ကို အစိုးရဝန္ႀကီးအခ်ိဳ႕ရဲ႕အႀကံေပးအျဖစ္ အသုံး ျပဳေနပါတယ္။ ယူေအအီးရဲ႕ ဉာဏ္ရည္တုနည္းပညာ ဝန္ႀကီးဌာနမွာ “အိုမာ စူလတန္ ေအအိုင္ အိုလမာ” ဆိုသူ ဝန္ႀကီးတစ္ဦးရွိေပမယ့္သူဟာ သက္ရွိလူသားျဖစ္ပါတယ္။ AI နဲ႔ အျပည့္အဝအစားထိုးျခင္းမရွိ ေသးပါဘူး။ အလားတူ ေရာဂါရွာေဖြေရးမွာ အကူအညီေပးႏိုင္သည့္တိုင္ ဆရာဝန္ AWG ေနရာမွာ AI နဲ႔ အစားမထိုးႏိုင္ေသးပါဘူ။၊ လူမႈေရးနဲ႔ က်င့္ဝတ္ဆိုင္ရာခံစားခ်က္တို႔ကို AI က အားလုံးမသိႏိုင္ေသးပါဘူး။