ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရုတ်သံအမတ်ကြီးကို ချက်နိုင်ငံခြားရေးဝန်ကြီးဆင့်ခေါ်

 130

ဂျန်ဇက် (NP News) - ဇွန် ၄
ချက်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြား ရေး ဝန်ကြီးဌာနကို ပစ်မှတ်ထားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက် မှုတစ်ခုနှင့်ပတ်သက်ပြီး ချက်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောကြား ခဲ့သည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပြီး လုပ်ဆောင်ခဲ့သူများမှာ တရုတ်နှင့် ဆက်နွှယ်နေသည့် APT31 အဖွဲ့ဖြစ်ကြောင်း ချက်ပြည် သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ချက်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျန်လီပက်စကီ က " ဒီလိုမျိုး လုပ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ အပြန်အလှန်ဆက် ဆံရေးအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင် တယ်ဆိုတာကို ရှင်းရှင်း လင်းလင်းသိစေဖို့ တရုတ်သံ အမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်" ဟု ပြောသည်။
အဆိုပါဆိုက်ဘာတိုက်ခိုက်မှုသည် (၂၀၂၂)ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ချက်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွဲခြား ထားခြင်းမျိုးမရှိသော ကွန်ရက်များထဲမှတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ချက်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
ချက်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက "ဒီအန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို တရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနနဲ့ လူသိရှင်ကြား ဆက်နွှယ်နေတဲ့ APT31 အဖွဲ့က လုပ်ဆောင်ခဲ့တာပါ။ ဒီလိုတိုက်ခိုက်မှုမျိုးတွေကို ရှောင်ကြဉ်ဖို့နဲ့ ဒီအခြေ အနေကို ဖြေရှင်းဖို့သင့်လျော်တဲ့ အစီအစဉ်တွေ အားလုံးကို လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို ကျွန်တော်တို့ တောင်းဆိုပါတယ်"ဟု သတင်းထုတ် ပြန်ထားသည်။

Zawgyi Version:
ဆိုက္ဘာတိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး တ႐ုတ္သံအမတ္ႀကီးကို ခ်က္ႏိုင္ငံျခားေရးဝန္ႀကီးဆင့္ေခၚ
ဂ်န္ဇက္ (NP News) - ဇြန္ ၄
ခ်က္ျပည္သူ႔သမၼတႏိုင္ငံ၏ ႏိုင္ငံျခား ေရး ဝန္ႀကီးဌာနကို ပစ္မွတ္ထားခဲ့တဲ့ ဆိုက္ဘာ တိုက္ခိုက္ မႈတစ္ခုႏွင့္ပတ္သက္ၿပီး ခ်က္ျပည္သူ႔ သမၼတႏိုင္ငံ ဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးကို ဆင့္ေခၚခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကား ခဲ့သည္။
အဆိုပါ ဆိုက္ဘာတိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္စုံစမ္းစစ္ေဆးမႈမ်ားကို လုပ္ေဆာင္ခဲ့ၿပီး လုပ္ေဆာင္ခဲ့သူမ်ားမွာ တ႐ုတ္ႏွင့္ ဆက္ႏႊယ္ေနသည့္ APT31 အဖြဲ႕ျဖစ္ေၾကာင္း ခ်က္ျပည္ သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ခ်က္ျပည္သူ႔ သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်န္လီပက္စကီ က " ဒီလိုမ်ိဳး လုပ္ရပ္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ အျပန္အလွန္ဆက္ ဆံေရးအတြက္ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြရွိလာႏိုင္ တယ္ဆိုတာကို ရွင္းရွင္း လင္းလင္းသိေစဖို႔ တ႐ုတ္သံ အမတ္ႀကီးကို ဆင့္ေခၚခဲ့ပါတယ္" ဟု ေျပာသည္။
အဆိုပါဆိုက္ဘာတိုက္ခိုက္မႈသည္ (၂၀၂၂)ခုႏွစ္ကတည္းက စတင္ခဲ့ျခင္းျဖစ္ၿပီး ခ်က္ျပည္သူ႔ သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ခြဲျခား ထားျခင္းမ်ိဳးမရွိေသာ ကြန္ရက္မ်ားထဲမွတစ္ခုကို ပစ္မွတ္ထားခဲ့ျခင္းျဖစ္ေၾကာင္း ခ်က္ျပည္သူ႔သမၼတ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ သည္။
ခ်က္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက "ဒီအႏၲရာယ္ရွိတဲ့ လုပ္ရပ္ေတြကို တ႐ုတ္ႏိုင္ငံလုံၿခဳံေရးဝန္ႀကီးဌာနနဲ႔ လူသိရွင္ၾကား ဆက္ႏႊယ္ေနတဲ့ APT31 အဖြဲ႕က လုပ္ေဆာင္ခဲ့တာပါ။ ဒီလိုတိုက္ခိုက္မႈမ်ိဳးေတြကို ေရွာင္ၾကဥ္ဖို႔နဲ႔ ဒီအေျခ အေနကို ေျဖရွင္းဖို႔သင့္ေလ်ာ္တဲ့ အစီအစဥ္ေတြ အားလုံးကို လုပ္ေဆာင္ဖို႔ တ႐ုတ္ႏိုင္ငံကို ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္"ဟု သတင္းထုတ္ ျပန္ထားသည္။

Related news

© 2021. All rights reserved.