Amazon က သယ်ယူပို့ဆောင်ရေးအတွက် စက်ရုပ်တွေ အသုံးပြုနိုင်ဖို့ စမ်းသပ်နေ

 73

ရောင်နီ (NP News) - ဇွန် ၆

ကမ္ဘာကျော် online shop app တစ်ခုဖြစ်တဲ့ Amazon က သယ်ယူပို့ဆောင်ရေးလုပ်ငန်းပိုင်းမှာ လုပ်သားတွေရဲ့ အလုပ်အကိုင်ကို အစားထိုး လုပ်ကိုင်နိုင်မယ့် လူသားစက်ရုပ်တွေ အသုံးပြုနိုင်ဖို့ ဆော့ဖ်ဝဲလ် တီထွင်နေတယ်လို့ အဆိုပါကိစ္စနဲ့ ရင်းနှီးသူတစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး The Information က ဗုဒ္ဓဟူးနေ့(ဇွန်လ ၄ ရက်) နေ့မှာ ဖော်ပြခဲ့ပါတယ်။
Amazon ဟာ အဲဒီစက်ရုပ်တွေကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားရှိ ရုံးတွေမှာ မကြာမီ စမ်းသပ်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ လူသားဆန်တဲ့ စက်ရုပ်အတွက် ဉာဏ်ရည်တု ဆော့ဖ်ဝဲလ်ကို တီထွင်နေပြီး အဲဒီစမ်းသပ်မှုမှာ အခြားကုမ္ပဏီတွေရဲ့ ဟာ့ဒ်ဝဲများကိုပါ အသုံးပြုနိုင်ဖို့ စီစဉ်နေ တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
Amazon ကတော့ အလုပ်ချိန်ပြင်ပမှာ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ ဗုဒ္ဓဟူးနေ့ (မေလ ၄ ရက်) က စမ်းသပ်မှုမှာ Amazon က stockroom robot တွေ အလုပ်လုပ်ပုံ၊ Warehouse မှာ AI မှတ်ညဏ်နဲ့ အလုပ်လုပ်ပုံ၊ ပက်ကေ့ဂျ်တွေကို ဖောက်သည်တွေရဲ့တံခါးဝထိ ပို့ပေးနိုင်ပုံတွေကို သရုပ်ပြခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Amazon က သယ္ယူပို႔ေဆာင္ေရးအတြက္ စက္႐ုပ္ေတြ အသုံးျပဳႏိုင္ဖို႔ စမ္းသပ္ေန
ေရာင္နီ (NP News) - ဇြန္ ၆
ကမာၻေက်ာ္ online shop app တစ္ခုျဖစ္တဲ့ Amazon က သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းပိုင္းမွာ လုပ္သားေတြရဲ႕ အလုပ္အကိုင္ကို အစားထိုး လုပ္ကိုင္ႏိုင္မယ့္ လူသားစက္႐ုပ္ေတြ အသုံးျပဳႏိုင္ဖို႔ ေဆာ့ဖ္ဝဲလ္ တီထြင္ေနတယ္လို႔ အဆိုပါကိစၥနဲ႔ ရင္းႏွီးသူတစ္ဦးရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး The Information က ဗုဒၶဟူးေန႔(ဇြန္လ ၄ ရက္) ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။
Amazon ဟာ အဲဒီစက္႐ုပ္ေတြကို အေမရိကန္ႏိုင္ငံ၊ ဆန္ဖရန္စစၥကို၊ ကယ္လီဖိုးနီးယားရွိ ႐ုံးေတြမွာ မၾကာမီ စမ္းသပ္အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။ ကုမၸဏီဟာ လူသားဆန္တဲ့ စက္႐ုပ္အတြက္ ဉာဏ္ရည္တု ေဆာ့ဖ္ဝဲလ္ကို တီထြင္ေနၿပီး အဲဒီစမ္းသပ္မႈမွာ အျခားကုမၸဏီေတြရဲ႕ ဟာ့ဒ္ဝဲမ်ားကိုပါ အသုံးျပဳႏိုင္ဖို႔ စီစဥ္ေန တယ္လို႔ အစီရင္ခံစာက ေဖာ္ျပထားပါတယ္။
Amazon ကေတာ့ အလုပ္ခ်ိန္ျပင္ပမွာ မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈကို ခ်က္ခ်င္းတုံ႔ျပန္ျခင္းမရွိပါဘူး။ ဗုဒၶဟူးေန႔ (ေမလ ၄ ရက္) က စမ္းသပ္မႈမွာ Amazon က stockroom robot ေတြ အလုပ္လုပ္ပုံ၊ Warehouse မွာ AI မွတ္ညဏ္နဲ႔ အလုပ္လုပ္ပုံ၊ ပက္ေက့ဂ်္ေတြကို ေဖာက္သည္ေတြရဲ႕တံခါးဝထိ ပို႔ေပးႏိုင္ပုံေတြကို သ႐ုပ္ျပခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.