မန္တလေးငလျင်ကြီးဘေးသင့် အာမခံလုပ်သား (၁၁,၂၀၃) ဦးအတွက် ငွေကျပ် သန်းတစ်ထောင်ကျော် ထုတ်ပေး

 101

ချယ်ရီ (NP News) - ဇူလိုင် ၅
မန္တလေးငလျင်ကြီးဘေးသင့် အာမခံလုပ်သားများထဲမှ ရှေးဦးစွာ အာမခံလုပ်သား (၁၁,၂၀၃) ဦးအတွက် ငွေကျပ် သန်းတစ်ထောင်ကျော်ကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာနှုန်း ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား၌ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ယမန်နေ့ (ဇူလိုင်လ ၄ ရက်)က နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
မန္တလေးငလျင်ဘေးဒဏ်ကို ခံစားခဲ့ရသော ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ခြောက်ခုရှိ အာမခံအလုပ်သမားများအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၁,ဝ၉၇) ဌာန၊ အာမခံအလုပ်သမား (၂၇,၂၆၇) ဦးအနက်မှ အာမခံလုပ်သား (၁၁,၂၀၃) ဦးကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာနှုန်းဖြစ်သည့် ငွေကျပ် (၁,၀၀၁ ဒသမ ၅၆၃) သန်းကို ဦးစွာ ထုတ်ပေးကာ ကျန်ရှိသည့် အာမခံလုပ်သားများကိုလည်း စာရင်းများစိစစ်ပြီးပါက ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် ကျန်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခုကို မကြာမီရက်အတွင်း ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄ဝ) ရာနှုန်းနှင့် (၂၀၂၅-၂၀၂၆) ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ စရိတ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Online Payment စနစ်နှင့်အညီ အာမခံလုပ်သားများလက်ဝယ်သို့ စနစ်တကျမှန်ကန် မြန်ဆန်စွာ ရောက်ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာမခံအလုပ်သမားများ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် တို့၌ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်များထောက်ပံ့ရန် လမ်းညွှန်ထား၍ ကျောင်းသား ကျောင်းသူများစာရင်းကို ကောက်ယူလျက်ရှိရာ အာမခံအလုပ်သမားများ၏ (၂/၂၁၂၅) လ ထည့်ဝင်ကြေးအပေါ် မူတည်ပြီး မူလတန်းကို ထည့်ဝင်ကြေး၏ (၁ဝ) ရာခိုင်နှုန်း၊ အလယ်တန်းကို (၁၅) ရာခိုင်နှုန်း၊ အထက်တန်းကို (၂၀) ရာခိုင်နှုန်း၊ တက္ကသိုလ်ကျောင်းသားများ အတွက် (၂၅) ရာခိုင်နှုန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေဘးသင့္ အာမခံလုပ္သား (၁၁,၂၀၃) ဦးအတြက္ ေငြက်ပ္ သန္းတစ္ေထာင္ေက်ာ္ ထုတ္ေပး
ခ်ယ္ရီ (NP News) - ဇူလိုင္ ၅
မႏၲေလးငလ်င္ႀကီးေဘးသင့္ အာမခံလုပ္သားမ်ားထဲမွ ေရွးဦးစြာ အာမခံလုပ္သား (၁၁,၂၀၃) ဦးအတြက္ ေငြက်ပ္ သန္းတစ္ေထာင္ေက်ာ္ကို သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈ အက်ိဳးခံစားခြင့္ (၄၀) ရာႏႈန္း ခြင့္ျပဳထုတ္ေပးျခင္းအခမ္းအနား၌ အလုပ္သမားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြမွ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားကို ယမန္ေန႔ (ဇူလိုင္လ ၄ ရက္)က ေနျပည္ေတာ္ရွိ ဇမၺဴသီရိခန္းမ၌ က်င္းပျပဳလုပ္သည့္ အလုပ္သမားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။
မႏၲေလးငလ်င္ေဘးဒဏ္ကို ခံစားခဲ့ရေသာ ျပည္ေထာင္စုနယ္ေျမ(ေနျပည္ေတာ္)အပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ ေျခာက္ခုရွိ အာမခံအလုပ္သမားမ်ားအား ျပည္ေထာင္စုနယ္ေျမ (ေနျပည္ေတာ္)အတြင္း အက်ဳံးဝင္မွတ္ပုံတင္ထားေသာ အလုပ္ဌာန (၁,ဝ၉၇) ဌာန၊ အာမခံအလုပ္သမား (၂၇,၂၆၇) ဦးအနက္မွ အာမခံလုပ္သား (၁၁,၂၀၃) ဦးကို သဘာဝေဘးအႏၲရာယ္က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈ အက်ိဳးခံစားခြင့္ (၄၀) ရာႏႈန္းျဖစ္သည့္ ေငြက်ပ္ (၁,၀၀၁ ဒသမ ၅၆၃) သန္းကို ဦးစြာ ထုတ္ေပးကာ က်န္ရွိသည့္ အာမခံလုပ္သားမ်ားကိုလည္း စာရင္းမ်ားစိစစ္ၿပီးပါက ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။
ထို႔ေနာက္ က်န္ရွိသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ငါးခုကို မၾကာမီရက္အတြင္း ခြင့္ျပဳထုတ္ေပးသြားမည္ျဖစ္ကာ သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈ အက်ိဳးခံစားခြင့္ (၄ဝ) ရာႏႈန္းႏွင့္ (၂၀၂၅-၂၀၂၆) ခုႏွစ္ ပညာသင္ႏွစ္အတြက္ ပညာသင္ေထာက္ပံ့ စရိတ္မ်ားကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ Online Payment စနစ္ႏွင့္အညီ အာမခံလုပ္သားမ်ားလက္ဝယ္သို႔ စနစ္တက်မွန္ကန္ ျမန္ဆန္စြာ ေရာက္ရွိေစရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အာမခံအလုပ္သမားမ်ား၏ မူလတန္း၊ အလယ္တန္း၊ အထက္တန္းႏွင့္ တကၠသိုလ္ တို႔၌ အခ်ိန္ျပည့္ပညာသင္ၾကားေနေသာ သားသမီးမ်ားအတြက္ ပညာသင္စရိတ္မ်ားေထာက္ပံ့ရန္ လမ္းၫႊန္ထား၍ ေက်ာင္းသား ေက်ာင္းသူမ်ားစာရင္းကို ေကာက္ယူလ်က္ရွိရာ အာမခံအလုပ္သမားမ်ား၏ (၂/၂၁၂၅) လ ထည့္ဝင္ေၾကးအေပၚ မူတည္ၿပီး မူလတန္းကို ထည့္ဝင္ေၾကး၏ (၁ဝ) ရာခိုင္ႏႈန္း၊ အလယ္တန္းကို (၁၅) ရာခိုင္ႏႈန္း၊ အထက္တန္းကို (၂၀) ရာခိုင္ႏႈန္း၊ တကၠသိုလ္ေက်ာင္းသားမ်ား အတြက္ (၂၅) ရာခိုင္ႏႈန္း ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Related news

© 2021. All rights reserved.