သံတောင်ကြီးမြို့နယ်တွင်တောင်ပြိုမှုကြောင့် သေဆုံးသူ (၁၁) ဦးအထိရှိလာ

 569

သက်ပိုင်(NP News) - ဩဂုတ် ၇
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာပြီး တောင်ပြိုမှုများဖြစ်ပွားခဲ့သည့်အတွက် ဇုလိုင်လ (၇) ရက်နေ့အထိ သေဆုံးသူ (၁၁) ဦးအထိရှိလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်မှ စတင်ကာ သံတောင်ကြီးမြို့နယ်တွင် တောင်ပြိုမှုများစတင်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နေအိမ် (၃၀)ကျော်ခန့် ထိခိုက်မှုသာ ရှိခဲ့ကြောင်းနှင့် ဩဂုတ်လ (၅)ရက်နေ့တွင် ထပ်မံတောင်ပြိုမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၁) ဦးအထိ ရှိလာကာ ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း ကူညီဆောင်ဆောင်ရွက်နေသူများက ဆိုသည်။
“သံတောင်ကြီး မြို့တွင်းနဲ့ သံတောင်ကြီးမြို့နယ်က ကျေးရွာများဖြစ်တဲ့ လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာ နှင့် အခြားကျေးရွာ ဥယျာဥ်ခြံထဲမှာ သေဆုံးသူပေါင်း စုစုပေါင်း (၁၁)ဦးနဲ့ ပျောက်ဆုံးသူတွေ ရှိနေပါတယ်။အိမ်တွေလည်း မြေပြို မှုအလိုက် ယခုထက်ထိ ထိခိုက်မှုရှိနေပါတယ်။ ဥယျာဉ်အတွင်း မြေပြိုမှုမှာ ပိမိနေသူတွေကို သွားကယ်တဲ့အခါမှာလည်း လမ်းခရီးကအရမ်းခက်ခဲနေပါတယ်။ အချို့နေရာတွေမှာဆိုရင် ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ် ”ဟု ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကဆိုသည်။
ထိုသို့မြေပြိုမှုများကြောင့် အထင်ကရ ချောင်းများ ၊ တံတားများ၊ ကျေးရွာချင်းဆက် တံတားကြီး တံတားငယ်များ၊နှစ်ရှည်ပင်များနှင့်ပျောက်ပျက်ရန်ခက်လှသည့် အပင်ကြီးများ ဖြစ်သော ဒညင်း ၊ဒူးရင်း ၊ ကွမ်းပင် နှင့်အတူ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သော ချည်ပေါင်ဖာလာ အပင်များမှာ လုံးဝပျက်စီးသွားခဲ့ရကြောင်း သိရသည်။
မြေပြိုမှုကြောင့် တောင်ငူ – သံတောင်ကြီးကားလမ်းပိုင်းကို ဩဂုတ်လ (၆) ရက်၊ နံနက်ပိုင်းတွင် ပိတ်ထားခဲ့ရပြီး လမ်းပိုင်းကို အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် ဒေသတွင်းရှိ လူငယ်များ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းတို့က ပူးပေါင်းရှင်းလင်းမှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

Zawgyi Version:
သံေတာင္ႀကီးၿမိဳ႕နယ္တြင္ေတာင္ၿပိဳမႈေၾကာင့္ ေသဆုံးသူ (၁၁) ဦးအထိရွိလာ
သက္ပိုင္(NP News) - ဩဂုတ္ ၇
ကရင္ျပည္နယ္၊သံေတာင္ႀကီးၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာၿပီး ေတာင္ၿပိဳမႈမ်ားျဖစ္ပြားခဲ့သည့္အတြက္ ဇုလိုင္လ (၇) ရက္ေန႔အထိ ေသဆုံးသူ (၁၁) ဦးအထိရွိလာေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ ရက္မွ စတင္ကာ သံေတာင္ႀကီးၿမိဳ႕နယ္တြင္ ေတာင္ၿပိဳမႈမ်ားစတင္ျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ေနအိမ္ (၃၀)ေက်ာ္ခန႔္ ထိခိုက္မႈသာ ရွိခဲ့ေၾကာင္းႏွင့္ ဩဂုတ္လ (၅)ရက္ေန႔တြင္ ထပ္မံေတာင္ၿပိဳမႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ(၁၁) ဦးအထိ ရွိလာကာ ေပ်ာက္ဆုံးေနသူမ်ားလည္း ရွိေနေသးေၾကာင္း ကူညီေဆာင္ေဆာင္႐ြက္ေနသူမ်ားက ဆိုသည္။
“သံေတာင္ႀကီး ၿမိဳ႕တြင္းနဲ႔ သံေတာင္ႀကီးၿမိဳ႕နယ္က ေက်း႐ြာမ်ားျဖစ္တဲ့ လိပ္ျပာေလး႐ြာ၊ ခိုဝယ္႐ြာ ႏွင့္ အျခားေက်း႐ြာ ဥယ်ာဥ္ၿခံထဲမွာ ေသဆုံးသူေပါင္း စုစုေပါင္း (၁၁)ဦးနဲ႔ ေပ်ာက္ဆုံးသူေတြ ရွိေနပါတယ္။အိမ္ေတြလည္း ေျမၿပိဳ မႈအလိုက္ ယခုထက္ထိ ထိခိုက္မႈရွိေနပါတယ္။ ဥယ်ာဥ္အတြင္း ေျမၿပိဳမႈမွာ ပိမိေနသူေတြကို သြားကယ္တဲ့အခါမွာလည္း လမ္းခရီးကအရမ္းခက္ခဲေနပါတယ္။ အခ်ိဳ႕ေနရာေတြမွာဆိုရင္ ဖုန္းလိုင္းေတြလည္း ျပတ္ေတာက္ေနပါတယ္ ”ဟု ကူညီေဆာင္႐ြက္ေပးေနသူ တစ္ဦးကဆိုသည္။
ထိုသို႔ေျမၿပိဳမႈမ်ားေၾကာင့္ အထင္ကရ ေခ်ာင္းမ်ား ၊ တံတားမ်ား၊ ေက်း႐ြာခ်င္းဆက္ တံတားႀကီး တံတားငယ္မ်ား၊ႏွစ္ရွည္ပင္မ်ားႏွင့္ေပ်ာက္ပ်က္ရန္ခက္လွသည့္ အပင္ႀကီးမ်ား ျဖစ္ေသာ ဒညင္း ၊ဒူးရင္း ၊ ကြမ္းပင္ ႏွင့္အတူ အဓိက အသက္ေမြးဝမ္းေၾကာင္းျဖစ္ေသာ ခ်ည္ေပါင္ဖာလာ အပင္မ်ားမွာ လုံးဝပ်က္စီးသြားခဲ့ရေၾကာင္း သိရသည္။
ေျမၿပိဳမႈေၾကာင့္ ေတာင္ငူ – သံေတာင္ႀကီးကားလမ္းပိုင္းကို ဩဂုတ္လ (၆) ရက္၊ နံနက္ပိုင္းတြင္ ပိတ္ထားခဲ့ရၿပီး လမ္းပိုင္းကို အျမန္ဆုံးျပန္လည္အသုံးျပဳႏိုင္ေရးအတြက္ ေဒသတြင္းရွိ လူငယ္မ်ား၊ ကူညီကယ္ဆယ္ေရး အဖြဲ႕မ်ားႏွင့္ ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရး အသင္းတို႔က ပူးေပါင္းရွင္းလင္းမႈမ်ား လုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.