ဂါဇာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကို ချက်ချင်းစတင်ဖို့ အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 144

Pika (NP News) - ဇူလိုင် ၆
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ချက်ချင်းလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက အမေရိကန်ကို သွားရောက်လည်ပတ်မယ့်ခရီးစဉ်မတိုင်ခင် အဲဒီကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဟားမက်လက်နက်ကိုင်အဖွဲ့က “ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေမှာ ချက်ချင်းပါဝင်ဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ”လို့ ထုတ်ပြန်ခဲ့ ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း(၆၀)ကြာအပစ်အခတ်ရပ်စဲရေးကို ဟားမက်လက်နက်ကိုင်အဖွဲ့က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အချိန်(၂၄)နာရီအတွင်း သိရနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက် ယခုလိုကြေညာချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရးေဆြးေႏြးပြဲေတြကို ခ်က္ခ်င္းစတင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ဇူလိုင္ ၆
ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးအတြက္ အဆိုျပဳခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြကို ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အေမရိကန္ကို သြားေရာက္လည္ပတ္မယ့္ခရီးစဥ္မတိုင္ခင္ အဲဒီေၾကညာခ်က္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ဟားမက္လက္နက္ကိုင္အဖြဲ႕က “ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးအတြက္ အဆိုျပဳခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြမွာ ခ်က္ခ်င္းပါဝင္ဖို႔ ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ”လို႔ ထုတ္ျပန္ခဲ့ ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ ရက္ေပါင္း(၆၀)ၾကာအပစ္အခတ္ရပ္စဲေရးကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ဘယ္လိုတုံ႔ျပန္မလဲဆိုတာကို အခ်ိန္(၂၄)နာရီအတြင္း သိရႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ေနာက္ ယခုလိုေၾကညာခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ေပၚေပါက္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.