လာမည့်ရွေးကောက်ပွဲကို ကာကွယ်ပေးမည့် အထူးဥပဒေတစ်ရပ် ပေါ်ပေါက်လာဖွယ်ရှိ

 773

Pearl (NP News) - ဇူလိုင် ၆
လာမည့်ရွေးကောက်ပွဲကို ကာကွယ်ပေးမည့် အထူးဥပဒေတစ်ရပ် ပေါ်ပေါက်လာဖွယ်ရှိကြောင်း ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လာမည့် ဩဂုတ်လ (၃၁)ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံသို့ တာဝန်များလွှဲပြောင်းပေးဖွယ်ရှိကြောင်း ဒေါက်တာအေးမောင်က ခန့်မှန်းထားသည်။
ထို့ပြင် ယခု နစကလက်ထက်တွင်လည်းကောင်း၊ ကာလုံဦး‌ဆောင်သည့် အစိုးရလက်ထက်တွင် လည်းကောင်း ရွေးကောက်ပွဲတွင် လူတိုင်းလုံခြုံပြီး ဖိအားမပါသည့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲသို့ လူတိုင်း လာရောက်မဲထည့်နိုင်ရေးအတွက် လုံခြုံရေးအရ ကာကွယ်ဆောင်ရွက်ပေးနိုင်ဖွယ်ကြောင်းလည်း ၎င်းက ခန့်မှန်းထားသည်။
“ရွေးကောက်ပွဲကိုကြည့်ရင် ကျင်းပပေးရမှာက နစက မဟုတ်ဘူး။ နစကရဲ့တာဝန်သည် ဇူလိုင် (၃၁) ရက်နေ့မှာ ပြီးကောင်းပြီးမယ်။ ဩဂုတ်လ (၁)ရက်မှာ ကာလုံဦးဆောင်တဲ့အစိုးရတစ်ရပ်သည် ပေါ်ထွန်း လာနိုင်ခြေရှိတယ်။ သူက ရွေးကောက်ပွဲကို ကျင်းပမှာ။ အဲဒီတော့ ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်တဲ့ဟာက နစက က ထုတ်ပြန်နိုင်ကောင်း ထုတ်ပြန်ပါလိမ့်မယ်။ အဲဒီလိုပဲ ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အထူးဥပဒေတစ်ရပ်သည် ပေါ်ပေါက်နိုင်တယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထိုသို့ ပေါ်ပေါက်လာနိုင်သည့် အထူးဥပဒေတွင် ‌လာရောက်မဲထည့်မည့် ပြည်သူလူထု အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ နိုင်ငံရေးပါတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို လုံခြုံရေးအရ ကာကွယ်မှုပေးနိုင်မည့်အချက်များကို အဓိက ထည့်သွင်းထုတ်ပြန်နိုင်ကြောင်းလည်း ဒေါက်တာ အေးမောင်က ခန့်မှန်းထားသည်။
“အမျိုးသားညီလာခံကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဖြစ်တဲ့ အထူးဥပဒေလို ရွေးကောက်ပွဲကြီးကို ကာကွယ်ပေးရမှာပေါ့။ အဲဒီလိုရွေးကောက်ပွဲကို ကာကွယ်ပေးမယ့် အထူးဥပဒေဆိုရင် ရွေး ကောက်ပွဲကို မဲထည့်တဲ့ လူကို ဆန့်ကျင်တာတို့၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း ခုနကပြောတဲ့ ဆိုရှယ်မီဒီယာကနေ Fake သော်လည်းကောင်း ဒါမျိုးရေးသားရင်ဆိုတာမျိုး ပါနိုင်တာပေါ့။ ဘာကိုရည်ရွယ်ပြီးတော့မှ ဒီဥပဒေကို ပြဋ္ဌာန်းမလဲ ဆိုရင် အဓိကက လူထုဖြစ်မှာပေါ့။ ပြည်သူလူထုရဲ့ မဲပေးမှုနဲ့ ရွေး ကောက်ပွဲကို ကျင်းပနိုင်အောင် မဲလာပေးတဲ့ ပြည်သူလူထုတွေကို ခြိမ်းခြောက်တာတို့၊ စိတ်အနှောင့် အယှက်ပေးတာတို့ ဖြစ်အောင် ကိုယ်စိတ် (၂)ပါးဖြစ်အောင် ကိုယ်ထိလက်ရောက်ဖြစ်စေ ဆိုရှယ်မီဒီ ကနေ တစ်ဆင့်ဖြစ်စေ တားမြစ်တာတို့ လုပ်တာတို့ ပါနိုင်တာပေါ့။ အဲဒီလိုတားမြစ်တဲ့အခါ ဘာတွေကို သုံးသလဲဆိုတာလည်းပါနိုင်တာပေါ့။ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လုံခြုံရေးဆိုင်ရာတွေပါမှာပေါ့။ မဲပေးတဲ့နေ့ပဲဖြစ်ဖြစ်၊ အဝေးရောက်မဲ ကြို တင်မဲတွေ အကုန်ပါမှာပေါ့” ဟု ဒေါက်တာအေး‌မောင်က NP News သို့ပြောသည်။

Zawgyi Version:
လာမည့္ေ႐ြးေကာက္ပြဲကို ကာကြယ္ေပးမည့္ အထူးဥပေဒတစ္ရပ္ ေပၚေပါက္လာဖြယ္ရွိ
Pearl (NP News) - ဇူလိုင္ ၆
လာမည့္ေ႐ြးေကာက္ပြဲကို ကာကြယ္ေပးမည့္ အထူးဥပေဒတစ္ရပ္ ေပၚေပါက္လာဖြယ္ရွိေၾကာင္း ရခိုင့္ ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက လာမည့္ ဩဂုတ္လ (၃၁)ရက္တြင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီထံသို႔ တာဝန္မ်ားလႊဲေျပာင္းေပးဖြယ္ရွိေၾကာင္း ေဒါက္တာေအးေမာင္က ခန႔္မွန္းထားသည္။
ထို႔ျပင္ ယခု နစကလက္ထက္တြင္လည္းေကာင္း၊ ကာလုံဦး‌ေဆာင္သည့္ အစိုးရလက္ထက္တြင္ လည္းေကာင္း ေ႐ြးေကာက္ပြဲတြင္ လူတိုင္းလုံၿခဳံၿပီး ဖိအားမပါသည့္ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲသို႔ လူတိုင္း လာေရာက္မဲထည့္ႏိုင္ေရးအတြက္ လုံၿခဳံေရးအရ ကာကြယ္ေဆာင္႐ြက္ေပးႏိုင္ဖြယ္ေၾကာင္းလည္း ၎က ခန႔္မွန္းထားသည္။
“ေ႐ြးေကာက္ပြဲကိုၾကည့္ရင္ က်င္းပေပးရမွာက နစက မဟုတ္ဘူး။ နစကရဲ႕တာဝန္သည္ ဇူလိုင္ (၃၁) ရက္ေန႔မွာ ၿပီးေကာင္းၿပီးမယ္။ ဩဂုတ္လ (၁)ရက္မွာ ကာလုံဦးေဆာင္တဲ့အစိုးရတစ္ရပ္သည္ ေပၚထြန္း လာႏိုင္ေျခရွိတယ္။ သူက ေ႐ြးေကာက္ပြဲကို က်င္းပမွာ။ အဲဒီေတာ့ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ပတ္သက္တဲ့ဟာက နစက က ထုတ္ျပန္ႏိုင္ေကာင္း ထုတ္ျပန္ပါလိမ့္မယ္။ အဲဒီလိုပဲ ေ႐ြးေကာက္ပြဲကို ကာကြယ္ေစာင့္ေရွာက္ႏိုင္တဲ့ အထူးဥပေဒတစ္ရပ္သည္ ေပၚေပါက္ႏိုင္တယ္” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။
ထိုသို႔ ေပၚေပါက္လာႏိုင္သည့္ အထူးဥပေဒတြင္ ‌လာေရာက္မဲထည့္မည့္ ျပည္သူလူထု အပါအဝင္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ၊ ႏိုင္ငံေရးပါတီဝင္မ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို လုံၿခဳံေရးအရ ကာကြယ္မႈေပးႏိုင္မည့္အခ်က္မ်ားကို အဓိက ထည့္သြင္းထုတ္ျပန္ႏိုင္ေၾကာင္းလည္း ေဒါက္တာ ေအးေမာင္က ခန႔္မွန္းထားသည္။
“အမ်ိဳးသားညီလာခံကို ကာကြယ္ေစာင့္ေရွာက္တဲ့ဥပေဒျဖစ္တဲ့ အထူးဥပေဒလို ေ႐ြးေကာက္ပြဲႀကီးကို ကာကြယ္ေပးရမွာေပါ့။ အဲဒီလိုေ႐ြးေကာက္ပြဲကို ကာကြယ္ေပးမယ့္ အထူးဥပေဒဆိုရင္ ေ႐ြး ေကာက္ပြဲကို မဲထည့္တဲ့ လူကို ဆန႔္က်င္တာတို႔၊ ကိုယ္ထိလက္ေရာက္ေသာ္လည္းေကာင္း ခုနကေျပာတဲ့ ဆိုရွယ္မီဒီယာကေန Fake ေသာ္လည္းေကာင္း ဒါမ်ိဳးေရးသားရင္ဆိုတာမ်ိဳး ပါႏိုင္တာေပါ့။ ဘာကိုရည္႐ြယ္ၿပီးေတာ့မွ ဒီဥပေဒကို ျပ႒ာန္းမလဲ ဆိုရင္ အဓိကက လူထုျဖစ္မွာေပါ့။ ျပည္သူလူထုရဲ႕ မဲေပးမႈနဲ႔ ေ႐ြး ေကာက္ပြဲကို က်င္းပႏိုင္ေအာင္ မဲလာေပးတဲ့ ျပည္သူလူထုေတြကို ၿခိမ္းေျခာက္တာတို႔၊ စိတ္အေႏွာင့္ အယွက္ေပးတာတို႔ ျဖစ္ေအာင္ ကိုယ္စိတ္ (၂)ပါးျဖစ္ေအာင္ ကိုယ္ထိလက္ေရာက္ျဖစ္ေစ ဆိုရွယ္မီဒီ ကေန တစ္ဆင့္ျဖစ္ေစ တားျမစ္တာတို႔ လုပ္တာတို႔ ပါႏိုင္တာေပါ့။ အဲဒီလိုတားျမစ္တဲ့အခါ ဘာေတြကို သုံးသလဲဆိုတာလည္းပါႏိုင္တာေပါ့။ ႏိုင္ငံေရးပါတီေတြ၊ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ သက္ဆိုင္ရာဝန္ထမ္းေတြရဲ႕ လုံၿခဳံေရးဆိုင္ရာေတြပါမွာေပါ့။ မဲေပးတဲ့ေန႔ပဲျဖစ္ျဖစ္၊ အေဝးေရာက္မဲ ႀကိဳ တင္မဲေတြ အကုန္ပါမွာေပါ့” ဟု ေဒါက္တာေအး‌ေမာင္က NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.