ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် စန်မြစ်ကို အများပြည်သူ ရေကူးဖို့ ဖွင့်လှစ်

 156

ရောင်နီ (NP News) - ဇူလိုင် ၇
ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ အိုလံပစ်ပြိုင်ပွဲကျင်းပရာနေရာအဖြစ် ၂၀၂၄ ခုနှစ်က အသုံးပြုခဲ့တဲ့ စန်မြစ်ကို ရှင်းလင်းမှုပြုလုပ်ပြီးတဲ့နောက် ၁၉၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရေကူးနိုင်ဖို့ ဇူလိုင် ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပဲရစ်မြို့တော်ရှိ စန်မြစ်ကမ်းနံဘေးမှာ ရေကူးဖို့ နေရာ ၃ နေရာ ဖန်တီးပေးထားပြီး နေ့စဉ် ရေကူးသမား ၁၀၀၀ ကျော်ထိ လာရောက်အပန်းဖြေနိုင်မယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ဆိုပါတယ်။ ပဲရစ်မြို့တော်ဝန် အန်းဟီဒါလ်ဂိုကလည်း ရေကူးဇုန်ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အတွက် ဇူလိုင် ၅ ရက် နံနက် ၈ နာရီမှာ မြစ်ကမ်းတလျှောက် လိုက်ပါကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မိုးရာသီမှာ ၁၉ ရာစုအလယ်ပိုင်းက မိလ္လာ စနစ်တွေ မကြာခဏပြည့်လျှံပြီး မိုးနဲ့အတူ စွန့်ပစ်ရေတွေ မြစ်ထဲ စီးဆင်းတတ်တာကြောင့် ဝမ်းရောဂါဖြစ်စေတဲ့ ဗက်တီးရီးယား escherichia coli (E. coli) နဲ့ enterococci တွေ ရှိနိုင်တဲ့ အခြေအနေကို နေ့စဉ် အကဲဖြတ်သွား မယ်လို့ မြို့အာဏာပိုင်တွေက ပြောကြားပါတယ်။
စန် မြစ် ကို၂၀၂၄ ခုနှစ်က ပြစ်သစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲရဲ့အဓိက အမွေအနှစ်တစ်ခုအဖြစ် ရှုမြင်ကြ ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ မတိုင်မီကလည်း စန်မြစ်ရေ အရည်အသွေးမြှင့်တင်ဖို့ အာဏာပိုင်တွေက ခန့်မှန်းခြေ ယူရို ၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္မွာ ၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအျဖစ္ စန္ျမစ္ကို အမ်ားျပည္သူ ေရကူးဖို႔ ဖြင့္လွစ္
ေရာင္နီ (NP News) - ဇူလိုင္ ၇
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္မွာ အိုလံပစ္ၿပိဳင္ပြဲက်င္းပရာေနရာအျဖစ္ ၂၀၂၄ ခုႏွစ္က အသုံးျပဳခဲ့တဲ့ စန္ျမစ္ကို ရွင္းလင္းမႈျပဳလုပ္ၿပီးတဲ့ေနာက္ ၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အမ်ားျပည္သူေရကူးႏိုင္ဖို႔ ဇူလိုင္ ၅ ရက္ေန႔မွာ ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။
ပဲရစ္ၿမိဳ႕ေတာ္ရွိ စန္ျမစ္ကမ္းနံေဘးမွာ ေရကူးဖို႔ ေနရာ ၃ ေနရာ ဖန္တီးေပးထားၿပီး ေန႔စဥ္ ေရကူးသမား ၁၀၀၀ ေက်ာ္ထိ လာေရာက္အပန္းေျဖႏိုင္မယ္လို႔ ေဒသဆိုင္ရာတာဝန္ရွိသူေတြက ဆိုပါတယ္။ ပဲရစ္ၿမိဳ႕ေတာ္ဝန္ အန္းဟီဒါလ္ဂိုကလည္း ေရကူးဇုန္ဖြင့္လွစ္ျခင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ အတြက္ ဇူလိုင္ ၅ ရက္ နံနက္ ၈ နာရီမွာ ျမစ္ကမ္းတေလွ်ာက္ လိုက္ပါၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ မိုးရာသီမွာ ၁၉ ရာစုအလယ္ပိုင္းက မိလႅာ စနစ္ေတြ မၾကာခဏျပည့္လွ်ံၿပီး မိုးနဲ႔အတူ စြန႔္ပစ္ေရေတြ ျမစ္ထဲ စီးဆင္းတတ္တာေၾကာင့္ ဝမ္းေရာဂါျဖစ္ေစတဲ့ ဗက္တီးရီးယား escherichia coli (E. coli) နဲ႔ enterococci ေတြ ရွိႏိုင္တဲ့ အေျခအေနကို ေန႔စဥ္ အကဲျဖတ္သြား မယ္လို႔ ၿမိဳ႕အာဏာပိုင္ေတြက ေျပာၾကားပါတယ္။
စန္ ျမစ္ ကို၂၀၂၄ ခုႏွစ္က ျပစ္သစ္မွာ က်င္းပတဲ့ အိုလံပစ္ၿပိဳင္ပြဲရဲ႕အဓိက အေမြအႏွစ္တစ္ခုအျဖစ္ ရႈျမင္ၾက ပါတယ္။ အိုလံပစ္အားကစားၿပိဳင္ပြဲ မတိုင္မီကလည္း စန္ျမစ္ေရ အရည္အေသြးျမႇင့္တင္ဖို႔ အာဏာပိုင္ေတြက ခန႔္မွန္းေျခ ယူ႐ို ၁.၄ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.