(၆) လအကြာ မိုးဗြဲတိုက်ပွဲအတွင်း တပ်မတော်နှင့် KNDF၊ PDFတို့ တိုက်ပွဲပေါင်း (၆၀၀) ကျော်ဆင်နွဲခဲ့

456

သန့်ဇင်(NP News)-ဇူလိုင် ၇
တပ်မတော်က ၂၀၂၅ခုနှစ်၊ နှစ်ဦးပိုင်းက စတင်ကာ အဆင့်ဆင့် အခြေကုတ်ယူချေမှုးန်ခဲ့သော (၆)လအကြာ မိုးဗြဲတိုက်ပွဲအတွင်း တပ်မ တော်နှင့် KNDF၊ PDFတို့ တိုက်ပွဲပေါင်း (၆၀၀)ကျော်ဆင်နွဲခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မိုးဗြဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အဓိကအုပ်ချုပ်ထောက်ပံ့မှုပြုသည့် ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့၏ အရှေ့ဘက် ခြမ်းတို့အား ထိန်းချုပ်လျက် အဓိကစစ်ကြောင်းများက မြို့၏ မြောက်ဘက်ခြမ်းသစ်ရာ ကုန်းရပ်ကွက်နှင့် စည်ကား (၂) ရပ်ကွက်တို့မှစ၍ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအချို့ ရယူ၍ စနစ်တကျအဆင့်ဆင့် ခြေကုပ်ယူခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ကျန်ရပ်ကွက် (၁၄) ခုကျော်အား ရပ်ကွက်တစ်ခုချင်းအလိုက် အကြမ်းဖက်သမားများ အခိုင်အမာခံစစ်ပြုလုပ်ထားသည့် မြေပေါ်မြေအောက်ဘန်ကာများ၊ အုတ်တံတိုင်းဖောက်၍ ပစ်ပေါက်နေရာများ၊ အထပ်မြင့်အဆောက်အအုံများအပါအဝင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆေးရုံနေရာများတို့အား ခက်ခက်ခဲခဲဖြင့် ရင်ကိုမြေကတုတ်ပြုလုပ်၍ စွန့်လွှတ်စွန့်စားစွာဖြင့် အချိန်ယူရှင်း လင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းခဲ့ရာ စစ်ဆင်ရေးကာလ(၆)လအတွင်း ရန်သူနှင့် တိုက်ပွဲကြီးပေါင်း (၂၁၅) ကြိမ်၊ ထိတွေ့မှုပေါင်းကြိမ် (၄၀၀) ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးဗြဲမြို့၏ တောင်ဘက်အစွန်ဆုံးမွေတော်ဘုရားရှိရာ မြို့မရပ်ကွက်အား ဇူလိုင်လ ၅ ရက်နေ့တွင်လည်းကောင်း၊ အရှေ့ဘက်အစွန်ဆုံး ရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်းရပ်ကွက်အား ဇူလိုင်လ ၆ ရက်နေ့၊ ယနေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း KNPP ၊ KNDF နှင့် ၎င်းတို့၏ မဟာမိတ်အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုများအပါအဝင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် Free Burma Ranger အဖွဲ့များနှင့် လူသားချင်း စာနာထောက်ထားခြင်းခေါင်းစဉ်ဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆေးကုသရေးအဖွဲ့များအား မြန်မာ့တပ်မတော်မှ အပြီးတိုင် ချေမှုန်းကာ မိုးဗြဲမြို့တစ်မြို့လုံးအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေး ကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

Zawgyi Version:
(၆)လအၾကာ မိုးၿဗဲတိုက္ပြဲအတြင္း တပ္မေတာ္ႏွင့္ KNDF၊ PDFတို႔ တိုက္ပြဲေပါင္း (၆၀၀)ေက်ာ္ဆင္ႏြဲခဲ့
သန႔္ဇင္(NP News)-ဇူလိုင္ ၇
တပ္မေတာ္က ၂၀၂၅ခုႏွစ္၊ ႏွစ္ဦးပိုင္းက စတင္ကာ အဆင့္ဆင့္ အေျခကုတ္ယူေခ်မႈးန္ခဲ့ေသာ (၆)လအၾကာ မိုးၿဗဲတိုက္ပြဲအတြင္း တပ္မ ေတာ္ႏွင့္ KNDF၊ PDFတို႔ တိုက္ပြဲေပါင္း (၆၀၀)ေက်ာ္ဆင္ႏြဲခဲ့ရေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မိုးၿဗဲၿမိဳ႕အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အဓိကအုပ္ခ်ဳပ္ေထာက္ပံ့မႈျပဳသည့္ ဖယ္ခုံ၊ မိုးၿဗဲ အေနာက္ဘက္ျခမ္းႏွင့္ မိုးၿဗဲၿမိဳ႕၏ အေရွ႕ဘက္ ျခမ္းတို႔အား ထိန္းခ်ဳပ္လ်က္ အဓိကစစ္ေၾကာင္းမ်ားက ၿမိဳ႕၏ ေျမာက္ဘက္ျခမ္းသစ္ရာ ကုန္းရပ္ကြက္ႏွင့္ စည္ကား (၂) ရပ္ကြက္တို႔မွစ၍ လက္နက္ႀကီးပစ္ကူႏွင့္ ေလေၾကာင္းပစ္ကူအခ်ိဳ႕ ရယူ၍ စနစ္တက်အဆင့္ဆင့္ ေျခကုပ္ယူခဲ့ေၾကာင္း သိရသည္။
ထိုမွတစ္ဆင့္ က်န္ရပ္ကြက္ (၁၄) ခုေက်ာ္အား ရပ္ကြက္တစ္ခုခ်င္းအလိုက္ အၾကမ္းဖက္သမားမ်ား အခိုင္အမာခံစစ္ျပဳလုပ္ထားသည့္ ေျမေပၚေျမေအာက္ဘန္ကာမ်ား၊ အုတ္တံတိုင္းေဖာက္၍ ပစ္ေပါက္ေနရာမ်ား၊ အထပ္ျမင့္အေဆာက္အအုံမ်ားအပါအဝင္ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းႏွင့္ ေဆး႐ုံေနရာမ်ားတို႔အား ခက္ခက္ခဲခဲျဖင့္ ရင္ကိုေျမကတုတ္ျပဳလုပ္၍ စြန႔္လႊတ္စြန႔္စားစြာျဖင့္ အခ်ိန္ယူရွင္း လင္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွင္းလင္းခဲ့ရာ စစ္ဆင္ေရးကာလ(၆)လအတြင္း ရန္သူႏွင့္ တိုက္ပြဲႀကီးေပါင္း (၂၁၅) ႀကိမ္၊ ထိေတြ႕မႈေပါင္းႀကိမ္ (၄၀၀) ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
မိုးၿဗဲၿမိဳ႕၏ ေတာင္ဘက္အစြန္ဆုံးေမြေတာ္ဘုရားရွိရာ ၿမိဳ႕မရပ္ကြက္အား ဇူလိုင္လ ၅ ရက္ေန႔တြင္လည္းေကာင္း၊ အေရွ႕ဘက္အစြန္ဆုံး ရပ္ကြက္ျဖစ္သည့္ ေညာင္ဝိုင္းရပ္ကြက္အား ဇူလိုင္လ ၆ ရက္ေန႔၊ ယေန႔ ေန႔လယ္ပိုင္းတြင္လည္းေကာင္း KNPP ၊ KNDF ႏွင့္ ၎တို႔၏ မဟာမိတ္အၾကမ္းဖက္အဖြဲ႕ တပ္ေပါင္းစုမ်ားအပါအဝင္ ကိုယ္တိုင္ကိုယ္က်ပါဝင္ခဲ့သည့္ Free Burma Ranger အဖြဲ႕မ်ားႏွင့္ လူသားခ်င္း စာနာေထာက္ထားျခင္းေခါင္းစဥ္ျဖင့္ ကိုယ္တိုင္ပါဝင္ေဆာင္႐ြက္ခဲ့ၾကသည့္ ေဆးကုသေရးအဖြဲ႕မ်ားအား ျမန္မာ့တပ္မေတာ္မွ အၿပီးတိုင္ ေခ်မႈန္းကာ မိုးၿဗဲၿမိဳ႕တစ္ၿမိဳ႕လုံးအား ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
စစ္ဆင္ေရးတစ္ခုလုံးတြင္ တိုက္ပြဲႀကီးငယ္ ၆၁၅ ႀကိမ္၊ ရန္သူအေလာင္း ၂၄ ေလာင္း၊ လက္နက္မ်ိဳးစုံ ၆၃ လက္အပါအဝင္ အျခားအေရး ႀကီး စာ႐ြက္စာတမ္းမ်ားႏွင့္ Video File မ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။