ကာတာကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

184

Pika (NP News) - ဇူလိုင် ၇
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးဆွေးနွေးပွဲအတွက် ကာတာနိုင်ငံ ကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ချက်ချင်းလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေတန်ရာဟုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို ပြုပြင် ပြောင်းလဲဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့အဆိုပြုချက်တွေဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အချိန်(၂၁)လနီးပါးကြာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွန်းအားပေးမှုအသစ်တွေ လုပ်ဆောင်နေမှုနဲ့အတူ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇူလိုင်လ(၄)ရက်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေမှာ ချက်ချင်းပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi Version:
ကာတာကို ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇူလိုင္ ၇
ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးနဲ႔ ဓါးစာခံေတြ ျပန္လႊတ္ေပးေရးေဆြးေႏြးပြဲအတြက္ ကာတာႏိုင္ငံ ကို ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ေစလႊတ္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။ ဂါဇာအပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြကို ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မူၾကမ္းကို ျပဳျပင္ ေျပာင္းလဲဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕အဆိုျပဳခ်က္ေတြဟာ လက္ခံႏိုင္စရာမဟုတ္ဘူးလို႔ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ အခ်ိန္(၂၁)လနီးပါးၾကာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တြန္းအားေပးမႈအသစ္ေတြ လုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဇူလိုင္လ(၄)ရက္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဂါဇာအပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြမွာ ခ်က္ခ်င္းပါဝင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။