ယူကရိန်းပဋိပက္ခကိုဖြေရှင်းရတာက ခက်ခဲတယ်လို့ ဒေါ်နယ်ထရမ့်ဝန်ခံ

 279

Pika (NP News) - ဇူလိုင် ၁ဝ

ယူကရိန်းပဋိပက္ခကိုဖြေရှင်းတာဟာ မျှော်လင့်ထားတာထက် ပိုပြီးခက်ခဲတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ ဒီပဋိပက္ခကို အမှန်တကယ် အဆုံးသတ်ဖို့ဆန္ဒရှိတယ်လို့ မထင်မိဘူးလို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူချိန်တည်းက ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ကြိုးပမ်းမှုများစွာ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေဟာ သိသာထင်ရှားတဲ့ရလဒ်ထွက်ပေါ်လာတာမျိုး တော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒေါ်နယ်ထရမ့် က “ရုရှားသမ္မတပူတင်က လူပေါင်းများစွာကို သတ်ပစ်နေတာပါ။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုတော့မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အဲဒီခံစားချက်တွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ဘာတွေလုပ်မယ်ဆိုတာကိုတော့ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ နောက်ထပ်လုပ်မယ့် အရာတွေကို အံ့ဩရမယ့်အရာတွေအဖြစ်ပဲ ထားချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡကိုေျဖရွင္းရတာက ခက္ခဲတယ္လို႔ ေဒၚနယ္ထရမ့္ဝန္ခံ
Pika (NP News) - ဇူလိုင္ ၁ဝ
ယူကရိန္းပဋိပကၡကိုေျဖရွင္းတာဟာ ေမွ်ာ္လင့္ထားတာထက္ ပိုၿပီးခက္ခဲတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ ဒီပဋိပကၡကို အမွန္တကယ္ အဆုံးသတ္ဖို႔ဆႏၵရွိတယ္လို႔ မထင္မိဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူခ်ိန္တည္းက ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းမႈမ်ားစြာ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ႀကိဳးပမ္းမႈေတြဟာ သိသာထင္ရွားတဲ့ရလဒ္ထြက္ေပၚလာတာမ်ိဳး ေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္ က “႐ုရွားသမၼတပူတင္က လူေပါင္းမ်ားစြာကို သတ္ပစ္ေနတာပါ။ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္မႈေတာ့မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီခံစားခ်က္ေတြနဲ႔ပတ္သက္ၿပီး ဘာေတြလုပ္ဖို႔ စီစဥ္ထားလဲဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ဘာေတြလုပ္မယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္ေျပာမွာ မဟုတ္ပါဘူး။ ေနာက္ထပ္လုပ္မယ့္ အရာေတြကို အံ့ဩရမယ့္အရာေတြအျဖစ္ပဲ ထားခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.