ငှက်ပျောလျှော်နှင့်ချည်အပြင် မြက်ပင်မှ အသုံးအဆောင်များ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေ

 300

ချယ်ရီ (NP News) - ဇူလိုင် ၁၆

ငှက်ပျောပင်မှ ငှက်ပျောလျှော်၊ ငှက်ပျော ချည်များဖြင့် လူ့အသုံးအဆောင်များပြုလုပ်ရာမှ တစ်ဆင့် မြက်ပင်မှ လျှော်အဖြစ်ပြောင်းကာ အသုံး အဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် “Green Banana Myanmar” ၏ Founder ဦးမြင့်သိန်းက NP News သို့ ပြောသည်။

ငှက်ပျောပင်ဟူသည် နေရာဒေသမရွေး၊ ရာသီမရွေး ပေါက်ရောက်ရှင်သန်ရန်လွယ်ကူသော အပင်အမျိုးအစားဖြစ်ပြီး အပင်မှအသီးရရှိပြီးလျှင် ယင်းအပင်ကို စွန့်ပစ်လိုက်ရသည့်အတွက် ထိုကဲ့သို့ စွန့်ပစ်လိုက်ရသည့်အပင်များကို အသုံးဝင်အောင် ပြန်လည်အသုံးပြုမည့် ရည်ရွယ်ချက်ဖြင့် ငှက်ပျော လျှော်နှင့် ချည်ကို ထုတ်လုပ်ကာ လူသုံးကုန်ပစ္စည်းများအနေဖြင့် ပုဝါ၊ ပိတ်စ၊ လက်ကိုင်အိတ်၊ ဖိနပ်၊ မြက်သီးနှင့်တွဲစပ်ထားသည့် ပန်းချီကား၊ စာအုပ်၊ သော့ချိတ် အစရှိသည်များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိ မိုးတွင်းကာလရာသီဥတုထဲမှာ ငှက်ပျောလျှော်ဆိုရင် နေနဲ့အခြောက်ခံရတာဖြစ်တဲ့အတွက် ခဏနားထားပါတယ်။ ဒါပေမဲ့ စု ဆောင်းထားတဲ့ ငှက်ပျောလျှော်နဲ့ ထုတ်လုပ်တဲ့ အ‌နေအထားတော့ ရှိပါတယ်။ အခုက ငှက်ပျောချည်ကို ထုတ်မယ်။ ငှက်ပျောချည်ကနေ ရက်ကန်းရက်တဲ့အပိုင်းကို အဓိက သွားမှာပေါ့နော်။ ငှက်ပျောချည်အနေနဲ့ကတော့ နေပူမလိုဘဲ အရိပ်ထဲမှာ (၁)ရက်(၂) ရက် အတွင်း ခြောက်သွေ့မှုရှိတဲ့အတွက် ချည်ထုတ်ပြီး ရက်ကန်းရက်ပါမယ်။ နောက်ပြီး မြက်တစ်မျိုးကို စမ်း သပ်နေပါတယ်။ ဒီအရာကတော့ ပြီးခဲ့တဲ့တစ်လောက ထိုင်းကပြပွဲတစ်ခုကိုသွားပြီး ရလာတဲ့အတွေ့ အကြုံနဲ့ ဒီမှာဆန်းသစ်ပြီးထုတ်ဖို့ မြက်ကနေ လုပ်မှာပေါ့နော်။ အဲဒီမြက်ကနေလည်း မြက်ဖျာ၊ မြက် အိတ်အပါဝင် မြက်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေထွက်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ၎င်းကဆိုသည်။

လုပ်သားအရင်းအမြစ်အနေဖြင့် Handmade မှာ အဆင့်ဆင့်လုပ်ဆောင်ရသည့်အတွက် လုပ်သားများကို သီးသန့်မွေးယူရခြင်း၊ တွဲဖက်လုပ်ကိုင်ရန် စိတ်ဝင်စားအောင် ဖိတ်ခေါ်ရခြင်းများ ရှိသည့်အပြင် လက်မှုပိုင်းဆိုင်ရာ လုပ်ကိုင်ချင်သူ ရှားပါးသည့်အတွက် အလုပ်အကိုင်ခက်ခဲမှုများ ရှိ ကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

“Ready- made တွေပဲ သုံးကြပြီး Handmade တွေက ခေတ်မစားသေးတော့ ဥပမာ ရက်ကန်း ဆိုလည်း ရက်ကန်းချည်ကို အဆင်သင့် ခတ်ရတဲ့ချည်ကိုပဲ သုံးကြတယ်။ ကျွန်တော်တို့လို ငှက်ပျောချည် တွေဆိုရင် အဆင့်ဆင့်လုပ်ရတော့ မလုပ်ချင်ကြဘူးပေါ့နော်။ အခက်အခဲပိုင်းဆိုင်ရာအနေနဲ့ လက်မှုပိုင်း ဆိုင်ရာ လုပ်ချင်တဲ့သူ ရှားပါးတဲ့အတွက်ကိုတော့ လုပ်ရတဲ့အပိုင်းလေးတွေ အခက်အခဲရှိပါတယ်”ဟု ၎င်း ကဆိုသည်။

ထို့နောက် ၎င်းတို့၏ စွန့်ဦးတီထွင်ခြင်း လုပ်ငန်း(အစပျိုးလုပ်ငန်း)အပေါ် နိုင်ငံတော်မှ ဦးစား ပေးလာမည်ဆိုပါက တီထွင်သူများစွာ ပေါ်ပေါက်လာပြီး တိုင်းပြည်စီးပွားရေးပုံစံကို အပြောင်းအလဲ ဖြစ်လာစေနိုင်ကြောင်း “Green Banana Myanmar” ၏ Founder ဦးမြင့်သိန်းက ထပ်မံပြောကြားသည်။

“အစိုးရဘက်ကနေ အခုချိန်ထိတော့ ကျွန်တော်တို့အပေါ် ပံ့ပိုးမှုတော့ မရှိသေးပါဘူး။ သူတို့ လည်း မအားကြတာတွေ ရှိမှာပေါ့။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာမှာဆိုရင် အာဆီယံမှာ ဆုရထား တယ်။ BBH, BBIC ဒါမျိုးလေးတွေတော့ ရထားပါတယ်။ ကျွန်တော်တို့ရဲ့ မကြာမကြာပြောတဲ့ စကား တစ်ခွန်းပေါ့။ ကိုယ်ကသာ ဆုရထားတယ်။ ရပ်ကွက်ထဲကသူတောင် ကိုယ့်ကို အသိမှတ်မပြုဘူး ဆိုတာ မျိုး ဖြစ်နေတာပေါ့။ ဒါကတော့ စွန့်ဦးတီထွင် သမားတွေရဲ့ခံယူချက်ပါ။ ဒါဟာ ကျွန်တော်တစ်ယောက် တည်း မဟုတ်ဘူး။ တခြားသူတွေလည်း အခုလို ခံစားကြရတယ်” ဟု ၎င်းက NP News သို့ ပြောသည်။

လက်ရှိတွင် အမှန်တကယ် စိတ်ပါဝင်စားစွာ လုပ်ကိုင်ချင်သူများ၊ စီးပွားဖြစ် လုပ်ကိုင်ချင်သူများ နှင့် အသက်မွေးဝမ်းကျောင်း လုပ်လိုသူများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သင်တန်းပေးနေရာ လက်ရှိတွင် အပတ်စဉ် (၃၅) ခုအထိရှိနေပြီလည်းဖြစ်သည်။

zawgyi version
ငွက္ေပ်ာေလွ်ာ္ႏွင့္ခ်ည္အျပင္ ျမက္ပင္မွ အသုံးအေဆာင္မ်ား ထုတ္လုပ္ရန္ စီစဥ္ေဆာင္႐ြက္ေန
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၆

ငွက္ေပ်ာပင္မွ ငွက္ေပ်ာေလွ်ာ္၊ ငွက္ေပ်ာ ခ်ည္မ်ားျဖင့္ လူ႔အသုံးအေဆာင္မ်ားျပဳလုပ္ရာမွ တစ္ဆင့္ ျမက္ပင္မွ ေလွ်ာ္အျဖစ္ေျပာင္းကာ အသုံး အေဆာင္ပစၥည္းမ်ား ထုတ္လုပ္ႏိုင္ရန္ စီစဥ္ေန ေၾကာင္း ျမန္မာႏိုင္ငံမွ စြန႔္ဦးတီထြင္သူတစ္ဦးျဖစ္သည့္ “Green Banana Myanmar” ၏ Founder ဦးျမင့္သိန္းက NP News သို႔ ေျပာသည္။

ငွက္ေပ်ာပင္ဟူသည္ ေနရာေဒသမေ႐ြး၊ ရာသီမေ႐ြး ေပါက္ေရာက္ရွင္သန္ရန္လြယ္ကူေသာ အပင္အမ်ိဳးအစားျဖစ္ၿပီး အပင္မွအသီးရရွိၿပီးလွ်င္ ယင္းအပင္ကို စြန႔္ပစ္လိုက္ရသည့္အတြက္ ထိုကဲ့သို႔ စြန႔္ပစ္လိုက္ရသည့္အပင္မ်ားကို အသုံးဝင္ေအာင္ ျပန္လည္အသုံးျပဳမည့္ ရည္႐ြယ္ခ်က္ျဖင့္ ငွက္ေပ်ာ ေလွ်ာ္ႏွင့္ ခ်ည္ကို ထုတ္လုပ္ကာ လူသုံးကုန္ပစၥည္းမ်ားအေနျဖင့္ ပုဝါ၊ ပိတ္စ၊ လက္ကိုင္အိတ္၊ ဖိနပ္၊ ျမက္သီးႏွင့္တြဲစပ္ထားသည့္ ပန္းခ်ီကား၊ စာအုပ္၊ ေသာ့ခ်ိတ္ အစရွိသည္မ်ားကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

“အခုလက္ရွိ မိုးတြင္းကာလရာသီဥတုထဲမွာ ငွက္ေပ်ာေလွ်ာ္ဆိုရင္ ေနနဲ႔အေျခာက္ခံရတာျဖစ္တဲ့အတြက္ ခဏနားထားပါတယ္။ ဒါေပမဲ့ စု ေဆာင္းထားတဲ့ ငွက္ေပ်ာေလွ်ာ္နဲ႔ ထုတ္လုပ္တဲ့ အ‌ေနအထားေတာ့ ရွိပါတယ္။ အခုက ငွက္ေပ်ာခ်ည္ကို ထုတ္မယ္။ ငွက္ေပ်ာခ်ည္ကေန ရက္ကန္းရက္တဲ့အပိုင္းကို အဓိက သြားမွာေပါ့ေနာ္။ ငွက္ေပ်ာခ်ည္အေနနဲ႔ကေတာ့ ေနပူမလိုဘဲ အရိပ္ထဲမွာ (၁)ရက္(၂) ရက္ အတြင္း ေျခာက္ေသြ႕မႈရွိတဲ့အတြက္ ခ်ည္ထုတ္ၿပီး ရက္ကန္းရက္ပါမယ္။ ေနာက္ၿပီး ျမက္တစ္မ်ိဳးကို စမ္း သပ္ေနပါတယ္။ ဒီအရာကေတာ့ ၿပီးခဲ့တဲ့တစ္ေလာက ထိုင္းကျပပြဲတစ္ခုကိုသြားၿပီး ရလာတဲ့အေတြ႕ အႀကဳံနဲ႔ ဒီမွာဆန္းသစ္ၿပီးထုတ္ဖို႔ ျမက္ကေန လုပ္မွာေပါ့ေနာ္။ အဲဒီျမက္ကေနလည္း ျမက္ဖ်ာ၊ ျမက္ အိတ္အပါဝင္ ျမက္နဲ႔ပတ္သက္တဲ့ အသုံးအေဆာင္ေတြထြက္ေအာင္ ကြၽန္ေတာ္တို႔ စီစဥ္ေနပါတယ္” ဟု ၎ကဆိုသည္။

လုပ္သားအရင္းအျမစ္အေနျဖင့္ Handmade မွာ အဆင့္ဆင့္လုပ္ေဆာင္ရသည့္အတြက္ လုပ္သားမ်ားကို သီးသန႔္ေမြးယူရျခင္း၊ တြဲဖက္လုပ္ကိုင္ရန္ စိတ္ဝင္စားေအာင္ ဖိတ္ေခၚရျခင္းမ်ား ရွိသည့္အျပင္ လက္မႈပိုင္းဆိုင္ရာ လုပ္ကိုင္ခ်င္သူ ရွားပါးသည့္အတြက္ အလုပ္အကိုင္ခက္ခဲမႈမ်ား ရွိ ေၾကာင္း ဦးျမင့္သိန္းက ရွင္းျပသည္။

“Ready- made ေတြပဲ သုံးၾကၿပီး Handmade ေတြက ေခတ္မစားေသးေတာ့ ဥပမာ ရက္ကန္း ဆိုလည္း ရက္ကန္းခ်ည္ကို အဆင္သင့္ ခတ္ရတဲ့ခ်ည္ကိုပဲ သုံးၾကတယ္။ ကြၽန္ေတာ္တို႔လို ငွက္ေပ်ာခ်ည္ ေတြဆိုရင္ အဆင့္ဆင့္လုပ္ရေတာ့ မလုပ္ခ်င္ၾကဘူးေပါ့ေနာ္။ အခက္အခဲပိုင္းဆိုင္ရာအေနနဲ႔ လက္မႈပိုင္း ဆိုင္ရာ လုပ္ခ်င္တဲ့သူ ရွားပါးတဲ့အတြက္ကိုေတာ့ လုပ္ရတဲ့အပိုင္းေလးေတြ အခက္အခဲရွိပါတယ္”ဟု ၎ ကဆိုသည္။

ထို႔ေနာက္ ၎တို႔၏ စြန႔္ဦးတီထြင္ျခင္း လုပ္ငန္း(အစပ်ိဳးလုပ္ငန္း)အေပၚ ႏိုင္ငံေတာ္မွ ဦးစား ေပးလာမည္ဆိုပါက တီထြင္သူမ်ားစြာ ေပၚေပါက္လာၿပီး တိုင္းျပည္စီးပြားေရးပုံစံကို အေျပာင္းအလဲ ျဖစ္လာေစႏိုင္ေၾကာင္း “Green Banana Myanmar” ၏ Founder ဦးျမင့္သိန္းက ထပ္မံေျပာၾကားသည္။

“အစိုးရဘက္ကေန အခုခ်ိန္ထိေတာ့ ကြၽန္ေတာ္တို႔အေပၚ ပံ့ပိုးမႈေတာ့ မရွိေသးပါဘူး။ သူတို႔ လည္း မအားၾကတာေတြ ရွိမွာေပါ့။ ကြၽန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံတကာမွာဆိုရင္ အာဆီယံမွာ ဆုရထား တယ္။ BBH, BBIC ဒါမ်ိဳးေလးေတြေတာ့ ရထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ မၾကာမၾကာေျပာတဲ့ စကား တစ္ခြန္းေပါ့။ ကိုယ္ကသာ ဆုရထားတယ္။ ရပ္ကြက္ထဲကသူေတာင္ ကိုယ့္ကို အသိမွတ္မျပဳဘူး ဆိုတာ မ်ိဳး ျဖစ္ေနတာေပါ့။ ဒါကေတာ့ စြန႔္ဦးတီထြင္ သမားေတြရဲ႕ခံယူခ်က္ပါ။ ဒါဟာ ကြၽန္ေတာ္တစ္ေယာက္ တည္း မဟုတ္ဘူး။ တျခားသူေတြလည္း အခုလို ခံစားၾကရတယ္” ဟု ၎က NP News သို႔ ေျပာသည္။

လက္ရွိတြင္ အမွန္တကယ္ စိတ္ပါဝင္စားစြာ လုပ္ကိုင္ခ်င္သူမ်ား၊ စီးပြားျဖစ္ လုပ္ကိုင္ခ်င္သူမ်ား ႏွင့္ အသက္ေမြးဝမ္းေက်ာင္း လုပ္လိုသူမ်ားအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၌ သင္တန္းေပးေနရာ လက္ရွိတြင္ အပတ္စဥ္ (၃၅) ခုအထိရွိေနၿပီလည္းျဖစ္သည္။

Related news

© 2021. All rights reserved.