အရပ်ဘက်ဆိုင်ရာနျူကလီးယားစွမ်းအင်သဘောတူညီချက်ကို အမေရိကန်နှင့်ဘာရိန်းတို့ လက်မှတ်ရေးထိုး

110

Pika (NP News) - ဇူလိုင် ၁၉
အမေရိကန်နှင့်ဘာရိန်းနိုင်ငံတို့သည် အရပ်ဘက်ဆိုင်ရာနျူကလီးယားစွမ်းအင်သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဘာရိန်းနိုင်ငံ၏ အိမ်ရှေ့မင်းသားနှင့်တွေ့ဆုံစဉ်အချိန်အတွင်း အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရပ်ဘက်ဆိုင်ရာ နျူကလီးယား စွမ်းအင် အစီအစဉ်ကို လိုလားသည့် မည်သည့်နိုင်ငံနှင့်မဆို လက်တွဲလုပ်ဆောင်ရန် အမေရိကန်က ဆန္ဒရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောကြားခဲ့သည်။
သို့သော်လည်း နျူကလီးယားအစီအစဉ်ကို အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးအား ခြိမ်းခြောက်ရန် သို့မဟုတ် လက်နက်ထုတ်လုပ်ရန် ရည်ရွယ်သည့်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားမည်မဟုတ်ကြောင်း မာကိုရူဘီအိုက ပြောကြားခဲ့သည်။ မာကိုရူဘီအို၏ ပြောဆိုချက်များသည် နျူကလီးယားလက်နက်ထုတ်လုပ်ရန်ကြိုးပမ်းနေ သည်ဟု အမေရိကန် နှင့် အစ္စရေးတို့က ကာလရှည်ကြာစွပ်စွဲပြောဆိုခဲ့သည့် အီရန်နိုင်ငံကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ဘာရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ရင်းနှီးသည့်မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်ရေတပ်၏ 5th Fleet အတွက် အခြေစိုက်စခန်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အရပ္ဘက္ဆိုင္ရာန်ဴကလီးယားစြမ္းအင္သေဘာတူညီခ်က္ကို အေမရိကန္ႏွင့္ဘာရိန္းတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ဇူလိုင္ ၁၉
အေမရိကန္ႏွင့္ဘာရိန္းႏိုင္ငံတို႔သည္ အရပ္ဘက္ဆိုင္ရာန်ဴကလီးယားစြမ္းအင္သေဘာတူညီခ်က္ကို လက္မွတ္ေရး ထိုးခဲ့ၾကေၾကာင္း သိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ဘာရိန္းႏိုင္ငံ၏ အိမ္ေရွ႕မင္းသားႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အဆိုပါ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အရပ္ဘက္ဆိုင္ရာ န်ဴကလီးယား စြမ္းအင္ အစီအစဥ္ကို လိုလားသည့္ မည္သည့္ႏိုင္ငံႏွင့္မဆို လက္တြဲလုပ္ေဆာင္ရန္ အေမရိကန္က ဆႏၵရွိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း န်ဴကလီးယားအစီအစဥ္ကို အိမ္နီးခ်င္းႏိုင္ငံမ်ား၏ လုံၿခဳံေရးအား ၿခိမ္းေျခာက္ရန္ သို႔မဟုတ္ လက္နက္ထုတ္လုပ္ရန္ ရည္႐ြယ္သည့္ႏိုင္ငံမ်ားႏွင့္ လက္တြဲလုပ္ေဆာင္သြားမည္မဟုတ္ေၾကာင္း မာကို႐ူဘီအိုက ေျပာၾကားခဲ့သည္။ မာကို႐ူဘီအို၏ ေျပာဆိုခ်က္မ်ားသည္ န်ဴကလီးယားလက္နက္ထုတ္လုပ္ရန္ႀကိဳးပမ္းေန သည္ဟု အေမရိကန္ ႏွင့္ အစၥေရးတို႔က ကာလရွည္ၾကာစြပ္စြဲေျပာဆိုခဲ့သည့္ အီရန္ႏိုင္ငံကို ရည္ၫႊန္းေျပာဆိုျခင္း ျဖစ္ေၾကာင္း သိရသည္။
ဘာရိန္းႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ၏ ရင္းႏွီးသည့္မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အေမရိကန္ေရတပ္၏ 5th Fleet အတြက္ အေျခစိုက္စခန္းတစ္ခုလည္းျဖစ္ေၾကာင္း သိရသည္။