ဥရောပနိုင်ငံတွေနဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အီရန်သဘောတူ

181

Pika (NP News) - ဇူလိုင် ၂၂
အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြိး လာမယ့်သီတင်းပတ်မှာ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အီရန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့က သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။
ဒါပေမဲ့လည်း ဆွေးနွေးမှုတွေလုပ်ဆောင်မယ့်အချိန်နဲ့ နေရာတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ဆွေးနွေးမှုတွေဟာ အီရန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။ လာမယ့်ဩဂုတ်လကုန်မှာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သဘောတူညီချက်တွေမရရှိခဲ့ဘူးဆိုရင် ကုလသမဂ္ဂရဲ့ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်အသက်သွင်းသွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ပြီးခဲ့တဲ့သီတင်းပတ်မှာ သတိပေးခဲ့ပြီးနောက် ယခုလိုသဘောတူညီမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
''ပြင်သစ်နဲ့ မိတ်ဖက်နိုင်ငံတွေဟာ လွန်ခဲ့တဲ့(၁၀)နှစ်က ရုပ်သိမ်းခဲ့တဲ့ လက်နက်၊ ဘဏ်နဲ့နျူကလီးယားပစ္စည်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ကျင့်သုံးဖို့ လုပ်ဆောင်သွားမှာပါ။ လာမယ့်ဩဂုတ်လကုန်အထိ အီရန်နဲ့နျူကလီးယားသဘောတူညီချက် မရရှိခဲ့ဘူးဆိုရင် ပိတ်ဆို့အရေးယူမှုယန္တရားကို ပြန်လည်ကျင့်သုံးသွားမှာပါ”လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုခဲ့ပါတယ်။
zawgyi version
ဥေရာပႏိုင္ငံေတြနဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ အီရန္သေဘာတူ
Pika (NP News) - ဇူလိုင္ ၂၂
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပိး လာမယ့္သီတင္းပတ္မွာ ေဆြးေႏြးမႈေတြ ျပန္လည္စတင္ဖို႔ အီရန္၊ ျပင္သစ္၊ ဂ်ာမနီနဲ႔ ၿဗိတိန္ႏိုင္ငံတို႔က သေဘာတူညီခဲ့ၾကတယ္လို႔သိရပါတယ္။
ဒါေပမဲ့လည္း ေဆြးေႏြးမႈေတြလုပ္ေဆာင္မယ့္အခ်ိန္နဲ႔ ေနရာေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဆြးေႏြးမႈေတြဟာ အီရန္၊ ျပင္သစ္၊ ဂ်ာမနီနဲ႔ ၿဗိတိန္ႏိုင္ငံတို႔ရဲ႕ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးေတြအဆင့္ ေဆြးေႏြးပြဲေတြ ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္းသိရပါတယ္။ လာမယ့္ဩဂုတ္လကုန္မွာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္ေတြမရရွိခဲ့ဘူးဆိုရင္ ကုလသမဂၢရဲ႕ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ျပန္လည္အသက္သြင္းသြားမယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Noel Barrot က ၿပီးခဲ့တဲ့သီတင္းပတ္မွာ သတိေပးခဲ့ၿပီးေနာက္ ယခုလိုသေဘာတူညီမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
''ျပင္သစ္နဲ႔ မိတ္ဖက္ႏိုင္ငံေတြဟာ လြန္ခဲ့တဲ့(၁၀)ႏွစ္က ႐ုပ္သိမ္းခဲ့တဲ့ လက္နက္၊ ဘဏ္နဲ႔န်ဴကလီးယားပစၥည္းဆိုင္ရာ ကမာၻလုံးဆိုင္ရာပိတ္ဆို႔အေရးယူမႈေတြကို ျပန္လည္က်င့္သုံးဖို႔ လုပ္ေဆာင္သြားမွာပါ။ လာမယ့္ဩဂုတ္လကုန္အထိ အီရန္နဲ႔န်ဴကလီးယားသေဘာတူညီခ်က္ မရရွိခဲ့ဘူးဆိုရင္ ပိတ္ဆို႔အေရးယူမႈယႏၲရားကို ျပန္လည္က်င့္သုံးသြားမွာပါ”လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက သတိေပးေျပာဆိုခဲ့ပါတယ္။