BRICS အဖွဲ့ အားကောင်းဖို့ မဟာဗျူဟာမြောက်နေရာတွင် ရှိနေသင့်သည့် အိန္ဒိယ

302

သန်းထိုက်စိုး (NP News)
ဝန်ကြီးချုပ်မိုဒီအနေဖြင့် ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပ သည့် BRICS ထိပ်သီးဆွေးနွေးပွဲမှ အပြန်တွင် ခေါင်းမော့ရင်ကော့ပြီး ပြန်လာနိုင်ပါသည်။ မိုဒီအနေဖြင့် ပြည် တွင်း၌ ဖိအားများတိုးလာနေသကဲ့သို့ မကြာသေးမီရက်ပိုင်းအတွင်းကကျင်းပ ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) တွင် ပူးတွဲကြေညာ ချက်တစ်ရပ်ထုတ်ပြန်ရန် အဆင်မပြေ ဖြစ်ခဲ့သည်။
သို့သော် BRICS ထိပ်သီးဆွေးနွေး ပွဲတွင်မူ အိန္ဒိယနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် Paha- lgam အကြမ်း ဖက်တိုက်ခိုက်ခံရမှုအပေါ် ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့သည်။ (၂၀၂၅) ခုနှစ် ဧပြီလ (၂၂) ရက်Jammu နှင့် Kashmir တို့တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကိုပါ ပြစ်တင်ရှုတ်ချကြောင်း BRICS ၏ကြေညာချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်သမားများ၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှု၊ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့မှု၊ ခိုလုံခွင့်ပေးမှုအပါအဝင် ပုံစံမျိုးစုံဖြင့်ရှိနေသည့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒသည် မည်သည့်လူမျိုး၊ မည်သည့် ယဉ်ကျေးမှု၊ မည်သည့် နိုင်ငံသား၊ မည်သည့်ဘာသာ နှင့်မျှ ဆက်နွှယ်မှုမရှိသင့်ကြောင်း၊ အကြမ်းဖက် လှုပ် ရှားမှုနှင့် ထောက်ခံအားပေးသူများကို သက်ဆိုင်ရာ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများနှင့်အညီ မဖြစ်မနေ တာဝန်ခံမှုရှိအောင်၊ ပြစ်မှုပြစ်ဒဏ် မျှတ သည့်တရားစီရင်မှုပေးနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း BRICS ၏ ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။ အကြမ်းဖက်ဝါဒကို တန်ပြန်ရာတွင် စံနှုန်းနှစ်မျိုးထားရှိခြင်းကို ဆန့်ကျင် ပြီး အကြမ်းဖက်ဝါဒနှင့်ပတ်သက်လာလျှင် သည်းခံ နိုင်မှု အလျှင်းမရှိကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါကြေညာချက်တွင် ပြင်းထန်သည့်အသုံးအနှုန်း များဖြင့် ဖော်ပြထားသော်လည်း ပါကစ္စတန်နိုင်ငံကို အမည်တပ်၍ ဖော်ပြထားခြင်းမရှိပါ။
အကြမ်းဖက်ဝါဒကဲ့သို့သော ကိစ္စမျိုးတွင် စံနှုန်း နှစ်မျိုးကျင့်သုံးရန်အတွက် အခွင့်အလမ်းမရှိကြောင်း ၊ မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒနှင့် ယင်းအား ထောက်ခံအားပေးသူများ၏သားကောင် အဖြစ်မခံ နိုင်ကြောင်း၊ အကြမ်းဖက်ဝါဒကို ပြစ်တင်ရှုတ်ချခြင်း သည် မဖြစ်မနေ လိုက်နာရမည့်မူဝါဒတစ်ခုဖြစ်ပြီး လျော့တိလျော့ရဲ ဆောင်ရွက်၍မရကြောင်းလည်း ဝန် ကြီးချုပ် မိုဒီက ၎င်း၏ မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ Oper- ation Sindoor စစ်ဆင်ရေးပြီးပြီးချင်းဆိုသကဲ့သို့ ပါကစ္စတန်ဗိုလ်ချုပ်ကြီး Asim Munir အား အိမ်ဖြူ တော်သို့ ဖိတ်ခေါ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ဝန်ကြီး ချုပ်မိုဒီက မီဒီယာနှင့်တွေ့ဆုံမှုတွင် အမေရိကန်နိုင်ငံ ကို အရိပ်အမြွက် ဝေဖန်ခဲ့သည်။ ထို့ပြင် စစ်ဆင်ရေးကာလအတွင်း တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံကို အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းရေး အချက် အလက်များ ထောက်ပံ့ပေးခြင်းဖြင့် အကူအညီ ပေး ခဲ့သည်ဟုဆိုကာ သွယ်ဝိုက်၍ဝေဖန်ခဲ့သည်။ တရုတ် နိုင်ငံသည် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမား များကို ဒဏ်ခတ်ပိတ်ဆို့ရန် ကုလသမဂ္ဂတွင် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းချက်နှင့်ပတ်သက်၍လည်း ပိတ်ဆို့ခဲ့သည်ဟုလည်း ဆိုသည်။
BRICS ထိပ်သီးဆွေးနွေးပွဲသည် အချိန်ကောင်း အခါကောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ အားလုံးပါဝင် ပြီး ရေရှည်ခံသည့်စီမံခန့်ခွဲမှုအတွက် Global South Cooperation ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေးတွင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေချိန်၊ ကုန်ထုတ်လုပ်မှု ကွင်းဆက်များ ရွှေ့ပြောင်းနေချိန်၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုများ မြင့်တက်နေချိန်၊ ပထဝီနိုင်ငံရေးအရ လည်းကောင်း၊ ပထဝီစီးပွားရေးအရလည်းကောင်း တစ်ဖက်စီးနင်းဆောင်ရွက်မှုများမြင့်မားနေချိန်နှင့် လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာလုံးဆိုင်ရာ ဒိုင်း နမစ်များဖြစ်ပေါ်နေချိန်တွင် BRICS ထိပ်သီး ဆွေး နွေးပွဲ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ မကြာသေးမီ ကပင် အမေရိကန်နိုင်ငံ၌ Quad အဖွဲ့ဝင် နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar တက်ရောက်ခဲ့သည်။ အများသိထားကြသည့်အတိုင်းပင် အိန္ဒိယနိုင်ငံအနေဖြင့် ဟန်ချက်ညီရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေရာ အနောက်ဦးဆောင်သည့် အဖွဲ့ မဟုတ်သည့် တရုတ်၊ ရုရှားတို့ ဦးဆောင်သည့်အဖွဲ့ များတွင်လည်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
Global South သည် ရာသီဥတုပြောင်းလဲမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ တိုးတက်ရေးဆိုသည်ထက် ဘာမှမပိုသေးကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောဆိုခဲ့ရာ မည်သည်ကို ရည်ရွယ် ခြင်းဖြစ်သည်ကို မှန်းဆမရဖြစ်ခဲ့ကြသည်။ BRICS သည် ဩဇာကြီးမားသည့်အဖွဲ့တစ်ဖွဲ့အဖြစ် ပေါ် ထွက်လာခဲ့သည်။ (၂၀ဝ၉) ခုနှစ် ပထမအကြိမ် အစည်းအဝေးတွင် ကနဦးတည်ထောင်သည့်နိုင်ငံ များဖြစ်ကြသည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက ငါးနိုင်ငံသာ တက်ရောက်ခဲ့ရာ ယခုအခါ အီဂျစ်၊ အီသီယိုးပီးရား၊ အီရန်နှင့် ယူအေ အီးတို့ပါ (၂၀၂၄) ခုနှစ်က ဝင်ရောက်လာခဲ့ရာ အဖွဲ့ဝင် (၁၀) နိုင်ငံရှိလာခဲ့ပြီဖြစ်သည်။ ယခုအခါ အင်ဒိုနီးရှားနိုင်ငံသည်လည်း တင်းပြည့်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီဖြစ်ရာ BRICS+ ဟူ၍ ခေါ်တွင် လာပြီဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံအားလုံးသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အားကောင်းသည့်နိုင်ငံများဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ လူဦးရေ၏ (၄၉.၅ ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင် ထုတ်လုပ်မှု GDP ၏ (၄၀) ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး၏ (၂၆) ရာခိုင်နှုန်းရှိသည်။ အဖွဲ့ဝင်နိုင်ငံများအပြင် မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် အခြားသောနိုင်ငံများ ကိုလည်း မိတ်ဖက်နိုင်ငံများအဖြစ် လက်ခံထားသည်။
ဘရာဇီးလ်နိုင်ငံသည် ယခုနှစ် BRICS ထိပ်သီးဆွေး နွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ကျန်း မာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဉာဏ်ရည်တုနည်းပညာအတွက် စီမံခန့်ခွဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ လုံခြုံ ရေးနှင့် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု စသည့် မဟာဗျူဟာမြောက် ဦးစားပေးနယ်ပယ်ခြောက်ခုကိုရွေးချယ်သတ်မှတ်ခဲ့ကြသည်။ BRICS အဖွဲ့ဝင် နိုင်ငံများ၏ အန္တိမရည်မှန်းချက်မှာ အနောက်နိုင်ငံ များဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူး ရှင်းများကို ပြုပြင်ပြောင်းလဲရန် ကတိကဝတ်လည်း ပြုခဲ့ကြသည်။ ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva ကလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ပြုပြင်ပြောင်းလဲဖွဲ့စည်းရန်နှင့် Glo- bal Southအား ပိုမိုကိုယ်စားပြုခွင့်ပေးရန်လည်း အဖွဲ့၏ရပ် တည်ချက်ကို ထပ်ဖန်တလဲလဲထည့်သွင်း ပြောဆိုခဲ့သည်။
ထို့ပြင် BRICS ခေါင်းဆောင်များသည် သွင်း ကုန်များအပေါ် တစ်ဖက်သတ် အခွန်တိုးမြှင့် ကောက် ခံမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ယင်းသို့ကောက်ခံခြင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်းမရှိကြောင်း လည်းပြောဆိုခဲ့ကြသည်။ သို့သော် အမေရိကန်နိုင်ငံ ကို အမည်တပ်၍ ပြောဆိုခဲ့ခြင်းမရှိပါ။ အကယ်၍ BRICS အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ၏ တန်ဖိုးကို လျော့နည်းအောင်ပြုလုပ်မည့် မည်သည့် ဆောင်ရွက်ချက်ကို ပြုလုပ်သည်ဖြစ်စေ BRICS အဖွဲ့ဝင်နိုင်ငံများကို စည်းကြပ်ခွန် (၁၀ဝ) ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က လည်း ခြိမ်းခြောက်ပြောဆိုထားသည်။
BRICS အဖွဲ့သည် နိုင်ငံအမည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိသော်လည်း ဂါဇာစစ်ပွဲကိုလည်း ကောင်း၊ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်ခြင်း နှင့်ပတ်သက်၍လည်းကောင်း ပြင်းပြင်းထန်ထန် ပြစ် တင်ရှုတ်ချခဲ့သည်။ ဝန်ကြီးချုပ် မိုဒီသည် Global South ၏ အကျိုးစီးပွား၊ အိန္ဒိ ယနိုင်ငံ၏ အကျိုးစီးပွားနှင့်ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြသခဲ့ သည်။ ယခုအခါ ကမ္ဘာကြီးသည် အား လုံးပါဝင်သည့် ဗဟုဝင်ရိုး ကမ္ဘာ့အထိုင် သစ်တစ်ရပ် လိုအပ်နေပြီဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာခေတ်တွင် နည်း ပညာမှာ အချိန်နှင့်အမျှ တိုးတက်ပြောင်း လဲနေပြီဖြစ်ရာ ပြုပြင်ပြောင်းလဲမှုမရှိဘဲ နှစ် (၈၀) သက်တမ်းရှိသည့် ကမ္ဘာလုံး ဆိုင်ရာ ဖိုးသက်ရှည် အင်စတီကျူးရှင်း များနှင့် ရှေ့ဆက်သွားနေခြင်းမှာ လက် သင့်ခံနိုင်စရာမရှိကြောင်း ဝန်ကြီးချုပ်မိုဒီ က ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်မိုဒီ၏ ခိုင်မာပြတ်သားသည့် သတင်းစကားနှင့် ရပ်တည်ချက်သည် BRICS အား အိန္ဒိယနိုင်ငံ၏ ကတိကဝတ်ဟုလည်း ဆိုနိုင်သည်။
ရုရှားနိုင်ငံက လွန်ခဲ့သည့် (၂၀၂၄) ခုနှစ်ကပင် တွန်းအားပေးနေသည့် BRICS ငွေကြေးနှင့် BRICS နယ်စပ်ဖြတ်ကျော်စနစ်မှာမူ ဆွေးနွေးနေဆဲ အဆင့်သာရှိသည်။ BRICS အဖွဲ့သည် စီးပွားရေးနှင့် စွမ်းအင်ဖူလုံရေးကို ဦးစားပေးသည့်အဖွဲ့ကြီး လည်းဖြစ်သည်။Rubix Data Science အဖွဲ့၏ စာရင်းဇယားများအရ BRICS နိုင်ငံများသည် သွင်း ကုန်ထက် ပို့ကုန် ဦးစားပေးသည့်နိုင်ငံများဖြစ်ရာ ကမ္ဘာ့ကုန်သွယ်ရေးအပေါ်တွင် ဩဇာလွှမ်းမိုးမှု မြင့် တက်လာသကဲ့သို့ ခိုင်မာသည့် ကုန်ထုတ်လုပ်မှု စွမ်းရည်ရှိကြောင်းလည်း ထင်ဟပ်ဖော်ပြနေခြင်းဖြစ် သည်။ (၂၀၂၄) ခုနှစ်တွင် BRICS နိုင်ငံများ၏ စုစု ပေါင်း နိုင်ငံတကာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၀.၅) ထရီလျံရှိသည်။ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း သွင်းကုန်တွင် BRICS နိုင်ငံများထံမှ သွင်း ကုန် ရှယ်ယာမှာ (၂၀၂၀) ပြည့်နှစ်နှင့် (၂၀၂၄) ခုနှစ် ကြား၌ (၃၅) ရာခိုင်နှုန်းမှ (၄၃) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ယင်းမှာ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ သွင်းကုန်လိုအပ်ချက်များကိုဖြည့်ဆည်းရန် အတွက် BRICS အဖွဲ့ဝင်နိုင်ငံများအပေါ်တွင် များ စွာမှီခိုနေရကြောင်း ဖော်ညွှန်းနေခြင်းဖြစ်သည်။
BRICS အနေဖြင့် ယနေ့အထိ ဒေါ်လာ အသုံး ပြုမှု လျှော့ချရေးကိုဆောင်ရွက်ခြင်း မရှိသေးပါ။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း BRICS အဖွဲ့ဝင်နိုင်ငံ အချို့နှင့် နှစ်နိုင်ငံကုန်သွယ်ရေးဆောင်ရွက်နေသကဲ့သို့ အခြားသောနိုင်ငံများနှင့်လည်း ဒေသဆိုင်ရာ ငွေကြေးဖြင့် ကုန်သွယ်မှုပြုလုပ်နေပါသည်။ (၂၀၂၅) ခုနှစ်၊ ဇွန်လအတွင်းက ကျင်းပခဲ့သည့် အိန္ဒိယ " ဗဟို အာရှ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် တွင်လည်း ဒေသဆိုင်ရာငွေကြေးဖြင့် ကုန်သွယ်မှုပြု လုပ်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar က တိုက်တွန်းပြောဆိုခဲ့သည်။
Global South ၏ သဘောထားနှင့် ထပ်တူကျ သည့် ဝန်ကြီးချုပ်မိုဒီ၏ ရပ်တည်ချက်သည် BRICS အဖွဲ့တွင်လည်း ပိုမိုကျယ်လောင်လာပြီး ပို၍တန်းတူ ညီမျှရှိပြီး ဗဟုဝင်ရိုးကမ္ဘာ ဖြစ်ပေါ်လာစေရေး မျှော် လင့်နိုင်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် BRICS ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ရာ ပို၍ထင်ထင်ရှားရှားဖြစ်လာနိုင်သည်။ အိန္ဒိယနိုင်ငံကို အမြဲလိုလို အကောင်းမြင်လေ့မရှိသည့် တူကီယဲလ် မီဒီယာများကပင် ယခုနှစ် BRICS ထိပ်သီးအစည်း အဝေးတက်ရောက်လာသည့် ဝန်ကြီးချုပ်မိုဒီ၏ မိန့် ခွန်းကို အကောင်းဘက်မှအလေးပေးဖော်ပြလာကြ သည်။ BRICS အဖွဲ့ကြီးအနေဖြင့် Global South ၏ စုပေါင်းအင်အား ကြီးမားလာစေရေးအတွက် သာမကဘဲ မညီမျှသည့်ကမ္ဘာတွင် တစ်ဖက်သတ် နိုင်လိုမင်းထက် ပြုလုပ်နေမှုများကိုတန်ပြန်ရာတွင် အသုံးတည့်သည့် လီဗာတစ်ခုအနေဖြင့် ဆောင်ရွက် နိုင်စေရေးအတွက် အိန္ဒိယနိုင်ငံမှာ မဟာဗျူဟာ မြောက် ထိတွေ့ဆက်ဆံမှုလုပ်နိုင်သည့်နေရာတွင် ရှိနေသင့်ပါသည်။

Zawgyi Version:
BRICS အဖြဲ႕ အားေကာင္းဖို႔ မဟာဗ်ဴဟာေျမာက္ေနရာတြင္ ရွိေနသင့္သည့္ အိႏၵိယ
သန္းထိုက္စိုး (NP News)
ဝန္ႀကီးခ်ဳပ္မိုဒီအေနျဖင့္ ဘရာဇီး ႏိုင္ငံ ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕တြင္ က်င္းပ သည့္ BRICS ထိပ္သီးေဆြးေႏြးပြဲမွ အျပန္တြင္ ေခါင္းေမာ့ရင္ေကာ့ၿပီး ျပန္လာႏိုင္ပါသည္။ မိုဒီအေနျဖင့္ ျပည္ တြင္း၌ ဖိအားမ်ားတိုးလာေနသကဲ့သို႔ မၾကာေသးမီရက္ပိုင္းအတြင္းကက်င္းပ ခဲ့သည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) တြင္ ပူးတြဲေၾကညာ ခ်က္တစ္ရပ္ထုတ္ျပန္ရန္ အဆင္မေျပ ျဖစ္ခဲ့သည္။
သို႔ေသာ္ BRICS ထိပ္သီးေဆြးေႏြး ပြဲတြင္မူ အိႏၵိယႏိုင္ငံ၌ မၾကာေသးမီက ျဖစ္ပြားခဲ့သည့္ Paha- lgam အၾကမ္း ဖက္တိုက္ခိုက္ခံရမႈအေပၚ ျပင္းျပင္း ထန္ထန္ ျပစ္တင္ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ႏိုင္ခဲ့သည္။ (၂၀၂၅) ခုႏွစ္ ဧၿပီလ (၂၂) ရက္Jammu ႏွင့္ Kashmir တို႔တြင္ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္ တိုက္ခိုက္မႈကိုပါ ျပစ္တင္ရႈတ္ခ်ေၾကာင္း BRICS ၏ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
အၾကမ္းဖက္သမားမ်ား၏ နယ္စပ္ျဖတ္ေက်ာ္ လႈပ္ရွားမႈ၊ အၾကမ္းဖက္ဝါဒကို ေငြေၾကးေထာက္ပံ့မႈ၊ ခိုလုံခြင့္ေပးမႈအပါအဝင္ ပုံစံမ်ိဳးစုံျဖင့္ရွိေနသည့္ အၾကမ္းဖက္ဝါဒကို တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္း၊ အၾကမ္းဖက္ဝါဒသည္ မည္သည့္လူမ်ိဳး၊ မည္သည့္ ယဥ္ေက်းမႈ၊ မည္သည့္ ႏိုင္ငံသား၊ မည္သည့္ဘာသာ ႏွင့္မွ် ဆက္ႏႊယ္မႈမရွိသင့္ေၾကာင္း၊ အၾကမ္းဖက္ လႈပ္ ရွားမႈႏွင့္ ေထာက္ခံအားေပးသူမ်ားကို သက္ဆိုင္ရာ ျပည္တြင္းဥပေဒ၊ ႏိုင္ငံတကာဥပေဒမ်ားႏွင့္အညီ မျဖစ္မေန တာဝန္ခံမႈရွိေအာင္၊ ျပစ္မႈျပစ္ဒဏ္ မွ်တ သည့္တရားစီရင္မႈေပးႏိုင္ေအာင္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းလည္း BRICS ၏ ေၾကညာခ်က္တြင္ ထပ္ေလာင္းေဖာ္ျပထားသည္။ အၾကမ္းဖက္ဝါဒကို တန္ျပန္ရာတြင္ စံႏႈန္းႏွစ္မ်ိဳးထားရွိျခင္းကို ဆန႔္က်င္ ၿပီး အၾကမ္းဖက္ဝါဒႏွင့္ပတ္သက္လာလွ်င္ သည္းခံ ႏိုင္မႈ အလွ်င္းမရွိေၾကာင္းလည္း ေဖာ္ျပထားသည္။ အဆိုပါေၾကညာခ်က္တြင္ ျပင္းထန္သည့္အသုံးအႏႈန္း မ်ားျဖင့္ ေဖာ္ျပထားေသာ္လည္း ပါကစၥတန္ႏိုင္ငံကို အမည္တပ္၍ ေဖာ္ျပထားျခင္းမရွိပါ။
အၾကမ္းဖက္ဝါဒကဲ့သို႔ေသာ ကိစၥမ်ိဳးတြင္ စံႏႈန္း ႏွစ္မ်ိဳးက်င့္သုံးရန္အတြက္ အခြင့္အလမ္းမရွိေၾကာင္း ၊ မိမိတို႔အေနျဖင့္ အၾကမ္းဖက္ဝါဒႏွင့္ ယင္းအား ေထာက္ခံအားေပးသူမ်ား၏သားေကာင္ အျဖစ္မခံ ႏိုင္ေၾကာင္း၊ အၾကမ္းဖက္ဝါဒကို ျပစ္တင္ရႈတ္ခ်ျခင္း သည္ မျဖစ္မေန လိုက္နာရမည့္မူဝါဒတစ္ခုျဖစ္ၿပီး ေလ်ာ့တိေလ်ာ့ရဲ ေဆာင္႐ြက္၍မရေၾကာင္းလည္း ဝန္ ႀကီးခ်ဳပ္ မိုဒီက ၎၏ မိန႔္ခြန္းတြင္ထည့္သြင္းေျပာဆိုခဲ့သည္။
အေမရိကန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ Oper- ation Sindoor စစ္ဆင္ေရးၿပီးၿပီးခ်င္းဆိုသကဲ့သို႔ ပါကစၥတန္ဗိုလ္ခ်ဳပ္ႀကီး Asim Munir အား အိမ္ျဖဴ ေတာ္သို႔ ဖိတ္ေခၚခဲ့ျခင္းႏွင့္ပတ္သက္၍လည္း ဝန္ႀကီး ခ်ဳပ္မိုဒီက မီဒီယာႏွင့္ေတြ႕ဆုံမႈတြင္ အေမရိကန္ႏိုင္ငံ ကို အရိပ္အႁမြက္ ေဝဖန္ခဲ့သည္။ ထို႔ျပင္ စစ္ဆင္ေရးကာလအတြင္း တ႐ုတ္ႏိုင္ငံက ပါကစၥတန္ႏိုင္ငံကို အခ်ိန္ႏွင့္တစ္ေျပးညီ ေထာက္လွမ္းေရး အခ်က္ အလက္မ်ား ေထာက္ပံ့ေပးျခင္းျဖင့္ အကူအညီ ေပး ခဲ့သည္ဟုဆိုကာ သြယ္ဝိုက္၍ေဝဖန္ခဲ့သည္။ တ႐ုတ္ ႏိုင္ငံသည္ ပါကစၥတန္အေျခစိုက္ အၾကမ္းဖက္သမား မ်ားကို ဒဏ္ခတ္ပိတ္ဆို႔ရန္ ကုလသမဂၢတြင္ အိႏၵိယႏိုင္ငံ၏ ႀကိဳးပမ္းခ်က္ႏွင့္ပတ္သက္၍လည္း ပိတ္ဆို႔ခဲ့သည္ဟုလည္း ဆိုသည္။
BRICS ထိပ္သီးေဆြးေႏြးပြဲသည္ အခ်ိန္ေကာင္း အခါေကာင္းတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။ ထိပ္သီးေဆြးေႏြးပြဲ၏ရည္႐ြယ္ခ်က္မွာ အားလုံးပါဝင္ ၿပီး ေရရွည္ခံသည့္စီမံခန႔္ခြဲမႈအတြက္ Global South Cooperation ကို ခိုင္မာအားေကာင္းေအာင္ ေဆာင္႐ြက္ျခင္းျဖစ္သည္။ ကမာၻ႔စီးပြားေရးတြင္ အစိတ္စိတ္အပိုင္းပိုင္းျဖစ္ေနခ်ိန္၊ ကုန္ထုတ္လုပ္မႈ ကြင္းဆက္မ်ား ေ႐ႊ႕ေျပာင္းေနခ်ိန္၊ ကိုယ္က်ိဳးစီးပြား ကာကြယ္မႈမ်ား ျမင့္တက္ေနခ်ိန္၊ ပထဝီႏိုင္ငံေရးအရ လည္းေကာင္း၊ ပထဝီစီးပြားေရးအရလည္းေကာင္း တစ္ဖက္စီးနင္းေဆာင္႐ြက္မႈမ်ားျမင့္မားေနခ်ိန္ႏွင့္ လ်င္ျမန္စြာ ေျပာင္းလဲေနသည့္ ကမာၻလုံးဆိုင္ရာ ဒိုင္း နမစ္မ်ားျဖစ္ေပၚေနခ်ိန္တြင္ BRICS ထိပ္သီး ေဆြး ေႏြးပြဲ က်င္းပခဲ့ျခင္းလည္း ျဖစ္သည္။ မၾကာေသးမီ ကပင္ အေမရိကန္ႏိုင္ငံ၌ Quad အဖြဲ႕ဝင္ ႏိုင္ငံျခား ေရးဝန္ႀကီးမ်ား အစည္းအေဝးတစ္ရပ္က်င္းပခဲ့ရာ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S.Jaishankar တက္ေရာက္ခဲ့သည္။ အမ်ားသိထားၾကသည့္အတိုင္းပင္ အိႏၵိယႏိုင္ငံအေနျဖင့္ ဟန္ခ်က္ညီေရးမူဝါဒကို ဆက္လက္က်င့္သုံးေနရာ အေနာက္ဦးေဆာင္သည့္ အဖြဲ႕ မဟုတ္သည့္ တ႐ုတ္၊ ႐ုရွားတို႔ ဦးေဆာင္သည့္အဖြဲ႕ မ်ားတြင္လည္း ပါဝင္လာခဲ့ျခင္း ျဖစ္သည္။
Global South သည္ ရာသီဥတုေျပာင္းလဲမႈ၊ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ နည္းပညာ တိုးတက္ေရးဆိုသည္ထက္ ဘာမွမပိုေသးေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီက ေျပာဆိုခဲ့ရာ မည္သည္ကို ရည္႐ြယ္ ျခင္းျဖစ္သည္ကို မွန္းဆမရျဖစ္ခဲ့ၾကသည္။ BRICS သည္ ဩဇာႀကီးမားသည့္အဖြဲ႕တစ္ဖြဲ႕အျဖစ္ ေပၚ ထြက္လာခဲ့သည္။ (၂၀ဝ၉) ခုႏွစ္ ပထမအႀကိမ္ အစည္းအေဝးတြင္ ကနဦးတည္ေထာင္သည့္ႏိုင္ငံ မ်ားျဖစ္ၾကသည့္ ဘရာဇီးလ္၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ ႏွင့္ ေတာင္အာဖရိက ငါးႏိုင္ငံသာ တက္ေရာက္ခဲ့ရာ ယခုအခါ အီဂ်စ္၊ အီသီယိုးပီးရား၊ အီရန္ႏွင့္ ယူေအ အီးတို႔ပါ (၂၀၂၄) ခုႏွစ္က ဝင္ေရာက္လာခဲ့ရာ အဖြဲ႕ဝင္ (၁၀) ႏိုင္ငံရွိလာခဲ့ၿပီျဖစ္သည္။ ယခုအခါ အင္ဒိုနီးရွားႏိုင္ငံသည္လည္း တင္းျပည့္အဖြဲ႕ဝင္ ျဖစ္လာခဲ့ၿပီျဖစ္ရာ BRICS+ ဟူ၍ ေခၚတြင္ လာၿပီျဖစ္သည္။
အဖြဲ႕ဝင္ႏိုင္ငံအားလုံးသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုး တက္မႈ အားေကာင္းသည့္ႏိုင္ငံမ်ားျဖစ္ၿပီး ကမာၻလုံး ဆိုင္ရာ လူဦးေရ၏ (၄၉.၅ ရာခိုင္ႏႈန္း၊ ကမာၻလုံးဆိုင္ရာ ျပည္တြင္းအသားတင္ ထုတ္လုပ္မႈ GDP ၏ (၄၀) ရာခိုင္ႏႈန္းႏွင့္ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရး၏ (၂၆) ရာခိုင္ႏႈန္းရွိသည္။ အဖြဲ႕ဝင္ႏိုင္ငံမ်ားအျပင္ မေလးရွား၊ ဗီယက္နမ္၊ ထိုင္းႏွင့္ အျခားေသာႏိုင္ငံမ်ား ကိုလည္း မိတ္ဖက္ႏိုင္ငံမ်ားအျဖစ္ လက္ခံထားသည္။
ဘရာဇီးလ္ႏိုင္ငံသည္ ယခုႏွစ္ BRICS ထိပ္သီးေဆြး ေႏြးပြဲကို အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ၿပီး က်န္း မာေရး၊ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ဘ႑ာေရး၊ ရာသီဥတုေျပာင္းလဲမႈ၊ ဉာဏ္ရည္တုနည္းပညာအတြက္ စီမံခန႔္ခြဲမႈ၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ၊ လုံၿခဳံ ေရးႏွင့္ အဖြဲ႕အစည္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈ စသည့္ မဟာဗ်ဴဟာေျမာက္ ဦးစားေပးနယ္ပယ္ေျခာက္ခုကိုေ႐ြးခ်ယ္သတ္မွတ္ခဲ့ၾကသည္။ BRICS အဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ အႏၲိမရည္မွန္းခ်က္မွာ အေနာက္ႏိုင္ငံ မ်ားဦးေဆာင္သည့္ ကမာၻလုံးဆိုင္ရာ အင္စတီက်ဴး ရွင္းမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ကတိကဝတ္လည္း ျပဳခဲ့ၾကသည္။ ဘရာဇီးလ္သမၼတ Luiz Inacio Lula da Silva ကလည္း ကုလသမဂၢလုံၿခဳံေရး ေကာင္စီကို ျပဳျပင္ေျပာင္းလဲဖြဲ႕စည္းရန္ႏွင့္ Glo- bal Southအား ပိုမိုကိုယ္စားျပဳခြင့္ေပးရန္လည္း အဖြဲ႕၏ရပ္ တည္ခ်က္ကို ထပ္ဖန္တလဲလဲထည့္သြင္း ေျပာဆိုခဲ့သည္။
ထို႔ျပင္ BRICS ေခါင္းေဆာင္မ်ားသည္ သြင္း ကုန္မ်ားအေပၚ တစ္ဖက္သတ္ အခြန္တိုးျမႇင့္ ေကာက္ ခံမႈအေပၚ စိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။ ယင္းသို႔ေကာက္ခံျခင္းမွာ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ (WTO) ၏ စည္းမ်ဥ္းမ်ားႏွင့္ ကိုက္ညီျခင္းမရွိေၾကာင္း လည္းေျပာဆိုခဲ့ၾကသည္။ သို႔ေသာ္ အေမရိကန္ႏိုင္ငံ ကို အမည္တပ္၍ ေျပာဆိုခဲ့ျခင္းမရွိပါ။ အကယ္၍ BRICS အဖြဲ႕အေနျဖင့္ အေမရိကန္ေဒၚလာ၏ တန္ဖိုးကို ေလ်ာ့နည္းေအာင္ျပဳလုပ္မည့္ မည္သည့္ ေဆာင္႐ြက္ခ်က္ကို ျပဳလုပ္သည္ျဖစ္ေစ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားကို စည္းၾကပ္ခြန္ (၁၀ဝ) ရာခိုင္ႏႈန္း ေကာက္ခံသြားမည္ဟု သမၼတေဒၚနယ္ထရမ့္က လည္း ၿခိမ္းေျခာက္ေျပာဆိုထားသည္။
BRICS အဖြဲ႕သည္ ႏိုင္ငံအမည္ကို ထုတ္ေဖာ္ ေျပာဆိုျခင္းမရွိေသာ္လည္း ဂါဇာစစ္ပြဲကိုလည္း ေကာင္း၊ အီရန္ႏိုင္ငံကို စစ္ေရးအရ တိုက္ခိုက္ျခင္း ႏွင့္ပတ္သက္၍လည္းေကာင္း ျပင္းျပင္းထန္ထန္ ျပစ္ တင္ရႈတ္ခ်ခဲ့သည္။ ဝန္ႀကီးခ်ဳပ္ မိုဒီသည္ Global South ၏ အက်ိဳးစီးပြား၊ အိႏၵိ ယႏိုင္ငံ၏ အက်ိဳးစီးပြားႏွင့္ပတ္သက္၍ ခိုင္ခိုင္မာမာ ရပ္တည္ေၾကာင္း ျပသခဲ့ သည္။ ယခုအခါ ကမာၻႀကီးသည္ အား လုံးပါဝင္သည့္ ဗဟုဝင္႐ိုး ကမာၻ႔အထိုင္ သစ္တစ္ရပ္ လိုအပ္ေနၿပီျဖစ္ေၾကာင္း၊ ဉာဏ္ရည္တုနည္းပညာေခတ္တြင္ နည္း ပညာမွာ အခ်ိန္ႏွင့္အမွ် တိုးတက္ေျပာင္း လဲေနၿပီျဖစ္ရာ ျပဳျပင္ေျပာင္းလဲမႈမရွိဘဲ ႏွစ္ (၈၀) သက္တမ္းရွိသည့္ ကမာၻလုံး ဆိုင္ရာ ဖိုးသက္ရွည္ အင္စတီက်ဴးရွင္း မ်ားႏွင့္ ေရွ႕ဆက္သြားေနျခင္းမွာ လက္ သင့္ခံႏိုင္စရာမရွိေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီ က ေျပာဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ခိုင္မာျပတ္သားသည့္ သတင္းစကားႏွင့္ ရပ္တည္ခ်က္သည္ BRICS အား အိႏၵိယႏိုင္ငံ၏ ကတိကဝတ္ဟုလည္း ဆိုႏိုင္သည္။
႐ုရွားႏိုင္ငံက လြန္ခဲ့သည့္ (၂၀၂၄) ခုႏွစ္ကပင္ တြန္းအားေပးေနသည့္ BRICS ေငြေၾကးႏွင့္ BRICS နယ္စပ္ျဖတ္ေက်ာ္စနစ္မွာမူ ေဆြးေႏြးေနဆဲ အဆင့္သာရွိသည္။ BRICS အဖြဲ႕သည္ စီးပြားေရးႏွင့္ စြမ္းအင္ဖူလုံေရးကို ဦးစားေပးသည့္အဖြဲ႕ႀကီး လည္းျဖစ္သည္။Rubix Data Science အဖြဲ႕၏ စာရင္းဇယားမ်ားအရ BRICS ႏိုင္ငံမ်ားသည္ သြင္း ကုန္ထက္ ပို႔ကုန္ ဦးစားေပးသည့္ႏိုင္ငံမ်ားျဖစ္ရာ ကမာၻ႔ကုန္သြယ္ေရးအေပၚတြင္ ဩဇာလႊမ္းမိုးမႈ ျမင့္ တက္လာသကဲ့သို႔ ခိုင္မာသည့္ ကုန္ထုတ္လုပ္မႈ စြမ္းရည္ရွိေၾကာင္းလည္း ထင္ဟပ္ေဖာ္ျပေနျခင္းျဖစ္ သည္။ (၂၀၂၄) ခုႏွစ္တြင္ BRICS ႏိုင္ငံမ်ား၏ စုစု ေပါင္း ႏိုင္ငံတကာ ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ ေဒၚလာ (၁၀.၅) ထရီလ်ံရွိသည္။ အိႏၵိယႏိုင္ငံ၏ စုစုေပါင္း သြင္းကုန္တြင္ BRICS ႏိုင္ငံမ်ားထံမွ သြင္း ကုန္ ရွယ္ယာမွာ (၂၀၂၀) ျပည့္ႏွစ္ႏွင့္ (၂၀၂၄) ခုႏွစ္ ၾကား၌ (၃၅) ရာခိုင္ႏႈန္းမွ (၄၃) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့သည္။ ယင္းမွာ အိႏၵိယႏိုင္ငံအေနျဖင့္ ၎၏ သြင္းကုန္လိုအပ္ခ်က္မ်ားကိုျဖည့္ဆည္းရန္ အတြက္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားအေပၚတြင္ မ်ား စြာမွီခိုေနရေၾကာင္း ေဖာ္ၫႊန္းေနျခင္းျဖစ္သည္။
BRICS အေနျဖင့္ ယေန႔အထိ ေဒၚလာ အသုံး ျပဳမႈ ေလွ်ာ့ခ်ေရးကိုေဆာင္႐ြက္ျခင္း မရွိေသးပါ။ အိႏၵိယႏိုင္ငံအေနျဖင့္လည္း BRICS အဖြဲ႕ဝင္ႏိုင္ငံ အခ်ိဳ႕ႏွင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးေဆာင္႐ြက္ေနသကဲ့သို႔ အျခားေသာႏိုင္ငံမ်ားႏွင့္လည္း ေဒသဆိုင္ရာ ေငြေၾကးျဖင့္ ကုန္သြယ္မႈျပဳလုပ္ေနပါသည္။ (၂၀၂၅) ခုႏွစ္၊ ဇြန္လအတြင္းက က်င္းပခဲ့သည့္ အိႏၵိယ " ဗဟို အာရွ စီးပြားေရး လုပ္ငန္းဆိုင္ရာ ေဆြးေႏြးပြဲတစ္ရပ္ တြင္လည္း ေဒသဆိုင္ရာေငြေၾကးျဖင့္ ကုန္သြယ္မႈျပဳ လုပ္ရန္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Jaishankar က တိုက္တြန္းေျပာဆိုခဲ့သည္။
Global South ၏ သေဘာထားႏွင့္ ထပ္တူက် သည့္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ ရပ္တည္ခ်က္သည္ BRICS အဖြဲ႕တြင္လည္း ပိုမိုက်ယ္ေလာင္လာၿပီး ပို၍တန္းတူ ညီမွ်ရွိၿပီး ဗဟုဝင္႐ိုးကမာၻ ျဖစ္ေပၚလာေစေရး ေမွ်ာ္ လင့္ႏိုင္ပါသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ လာမည့္ႏွစ္တြင္ BRICS ဥကၠ႒အျဖစ္ ေဆာင္႐ြက္ရမည္ျဖစ္ရာ ပို၍ထင္ထင္ရွားရွားျဖစ္လာႏိုင္သည္။ အိႏၵိယႏိုင္ငံကို အၿမဲလိုလို အေကာင္းျမင္ေလ့မရွိသည့္ တူကီယဲလ္ မီဒီယာမ်ားကပင္ ယခုႏွစ္ BRICS ထိပ္သီးအစည္း အေဝးတက္ေရာက္လာသည့္ ဝန္ႀကီးခ်ဳပ္မိုဒီ၏ မိန႔္ ခြန္းကို အေကာင္းဘက္မွအေလးေပးေဖာ္ျပလာၾက သည္။ BRICS အဖြဲ႕ႀကီးအေနျဖင့္ Global South ၏ စုေပါင္းအင္အား ႀကီးမားလာေစေရးအတြက္ သာမကဘဲ မညီမွ်သည့္ကမာၻတြင္ တစ္ဖက္သတ္ ႏိုင္လိုမင္းထက္ ျပဳလုပ္ေနမႈမ်ားကိုတန္ျပန္ရာတြင္ အသုံးတည့္သည့္ လီဗာတစ္ခုအေနျဖင့္ ေဆာင္႐ြက္ ႏိုင္ေစေရးအတြက္ အိႏၵိယႏိုင္ငံမွာ မဟာဗ်ဴဟာ ေျမာက္ ထိေတြ႕ဆက္ဆံမႈလုပ္ႏိုင္သည့္ေနရာတြင္ ရွိေနသင့္ပါသည္။