အစ္စရေးကို မြေပုံပေါ်ကနေဖယ်ရှားပစ်ဖို့ ဘယ်တုန်းကမှမကြိုးပမ်းခဲ့ဘူးလို့ အီရန်ပြော

294

Pika (NP News) - ဇူလိုင် ၂၃
အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို မြေပုံပေါ်ကနေဖယ်ရှားပစ်ဖို့ ဘယ်တုန်းကမှ မကြိုးပမ်းခဲ့ဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အစ္စရေးကြား ပြင်းထန်တဲ့ပဋိပက္ခတစ်ခုဖြစ်ပွားခဲ့ပြီးနောက် တစ်လနီးပါးအကြာမှာ အာဘတ်စ်အာဂရာချီ ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အာဘတ်စ်အာဂရာချီက “အစ္စရေးကို မြေပုံပေါ်ကနေ ဖယ်ရှားပစ်ဖို့က ဘယ်တုန်းကမှ အီရန်ရဲ့မူဝါဒတစ်ခုမဖြစ်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်အစိုးရဟာ ပါလက်စတိုင်းလိုလားတဲ့လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။ ၎င်းက “ဟားမက်၊ ဟစ်ဘိုလာ နဲ့ ဟူသီလက်နက်ကိုင်အဖွဲ့တို့ဟာ တရားမျှတတဲ့အကြောင်းပြချက်တစ်ခုအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ သူတို့ကို နိုင်ငံရေးအရရော အခြားနည်းလမ်းတွေနဲ့ပါ အမြဲတမ်းထောက်ခံပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ကထောက်ပံ့ပေးခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ဂါဇာကမ်းမြောင်ဒေသ နဲ့ အခြားနိုင်ငံတွေမှာ လူတွေကို သတ်ဖြတ်ဖို့ အစ္စရေးကို ကူညီပေးခဲ့တယ်လို့လည်း အာဘတ်စ်အာဂရာချီက ပြစ်တင်ဝေဖန်ပြောဆို ခဲ့ပါတယ်။

Zawgyi Version:
အစၥေရးကို ေျမပုံေပၚကေနဖယ္ရွားပစ္ဖို႔ ဘယ္တုန္းကမွမႀကိဳးပမ္းခဲ့ဘူးလို႔ အီရန္ေျပာ
Pika (NP News) - ဇူလိုင္ ၂၃
အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ေျမပုံေပၚကေနဖယ္ရွားပစ္ဖို႔ ဘယ္တုန္းကမွ မႀကိဳးပမ္းခဲ့ဘူးလို႔ အီရန္ႏိုင္ငံျခားေရး ဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။
အီရန္နဲ႔ အစၥေရးၾကား ျပင္းထန္တဲ့ပဋိပကၡတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ တစ္လနီးပါးအၾကာမွာ အာဘတ္စ္အာဂရာခ်ီ ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အာဘတ္စ္အာဂရာခ်ီက “အစၥေရးကို ေျမပုံေပၚကေန ဖယ္ရွားပစ္ဖို႔က ဘယ္တုန္းကမွ အီရန္ရဲ႕မူဝါဒတစ္ခုမျဖစ္ခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္အစိုးရဟာ ပါလက္စတိုင္းလိုလားတဲ့လက္နက္ကိုင္အဖြဲ႕ေတြကို ေထာက္ခံမႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႔ အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။ ၎က “ဟားမက္၊ ဟစ္ဘိုလာ နဲ႔ ဟူသီလက္နက္ကိုင္အဖြဲ႕တို႔ဟာ တရားမွ်တတဲ့အေၾကာင္းျပခ်က္တစ္ခုအတြက္ တိုက္ပြဲဝင္ေနၾကတာျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္။ သူတို႔ကို ႏိုင္ငံေရးအရေရာ အျခားနည္းလမ္းေတြနဲ႔ပါ အၿမဲတမ္းေထာက္ခံပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ကေထာက္ပံ့ေပးခဲ့တဲ့ စစ္လက္နက္ပစၥည္းေတြဟာ ဂါဇာကမ္းေျမာင္ေဒသ နဲ႔ အျခားႏိုင္ငံေတြမွာ လူေတြကို သတ္ျဖတ္ဖို႔ အစၥေရးကို ကူညီေပးခဲ့တယ္လို႔လည္း အာဘတ္စ္အာဂရာခ်ီက ျပစ္တင္ေဝဖန္ေျပာဆို ခဲ့ပါတယ္။