အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ယူရေနီယမ်သန့်စင်မှု ရပ်တန့်သွားခဲ့တယ်လို့ အီရန် အတည်ပြု

280

Pika (NP News) - ဇူလိုင် ၂၃
ပြီးခဲ့တဲ့လက အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ယူရေနီယမ်သန့်စင်မှုစွမ်းရည်တွေကို အချိန်တစ်ခုကြာအောင်ရပ်တန့်စေခဲ့တဲ့ ပြင်းထန်တဲ့ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက အတည်ပြုပြောဆိုခဲ့ပါတယ်။
အာဘတ်စ်အာဂရာချီက “ကျွန်တော်တို့ရဲ့နျူကလီးယားစက်ရုံတွေဟာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရန်အစိုးရဟာ ၎င်းရဲ့ယူရေနီယမ်သန့်စင်မှုအစီအစဉ်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အာဘတ်စ်အာဂရာချီက ထပ်မံပြောကြားခဲ့ပါတယ်။
အာဘတ်စ်အာဂရာချီက “ထိခိုက်ပျက်စီးမှုတွေက ပြင်းထန်တာကြောင့် ယူရေနီယမ်သန့်စင်နိုင်တဲ့စွမ်းရည်တွေ ရပ်တန့်သွားတာမှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်သိပ္ပံပညာရှင်တွေကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုဖြစ်တဲ့ယူရေနီယမ်သန့်စင်မှုကို စွန့်လွှတ်သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာ အီရန်နိုင်ငံဟာ ယူရေနီယမ်ကို(၆၀)ရာခိုင်နှုန်းအထိ သန့်စင်နိုင်တဲ့တစ်ခုတည်းသော နျူကလီးယားလက်နက်မရှိတဲ့နိုင်ငံဖြစ်တယ်လို့လည်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ယူေရနီယမ္သန႔္စင္မႈ ရပ္တန႔္သြားခဲ့တယ္လို႔ အီရန္ အတည္ျပဳ
Pika (NP News) - ဇူလိုင္ ၂၃
ၿပီးခဲ့တဲ့လက အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ ယူေရနီယမ္သန႔္စင္မႈစြမ္းရည္ေတြကို အခ်ိန္တစ္ခုၾကာေအာင္ရပ္တန႔္ေစခဲ့တဲ့ ျပင္းထန္တဲ့ထိခိုက္ပ်က္စီးမႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက အတည္ျပဳေျပာဆိုခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက “ကြၽန္ေတာ္တို႔ရဲ႕န်ဴကလီးယားစက္႐ုံေတြဟာ ျပင္းျပင္းထန္ထန္ ထိခိုက္ပ်က္စီးခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အီရန္အစိုးရဟာ ၎ရဲ႕ယူေရနီယမ္သန႔္စင္မႈအစီအစဥ္ကို စြန႔္လႊတ္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူးလို႔ အာဘတ္စ္အာဂရာခ်ီက ထပ္မံေျပာၾကားခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက “ထိခိုက္ပ်က္စီးမႈေတြက ျပင္းထန္တာေၾကာင့္ ယူေရနီယမ္သန႔္စင္ႏိုင္တဲ့စြမ္းရည္ေတြ ရပ္တန႔္သြားတာမွန္ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္သိပၸံပညာရွင္ေတြေၾကာင့္ ရရွိခဲ့တဲ့ ေအာင္ျမင္မႈတစ္ခုျဖစ္တဲ့ယူေရနီယမ္သန႔္စင္မႈကို စြန႔္လႊတ္သြားမွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အီရန္ႏိုင္ငံဟာ ယူေရနီယမ္ကို(၆၀)ရာခိုင္ႏႈန္းအထိ သန႔္စင္ႏိုင္တဲ့တစ္ခုတည္းေသာ န်ဴကလီးယားလက္နက္မရွိတဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။