ရုရှားက အီရန်ဂြိုလ်တုပါဝင်တဲ့ ဒုံးပျံကို ကမ္ဘာပတ်လမ်းထဲသို့အောင်မြင်စွာ လွှတ်တင်

277

Pika (NP News) - ဇူလိုင် ၂၈
ရုရှားနိုင်ငံဟာ အီရန်ဆက်သွယ်ရေးဂြိုလ်တုကိုသယ်ဆောင်ထားတဲ့ Soyuz ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့ တယ်လို့ ရုရှားနိုင်ငံရဲ့အကာကအေဂျင်စီ Roscosmos က ပြောကြားခဲ့ပါတယ်။ အဲဒီလွှတ်တင်မှုကို ရုရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Vostochny Cosmodrome အာကာသလွှတ်တင်ရေးအဆောက်အဦးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ ရုရှားသိပ္ပံဂြိုလ်တု နှစ်ခု၊ စီးပွါးရေးဆိုင်ရာ အသေးစားဂြိုလ်တု(၁၈)ခု၊ အီရန်ရဲ့ Nahid-2 ဂြိုလ်တု အပါအဝင် ပစ္စည်းပေါင်း(၂၀)ကျော်ကို သယ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ Nahid-2 ဂြိုလ်တု ဟာ အီရန်အာကာသသုတေသနစင်တာက တီထွင်ထားတဲ့ဂြိုလ်တုတစ်ခုဖြစ်ပြီး အီရန်အာကာသအေဂျင်စီနဲ့ စီးပွါးရေးဆိုင်ရာသဘောတူညီချက်အောက်မှာ လွှတ်တင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဂြိုလ်တုကို ကမ္ဘာမြေရဲ့အနိမ့်ပိုင်းပတ်လမ်းအတွက် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အီရန်ရဲ့အာကာသစွမ်းရည်တွေကို ချဲ့ထွင်နိုင်ဖို့ အတွက် ပိုမိုကျယ်ပြန့်တဲ့ရည်မှန်းချက်တွေကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့လည်း အီရန်နိုင်ငံပိုင်မီဒိယာက ရေးသား ဖော်ပြခဲ့ပါတယ်။ ကမ္ဘာမြေစူးစမ်းလေ့လာရေးနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေကို လွှတ်တင်တာတွေအပါအဝင် ရုရှား-အီရန် အာကာသပူးပေါင်းဆောင်ရွက်မှုတွေ ကြီးထွားလာနေချိန်မှာပဲ အဲဒီလွှတ်တင်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရုရှားနဲ့ အီရန်တို့ဟာ အရပ်ဘက်အာကာသအစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်တာ အပါအဝင် စွမ်းအင်၊ သိပ္ပံ နဲ့ နည်းပညာကဏ္ဍတို့မှာ ငြိမ်းချမ်းတဲ့ပူးပေါင်းဆောင်ရွက်မှုကိုအလေးပေးတဲ့ နှစ်ပေါင်း (၂၀) ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားက အီရန္ၿဂိဳလ္တုပါဝင္တဲ့ ဒုံးပ်ံကို ကမာၻပတ္လမ္းထဲသို႔ေအာင္ျမင္စြာလႊတ္တင္
Pika (NP News) - ဇူလိုင္ ၂၈
႐ုရွားႏိုင္ငံဟာ အီရန္ဆက္သြယ္ေရးၿဂိဳလ္တုကိုသယ္ေဆာင္ထားတဲ့ Soyuz ဒုံးပ်ံကို ေအာင္ျမင္စြာလႊတ္တင္ခဲ့ တယ္လို႔ ႐ုရွားႏိုင္ငံရဲ႕အကာကေအဂ်င္စီ Roscosmos က ေျပာၾကားခဲ့ပါတယ္။ အဲဒီလႊတ္တင္မႈကို ႐ုရွားႏိုင္ငံ အေရွ႕ပိုင္းမွာရွိတဲ့ Vostochny Cosmodrome အာကာသလႊတ္တင္ေရးအေဆာက္အဦးမွာ လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး တိုက္႐ိုက္ထုတ္လႊင့္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
လႊတ္တင္ခဲ့တဲ့ ဒုံးပ်ံဟာ ႐ုရွားသိပၸံၿဂိဳလ္တု ႏွစ္ခု၊ စီးပြါးေရးဆိုင္ရာ အေသးစားၿဂိဳလ္တု(၁၈)ခု၊ အီရန္ရဲ႕ Nahid-2 ၿဂိဳလ္တု အပါအဝင္ ပစၥည္းေပါင္း(၂၀)ေက်ာ္ကို သယ္ေဆာင္သြားခဲ့တယ္လို႔လည္း သိရပါတယ္။ Nahid-2 ၿဂိဳလ္တု ဟာ အီရန္အာကာသသုေတသနစင္တာက တီထြင္ထားတဲ့ၿဂိဳလ္တုတစ္ခုျဖစ္ၿပီး အီရန္အာကာသေအဂ်င္စီနဲ႔ စီးပြါးေရးဆိုင္ရာသေဘာတူညီခ်က္ေအာက္မွာ လႊတ္တင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီၿဂိဳလ္တုကို ကမာၻေျမရဲ႕အနိမ့္ပိုင္းပတ္လမ္းအတြက္ ဒီဇိုင္းထုတ္ထားတာျဖစ္ၿပီး အီရန္ရဲ႕အာကာသစြမ္းရည္ေတြကို ခ်ဲ႕ထြင္ႏိုင္ဖို႔ အတြက္ ပိုမိုက်ယ္ျပန္႔တဲ့ရည္မွန္းခ်က္ေတြကို ပံ့ပိုးေပးႏိုင္လိမ့္မယ္လို႔လည္း အီရန္ႏိုင္ငံပိုင္မီဒိယာက ေရးသား ေဖာ္ျပခဲ့ပါတယ္။ ကမာၻေျမစူးစမ္းေလ့လာေရးနဲ႔ ဆက္သြယ္ေရးၿဂိဳလ္တုေတြကို လႊတ္တင္တာေတြအပါအဝင္ ႐ုရွား-အီရန္ အာကာသပူးေပါင္းေဆာင္႐ြက္မႈေတြ ႀကီးထြားလာေနခ်ိန္မွာပဲ အဲဒီလႊတ္တင္မႈ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ႐ုရွားနဲ႔ အီရန္တို႔ဟာ အရပ္ဘက္အာကာသအစီအစဥ္ေတြမွာ ပူးေပါင္းေဆာင္႐ြက္တာ အပါအဝင္ စြမ္းအင္၊ သိပၸံ နဲ႔ နည္းပညာက႑တို႔မွာ ၿငိမ္းခ်မ္းတဲ့ပူးေပါင္းေဆာင္႐ြက္မႈကိုအေလးေပးတဲ့ ႏွစ္ေပါင္း (၂၀) ဘက္စုံမဟာဗ်ဴဟာေျမာက္မိတ္ဖက္သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။