ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ခေါင်းဆောင်တို့ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

483

ဂျန်ဇက် (NP News) - ဇူလိုင် ၂၈
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ငါးရက်မြောက်အဖြစ် ပစ်ခတ်မှုများဆက်လက်ရှိနေပေမယ့် နှစ်နိုင်ငံစလုံးရဲ့ခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ဟာ ထိုင်းယာယီဝန်ကြီးချုပ်နဲ့မတွေ့ဆုံခင် ပစ်ခတ်တိုက်ခိုက်မှုမျးကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ထိုင်းယာယီဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံဟာ တင်းမာမှုများလျော့ချလိုတဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ပြသရမယ်လို့ပြောပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ ဇူလိုင် ၂၄ ရက်မှာစတင်ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် လေးရက်မြောက်နေ့မှာ အမေရိကန်သမ္မတက အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံမှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်ဒေသမှာ ပိုင်နယ်နယ်မြေအငြင်းပွားမှု ရာစုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့ကြတာပါ။ ထိုင်းဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ဟာ မလေးရှားဝန်ကြီးချုပ်အီဘရာဟင်ရှေ့မှာ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version:
ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရအဖြဲ႕ေခါင္းေဆာင္တို႔ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၈
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ငါးရက္ေျမာက္အျဖစ္ ပစ္ခတ္မႈမ်ားဆက္လက္ရွိေနေပမယ့္ ႏွစ္ႏိုင္ငံစလုံးရဲ႕ေခါင္းေဆာင္ေတြဟာ မေလးရွားႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနေၾကာင္း သိရပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္ဟာ ထိုင္းယာယီဝန္ႀကီးခ်ဳပ္နဲ႔မေတြ႕ဆုံခင္ ပစ္ခတ္တိုက္ခိုက္မႈမ်းကို ခ်က္ခ်င္း ရပ္တန႔္ဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။
ဒါေပမယ့္ ထိုင္းယာယီဝန္ႀကီးခ်ဳပ္က ကေမာၻဒီးယားႏိုင္ငံဟာ တင္းမာမႈမ်ားေလ်ာ့ခ်လိုတဲ့ စစ္မွန္တဲ့ ရည္႐ြယ္ခ်က္ကို ျပသရမယ္လို႔ေျပာပါတယ္။ ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ဟာ ဇူလိုင္ ၂၄ ရက္မွာစတင္ၿပီး အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ေလးရက္ေျမာက္ေန႔မွာ အေမရိကန္သမၼတက အပစ္ခတ္ရပ္စဲဖို႔ ေတာင္းဆိုခဲ့ပါတယ္။
အေမရိကန္သမၼတက တိုက္တြန္းေတာင္းဆိုခဲ့ၿပီးေနာက္ ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရအဖြဲ႕ေခါင္းေဆာင္ေတြဟာ မေလးရွားႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံး ၃၃ ဦးေသဆုံးခဲ့ၿပီး လူေပါင္းေထာင္ခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ နယ္စပ္ေဒသမွာ ပိုင္နယ္နယ္ေျမအျငင္းပြားမႈ ရာစုႏွစ္နဲ႔ခ်ီၿပီး ျဖစ္ပြားခဲ့ၾကတာပါ။ ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္တို႔ဟာ မေလးရွားဝန္ႀကီးခ်ဳပ္အီဘရာဟင္ေရွ႕မွာ မိနစ္ ၃၀ ၾကာ ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။