ရုရှားအတွက် ဆုံးဖြတ်ချက်ချဖို့ နောက်ဆုံးရက်ကို ဒေါ်နယ်ထရမ့် သတ်မှတ်

693

Pika (NP News) - ဇူလိုင် ၃၁
ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုအသစ်တွေကို ရင်ဆိုင်ရဖို့ ရုရှားမှာ အချိန်(၁၀)ရက်ပဲရှိတော့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီထုတ်ပြန်ပြောဆိုချက်တွေနဲ့အတူ ရုရှားအတွက် နောက်ဆုံးရက်ကို ဩဂုတ်လ(၈)ရက်အဖြစ် ဒေါ်နယ်ထရမ့်က သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ဆုံးဖြတ်ချက်တွေချဖို့အတွက် ရုရှားမှာ အချိန်(၁၀)ရက်ပဲ ရှိပါတော့တယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ၎င်းရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ဘက်က တုံ့ပြန်ပြောဆိုတာမျိုး တွေကို လက်ရှိအချိန်အထိ မကြားရသေးဘူးလို့လည်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ရုရှားဘက်က တုံ့ပြန်တာမျိုးတွေကို လုံးဝမကြားရသေးပါဘူး။ ဒါက ရှက်စရာပါပဲ” လို့ ပြောခဲ့ပါတယ်။ ရုရှားသမ္မပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖို့အတွက် ရုရှားနဲ့ယူကရိန်းတို့က သဘောတူညီခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန်က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။
ဟာကန်ဖီဒန်က “ဆွေးနွေးပွဲအတွင်း ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ၎င်းတို့ရဲ့ခေါင်းဆောင်တွေ ကြား တွေ့ဆုံမှုလုပ်ဆောင်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားအတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔ ေနာက္ဆုံးရက္ကို ေဒၚနယ္ထရမ့္ သတ္မွတ္
Pika (NP News) - ဇူလိုင္ ၃၁
ယူကရိန္းမွာျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔ ဒါမွမဟုတ္ ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို ရင္ဆိုင္ရဖို႔ ႐ုရွားမွာ အခ်ိန္(၁၀)ရက္ပဲရွိေတာ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီထုတ္ျပန္ေျပာဆိုခ်က္ေတြနဲ႔အတူ ႐ုရွားအတြက္ ေနာက္ဆုံးရက္ကို ဩဂုတ္လ(၈)ရက္အျဖစ္ ေဒၚနယ္ထရမ့္က သတ္မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ဆုံးျဖတ္ခ်က္ေတြခ်ဖို႔အတြက္ ႐ုရွားမွာ အခ်ိန္(၁၀)ရက္ပဲ ရွိပါေတာ့တယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ၎ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ဘက္က တုံ႔ျပန္ေျပာဆိုတာမ်ိဳး ေတြကို လက္ရွိအခ်ိန္အထိ မၾကားရေသးဘူးလို႔လည္း ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ၿခိမ္းေျခာက္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က တုံ႔ျပန္တာမ်ိဳးေတြကို လုံးဝမၾကားရေသးပါဘူး။ ဒါက ရွက္စရာပါပဲ” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားသမၼပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈ လုပ္ေဆာင္ဖို႔အတြက္ ႐ုရွားနဲ႔ယူကရိန္းတို႔က သေဘာတူညီခဲ့တယ္လို႔ တူရကီႏိုင္ငံျခားေရးဝန္ႀကီးဟာကန္ဖီဒန္က ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။
ဟာကန္ဖီဒန္က “ေဆြးေႏြးပြဲအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ၎တို႔ရဲ႕ေခါင္းေဆာင္ေတြ ၾကား ေတြ႕ဆုံမႈလုပ္ေဆာင္ႏိုင္မယ့္ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။