ယူကရိန်း ဝန်ကြီးချုပ်အသစ်ကြောင်း တစေ့တစောင်း

 206

ဂျန်ဇက် (NP News) - သြဂုတ် ၁
ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ စစ်ပွဲဖြစ်ပွားမှု သုံးနှစ်ကျော်ကြာလာချိန်မှာ နယ်မြေဆုံးရှုံးမှုတွေ အပြင် စီးပွားရေးကျဆင်းမှုများကြောင့် ဖိအားများ ရင်ဆိုင်နေရချိန်မှာ သမ္မတ ဇယ်လန်စကီးဟာ အစိုးရ အဖွဲ့အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး ယူလီယာ ဆာဗီဒန်ကို ဝန်ကြီးချုပ်အသစ်အဖြစ် လွှတ်တော်က ရွေး ချယ်ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းလွှတ်တော်ဟာ ဇူလိုင် (၁၇)ရက်မှာ ယူလီယာကို ဝန်ကြီး ချုပ်အဖြစ် ခန့်အပ်ဖို့ သင့်မသင့်မဲခွဲဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၄၅၀)ဦးအနက် (၂၆၂)ဦးက ယူလီယာကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ ဟူလီယာဟာ ယူက ရိန်း နိုင်ငံရဲ့ (၁၉)ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ယူကရိန်းသမ္မတဇယ်လန်စကီးနဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးဖြစ်သလို ဇယ်လန်စကီးအပေါ် သစ္စာရှိသူဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းဟာ လက်ရှိအချိန်မှာ အသက် (၃၉)နှစ်အရွယ်သာရှိသေးပြီး ယူကရိန်းနိုင်ငံသမိုင်းတစ်လျှောက် ဝန်ကြီးချုပ် တွေထဲမှာ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ သလို အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ် လည်းဖြစ်ပါတယ်။
ဟူလီယာဟာ ယူကရိန်းဝန်ကြီးချုပ်အ ဖြစ်တာဝန်မယူခင် ယူကရိန်းအစိုးရအဖွဲ့အတွင်းမှာ တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ အသက်(၃၉)နှစ်အရွယ်ရှိ ဟူလီယာဟာ (၂၀ဝ၈)ခုနှစ်မှာ ယူကရိန်း နိုင်ငံ ကိဗ်ယက်မြို့ရှိ ကိဗ်ယက်ကုန်သွယ်ရေးနဲ့ စီးပွားရေးတက္ကသိုလ်ကနေ စီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ ရရှိခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ Chernihiv မြို့မှာ မွေးဖွားခဲ့တဲ့ ဟူလီယာဟာ ငယ်စဉ်ကလေးဘဝက မြို့ အတွင်းရှိ စာသင်ကျောင်းတွေတက်ရောက်ခဲ့ပြီး (၂၀ဝ၈) ခုနှစ်မှာ တက္ကသိုလ်မှဘွဲ့ရခဲ့သူလည်းဖြစ်ပါ တယ်။ ၎င်းဟာ (၂၀ဝ၈)ခုနှစ်မှာပဲ ပုဂ္ဂလိကလုပ်ငန်းတွေကိုစတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း Chernihiv ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ အစည်းမှာလည်း အကြီးတန်းအရာရှိအဖြစ် လုပ်ကိုင် ခဲ့ဖူးသူဖြစ်ပါတယ်။ ဟူလီယာဟာ Chernihiv ဒေသရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ အဖြစ်တာဝန်ယူခဲ့ဖူးသလို Chernihiv ဒေသရဲ့ ဒုတိယအကြီးအကဲတာဝန်ယူခဲ့ပါတယ်။ ၎င်းဟာ Chernihiv ဒေသရဲ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်း (၂၀၁၈)ခုနှစ်မှာတာဝန်ယူခဲ့ဖူး သူဖြစ်ပါတယ်။ ဟူလီယာဟာ (၂၀၁၉)ခုနှစ်မှာ ယူကရိန်းနိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး (၂၀၂၀) ပြည့်နှစ်မှာ ယူကရိန်းသမ္မတရုံးရဲ့ဒုတိယ အကြီးအကဲ၊ အကြီးအကဲတာဝန်တွေကို တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဟူလီယာဟာ ငယ်ရွယ်ပေမယ့် ထက်မြက်သူတစ်ဦးဖြစ်တဲ့အတွက် ယူကရိန်းအစိုးရအဖွဲ့အတွင်း အဓိကတာဝန်တွေကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ (၂၀၂၁)ခုနှစ်မှာ ယူကရိန်းစီးပွားရေးဝန်ကြီးဌာနရဲ့လက်ထောက်ဝန်ကြီးအဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပြီး ယူကရိန်းသမ္မတဇယ် လန်စကီးရဲ့ယုံကြည်အားထားခံရသူလည်းဖြစ်ပါတယ်။
ယူကရိန်းသမ္မတဟာ (၂၀၂၀)ခုနှစ်မှာ ယူကရိန်းနိုင်ငံ လူမှုစီးပွားရေးပြဿနာတွေကို ဖြေရှင်းမယ့် Trilateral Contact Group ရဲ့ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းလွှတ် တော်ဟာ (၂၀၂၁)ခုနှစ်မှာ ဟူလီယာ ကို ယူကရိန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ကုန် သွယ်ရေးဝန်ကြီး ဌာနဝန်ကြီးနဲ့ ယူကရိန်းဒုတိယ ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။ ယူကရိန်း အစိုးရဟာ နိုင်ငံ ပိတ်ဆို့မှုချမှတ်ရေးမူဝါဒနဲ့ပတ်သက် ပြီး Interagency Working Group ခေါင်းဆောင် အဖြစ်တာဝန်ယူ ပေးခဲ့ပြီး အဲဒီအဖွဲ့ဟာ ရုရှားနိုင်ငံ အပေါ်ချမှတ်တဲ့ပိတ်ဆို့မှုတွေ ပိုမိုကောင်းမွန်စေဖို့ တခြားနိုင်ငံတွေနဲ့ စေ့စပ်ဆွေးနွေးရပြီးအထူးသဖြင့် ဗြိတိန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရတာလည်းဖြစ်ပါတယ်။ ဟူလီယာ ဟာ ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းရဲ့ TIME 100 Next စာရင်းထဲမှာပါဝင်ခဲ့သူဖြစ်ပြီး ငယ်ရွယ်ပေမယ့် အရည် အချင်းရှိသူတစ်ဦးအဖြစ် ချီးကျူးခံရသူဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ သုံး နှစ်ကြာလာချိန်မှာ အမေရိ ကန်အစိုးရအဖွဲ့နဲ့ဆက်ဆံရေး ယခင်လောက် ကောင်းမွန်မှုမရှိတဲ့အတွက် ယူကရိန်းသမ္မတဟာ အမေရိကန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်အောင် အစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။ ဟူလီယာဟာ ယူကရိန်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် အတွင်း ယူကရိန်းကို အဓိကကူညီပံ့ပိုးပေးနေတဲ့ အမေရိကန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည် ဆောက်နိုင်အောင် ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။ ဟူလီယာက ယူကရိန်းအစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရခဲ့တာက ကြီးမားတဲ့ဂုဏ်ပြုခံရမှုဖြစ်ခဲ့ပြီး လုပ်ငန်းတာဝန်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် မယ်လို့ ပြောပါတယ်။
ဟူလီယာက “ယူကရိန်းစစ်သားတွေကို ရုရှားနိုင်ငံအပေါ်တိုက်ခိုက်နိုင်တဲ့ လိုအပ်တဲ့ကူညီ ထောက်ပံ့ပေးမှုတွေလုပ်ဆောင်မယ်။ နိုင်ငံတိုးတက် ရေးအတွက် လျင်လျင်မြန်မြန်နဲ့ ထိုက်ထိုက်တန် တန်လုပ်ဆောင်မယ်။ ကျွန်မဦးဆောင်မယ့်အစိုးရ အဖွဲ့ဟာ (၆)လအတွင်းမှာ ယူကရိန်းစစ်တပ်ကိုလိုအပ် တဲ့စစ်လက်နက်ပစ္စည်းတွေရယူဖို့၊ ပြည်တွင်းမှာ စစ်လက်နက်ပစ္စည်းတွေပိုမိုတိုးချဲ့ထုတ်လုပ်ဖို့၊ နည်း ပညာပိုင်းပိုမိုကောင်းမွန်ဖို့ အဓိကဦးစားပေးလုပ်ကိုင်မယ်” လို့ပြောပေမယ့် ယူကရိန်းအတိုက်ခံပါတီ တွေကတော့ ဟူလီယာရဲ့စွမ်းဆောင်နိုင်မှုအပေါ် သံသယရှိနေပြီး အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မှာ မဟုတ် ဘူးလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ ဟူလီယာဟာ ယူကရိန်းနိုင်ငံစစ်ပွဲဖြစ် နေချိန်အတွင်း နိုင်ငံစီးပွားရေးကို အဓိကစီမံခန့်ခွဲခဲ့ သူဖြစ်ပြီး စီးပွားရေးတည်ငြိမ်ဖို့ ၊ နိုင်ငံတကာငွေကြေး ကူညီပေးတဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို အဓိကလုပ်ကိုင်ခဲ့ရသူဖြစ်ပြီး ဂျီ (၇) အဖွဲ့ ဝင်နိုင်ငံတွေ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။
ဟူလီယာဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ခြောက်လအတွင်းမှာ ယူကရိန်း စစ်သား တွေအတွက်လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း အနည်းဆုံး (၄၀)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်း အထိ စစ် လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် ဦးစားပေးလုပ်ကိုင်ရမှာဖြစ်ပါ တယ်။
ယူကရိန်းသမ္မတဇယ်လန်စကီးကိုလည်း ဟူလီယာက “ကျွန်မကို ယုံကြည်မှုအပြည့်နဲ့ ဝန်ကြီး ချုပ်အဖြစ်ခန့်အပ်နိုင်အောင် အမည်စာရင်းပေးတဲ့ သမ္မတကို အလွန်အမင်းကျေးဇူးတင်ပါတယ်။ နိုင်ငံ အတွက်အရေးကြီးတဲ့အချိန်မှာ အခွင့်ရေးကောင်းတွေပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်မတို့ အစိုးရအဖွဲ့ဟာ စစ်လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာထုတ်လုပ်ဖို့၊ ကူညီထောက်ပံ့ပေးမှုတွေပိုမို ကောင်းမွန်ဖို့၊ နိုင်ငံစီးပွားရေး ပိုမိုတိုးတက်လာဖို့၊ အစိုးရအဖွဲ့အတွင်း ပိုမိုကောင်းမွန်စေဖို့ ဦးစား ပေးလုပ် ကိုင်မယ်” လို့ပြောပါတယ်။ ဟူလီယာဟာ ငယ်ရွယ်ပေမယ့် လုပ်ငန်းလုပ်ကိုင်ရာမှာ တိကျမှုရှိပြီး အများ ပြည်သူကို အုပ်ချုပ်ရာမှာ တန်းတူညီမျှစိတ်ရှိသူတစ်ဦးအဖြစ် ချီးကျူးခံရသူဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အခက်အခဲများစွာတွေ့ကြုံရပြီး အမေရိ ကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်စစ်ပွဲကိုအလုံးစုံမရှုံးနိမ့်အောင် ကြိုး ပမ်းလျက်ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန် နိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်လာခဲ့ပြီးနောက် ယူကရိန်း နိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုတွေ လျှော့ခဲ့ရာ ယူကရိန်းဟာ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိဖို့ ရုန်းကန်လာရဖွယ်ရှိနေပါတယ်။ ယူကရိန်း ဝန်ကြီးချုပ်အသစ်ဟာ အဲဒီစိန်ခေါ်မှုတွေကို ကျော် ဖြတ်နိုင်စွမ်းရှိမှာလားဆိုတာစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဟူလီယာဟာ ငယ်ရွယ်တဲ့အမျိုးသမီး တစ်ဦးဖြစ်ပေမယ့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံ ရခြင်းဟာ ယူကရိန်းသမ္မတနဲ့ နီးစပ်မှုအပြင် ၎င်း ရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုတွေနဲ့ သက်ဆိုင်ဖွယ်ရှိ နေပါတယ်။ ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်ပွဲဖြစ်ပွားနေတဲ့အတွက် နိုင်ငံအတွက် အခက်ခဲ ဆုံးအချိန်ကို ရင်ဆိုင်နေရခြင်းဖြစ်ရာ အမေရိကန် နိုင်ငံထံမှ အကူအညီတွေရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဟူလီယာဟာ အမေရိကန်နိုင်ငံနဲ့လည်းရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက်၎င်းကို ဝန်ကြီးချုပ်အသစ် အဖြစ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်ဖွယ်ရှိတယ်လို့ ဆိုကြ ပါတယ်။ ဟူလီဟာဟာ အမေရိကန်အစိုးရအသစ် လက်ထက်မှာ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံကြား တွင်းထွက်အကျိုးစီးပွားနဲ့အငြင်းပွားမှုတွေရှိ နေချိန်မှာပဲ စာချုပ်ချုပ်နိုင်အောင် အဓိကစေ့စပ် ဆွေးနွေး သူဖြစ်ပြီး အမေရိကန်နဲ့ ယူကရိန်းနိုင်ငံကြား ဆက်ဆံရေးမဆိုးရွားစေဖို့ကူညီပေးခဲ့သူဖြစ်ပါတယ်။
မည်သို့ပင်ဆိုနေစေကာမူ ယူကရိန်းဝန် ကြီးချုပ်အသစ်အဖြစ်တာဝန်ယူမယ့် ဟူလီယာဟာ စစ်ပွဲ ဒဏ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကို ရလဒ်ကောင်းတွေရယူနိုင်အောင် ဘယ်လိုမျိုးစွမ်းဆောင်ပေး နိုင်မလဲဆိုတာစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဟူလီယာဟာ အသက်အရွယ်အပိုင်း အခြား အရ အတွေ့ ကြုံနည်းပါးတယ်လို့ဆိုနိုင်ပေမယ့် ယူကရိန်း အစိုးရအဖွဲ့ရဲ့လုပ်ငန်းဌာနတွေမှာ အဓိကတာဝန်တွေ ရယူနိုင်ခဲ့ဖူးသူဖြစ်ရာ ၎င်းရဲ့အရည်အချင်း ကောင်းမွန်မှုက ယူကရိန်းနိုင်ငံအတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်အောင်ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ယူကရိန္း ဝန္ႀကီးခ်ဳပ္အသစ္ေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁
ယူကရိန္းႏိုင္ငံဟာ ႐ုရွားနဲ႔ စစ္ပြဲျဖစ္ပြားမႈ သုံးႏွစ္ေက်ာ္ၾကာလာခ်ိန္မွာ နယ္ေျမဆုံးရႈံးမႈေတြ အျပင္ စီးပြားေရးက်ဆင္းမႈမ်ားေၾကာင့္ ဖိအားမ်ား ရင္ဆိုင္ေနရခ်ိန္မွာ သမၼတ ဇယ္လန္စကီးဟာ အစိုးရ အဖြဲ႕အေျပာင္းအလဲလုပ္ေဆာင္ခဲ့ၿပီး ယူလီယာ ဆာဗီဒန္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ လႊတ္ေတာ္က ေ႐ြး ခ်ယ္ခန႔္အပ္ခဲ့တယ္လို႔သိရပါတယ္။ ယူကရိန္းလႊတ္ေတာ္ဟာ ဇူလိုင္ (၁၇)ရက္မွာ ယူလီယာကို ဝန္ႀကီး ခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ သင့္မသင့္မဲခြဲဆုံးျဖတ္ခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ (၄၅၀)ဦးအနက္ (၂၆၂)ဦးက ယူလီယာကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။ ဟူလီယာဟာ ယူက ရိန္း ႏိုင္ငံရဲ႕ (၁၉)ဦးေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမွာျဖစ္ၿပီး ယူကရိန္းသမၼတဇယ္လန္စကီးနဲ႔ ရင္းႏွီးတဲ့မိတ္ေဆြတစ္ဦးျဖစ္သလို ဇယ္လန္စကီးအေပၚ သစၥာရွိသူျဖစ္တယ္လို႔ ဆိုပါတယ္။ ၎ဟာ လက္ရွိအခ်ိန္မွာ အသက္ (၃၉)ႏွစ္အ႐ြယ္သာရွိေသးၿပီး ယူကရိန္းႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ဝန္ႀကီးခ်ဳပ္ ေတြထဲမွာ အသက္အငယ္ဆုံးဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့ သလို အသက္အငယ္ဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ လည္းျဖစ္ပါတယ္။
ဟူလီယာဟာ ယူကရိန္းဝန္ႀကီးခ်ဳပ္အ ျဖစ္တာဝန္မယူခင္ ယူကရိန္းအစိုးရအဖြဲ႕အတြင္းမွာ တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။ အသက္(၃၉)ႏွစ္အ႐ြယ္ရွိ ဟူလီယာဟာ (၂၀ဝ၈)ခုႏွစ္မွာ ယူကရိန္း ႏိုင္ငံ ကိဗ္ယက္ၿမိဳ႕ရွိ ကိဗ္ယက္ကုန္သြယ္ေရးနဲ႔ စီးပြားေရးတကၠသိုလ္ကေန စီမံခန႔္ခြဲမႈဘာသာရပ္နဲ႔ ဘြဲ႕ ရရွိခဲ့ပါတယ္။ ယူကရိန္းႏိုင္ငံ Chernihiv ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ဟူလီယာဟာ ငယ္စဥ္ကေလးဘဝက ၿမိဳ႕ အတြင္းရွိ စာသင္ေက်ာင္းေတြတက္ေရာက္ခဲ့ၿပီး (၂၀ဝ၈) ခုႏွစ္မွာ တကၠသိုလ္မွဘြဲ႕ရခဲ့သူလည္းျဖစ္ပါ တယ္။ ၎ဟာ (၂၀ဝ၈)ခုႏွစ္မွာပဲ ပုဂၢလိကလုပ္ငန္းေတြကိုစတင္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး ေနာက္ပိုင္း Chernihiv ေဒသအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕ အစည္းမွာလည္း အႀကီးတန္းအရာရွိအျဖစ္ လုပ္ကိုင္ ခဲ့ဖူးသူျဖစ္ပါတယ္။ ဟူလီယာဟာ Chernihiv ေဒသရဲ႕စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးဌာန အႀကီးအကဲ အျဖစ္တာဝန္ယူခဲ့ဖူးသလို Chernihiv ေဒသရဲ႕ ဒုတိယအႀကီးအကဲတာဝန္ယူခဲ့ပါတယ္။ ၎ဟာ Chernihiv ေဒသရဲ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒အျဖစ္လည္း (၂၀၁၈)ခုႏွစ္မွာတာဝန္ယူခဲ့ဖူး သူျဖစ္ပါတယ္။ ဟူလီယာဟာ (၂၀၁၉)ခုႏွစ္မွာ ယူကရိန္းႏိုင္ငံ စီးပြားေရး၊ ကုန္သြယ္ေရးနဲ႔ စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနမွာ ဒုတိယဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရၿပီး (၂၀၂၀) ျပည့္ႏွစ္မွာ ယူကရိန္းသမၼတ႐ုံးရဲ႕ဒုတိယ အႀကီးအကဲ၊ အႀကီးအကဲတာဝန္ေတြကို တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဟူလီယာဟာ ငယ္႐ြယ္ေပမယ့္ ထက္ျမက္သူတစ္ဦးျဖစ္တဲ့အတြက္ ယူကရိန္းအစိုးရအဖြဲ႕အတြင္း အဓိကတာဝန္ေတြကို ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ၎ဟာ (၂၀၂၁)ခုႏွစ္မွာ ယူကရိန္းစီးပြားေရးဝန္ႀကီးဌာနရဲ႕လက္ေထာက္ဝန္ႀကီးအျဖစ္ တာဝန္ယူခြင့္ရရွိခဲ့ၿပီး ယူကရိန္းသမၼတဇယ္ လန္စကီးရဲ႕ယုံၾကည္အားထားခံရသူလည္းျဖစ္ပါတယ္။
ယူကရိန္းသမၼတဟာ (၂၀၂၀)ခုႏွစ္မွာ ယူကရိန္းႏိုင္ငံ လူမႈစီးပြားေရးျပႆနာေတြကို ေျဖရွင္းမယ့္ Trilateral Contact Group ရဲ႕ကိုယ္စားလွယ္အျဖစ္ခန႔္အပ္ခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းလႊတ္ ေတာ္ဟာ (၂၀၂၁)ခုႏွစ္မွာ ဟူလီယာ ကို ယူကရိန္းစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ကုန္ သြယ္ေရးဝန္ႀကီး ဌာနဝန္ႀကီးနဲ႔ ယူကရိန္းဒုတိယ ဝန္ႀကီးခ်ဳပ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့ပါတယ္။ ယူကရိန္း အစိုးရဟာ ႏိုင္ငံ ပိတ္ဆို႔မႈခ်မွတ္ေရးမူဝါဒနဲ႔ပတ္သက္ ၿပီး Interagency Working Group ေခါင္းေဆာင္ အျဖစ္တာဝန္ယူ ေပးခဲ့ၿပီး အဲဒီအဖြဲ႕ဟာ ႐ုရွားႏိုင္ငံ အေပၚခ်မွတ္တဲ့ပိတ္ဆို႔မႈေတြ ပိုမိုေကာင္းမြန္ေစဖို႔ တျခားႏိုင္ငံေတြနဲ႔ ေစ့စပ္ေဆြးေႏြးရၿပီးအထူးသျဖင့္ ၿဗိတိန္ႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္ရတာလည္းျဖစ္ပါတယ္။ ဟူလီယာ ဟာ ကမာၻေက်ာ္တိုင္းမ္မဂၢဇင္းရဲ႕ TIME 100 Next စာရင္းထဲမွာပါဝင္ခဲ့သူျဖစ္ၿပီး ငယ္႐ြယ္ေပမယ့္ အရည္ အခ်င္းရွိသူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံရသူျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံဟာ ႐ုရွားနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲ သုံး ႏွစ္ၾကာလာခ်ိန္မွာ အေမရိ ကန္အစိုးရအဖြဲ႕နဲ႔ဆက္ဆံေရး ယခင္ေလာက္ ေကာင္းမြန္မႈမရွိတဲ့အတြက္ ယူကရိန္းသမၼတဟာ အေမရိကန္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ႏိုင္ေအာင္ အစိုးရအဖြဲ႕ကို ျပင္ဆင္ေျပာင္းလဲခဲ့တာလည္းျဖစ္ပါတယ္။ ဟူလီယာဟာ ယူကရိန္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ အတြင္း ယူကရိန္းကို အဓိကကူညီပံ့ပိုးေပးေနတဲ့ အေမရိကန္ႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ ေဆာက္ႏိုင္ေအာင္ ႀကိဳးပမ္းရမွာလည္းျဖစ္ပါတယ္။ ဟူလီယာက ယူကရိန္းအစိုးရအဖြဲ႕ကို ဦးေဆာင္ခြင့္ ရခဲ့တာက ႀကီးမားတဲ့ဂုဏ္ျပဳခံရမႈျဖစ္ခဲ့ၿပီး လုပ္ငန္းတာဝန္ေတြကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ မယ္လို႔ ေျပာပါတယ္။
ဟူလီယာက “ယူကရိန္းစစ္သားေတြကို ႐ုရွားႏိုင္ငံအေပၚတိုက္ခိုက္ႏိုင္တဲ့ လိုအပ္တဲ့ကူညီ ေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္မယ္။ ႏိုင္ငံတိုးတက္ ေရးအတြက္ လ်င္လ်င္ျမန္ျမန္နဲ႔ ထိုက္ထိုက္တန္ တန္လုပ္ေဆာင္မယ္။ ကြၽန္မဦးေဆာင္မယ့္အစိုးရ အဖြဲ႕ဟာ (၆)လအတြင္းမွာ ယူကရိန္းစစ္တပ္ကိုလိုအပ္ တဲ့စစ္လက္နက္ပစၥည္းေတြရယူဖို႔၊ ျပည္တြင္းမွာ စစ္လက္နက္ပစၥည္းေတြပိုမိုတိုးခ်ဲ႕ထုတ္လုပ္ဖို႔၊ နည္း ပညာပိုင္းပိုမိုေကာင္းမြန္ဖို႔ အဓိကဦးစားေပးလုပ္ကိုင္မယ္” လို႔ေျပာေပမယ့္ ယူကရိန္းအတိုက္ခံပါတီ ေတြကေတာ့ ဟူလီယာရဲ႕စြမ္းေဆာင္ႏိုင္မႈအေပၚ သံသယရွိေနၿပီး အစိုးရအဖြဲ႕ကို ဦးေဆာင္ႏိုင္မွာ မဟုတ္ ဘူးလို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ဒါေပမဲ့ ဟူလီယာဟာ ယူကရိန္းႏိုင္ငံစစ္ပြဲျဖစ္ ေနခ်ိန္အတြင္း ႏိုင္ငံစီးပြားေရးကို အဓိကစီမံခန႔္ခြဲခဲ့ သူျဖစ္ၿပီး စီးပြားေရးတည္ၿငိမ္ဖို႔ ၊ ႏိုင္ငံတကာေငြေၾကး ကူညီေပးတဲ့ အဖြဲ႕စည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ မႈေတြကို အဓိကလုပ္ကိုင္ခဲ့ရသူျဖစ္ၿပီး ဂ်ီ (၇) အဖြဲ႕ ဝင္ႏိုင္ငံေတြ၊ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ပါတယ္။
ဟူလီယာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ေျခာက္လအတြင္းမွာ ယူကရိန္း စစ္သား ေတြအတြက္လိုအပ္တဲ့ စစ္လက္နက္ပစၥည္း အနည္းဆုံး (၄၀)ရာခိုင္ႏႈန္းကေန (၅၀)ရာခိုင္ႏႈန္း အထိ စစ္ လက္နက္ပစၥည္းေတြကို ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ေအာင္ ဦးစားေပးလုပ္ကိုင္ရမွာျဖစ္ပါ တယ္။
ယူကရိန္းသမၼတဇယ္လန္စကီးကိုလည္း ဟူလီယာက “ကြၽန္မကို ယုံၾကည္မႈအျပည့္နဲ႔ ဝန္ႀကီး ခ်ဳပ္အျဖစ္ခန႔္အပ္ႏိုင္ေအာင္ အမည္စာရင္းေပးတဲ့ သမၼတကို အလြန္အမင္းေက်းဇူးတင္ပါတယ္။ ႏိုင္ငံ အတြက္အေရးႀကီးတဲ့အခ်ိန္မွာ အခြင့္ေရးေကာင္းေတြေပးတဲ့အတြက္ ဝမ္းသာမိပါတယ္။ ကြၽန္မတို႔ အစိုးရအဖြဲ႕ဟာ စစ္လက္နက္ပစၥည္းေတြကို ျပည္တြင္းမွာထုတ္လုပ္ဖို႔၊ ကူညီေထာက္ပံ့ေပးမႈေတြပိုမို ေကာင္းမြန္ဖို႔၊ ႏိုင္ငံစီးပြားေရး ပိုမိုတိုးတက္လာဖို႔၊ အစိုးရအဖြဲ႕အတြင္း ပိုမိုေကာင္းမြန္ေစဖို႔ ဦးစား ေပးလုပ္ ကိုင္မယ္” လို႔ေျပာပါတယ္။ ဟူလီယာဟာ ငယ္႐ြယ္ေပမယ့္ လုပ္ငန္းလုပ္ကိုင္ရာမွာ တိက်မႈရွိၿပီး အမ်ား ျပည္သူကို အုပ္ခ်ဳပ္ရာမွာ တန္းတူညီမွ်စိတ္ရွိသူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံရသူျဖစ္ပါတယ္။
ယူကရိန္းႏိုင္ငံဟာ ႐ုရွားနဲ႔ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အခက္အခဲမ်ားစြာေတြ႕ႀကဳံရၿပီး အေမရိ ကန္အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းေတြရဲ႕ ပံ့ပိုးကူညီမႈေတြေၾကာင့္စစ္ပြဲကိုအလုံးစုံမရႈံးနိမ့္ေအာင္ ႀကိဳး ပမ္းလ်က္ရွိေနပါတယ္။ ဒါေပမဲ့ အေမရိကန္ ႏိုင္ငံမွာ အစိုးရအဖြဲ႕အေျပာင္းအလဲျဖစ္လာခဲ့ၿပီးေနာက္ ယူကရိန္း ႏိုင္ငံအေပၚ ကူညီေထာက္ပံ့ေပးမႈေတြ ေလွ်ာ့ခဲ့ရာ ယူကရိန္းဟာ ႏိုင္ငံတကာအကူအညီေတြ ပိုမိုရရွိဖို႔ ႐ုန္းကန္လာရဖြယ္ရွိေနပါတယ္။ ယူကရိန္း ဝန္ႀကီးခ်ဳပ္အသစ္ဟာ အဲဒီစိန္ေခၚမႈေတြကို ေက်ာ္ ျဖတ္ႏိုင္စြမ္းရွိမွာလားဆိုတာေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ဟူလီယာဟာ ငယ္႐ြယ္တဲ့အမ်ိဳးသမီး တစ္ဦးျဖစ္ေပမယ့္ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခံ ရျခင္းဟာ ယူကရိန္းသမၼတနဲ႔ နီးစပ္မႈအျပင္ ၎ ရဲ႕စြမ္းေဆာင္ရည္ေကာင္းမြန္မႈေတြနဲ႔ သက္ဆိုင္ဖြယ္ရွိ ေနပါတယ္။ ယူကရိန္းႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ စစ္ပြဲျဖစ္ပြားေနတဲ့အတြက္ ႏိုင္ငံအတြက္ အခက္ခဲ ဆုံးအခ်ိန္ကို ရင္ဆိုင္ေနရျခင္းျဖစ္ရာ အေမရိကန္ ႏိုင္ငံထံမွ အကူအညီေတြရယူႏိုင္ဖို႔ လိုအပ္ေနပါတယ္။ ဟူလီယာဟာ အေမရိကန္ႏိုင္ငံနဲ႔လည္းရင္းႏွီးတဲ့ ဆက္ဆံေရးရွိတဲ့အတြက္၎ကို ဝန္ႀကီးခ်ဳပ္အသစ္ အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ျခင္းျဖစ္ဖြယ္ရွိတယ္လို႔ ဆိုၾက ပါတယ္။ ဟူလီဟာဟာ အေမရိကန္အစိုးရအသစ္ လက္ထက္မွာ အေမရိကန္နဲ႔ ယူကရိန္းႏိုင္ငံၾကား တြင္းထြက္အက်ိဳးစီးပြားနဲ႔အျငင္းပြားမႈေတြရွိ ေနခ်ိန္မွာပဲ စာခ်ဳပ္ခ်ဳပ္ႏိုင္ေအာင္ အဓိကေစ့စပ္ ေဆြးေႏြး သူျဖစ္ၿပီး အေမရိကန္နဲ႔ ယူကရိန္းႏိုင္ငံၾကား ဆက္ဆံေရးမဆိုး႐ြားေစဖို႔ကူညီေပးခဲ့သူျဖစ္ပါတယ္။
မည္သို႔ပင္ဆိုေနေစကာမူ ယူကရိန္းဝန္ ႀကီးခ်ဳပ္အသစ္အျဖစ္တာဝန္ယူမယ့္ ဟူလီယာဟာ စစ္ပြဲ ဒဏ္ကိုရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံကို ရလဒ္ေကာင္းေတြရယူႏိုင္ေအာင္ ဘယ္လိုမ်ိဳးစြမ္းေဆာင္ေပး ႏိုင္မလဲဆိုတာေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ဟူလီယာဟာ အသက္အ႐ြယ္အပိုင္း အျခား အရ အေတြ႕ ႀကဳံနည္းပါးတယ္လို႔ဆိုႏိုင္ေပမယ့္ ယူကရိန္း အစိုးရအဖြဲ႕ရဲ႕လုပ္ငန္းဌာနေတြမွာ အဓိကတာဝန္ေတြ ရယူႏိုင္ခဲ့ဖူးသူျဖစ္ရာ ၎ရဲ႕အရည္အခ်င္း ေကာင္းမြန္မႈက ယူကရိန္းႏိုင္ငံအတြက္ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ႏိုင္ေအာင္ဘယ္ေလာက္အထိ ကူညီေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.