မြန်မာနှင့် ထိုင်း သတင်းမီဒီယာကောင်စီများ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး MOU ထိုး

194

ပီယ (NP News) - သြဂုတ် ၃
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ( Myanmar Press Council ) (MPC) ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သော မြန်မာအဖွဲ့နှင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ (National Press Council of Thailand ) (NPCT) ဥက္ကဋ္ဌ Mr. Chavarong Limpattamapanee ဦးဆောင်သည့် သတင်းမီဒီယာကောင်စီဝင်မျာသည် သတင်းမီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ( MOU ) ကို ဥက္ကဋ္ဌ နှစ်ဦး သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဩဂုတ်လ ၁ ရက်က တွေ့ဆုံဆွေးနွေး၍ MOU ကို ဥက္ကဋ္ဌ နှစ်ဦး သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးအေးချမ်း၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးရဲမင်းစိုးတို့ပါဝင်သော မြန်မာအဖွဲ့သည် ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၂ ရက်အထိ သက်ဆိုင်ရာ၏ အစီအစဥ်အရ ထိုင်းနိုင်ငံရှိ Bangkok Post သတင်းစာတိုက်၊ ထိုင်းနိုင်ငံအမျိုးသားရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာန ( National Broadcasting Services of Thailand ) ( NBT) နှင် မဟာချိုင် Cable TV ရုပ်သံလွှင့်ဌာနများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Zawgyi Version:
ျမန္မာႏွင့္ ထိုင္း သတင္းမီဒီယာေကာင္စီမ်ား လုပ္ငန္း ပူးေပါင္းေဆာင္႐ြက္ေရး MOU ထိုး
ပီယ (NP News) - ၾသဂုတ္ ၃
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ( Myanmar Press Council ) (MPC) ဥကၠ႒ ေဒါက္တာတင္ထြန္းဦး ဦးေဆာင္ေသာ ျမန္မာအဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံသတင္းမီဒီယာေကာင္စီ (National Press Council of Thailand ) (NPCT) ဥကၠ႒ Mr. Chavarong Limpattamapanee ဦးေဆာင္သည့္ သတင္းမီဒီယာေကာင္စီဝင္မ်ာသည္ သတင္းမီဒီယာလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာ ( MOU ) ကို ဥကၠ႒ ႏွစ္ဦး သေဘာတူလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ဩဂုတ္လ ၁ ရက္က ေတြ႕ဆုံေဆြးေႏြး၍ MOU ကို ဥကၠ႒ ႏွစ္ဦး သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒ႏွင့္အတူ အတြင္းေရးမႉး ဦးေအးခ်မ္း၊ တြဲဖက္အတြင္းေရးမႉး (၂) ဦးရဲမင္းစိုးတို႔ပါဝင္ေသာ ျမန္မာအဖြဲ႕သည္ ဇူလိုင္လ ၃၁ ရက္မွ ဩဂုတ္လ ၂ ရက္အထိ သက္ဆိုင္ရာ၏ အစီအစဥ္အရ ထိုင္းႏိုင္ငံရွိ Bangkok Post သတင္းစာတိုက္၊ ထိုင္းႏိုင္ငံအမ်ိဳးသား႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရးဌာန ( National Broadcasting Services of Thailand ) ( NBT) ႏွင္ မဟာခ်ိဳင္ Cable TV ႐ုပ္သံလႊင့္ဌာနမ်ားသို႔ သြားေရာက္ေလ့လာခဲ့ၾကေၾကာင္း သတင္းရရွိသည္။